Golden City Promotion
×

မိဘဆိုတာ သားသမီးတို႔ရဲ႕ လက္ဦးဆရာပါပဲ။ မိဘေတြရဲ႕ ျပဳမူေျပာဆိုမႈဟာ ကေလးေတြအေပၚမ်ားစြာသက္ေရာက္မႈရွိတယ္ဆိုတာ မေမ့သင့္ပါဘူး။ သူတို႔ေလးေတြဟာ တျခားပတ္ဝန္းက်င္က လူဆိုး လူမိုက္ေတြ လူေကာင္းေတြနဲ႔ မထိေတြ႕ခင္မွာ မိဘေတြကို အရင္ထိေတြ႔ရတယ္ဆိုတာ မေမ့ပါနဲ႔။

၁။ တျခားသူကို ေႏွာင့္ယွက္ျခင္း

ကိုယ္ဖုန္းေျပာေနတဲ့အခါပဲျဖစ္ျဖစ္၊ အလုပ္လုပ္ေနတဲ့အခါပဲျဖစ္ျဖစ္ သင့္ကေလးက ေႏွာင့္ယွက္တတ္ပါသလား။ သင့္ကိုေႏွာင့္ယွက္သလို တျခားသူေတြကိုလည္း ေႏွာင့္ယွက္ေပးႏုိင္ပါတယ္။ ေဟ့တိတ္တိတ္ေန မေႏွာင့္ယွက္နဲ႔လို႔ ကေလးကို ဆူေငါက္ေျပာဆိုတာဟာ မထိေရာက္ပါဘူး။ အရင္ဆံုးဖုန္းေျပာတာ ခဏရပ္ၿပီးမွ သင့္ကေလးကို ေျပာဆိုဆံုးမပါ။ ဒါမွမဟုတ္ရင္လည္း ဖုန္းမေျပာခင္မွာ သင့္ကေလးကို မေနွာင့္ယွက္ဖို႔ နားဝင္ေအာင္ေျပာထားသင့္ပါတယ္။

၂။ Shopping Centre ေတြ ေစ်းေတြမွာ ပစၥည္းေတြကို ထိေတြ႕ကိုင္တြယ္ျခင္း (သို႔) ဝယ္ေပးဖို႔ ပူဆာျခင္း

သင့္ကေလးေနနဲ႔ သူတို႔ရဲ႕ လိုအပ္ဆႏၵကို ထုတ္ေဖာ္တတ္ဖုိ႔ဆိုတာ အေရးႀကီးပါတယ္။ ဒါေပမယ့္ ေရာင္းတာမွန္သမွ် သူတို႔မလိုအပ္တာေတြကိုအတင္းဝယ္ေပးဖို႔ ပူဆာေနတာမ်ိဳးကို အလိုမလိုက္သင့္ပါတယ္။ လိုခ်င္တာနဲ႔ ကိုယ့္မွာအမွန္တကယ္လိုအပ္တာ ဘယ္လုိကြာျခားတဲ့အေၾကာင္း ရွင္းျပပါ။

၃။ ယဥ္ယဥ္ေက်းေက်းစကားေျပာဆိုမႈမရွိျခင္း

ယဥ္ယဥ္ေက်းေက်းစကားေျပာဆိုတတ္မႈမရွိတာဟာလည္း မိဘေတြရဲ႕ စကားေျပာဆိုပံုကို အတုယူထားတယ္ဆိုတာ မေမ့ေစခ်င္ပါဘူး။ ျမန္မာစကားပံုမွာ အမိယုတ္ေတာ့ ႏႈတ္ၾကမ္းသတဲ့။ ဒါ့ေၾကာင့္ သင့္ကေလးကို ေက်းဇူးျပဳၿပီး ဆိုတဲ့စကားေတြ၊ မဂၤလာပါလို႔ေျပာတတ္ေအာင္။ တစ္ခုခုဆို ခြင့္ေတာင္တတ္ေအာင္။ ေက်းဇူးတင္စကားေျပာတတ္ေအာင္ သင္ထားေပးပါ။

၄။ ေျပာရေကာင္းမွန္း မေျပာရေကာင္းမွန္းမသိျခင္း

အလုိက္သိစြာနဲ႔ ေျပာေနတ့ဲစကားကို ရပ္ရေကာင္းမွန္းမသိတာဟာ သင့္အျပဳအမူနဲ႔ ဆက္စပ္ေနတယ္ဆိုတာ မေမ့သင့္ပါဘူး။ တျခားသူကို ေဝဖန္ေျပာဆိုတာမ်ိဳးကိုလည္း သင့္ကေလးေရွ႕မွာမလုပ္သင့္ပါဘူး။ သင့္ကေလးကို အဲဒီလိုမေျပာဖို႔အတြက္သင္ေပးပါ။

၅။ ေၾကာက္တတ္ျခင္း

သင္ဟာ သင့္ကေလးကို သတၱိရွိေအာင္ လုပ္ေပးႏိုင္တဲ့သူတစ္ေယာက္ျဖစ္သလို၊ သတၱိနည္းၿပီး ေၾကာက္စိတ္ႀကီးေအာင္ လုပ္ႏိုင္တဲ့သူတစ္ေယာက္ျဖစ္တာလည္း မေမ့ေစခ်င္ပါဘူး။ ကေလးကို ေနရာတကာ စိုးရိမ္လြန္ကဲတာေၾကာင့္ သင့္ကေလး ေၾကာက္စိတ္ပိုလာေစပါတယ္။ ကေလးကို စိုးရိမ္လို႔ ၿခိမ္းေျခာက္တာမ်ိဳးမလုပ္သင့္ပါဘူး။ အသက္ဆံုးရံႈးရမယ့္ ကိစၥမဟုတ္ရင္ ေတာ္ရုံတန္ရံု ကိစၥေတြကို ခြင့္ျပဳလုိက္ပါ။

၆။ တျခားသူကို အေႏွာင့္အယွက္ျဖစ္ေအာင္လုပ္ျခင္း

အထူးသျဖင့္ အိမ္အကူေကာင္မေလးေတြနဲ႔ပဲ ပစ္ထားတတ္တဲ့ ကေလးေတြမွာ ေတြ႔ရေလ့ရွိပါတယ္။ လူႀကီးကို ရိုေသေလးစားရေကာင္းမွန္းမသိတာမ်ိဳးပါ။ အခုေခတ္မွာ ေယာက်ၤားေရာ မိန္းမပါ အျပင္ထြက္အလုပ္လုပ္ၾကရတာ (သို႔) ကိုယ့္မိသားစုက ပိုက္ဆံခ်မ္းသာတာေၾကာင့္ အိမ္အကူေကာင္မေလးေတြနဲ႔ပဲထားတာမ်ိဳးမလုပ္သင့္ပါဘူး။ အိမ္အကူေကာင္မေလးေတြကို မရိုမေသ မေလးမစားလုပ္တာမ်ိဳးကိုလည္း ျမင္ရင္ ခ်က္ခ်င္းဟန္႔တားၿပီး မလုပ္သင့္တဲ့အေၾကာင္း ေျပာသင့္ပါတယ္။သင့္အခ်စ္ေတြဟာ သင့္သားသမီးရဲ႕ အနာဂတ္ကို မဟန္႔အတားမျဖစ္ပါေစနဲ႔။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
မိဘဆိုတာ သားသမီးတို့ရဲ့ လက်ဦးဆရာပါပဲ။ မိဘတွေရဲ့ ပြုမူပြောဆိုမှုဟာ ကလေးတွေအပေါ်များစွာသက်ရောက်မှုရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ သူတို့လေးတွေဟာ တခြားပတ်ဝန်းကျင်က လူဆိုး လူမိုက်တွေ လူကောင်းတွေနဲ့ မထိတွေ့ခင်မှာ မိဘတွေကို အရင်ထိတွေ့ရတယ်ဆိုတာ မမေ့ပါနဲ့။

၁။ တခြားသူကို နှောင့်ယှက်ခြင်း
ကိုယ်ဖုန်းပြောနေတဲ့အခါပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့အခါပဲဖြစ်ဖြစ် သင့်ကလေးက နှောင့်ယှက်တတ်ပါသလား။ သင့်ကိုနှောင့်ယှက်သလို တခြားသူတွေကိုလည်း နှောင့်ယှက်ပေးနိုင်ပါတယ်။ ဟေ့တိတ်တိတ်နေ မနှောင့်ယှက်နဲ့လို့ ကလေးကို ဆူငေါက်ပြောဆိုတာဟာ မထိရောက်ပါဘူး။ အရင်ဆုံးဖုန်းပြောတာ ခဏရပ်ပြီးမှ သင့်ကလေးကို ပြောဆိုဆုံးမပါ။ ဒါမှမဟုတ်ရင်လည်း ဖုန်းမပြောခင်မှာ သင့်ကလေးကို မနှောင့်ယှက်ဖို့ နားဝင်အောင်ပြောထားသင့်ပါတယ်။

၂။ Shopping Centre တွေ ဈေးတွေမှာ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ခြင်း (သို့) ဝယ်ပေးဖို့ ပူဆာခြင်း

သင့်ကလေးနေနဲ့ သူတို့ရဲ့ လိုအပ်ဆန္ဒကို ထုတ်ဖော်တတ်ဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် ရောင်းတာမှန်သမျှ သူတို့မလိုအပ်တာတွေကိုအတင်းဝယ်ပေးဖို့ ပူဆာနေတာမျိုးကို အလိုမလိုက်သင့်ပါတယ်။ လိုချင်တာနဲ့ ကိုယ့်မှာအမှန်တကယ်လိုအပ်တာ ဘယ်လိုကွာခြားတဲ့အကြောင်း ရှင်းပြပါ။

၃။ ယဉ်ယဉ်ကျေးကျေးစကားပြောဆိုမှုမရှိခြင်း
ယဉ်ယဉ်ကျေးကျေးစကားပြောဆိုတတ်မှုမရှိတာဟာလည်း မိဘတွေရဲ့ စကားပြောဆိုပုံကို အတုယူထားတယ်ဆိုတာ မမေ့စေချင်ပါဘူး။ မြန်မာစကားပုံမှာ အမိယုတ်တော့ နှုတ်ကြမ်းသတဲ့။ ဒါ့ကြောင့် သင့်ကလေးကို ကျေးဇူးပြုပြီး ဆိုတဲ့စကားတွေ၊ မင်္ဂလာပါလို့ပြောတတ်အောင်။ တစ်ခုခုဆို ခွင့်တောင်တတ်အောင်။ ကျေးဇူးတင်စကားပြောတတ်အောင် သင်ထားပေးပါ။

၄။ ပြောရကောင်းမှန်း မပြောရကောင်းမှန်းမသိခြင်း

အလိုက်သိစွာနဲ့ ပြောနေတဲ့စကားကို ရပ်ရကောင်းမှန်းမသိတာဟာ သင့်အပြုအမူနဲ့ ဆက်စပ်နေတယ်ဆိုတာ မမေ့သင့်ပါဘူး။ တခြားသူကို ဝေဖန်ပြောဆိုတာမျိုးကိုလည်း သင့်ကလေးရှေ့မှာမလုပ်သင့်ပါဘူး။ သင့်ကလေးကို အဲဒီလိုမပြောဖို့အတွက်သင်ပေးပါ။

၅။ ကြောက်တတ်ခြင်း


သင်ဟာ သင့်ကလေးကို သတ္တိရှိအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်သလို၊ သတ္တိနည်းပြီး ကြောက်စိတ်ကြီးအောင် လုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်တာလည်း မမေ့စေချင်ပါဘူး။ ကလေးကို နေရာတကာ စိုးရိမ်လွန်ကဲတာကြောင့် သင့်ကလေး ကြောက်စိတ်ပိုလာစေပါတယ်။ ကလေးကို စိုးရိမ်လို့ ခြိမ်းခြောက်တာမျိုးမလုပ်သင့်ပါဘူး။ အသက်ဆုံးရှုံးရမယ့် ကိစ္စမဟုတ်ရင် တော်ရုံတန်ရုံ ကိစ္စတွေကို ခွင့်ပြုလိုက်ပါ။

၆။ တခြားသူကို အနှောင့်အယှက်ဖြစ်အောင်လုပ်ခြင်း
အထူးသဖြင့် အိမ်အကူကောင်မလေးတွေနဲ့ပဲ ပစ်ထားတတ်တဲ့ ကလေးတွေမှာ တွေ့ရလေ့ရှိပါတယ်။ လူကြီးကို ရိုသေလေးစားရကောင်းမှန်းမသိတာမျိုးပါ။ အခုခေတ်မှာ ယောင်္ကျားရော မိန်းမပါ အပြင်ထွက်အလုပ်လုပ်ကြရတာ (သို့) ကိုယ့်မိသားစုက ပိုက်ဆံချမ်းသာတာကြောင့် အိမ်အကူကောင်မလေးတွေနဲ့ပဲထားတာမျိုးမလုပ်သင့်ပါဘူး။ အိမ်အကူကောင်မလေးတွေကို မရိုမသေ မလေးမစားလုပ်တာမျိုးကိုလည်း မြင်ရင် ချက်ချင်းဟန့်တားပြီး မလုပ်သင့်တဲ့အကြောင်း ပြောသင့်ပါတယ်။သင့်အချစ်တွေဟာ သင့်သားသမီးရဲ့ အနာဂတ်ကို မဟန့်အတားမဖြစ်ပါစေနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top