Golden City Promotion
×

ျမန္မာအိုင္ေဒါ ဒုတိယအႀကိမ္ ပထမဆု ရရွိသူ အဆိုေတာ္ သားငယ္ က မႏၲေလးမွ ေမၿမိဳ႕အတက္လမ္း ၂၁ မိုင္ (သူအေၾကာ္ေရာင္းခဲ့သည့္ေနရာ) မွ ရွင္မျပဳ နိုင္တဲ့ ကေလးငယ္ မ်ားကို ရွင္ျပဳ ေပးလိုက္တယ္လို႔ သိရွိရပါတယ္။

သားငယ္က  ပရဟိတ ေတြ လုပ္ခဲ့ေပမယ့္ ပရိတ္သတ္ ကို အသိေပးေလ့မရွိပါဘူး။ သားငယ္ ေဖာင္ေဒးရွင္း ထူေထာင္ၿပီး ရခိုင္ေဒသ အတြက္ လွဴေနခဲ့တာေတြကိုလည္း အသိမေပးခဲ့ပါဘူး။ ဒါေၾကာင့္ တခ်ိဳ႕က သားငယ္ကို  မသိ၍ ေဝဖန္မိၾကတာလည္း သားငယ္ ႀကံဳရသည္။

ဒီတစ္ခါလည္း အလွဴ လုပ္မယ္ဆိုတာ အမ်ားကိုအသိမေပးခဲ့ပါဘူး။ ယခု သတင္း ကိုလည္း သားငယ္ ရဲ့ ေဖ့စ္ဘြက္ စာမ်က္ႏွာမွာ ေဖာ္ျပမထားပဲ မိုင္မိုင္ဆန္း  ေဖာ္ျပေပးထားျခင္းျဖစ္သည္။

“၀က္ကေလး တို႔ ဇနီးေမာင္ႏွံ ရဲ႕အလႉ.. ရွင္မျပဳ နိုင္တဲ့ ကေလး ေတြကို ရွင္ျပဳ ေပးတာတဲ့ အမ်ားရီးဘဲ.. ၾကည္ႏူးစရာ ေကာင္းလိုက္တာ ၀က္ကေလး ေရ.. ကေလး မိဘ ေတြလည္း ၀မ္းသာမ်က္ရည္ေတြနဲ႔ ..စိတ္ေကာင္းရွိတဲ့ ငါ့၀က္ႀကီး ဒီထက္ေအာင္ျမင္ပါေစ..ကိုယ္ေတြက ကားေပၚဇလံုႀကီးနက္ အစားတစ္လိုင္း.. ခိခိအားလံုး သာဓုေခၚ..မုဒိသာပြားႏိုင္ၾကပါေစ.လမ္းေတာက္ေလၽွာက္ ေရသန္႔အလႉေပးတဲ့ Gold Mountain ေသာက္ေရသန္ ႔မိသားစု လည္း စီးပြားပို၍တိုးပါေစရွင့္” ဟု ေရးသားထားသည္။

ပရိတ္သတ္အခ်စ္ေတာ္ သားငယ္တစ္ေယာက္ ဗုဒၶဘာသာတို႔ရဲ့ မြန္ျမတ္တဲ့အလုပ္ျဖစ္တဲ့ သာသနာ့ဒါယကာအျဖစ္ကို ခံယူလိုက္တာလည္းျဖစ္သည္။ ဇနီႏွင့္လည္း စိတ္တူကိုယ္တူ လိုက္ဖက္ညီသျဖင့္ အမ်ားက ခ်ီးက်ဴးၾကသည္။

သားငယ္က သီခ်င္းေခြထြက္ဖို႔လည္း စီစဥ္ထားၿပီျဖစ္သည္။ ေဖ်ာ္ေျဖပဲြမ်ား၊ ေၾကာ္ျငာမ်ားလည္း မၾကာခဏ သြားေနရတာ ျဖစ္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:  pannpwint

#Unicode Version#
မြန်မာအိုင်ဒေါ ဒုတိယအကြိမ် ပထမဆု ရရှိသူ အဆိုတော် သားငယ် က မန္တလေးမှ မေမြို့အတက်လမ်း ၂၁ မိုင် (သူအကြော်ရောင်းခဲ့သည့်နေရာ) မှ ရှင်မပြု နိုင်တဲ့ ကလေးငယ် များကို ရှင်ပြု ပေးလိုက်တယ်လို့ သိရှိရပါတယ်။

သားငယ်က  ပရဟိတ တွေ လုပ်ခဲ့ပေမယ့် ပရိတ်သတ် ကို အသိပေးလေ့မရှိပါဘူး။ သားငယ် ဖောင်ဒေးရှင်း ထူထောင်ပြီး ရခိုင်ဒေသ အတွက် လှူနေခဲ့တာတွေကိုလည်း အသိမပေးခဲ့ပါဘူး။ ဒါကြောင့် တချို့က သားငယ်ကို  မသိ၍ ဝေဖန်မိကြတာလည်း သားငယ် ကြုံရသည်။

ဒီတစ်ခါလည်း အလှူ လုပ်မယ်ဆိုတာ အများကိုအသိမပေးခဲ့ပါဘူး။ ယခု သတင်း ကိုလည်း သားငယ် ရဲ့ ဖေ့စ်ဘွက် စာမျက်နှာမှာ ဖော်ပြမထားပဲ မိုင်မိုင်ဆန်း  ဖော်ပြပေးထားခြင်းဖြစ်သည်။

“ဝက်ကလေး တို့ ဇနီးမောင်နှံ ရဲ့အလှူ.. ရှင်မပြု နိုင်တဲ့ ကလေး တွေကို ရှင်ပြု ပေးတာတဲ့ အများရီးဘဲ.. ကြည်နူးစရာ ကောင်းလိုက်တာ ဝက်ကလေး ရေ.. ကလေး မိဘ တွေလည်း ဝမ်းသာမျက်ရည်တွေနဲ့ ..စိတ်ကောင်းရှိတဲ့ ငါ့ဝက်ကြီး ဒီထက်အောင်မြင်ပါစေ..ကိုယ်တွေက ကားပေါ်ဇလုံကြီးနက် အစားတစ်လိုင်း.. ခိခိအားလုံး သာဓုခေါ်..မုဒိသာပွားနိုင်ကြပါစေ.လမ်းတောက်လျှောက် ရေသန့်အလှူပေးတဲ့ Gold Mountain သောက်ရေသန့်မိသားစု လည်း စီးပွားပို၍တိုးပါစေရှင့်” ဟု ရေးသားထားသည်။

ပရိတ်သတ်အချစ်တော် သားငယ်တစ်ယောက် ဗုဒ္ဓဘာသာတို့ရဲ့ မွန်မြတ်တဲ့အလုပ်ဖြစ်တဲ့ သာသနာ့ဒါယကာအဖြစ်ကို ခံယူလိုက်တာလည်းဖြစ်သည်။ ဇနီနှင့်လည်း စိတ်တူကိုယ်တူ လိုက်ဖက်ညီသဖြင့် အများက ချီးကျူးကြသည်။

သားငယ်က သီချင်းခွေထွက်ဖို့လည်း စီစဉ်ထားပြီဖြစ်သည်။ ဖျော်ဖြေပွဲများ၊ ကြော်ငြာများလည်း မကြာခဏ သွားနေရတာ ဖြစ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:  pannpwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top