Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေက်ာင္းမွျပန္လာေသာ ပၪၥမတန္းေက်ာင္းသူကို စပါးခင္း အတြင္းသို႔ ဆြဲေခၚကာ အဓမၼျပဳ က်င့္ရန္ ႀကံစည္ရင္းသတ္ခဲ့သည့္ (၃၇) ႏွစ္အရြယ္ အမ်ဳိးသားကို ငါးရက္အၾကာတြင္ ဖမ္းမိခဲ့ေၾကာင္း အင္ပင္နယ္ေျမရဲစခန္းမွ ရဲအရာရွိက ေျပာသည္။
ျမန္ေအာင္ၿမိဳ႕နယ္ လက္ပံ ကြင္းေက်းရြာအုပ္စုရွိ အေျခခံ ပညာအထက္တန္းေက်ာင္းတြင္ ပၪၥမတန္းတက္ေနေသာ (၁၁) ႏွစ္အရြယ္ မိန္းကေလးငယ္ကို သတ္ခဲ့သည့္ အုန္းေဌးဆိုသူကို ေအာက္တိုဘာ ၂၄ ရက္က ဖမ္းမိခဲ့ေၾကာင္း အဆိုပါရဲအရာရွိက ေျပာသည္။
‘‘ေက်ာင္းဆင္းတဲ့အခ်ိန္ ေကာင္မေလးက အျခားလူေတြနဲ႔ နည္းနည္းလွမ္းေတာ့ ေကာင္မ ေလးကို လယ္ကြင္းထဲ ဆြဲေခၚ တာ။ ေကာင္မေလးက ေအာ္ေတာ့လယ္ကြက္ထဲေခါင္းႏွစ္ထားရင္း နဲ႔ ေသသြားတာ’’ဟု ၎က ဆို သည္။ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၀ ရက္ ညေန ၃ နာရီ၀န္းက်င္က အဆုိပါေက်ာင္းသူသည္ ေက်ာင္းမွ ေနအိမ္သို႔ စက္ဘီးစီး၍ ျပန္လာ စဥ္ အမ်ဳိးသားတစ္ဦးက စက္ဘီး ကိုဆြဲလွဲၿပီး စပါးခင္းအတြင္းသို႔ ဆြဲေခၚၿပီး အဓမၼျပဳက်င့္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း အင္ပင္နယ္ေျမရဲစခန္းမွဴးက ေျပာသည္။
ထို႔ေနာက္ လမ္းမႏွင့္ ေပ ၃၀ခန္႔အကြာ စပါးခင္းအတြင္း၌ အဓမၼျပဳက်င့္ရန္ ႀကိဳးပမ္းေနစဥ္ မိန္းကေလးက ႐ုန္းကန္ေအာ္ဟစ္ ေနသျဖင့္ ကုပ္မွကိုင္၍ ေရထဲႏွစ္ကာမေအာ္ရန္ ျပဳလုပ္ခဲ့သည္ဟု ထြက္ဆိုခဲ့ေၾကာင္း ရဲစခန္းမွဴးက ေျပာသည္။
ထို႔ေနာက္ ေက်ာင္းသူမိန္းကေလးသည္ စပါးခင္းအတြင္း ေခါင္းစိုက္ကာ  ၿငိမ္သြားစဥ္ အဓမၼျပဳက်င့္ရန္ ႀကိဳးပမ္းရာခဲလံုး ျဖင့္ ပစ္ေပါက္သံၾကားေသာ ေၾကာင့္ ငါးဘတ္က်သခ်ႋဳင္းကုန္း ဘက္သို႔ ထြက္ေျပးခဲ့သည္ဟု ၀န္ခံေၾကာင္း ေျပာသည္။
‘‘အဓမၼက်င့္ဖို႔ သူႀကိဳးစား ေသးတယ္။ ဒါေပမဲ့ အထမေျမာက္လိုက္ဘူး။ အခုေလာေလာဆယ္ ေတာ့ လူသတ္မႈပုဒ္မနဲ႔ပဲ အမႈဖြင့္ ထားတယ္’’ဟု ၎က ဆိုသည္။
အဓမၼျပဳက်င့္ရန္ ႀကိဳးစားစဥ္ မိန္းကေလးငယ္ေသဆံုးခဲ့သျဖင့္ အုန္းေဌးဆိုသူကို အင္ပင္နယ္ေျမရဲစခန္းက လူသတ္မႈရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily
#Unicode Version#
  ကျောင်းမှပြန်လာသော ပဉ္စမတန်းကျောင်းသူကို စပါးခင်း အတွင်းသို့ ဆွဲခေါ်ကာ အဓမ္မပြု ကျင့်ရန် ကြံစည်ရင်းသတ်ခဲ့သည့် (၃၇) နှစ်အရွယ် အမျိုးသားကို ငါးရက်အကြာတွင် ဖမ်းမိခဲ့ကြောင်း အင်ပင်နယ်မြေရဲစခန်းမှ ရဲအရာရှိက ပြောသည်။

မြန်အောင်မြို့နယ် လက်ပံ ကွင်းကျေးရွာအုပ်စုရှိ အခြေခံ ပညာအထက်တန်းကျောင်းတွင် ပဉ္စမတန်းတက်နေသော (၁၁) နှစ်အရွယ် မိန်းကလေးငယ်ကို သတ်ခဲ့သည့် အုန်းဌေးဆိုသူကို အောက်တိုဘာ ၂၄ ရက်က ဖမ်းမိခဲ့ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

‘‘ကျောင်းဆင်းတဲ့အချိန် ကောင်မလေးက အခြားလူတွေနဲ့ နည်းနည်းလှမ်းတော့ ကောင်မ လေးကို လယ်ကွင်းထဲ ဆွဲခေါ် တာ။ ကောင်မလေးက အော်တော့လယ်ကွက်ထဲခေါင်းနှစ်ထားရင်း နဲ့ သေသွားတာ’’ဟု ၎င်းက ဆို သည်။ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီဝန်းကျင်က အဆိုပါကျောင်းသူသည် ကျောင်းမှ နေအိမ်သို့ စက်ဘီးစီး၍ ပြန်လာ စဉ် အမျိုးသားတစ်ဦးက စက်ဘီး ကိုဆွဲလှဲပြီး စပါးခင်းအတွင်းသို့ ဆွဲခေါ်ပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း အင်ပင်နယ်မြေရဲစခန်းမှူးက ပြောသည်။

ထို့နောက် လမ်းမနှင့် ပေ ၃၀ခန့်အကွာ စပါးခင်းအတွင်း၌ အဓမ္မပြုကျင့်ရန် ကြိုးပမ်းနေစဉ် မိန်းကလေးက ရုန်းကန်အော်ဟစ် နေသဖြင့် ကုပ်မှကိုင်၍ ရေထဲနှစ်ကာမအော်ရန် ပြုလုပ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲစခန်းမှူးက ပြောသည်။

ထို့နောက် ကျောင်းသူမိန်းကလေးသည် စပါးခင်းအတွင်း ခေါင်းစိုက်ကာ  ငြိမ်သွားစဉ် အဓမ္မပြုကျင့်ရန် ကြိုးပမ်းရာခဲလုံး ဖြင့် ပစ်ပေါက်သံကြားသော ကြောင့် ငါးဘတ်ကျသချႋုင်းကုန်း ဘက်သို့ ထွက်ပြေးခဲ့သည်ဟု ဝန်ခံကြောင်း ပြောသည်။

‘‘အဓမ္မကျင့်ဖို့ သူကြိုးစား သေးတယ်။ ဒါပေမဲ့ အထမမြောက်လိုက်ဘူး။ အခုလောလောဆယ် တော့ လူသတ်မှုပုဒ်မနဲ့ပဲ အမှုဖွင့် ထားတယ်’’ဟု ၎င်းက ဆိုသည်။

အဓမ္မပြုကျင့်ရန် ကြိုးစားစဉ် မိန်းကလေးငယ်သေဆုံးခဲ့သဖြင့် အုန်းဌေးဆိုသူကို အင်ပင်နယ်မြေရဲစခန်းက လူသတ်မှုရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top