ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အလြန္ေအးလွတဲ့ ေဆာင္းတြင္းတစ္ေန႕ ရွင္ေတာ္ဘုရား အာဠ၀ီမွာ သီတင္းသုံးေနခ်ိန္ေပါ့။ ေမာင္ဟတၳကတစ္ေယာက္ မနက္ေစာေစာ က်န္းမာေရးအတြက္ လမ္းေလွ်ာက္ရင္း ရွင္ေတာ္ဘုရားထံခဏ၀င္ ၿပီး ဖူးေျမာ္ပါတယ္။
       "ရွင္ေတာ္ဘုရား၊ ညက ေကာင္းေကာင္းက်ိန္းရပါသလားဘုရား"
       "က်ိန္းရပါတယ္ ဟတၳက၊ ေလာကမွာ ခ်မ္းခ်မ္းသာသာအိပ္တဲ့သူေတြထဲမွာ ငါလည္း ပါတယ္ ဟတၳက။"
       "ရွင္ေတာ္ဘုရား၊ ေဆာင္းညေတြဟာ အရမ္းေအးလွပါတယ္။ ႏွင္းခဲေတြလည္း မျပတ္က်ေနပါတယ္ဘုရား။ ႏြားေျခရာေတြ ထပ္ေနတဲ့ ေျမေတြကလည္း ၾကမ္းတမ္းလွတယ္။ သစ္ရြက္ပမာဏကလည္း ေသးတယ္။ သစ္ပင္ေပၚက သစ္ရြက္ေတြကလည္း က်ဲတယ္။ ရွင္ေတာ္ဘုရား သကၤန္းသုံးထည္ကလည္း ဒီရာသီမွာ အေအးဒဏ္ကုိ မခံႏုိင္ပါဘူးဘုရား။ ဒါေတာင္ ရွင္ေတာ္ဘုရား က ေကာင္းေကာင္းအိပ္စက္ႏုိင္တယ္လုိ႕ ေျပာတယ္။ အိပ္စက္ႏုိင္ရျခင္းအေၾကာင္းေလး ေဟာေတာ္မူပါဦးဘုရား"
       "ဟတၳက ဇိမ္ခံေမြ႕ယာေပၚမွာ၊ ဂြမ္းကပ္ေဆာင္ေတြျခဳံၿပီး မယားေလးေယာက္တုိ႕ရဲ႕ အျပဳအစုကုိ ခံကာ အိပ္စက္ေသာ္ လည္း ေလာဘ၊ ေဒါသ၊ ေမာဟမ်ားေနရင္ အဲလူဟာ ေကာင္းေကာင္းအိပ္ေပ်ာ္ႏုိင္ပါ့မလား"
       "ငါဘုရားဟာ ေလာဘ၊ ေဒါသ၊ ေမာဟေတြကုိ အၾကြင္းမဲ့ ပယ္သတ္ၿပီးလုိ႔ အျမဲတမ္းခ်မ္းခ်မ္းသာသာနဲ႔ အိပ္ရတယ္။ ဒါေၾကာင့္ ေလာကမွာ ခ်မ္းခ်မ္းသာအိပ္ရတဲ့ သူေတြထဲမွာ ငါဘုရားဟာ တစ္ေယာက္အပါအ၀င္ပါပဲလုိ႕ ေျပာတာပါ။”
       ဒီေတာ့မွ ေမာင္ဟတၳကလည္း နားလည္းသေဘာေပါက္ၿပီး အားရမ္း၀မ္းသာ သာဓုေခၚကာ မိမိအိမ္သုိ႕ ျပန္လွည့္လာ ခဲ့ပါေတာ့တယ္။
ဒါေၾကာင့္ အားလုံးေသာစာခ်စ္ပရိသတ္မ်ား ေကာင္းေကာင္းအိပ္ေပ်ာ္ခ်င္ရင္ ေလာဘ၊ ေဒါသ၊ ေမာဟ နည္းေအာင္လုပ္ပါ။ ဘယ္ခ်ိန္အိပ္အိပ္ ခ်မ္းသာပါလိမ့္မယ္။ လုံး၀ကင္းရင္ေတာ့ အခ်မ္းသာဆုံးပါပဲ။ ေကာင္းစြာအိပ္စက္ႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

#Unicode Version#
အလွန်အေးလှတဲ့ ဆောင်းတွင်းတစ်နေ့ ရှင်တော်ဘုရား အာဠဝီမှာ သီတင်းသုံးနေချိန်ပေါ့။ မောင်ဟတ္ထကတစ်ယောက် မနက်စောစော ကျန်းမာရေးအတွက် လမ်းလျှောက်ရင်း ရှင်တော်ဘုရားထံခဏဝင် ပြီး ဖူးမြော်ပါတယ်။
       "ရှင်တော်ဘုရား၊ ညက ကောင်းကောင်းကျိန်းရပါသလားဘုရား"
       "ကျိန်းရပါတယ် ဟတ္ထက၊ လောကမှာ ချမ်းချမ်းသာသာအိပ်တဲ့သူတွေထဲမှာ ငါလည်း ပါတယ် ဟတ္ထက။"
       "ရှင်တော်ဘုရား၊ ဆောင်းညတွေဟာ အရမ်းအေးလှပါတယ်။ နှင်းခဲတွေလည်း မပြတ်ကျနေပါတယ်ဘုရား။ နွားခြေရာတွေ ထပ်နေတဲ့ မြေတွေကလည်း ကြမ်းတမ်းလှတယ်။ သစ်ရွက်ပမာဏကလည်း သေးတယ်။ သစ်ပင်ပေါ်က သစ်ရွက်တွေကလည်း ကျဲတယ်။ ရှင်တော်ဘုရား သင်္ကန်းသုံးထည်ကလည်း ဒီရာသီမှာ အအေးဒဏ်ကို မခံနိုင်ပါဘူးဘုရား။ ဒါတောင် ရှင်တော်ဘုရား က ကောင်းကောင်းအိပ်စက်နိုင်တယ်လို့ ပြောတယ်။ အိပ်စက်နိုင်ရခြင်းအကြောင်းလေး ဟောတော်မူပါဦးဘုရား"
       "ဟတ္ထက ဇိမ်ခံမွေ့ယာပေါ်မှာ၊ ဂွမ်းကပ်ဆောင်တွေခြုံပြီး မယားလေးယောက်တို့ရဲ့ အပြုအစုကို ခံကာ အိပ်စက်သော် လည်း လောဘ၊ ဒေါသ၊ မောဟများနေရင် အဲလူဟာ ကောင်းကောင်းအိပ်ပျော်နိုင်ပါ့မလား"
       "ငါဘုရားဟာ လောဘ၊ ဒေါသ၊ မောဟတွေကို အကြွင်းမဲ့ ပယ်သတ်ပြီးလို့ အမြဲတမ်းချမ်းချမ်းသာသာနဲ့ အိပ်ရတယ်။ ဒါကြောင့် လောကမှာ ချမ်းချမ်းသာအိပ်ရတဲ့ သူတွေထဲမှာ ငါဘုရားဟာ တစ်ယောက်အပါအဝင်ပါပဲလို့ ပြောတာပါ။”
       ဒီတော့မှ မောင်ဟတ္ထကလည်း နားလည်းသဘောပေါက်ပြီး အားရမ်းဝမ်းသာ သာဓုခေါ်ကာ မိမိအိမ်သို့ ပြန်လှည့်လာ ခဲ့ပါတော့တယ်။
ဒါကြောင့် အားလုံးသောစာချစ်ပရိသတ်များ ကောင်းကောင်းအိပ်ပျော်ချင်ရင် လောဘ၊ ဒေါသ၊ မောဟ နည်းအောင်လုပ်ပါ။ ဘယ်ချိန်အိပ်အိပ် ချမ်းသာပါလိမ့်မယ်။ လုံးဝကင်းရင်တော့ အချမ်းသာဆုံးပါပဲ။ ကောင်းစွာအိပ်စက်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top