ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

                       ျမစ္သားၿမိဳ႕နယ္အတြင္း ေအာက္တုိဘာ၁၂ရက္က ေရႀကီးေနစဥ္
မုိးသည္းထန္စြာ ရြာ သြန္းၿပီး စမုန္ျမစ္ေရလွ်ံမႈေၾကာင့္ မႏၲေလးတိုင္းေဒသႀကီး ျမစ္သား ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားမွ အိမ္ေျခတစ္ေထာင္ေက်ာ္ႏွင့္ သီး ႏွံစိုက္ခင္းမ်ားလည္း ေရနစ္ျမဳပ္ ပ်က္စီးခဲ့ေၾကာင္း ျမစ္သားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန မွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။
ေအာက္တိုဘာ ၁၁ ရက္ ညေနမွစတင္ကာ ရြာသြန္းခဲ့ေသာ မုိးေၾကာင့္ စမုန္ျမစ္ေရလွ်ံကာ မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ ဆည္ခ႐ိုင္ ျမစ္သားၿမိဳ႕နယ္မွ ႏြား ကူးေလး၊ ေလာင္းေတာ္ဦး၊ ကင္း စိန္၊ ေပါက္ၿမိဳင္၊ အင္းရင္း၊ လင္း ဆြဲ၊ ဆင္ၿခံ၊ တမာပင္ႏွင့္ ႏြားျဖဴ ေက်းရြာတို႔ရွိ အိမ္ေျခတစ္ေထာင္ ေက်ာ္ ေရနစ္ျမဳပ္ခဲ့သည္။

ထို႔အျပင္ မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ျမစ္သားၿမိဳ႕ေပၚ ရွိ ဘူတာရပ္ကြက္တြင္လည္း အိမ္ေျခ ၂၀၀ ေက်ာ္ ေရဝင္ ေရာက္လ်က္ရွိၿပီး ေရေဘးလြတ္ ရာသို႔ ေျပာင္းေရႊ႕ေနထိိုင္ေနရ ေၾကာင္း ျမစ္သားၿမိဳ႕နယ္ အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန တာ ဝန္ရွိသူက ေျပာသည္။

ေရေဘးသင့္အိမ္ေထာင္စု မ်ားအတြက္ စားေသာက္ေနထိုင္ ေရး အခက္အခဲရွိသည္ဟု ႏြားကူး ေလးေက်းရြာ ရာအိမ္မွဴး ဦးဝင္း ေမာင္က ေျပာသည္။

ထို႔အျပင္ ျမစ္ေရလွ်ံမႈ ေၾကာင့္ ၾကက္သြန္စိုက္ခင္း၊ ၾကက္သြန္ပ်ဳိးခင္းႏွင့္ စပါးခင္း မ်ားလည္း ေရႀကီးနစ္ျမဳပ္ခဲ့ၿပီး ဧကမ်ားစြာ ပ်က္စီးဆံုး႐ံႈးမႈရွိခဲ့ ေၾကာင္း ေဒသခံ ေက်းရြာသူ၊ ရြာ သားမ်ားက ေျပာသည္။

‘‘ၾကက္သြန္ေတြက စိုက္ၿပီး သား ႏွစ္လသားေတာင္ရွိၿပီ။ ဒီႏွစ္ ေတာ့ ေရမတက္ေလာက္ေတာ့ ဘူးထင္ၿပီး လုပ္တာပါ။ ခုေတာ့ ဘာမွလုပ္လို႔မရေတာ့ဘူး’’ဟု ႏြားကူးေလးေက်းရြာမွ ေတာင္သူ ကိုေဇာ္ရွင္းက ေျပာသည္။

ေရနစ္ျမဳပ္သြားသည့္ စိုက္ ခင္းမ်ားအတြက္ ေရက်ခ်ိန္အထိ ေစာင့္ဆိုင္းၿပီးမွသာ ေငြေၾကးေခ်း ငွားၿပီး ျပန္လည္စိုက္ပ်ဳိးလုပ္ကိုင္ ႏုိင္မည္ျဖစ္ေၾကာင္း ေဒသခံမ်ား က ဆိုသည္။

ျမစ္သားၿမိဳ႕ႏွင့္ကပ္လ်က္ စီးဆင္းေနေသာ စမုန္ျမစ္ေပၚတြင္ ဆည္မ်ားတည္ေဆာက္ကာ ေရ ထိန္းထားသျဖင့္ မိုးမ်ားခ်ိန္တြင္ ေရႀကီးေရလွ်ံမႈမ်ား မၾကာခဏ ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း ေဒသ ခံမ်ားက ေျပာသည္။

မိုးသည္းထန္စြာရြာသြန္းမႈ ေၾကာင့္ ေက်းရြာမ်ား ေရနစ္ျမဳပ္ ေနသည့္အျပင္ ေအာက္တုိဘာ ၁၂ ရက္ နံနက္ ၂ နာရီခန္႔မွစတင္ ကာ မႏၲေလး-ျမင္းၿခံလမ္းမေပၚ တြင္ ေရေက်ာ္ေနသည့္အတြက္ ယာဥ္ငယ္မ်ား သြားလာေရး အခက္ႀကံဳလ်က္ရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မိုးသည်းထန်စွာ ရွာ သွန်းပြီး စမုန်မြစ်ရေလျှံမှုကြောင့် မန္တလေးတိုင်းဒေသကြီး မြစ်သား မြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ခြေတစ်ထောင်ကျော်နှင့် သီး နှံစိုက်ခင်းများလည်း ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အောက်တိုဘာ ၁၁ ရက် ညနေမှစတင်ကာ ရွာသွန်းခဲ့သော မိုးကြောင့် စမုန်မြစ်ရေလျှံကာ မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင် မြစ်သားမြို့နယ်မှ နွား ကူးလေး၊ လောင်းတော်ဦး၊ ကင်း စိန်၊ ပေါက်မြိုင်၊ အင်းရင်း၊ လင်း ဆွဲ၊ ဆင်ခြံ၊ တမာပင်နှင့် နွားဖြူ ကျေးရွာတို့ရှိ အိမ်ခြေတစ်ထောင် ကျော် ရေနစ်မြုပ်ခဲ့သည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်သားမြို့ပေါ် ရှိ ဘူတာရပ်ကွက်တွင်လည်း အိမ်ခြေ ၂၀၀ ကျော် ရေဝင် ရောက်လျက်ရှိပြီး ရေဘေးလွတ် ရာသို့ ပြောင်းရွှေ့နေထိုင်နေရ ကြောင်း မြစ်သားမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာ ဝန်ရှိသူက ပြောသည်။

ရေဘေးသင့်အိမ်ထောင်စု များအတွက် စားသောက်နေထိုင် ရေး အခက်အခဲရှိသည်ဟု နွားကူး လေးကျေးရွာ ရာအိမ်မှူး ဦးဝင်း မောင်က ပြောသည်။

ထို့အပြင် မြစ်ရေလျှံမှု ကြောင့် ကြက်သွန်စိုက်ခင်း၊ ကြက်သွန်ပျိုးခင်းနှင့် စပါးခင်း များလည်း ရေကြီးနစ်မြုပ်ခဲ့ပြီး ဧကများစွာ ပျက်စီးဆုံးရှုံးမှုရှိခဲ့ ကြောင်း ဒေသခံ ကျေးရွာသူ၊ ရွာ သားများက ပြောသည်။

‘‘ကြက်သွန်တွေက စိုက်ပြီး သား နှစ်လသားတောင်ရှိပြီ။ ဒီနှစ် တော့ ရေမတက်လောက်တော့ ဘူးထင်ပြီး လုပ်တာပါ။ ခုတော့ ဘာမှလုပ်လို့မရတော့ဘူး’’ဟု နွားကူးလေးကျေးရွာမှ တောင်သူ ကိုဇော်ရှင်းက ပြောသည်။

ရေနစ်မြုပ်သွားသည့် စိုက် ခင်းများအတွက် ရေကျချိန်အထိ စောင့်ဆိုင်းပြီးမှသာ ငွေကြေးချေး ငှားပြီး ပြန်လည်စိုက်ပျိုးလုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

မြစ်သားမြို့နှင့်ကပ်လျက် စီးဆင်းနေသော စမုန်မြစ်ပေါ်တွင် ဆည်များတည်ဆောက်ကာ ရေ ထိန်းထားသဖြင့် မိုးများချိန်တွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ကျေးရွာများ ရေနစ်မြုပ် နေသည့်အပြင် အောက်တိုဘာ ၁၂ ရက် နံနက် ၂ နာရီခန့်မှစတင် ကာ မန္တလေး-မြင်းခြံလမ်းမပေါ် တွင် ရေကျော်နေသည့်အတွက် ယာဉ်ငယ်များ သွားလာရေး အခက်ကြုံလျက်ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top