Golden City Promotion
×

ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ တခါတေလ ဘာမွမျဖစ္ဘူးလို႔ထင္ရေပမယ့္ သင္တို႔ႏွစ္ယောက္အခ်စ္ေရးအတြက္ ထိခိုက္နာက်င္စရာျဖစ္ေစတဲ့ အမူအက်င့္ေတြကို မွ်ေဝေပးခ်င္ပါတယ္။

ရန္ျဖစ္ဖို႔ စိတ္အားထက္သန္ၾကတယ္

တခါတေလမွာ ခ်စ္သူႏွစ္ေယာက္လံုး ရန္ျဖစ္ဖို႔ စိတ္အားထက္သန္ၾကပါတယ္။ မၾကာခဏဆိုသလို ရန္ျဖစ္ေလ့၇ွိၾကတယ္။ သူစိတ္မဆိုး ဆိုးေအာင္ ရန္စေလ့ရွိတယ္။ ရန္မျဖစ္ရင္ မေနတတ္ဘူးျဖစ္တာဟာ သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးအတြက္မေကာင္းပါဘူး။

သူ႕ဆီကအမွတ္ရေအာင္လုပ္တယ္

သူ႕ဆီက အမွတ္ပိုိပုိၿပီးရေအာင္ သင့္ဖက္က ဖားၿပီး အစစအရာရာလုပ္ေပးရတာဟာလည္း မေကာင္းပါဘူး။ ေနာက္တခ်ိန္ သင္မလုပ္ႏိုင္ေတာ့တဲ့အခါ သူ႕ကိုအရင္လိုမခ်စ္ေတာ့ဘူးလို႔ ထင္လာေစပါတယ္။

လံုးဝရန္မျဖစ္ဘူး

ရန္ခဏခဏျဖစ္တာလည္း မေကာင္းသလို ရန္လံုးဝမျဖစ္တာလည္းမေကာင္းပါဘူး။ ရန္လံုးဝမျဖစ္တာဟာလည္း သင္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးမွာ အဖုအထစ္ေတြျဖစ္ေစၿပီး မေကာင္းတဲ့ခံစားခ်က္ေတြ ေရရွည္သိုသိပ္ထားရင္ ေနာက္တခါ ဘာမဟုတ္တဲ့ကိစၥေလးနဲ႔ ထၿပီးျပတ္ၾက ကြဲၾကျဖစ္တတ္ပါတယ္။

သင့္ဘဝျပည့္စံုဖို႔အတြက္ သူရွိမွျဖစ္မယ္လို႔ထင္တယ္

 သင့္ဘဝ ၿပီးျပည့္စံုဖို႔အတြက္ အနားမွာ သူရွိေပးမွျဖစ္မယ္လို႔ သင္ထင္ျမင္ယူဆေနတာဟာလည္း သင့္အတြက္မေကာင္းပါဘူး။ တစ္ေယာက္ေယာက္အေပၚ မွီခိုအားထားလြန္းတာဟာ သူ႕အတြက္ မေကာင္းသလို၊ သင့္ကိုလည္း အားနည္းတဲ့သူတစ္ေယာက္ ျဖစ္လာေစပါတယ္။

သဝန္တိုလြန္းျခင္း

ခ်စ္ျခင္းဟာ သဝန္တိုမႈေတြနဲ႔ မကင္းပါဘူး။ အဆင္ေျပေနတဲ့အခ်ိန္ ကိစၥမရွိေပမယ့္ ေနာက္တခါ သူကိုယ့္ကို နည္းနည္း စိတ္ကုန္ေနတဲ့အခ်ိန္ဆိုရင္ သဝန္တိုလြန္းတာဟာလည္း လမ္းခြဲရတဲ့အေၾကာင္းရင္းတစ္ခု ျဖစ္သြားႏိုင္ပါတယ္။ သင့္လိုပဲ သင့္ခ်စ္သူက လြတ္လပ္မႈကို ျမတ္ႏိုးတဲ့သူပါ။

အြန္လိုင္းသံုးတာကို ေစာင့္ၾကည့္ ကန္႔သတ္ျခင္း

ခ်စ္သူမွာလည္း သူ႕သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္ေျပာဆိုဖို႔ အြန္လိုင္းသံုးဖို႔လိုအပ္ပါတယ္။ ကိုယ္မရွိတဲ့အခ်ိန္ အြန္လိုင္းမသံုးရဘူးဆိုတာမ်ိဳး ကန္႔သတ္တာဟာ သင့္ခ်စ္သူရဲ႕ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို ဟန္႔တားသလို ျဖစ္ေစပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တခါတလေ ဘာမှမဖြစ်ဘူးလို့ထင်ရပေမယ့် သင်တို့နှစ်ယောက်အချစ်ရေးအတွက် ထိခိုက်နာကျင်စရာဖြစ်စေတဲ့ အမူအကျင့်တွေကို မျှဝေပေးချင်ပါတယ်။

ရန်ဖြစ်ဖို့ စိတ်အားထက်သန်ကြတယ်
တခါတလေမှာ ချစ်သူနှစ်ယောက်လုံး ရန်ဖြစ်ဖို့ စိတ်အားထက်သန်ကြပါတယ်။ မကြာခဏဆိုသလို ရန်ဖြစ်လေ့၇ှိကြတယ်။ သူစိတ်မဆိုး ဆိုးအောင် ရန်စလေ့ရှိတယ်။ ရန်မဖြစ်ရင် မနေတတ်ဘူးဖြစ်တာဟာ သင်တို့နှစ်ယောက်ဆက်ဆံရေးအတွက်မကောင်းပါဘူး။

သူ့ဆီကအမှတ်ရအောင်လုပ်တယ်
သူ့ဆီက အမှတ်ပိုပိုပြီးရအောင် သင့်ဖက်က ဖားပြီး အစစအရာရာလုပ်ပေးရတာဟာလည်း မကောင်းပါဘူး။ နောက်တချိန် သင်မလုပ်နိုင်တော့တဲ့အခါ သူ့ကိုအရင်လိုမချစ်တော့ဘူးလို့ ထင်လာစေပါတယ်။

လုံးဝရန်မဖြစ်ဘူး
ရန်ခဏခဏဖြစ်တာလည်း မကောင်းသလို ရန်လုံးဝမဖြစ်တာလည်းမကောင်းပါဘူး။ ရန်လုံးဝမဖြစ်တာဟာလည်း သင်တို့နှစ်ယောက်ရဲ့အချစ်ရေးမှာ အဖုအထစ်တွေဖြစ်စေပြီး မကောင်းတဲ့ခံစားချက်တွေ ရေရှည်သိုသိပ်ထားရင် နောက်တခါ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ထပြီးပြတ်ကြ ကွဲကြဖြစ်တတ်ပါတယ်။

သင့်ဘဝပြည့်စုံဖို့အတွက် သူရှိမှဖြစ်မယ်လို့ထင်တယ်


သင့်ဘဝ ပြီးပြည့်စုံဖို့အတွက် အနားမှာ သူရှိပေးမှဖြစ်မယ်လို့ သင်ထင်မြင်ယူဆနေတာဟာလည်း သင့်အတွက်မကောင်းပါဘူး။ တစ်ယောက်ယောက်အပေါ် မှီခိုအားထားလွန်းတာဟာ သူ့အတွက် မကောင်းသလို၊ သင့်ကိုလည်း အားနည်းတဲ့သူတစ်ယောက် ဖြစ်လာစေပါတယ်။

သဝန်တိုလွန်းခြင်း
ချစ်ခြင်းဟာ သဝန်တိုမှုတွေနဲ့ မကင်းပါဘူး။ အဆင်ပြေနေတဲ့အချိန် ကိစ္စမရှိပေမယ့် နောက်တခါ သူကိုယ့်ကို နည်းနည်း စိတ်ကုန်နေတဲ့အချိန်ဆိုရင် သဝန်တိုလွန်းတာဟာလည်း လမ်းခွဲရတဲ့အကြောင်းရင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။ သင့်လိုပဲ သင့်ချစ်သူက လွတ်လပ်မှုကို မြတ်နိုးတဲ့သူပါ။

အွန်လိုင်းသုံးတာကို စောင့်ကြည့် ကန့်သတ်ခြင်း
ချစ်သူမှာလည်း သူ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အွန်လိုင်းသုံးဖို့လိုအပ်ပါတယ်။ ကိုယ်မရှိတဲ့အချိန် အွန်လိုင်းမသုံးရဘူးဆိုတာမျိုး ကန့်သတ်တာဟာ သင့်ချစ်သူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဟန့်တားသလို ဖြစ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top