ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သမၼတကေတာ္ဆိုေသာ အသံုးအႏႈန္းႏွင့္ ပတ္သက္ၿပီး ေဒၚနယ္လ္ထရမ့္၏ လက္ရွိဇနီးက ဇနီးေဟာင္းကို ေဝဖန္ ေျပာၾကားလုိက္သည္။
အေမရိကန္ သမၼတထရမ့္၏ ဇနီးေဟာင္းျဖစ္သူ အိုင္ဗန္နာထရမ့္က အင္တာဗ်ဴး တစ္ခုတြင္ သူမကိုယ္ကို သမၼတကေတာ္ (First Lady)ဟု ရည္ညႊန္း သံုးႏႈန္းသြားခဲ့သည္။ သူမ၏ ကိုယ္ေတြ႕မွတ္တမ္းစာအုပ္ျဖစ္သည့္ Raising Trumpကို ထုတ္ေဝ ျဖန္႔ခ်ိမည့္ အစီအစဉ္ မတုိင္မီ အိုင္ဗန္နာက ABCႏွင့္ အင္တာဗ်ဴးတြင္ ထိုသို႔ သံုးႏႈန္းခဲ့ျခင္း ျဖစ္သည္။

အိုင္ဗန္နာက “ကၽြန္မမွာ အိမ္ျဖဴေတာ္ကို တိုက္႐ိုက္ ဆက္သြယ္ႏုိင္တဲ့ ဖုန္းနံပါတ္ ရွိသားပဲ။ ဒါေပမဲ့ ကၽြန္မ သူ႔(ထရမ့္)ကို ဖုန္းမေခၚခ်င္ပါဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ မယ္လာနီယာ(ထရမ့္)က အဲဒီမွာ ရွိေနတယ္ေလ။ သူမနာလိုျဖစ္တဲ့ ကိစၥမ်ိဳးေတြ ကၽြန္မ မႀကံဳခ်င္ဘူး။ တကယ္ေတာ့ ကၽြန္မက ထရမ့္ရဲ႕ ပထမဇနီးပဲ။ ဟုတ္တယ္ေနာ္။ တကယ္ဆို ကၽြန္မက First Ladyပဲေပါ့”ဟု မွတ္ခ်က္ေပးခဲ့သည္။

ထိုစကားသည္ လက္ရွိ သမၼတကေတာ္ မယ္လာနီယာကို ယမ္းပံုမီးက် ျဖစ္သြားေစသည္။ လက္ရွိ သမၼတကေတာ္က သူမ၏ ျပန္ၾကားေရးတာဝန္ခံ စတက္ဖနီ ဂရီရွမ္ထံမွတဆင့္ CNN သတင္းဌာနသို႔ သေဘာထား ထုတ္ျပန္ခ်က္တစ္ရပ္ ေပးပို႔ခဲ့သည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ ဂရီရွမ္က “မစၥထရမ့္ (မယ္လာနီယာ)ဟာ အိမ္ျဖဴေတာ္မွာ ေနသားတက် ျဖစ္ေနပါၿပီ။ သူဟာ သမၼတႀကီးရဲ႕သား ဘာရြန္နဲ႔ သမၼတႀကီးကိုလည္း အိမ္ျဖဴေတာ္မွာ အဆင္ေျပေျပျဖစ္ေအာင္ ကူညီေနတယ္။ ဝါရွင္တန္မွာ ေနရတာကိုလည္း သေဘာက်ေနပါတယ္။ သူက သမၼတကေတာ္ဆိုတဲ့ ဂုဏ္ပုဒ္ကို ကေလးေတြအတြက္ စံျပအေနနဲ႔ ရပ္တည္ ကူညီဖုိ႔ပဲ အသံုးျပဳမွာပါ။ စာအုပ္ေရာင္းဖို႔ သံုးမွာ မဟုတ္ပါဘူး”ဟု ေျပာၾကားထားသည္။

၎က ဆက္လက္၍ ထိုအသံုးအႏႈန္းသည္ ကြာရွင္းထားၿပီးသား ဇနီးေဟာင္း တစ္ဦးႏွင့္ မည္သို႔မွ် မအပ္စပ္ေၾကာင္း၊ သို႔ေသာ္ ကံအေၾကာင္း မလွစြာျဖင့္ လူအမ်ား စိတ္ဝင္စားမႈ ခံလိုသူ တစ္ဦးက မဆီမဆိုင္ အသံုးခ်ေနေၾကာင္းလည္း အိုင္ဗန္နာကို ေဝဖန္ ထိုးႏွက္သြားခဲ့သည္။

အိုင္ဗန္နာသည္ လက္ရွိ အစိုးရ အဖြဲ႕တြင္ ထရမ့္ အားထားေနရသည့္ သမီးျဖစ္သူ အိုင္ဗန္ကာ ထရမ့္၏ မိခင္ျဖစ္သည္။ သူမႏွင့္ ထရမ့္သည္ ၁၉၉၂ ခုႏွစ္က ကြာရွင္းခဲ့ၾကသည္။ လက္ရွိ သမၼတကေတာ္ မယ္လာနီယာမွာမူ
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
သမ္မတကတော်ဆိုသော အသုံးအနှုန်းနှင့် ပတ်သက်ပြီး ဒေါ်နယ်လ်ထရမ့်၏ လက်ရှိဇနီးက ဇနီးဟောင်းကို ဝေဖန် ပြောကြားလိုက်သည်။
အမေရိကန် သမ္မတထရမ့်၏ ဇနီးဟောင်းဖြစ်သူ အိုင်ဗန်နာထရမ့်က အင်တာဗျူး တစ်ခုတွင် သူမကိုယ်ကို သမ္မတကတော် (First Lady)ဟု ရည်ညွှန်း သုံးနှုန်းသွားခဲ့သည်။ သူမ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်သည့် Raising Trumpကို ထုတ်ဝေ ဖြန့်ချိမည့် အစီအစဉ် မတိုင်မီ အိုင်ဗန်နာက ABCနှင့် အင်တာဗျူးတွင် ထိုသို့ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

အိုင်ဗန်နာက “ကျွန်မမှာ အိမ်ဖြူတော်ကို တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် ရှိသားပဲ။ ဒါပေမဲ့ ကျွန်မ သူ့(ထရမ့်)ကို ဖုန်းမခေါ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မယ်လာနီယာ(ထရမ့်)က အဲဒီမှာ ရှိနေတယ်လေ။ သူမနာလိုဖြစ်တဲ့ ကိစ္စမျိုးတွေ ကျွန်မ မကြုံချင်ဘူး။ တကယ်တော့ ကျွန်မက ထရမ့်ရဲ့ ပထမဇနီးပဲ။ ဟုတ်တယ်နော်။ တကယ်ဆို ကျွန်မက First Ladyပဲပေါ့”ဟု မှတ်ချက်ပေးခဲ့သည်။

ထိုစကားသည် လက်ရှိ သမ္မတကတော် မယ်လာနီယာကို ယမ်းပုံမီးကျ ဖြစ်သွားစေသည်။ လက်ရှိ သမ္မတကတော်က သူမ၏ ပြန်ကြားရေးတာဝန်ခံ စတက်ဖနီ ဂရီရှမ်ထံမှတဆင့် CNN သတင်းဌာနသို့ သဘောထား ထုတ်ပြန်ချက်တစ်ရပ် ပေးပို့ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဂရီရှမ်က “မစ္စထရမ့် (မယ်လာနီယာ)ဟာ အိမ်ဖြူတော်မှာ နေသားတကျ ဖြစ်နေပါပြီ။ သူဟာ သမ္မတကြီးရဲ့သား ဘာရွန်နဲ့ သမ္မတကြီးကိုလည်း အိမ်ဖြူတော်မှာ အဆင်ပြေပြေဖြစ်အောင် ကူညီနေတယ်။ ဝါရှင်တန်မှာ နေရတာကိုလည်း သဘောကျနေပါတယ်။ သူက သမ္မတကတော်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကလေးတွေအတွက် စံပြအနေနဲ့ ရပ်တည် ကူညီဖို့ပဲ အသုံးပြုမှာပါ။ စာအုပ်ရောင်းဖို့ သုံးမှာ မဟုတ်ပါဘူး”ဟု ပြောကြားထားသည်။

၎င်းက ဆက်လက်၍ ထိုအသုံးအနှုန်းသည် ကွာရှင်းထားပြီးသား ဇနီးဟောင်း တစ်ဦးနှင့် မည်သို့မျှ မအပ်စပ်ကြောင်း၊ သို့သော် ကံအကြောင်း မလှစွာဖြင့် လူအများ စိတ်ဝင်စားမှု ခံလိုသူ တစ်ဦးက မဆီမဆိုင် အသုံးချနေကြောင်းလည်း အိုင်ဗန်နာကို ဝေဖန် ထိုးနှက်သွားခဲ့သည်။

အိုင်ဗန်နာသည် လက်ရှိ အစိုးရ အဖွဲ့တွင် ထရမ့် အားထားနေရသည့် သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်၏ မိခင်ဖြစ်သည်။ သူမနှင့် ထရမ့်သည် ၁၉၉၂ ခုနှစ်က ကွာရှင်းခဲ့ကြသည်။ လက်ရှိ သမ္မတကတော် မယ်လာနီယာမှာမူ
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top