Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အၾကမ္းဖက္တုိက္ ခိုက္မႈျဖစ္စဥ္ေၾကာင့္ ပိုင္ရွင္မဲ့ျဖစ္ ေနသည့္ ေမာင္ေတာၿမိဳ႕နယ္အ တြင္းရွိ စပါးမ်ားကို စက္မႈလယ္ ယာဦးစီးဌာနက စတင္ရိတ္သိမ္း ေနေၾကာင္း ၿမိဳ႕နယ္စိုက္ပ်ဳိးေရးဦးစီးဌာနမွဴး ဦးသိန္းေ၀က ေျပာ သည္။


 ပိုင္ရွင္မဲ့စပါးမ်ား ရိတ္သိမ္း ျခင္းကို ေအာက္တိုဘာ ၂၈ ရက္ က စတင္လုပ္ေဆာင္ၿပီး စက္မႈလယ္ယာဦးစီးဌာနက ရိတ္သိမ္း စက္မ်ားျဖင့္ ရိတ္သိမ္းေပးေန ေၾကာင္း ၎ကဆုိသည္။

  ‘‘ေမာင္ေတာၿမိဳ႕နယ္ ေတာင္ပုိင္းနဲ႔ ေျမာက္ပုိင္းမွာ ေန ရာ ခုနစ္ခုခဲြၿပီးေတာ့ ရိတ္သိမ္း ေပးေနတာျဖစ္ပါတယ္။ ရိတ္သိမ္းေႁခြေလွ႔စက္ အစီးသုံးဆယ္ေက်ာ္  အသုံးျပဳၿပီး ရိတ္ပါမယ္။ စုိက္ ဧက တစ္၀က္ေလာက္ထိ ရိတ္ သိမ္းဖုိ႔ လ်ာထားပါတယ္’’ဟု ဦးသိန္းေ၀က ေျပာသည္။

ရိတ္သိမ္းရရွိသည့္ စပါးမ်ား ကို စနစ္တက် သိမ္းဆည္းထား ကာ ျဖန္႔ျဖဴးေရးလုပ္ငန္းမ်ားကို လိုအပ္သလို ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

ေမာင္ေတာၿမိဳ႕တြင္ ယခုႏွစ္ မုိးစပါးစုိက္ဧက ခုနစ္ေသာင္း ေလးေထာင္ေက်ာ္အနက္ ပိုင္ရွင္မဲ့စပါးစိုက္ဧက ေျခာက္ေသာင္းခန္႔ရွိေၾကာင္း လယ္ယာစုိက္ပ်ဳိးေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာနဒုတိယအၿမဲတမ္းအတြင္း၀န္ ဦးမ်ဳိးတင့္ထြန္းက ေျပာၾကားထားသည္။

စပါးရိတ္သိမ္းေႁခြေလွ႔စက္ တစ္စီးသည္ တစ္ရက္လွ်င္ ငါး ဧကမွ ၁၀ဧကအထိ ရိတ္သိမ္း ႏုိင္ေသာ္လည္း လယ္ကြင္းတည္ ရွိမႈ ကြာျခားခ်က္ေၾကာင့္ အခက္ အခဲအခ်ဳိ႕ရွိေနေၾကာင္း၊ ရိတ္ သိမ္းခ်ိန္သည္ ဒီဇင္ဘာကုန္အ ထိ ၾကာျမင့္ႏုိင္ေၾကာင္း ရခုိင္ျပည္ နယ္စက္မႈလယ္ယာဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

လာမည့္ မုိးစပါးစိုက္ရာသီ တြင္လည္း စပါးစိုက္ပ်ဳိးႏုိင္ေရးစက္မႈလယ္ယာဦးစီးဌာနက ကူညီေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အကြမ်းဖက်တိုက် ခိုက်မှုဖြစ်စဉ်ကြောင့် ပိုင်ရှင်မဲ့ဖြစ် နေသည့် မောင်တောမြို့နယ်အ တွင်းရှိ စပါးများကို စက်မှုလယ် ယာဦးစီးဌာနက စတင်ရိတ်သိမ်း နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းဝေက ပြော သည်။


 ပိုင်ရှင်မဲ့စပါးများ ရိတ်သိမ်း ခြင်းကို အောက်တိုဘာ ၂၈ ရက် က စတင်လုပ်ဆောင်ပြီး စက်မှုလယ်ယာဦးစီးဌာနက ရိတ်သိမ်း စက်များဖြင့် ရိတ်သိမ်းပေးနေ ကြောင်း ၎င်းကဆိုသည်။

  ‘‘မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ နေ ရာ ခုနစ်ခုခွဲပြီးတော့ ရိတ်သိမ်း ပေးနေတာဖြစ်ပါတယ်။ ရိတ်သိမ်းခြွေလှေ့စက် အစီးသုံးဆယ်ကျော်  အသုံးပြုပြီး ရိတ်ပါမယ်။ စိုက် ဧက တစ်ဝက်လောက်ထိ ရိတ် သိမ်းဖို့ လျာထားပါတယ်’’ဟု ဦးသိန်းဝေက ပြောသည်။

ရိတ်သိမ်းရရှိသည့် စပါးများ ကို စနစ်တကျ သိမ်းဆည်းထား ကာ ဖြန့်ဖြူးရေးလုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မောင်တောမြို့တွင် ယခုနှစ် မိုးစပါးစိုက်ဧက ခုနစ်သောင်း လေးထောင်ကျော်အနက် ပိုင်ရှင်မဲ့စပါးစိုက်ဧက ခြောက်သောင်းခန့်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားထားသည်။

စပါးရိတ်သိမ်းခြွေလှေ့စက် တစ်စီးသည် တစ်ရက်လျှင် ငါး ဧကမှ ၁၀ဧကအထိ ရိတ်သိမ်း နိုင်သော်လည်း လယ်ကွင်းတည် ရှိမှု ကွာခြားချက်ကြောင့် အခက် အခဲအချို့ရှိနေကြောင်း၊ ရိတ် သိမ်းချိန်သည် ဒီဇင်ဘာကုန်အ ထိ ကြာမြင့်နိုင်ကြောင်း ရခိုင်ပြည် နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လာမည့် မိုးစပါးစိုက်ရာသီ တွင်လည်း စပါးစိုက်ပျိုးနိုင်ရေးစက်မှုလယ်ယာဦးစီးဌာနက ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top