ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မေကြးတုိင္း ေအာင္ လံၿမိဳ႕တြင္ အ႒မတန္းေက်ာင္းသူ တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈတစ္ခု ေအာင္တိုဘာ ၈ ရက္က ျဖစ္ပြား ခဲ့ေၾကာင္း ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုး တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ေအာင္လံၿမိဳ႕ စမ္းေခ်ာင္း ရပ္ကြက္ ေအာင္မဂၤလာကြက္ သစ္ ၉ လမ္းတြင္ ျဖစ္ပြားခဲ့ၿပီး ေသဆံုးသူ၏ အစ္ကို အလုပ္မွ ေနအိမ္ ျပန္ေရာက္ရွိစဥ္ အေပၚ ထပ္တြင္ အသက္ (၁၃)ႏွစ္အရြယ္ ရွိ ညီမျဖစ္သူ ေက်ာင္းသူ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့ ေၾကာင္း ၿမိဳ႕မရဲတပ္ဖြဲ႕စခန္း စစ္ေဆးခ်က္ မွတ္တမ္းတြင္ ေဖာ္ျပ ထားသည္။

ေသဆံုးသူ၏ မိခင္သည္ လြန္ခဲ့သည့္ သံုးလခန္႔က ခ်ဲထီေလာင္းကစားမႈျဖင့္ ေထာင္ေျခာက္လ က်ခံခဲ့ရေသာေၾကာင့္ စိတ္ထိခိုက္ေနသည္ဟု အစ္ကိုျဖစ္သူ၏ ေျပာျပခ်က္အရ သိရေၾကာင္း ယင္း မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

‘‘ေကာင္မေလးကို ေဆး႐ံု မွာ သြားစစ္တဲ့အခါ ျပင္ပဒဏ္ရာ တစ္စံုတစ္ရာမေတြ႕ဘဲ လည္ပင္း မွာ ႀကိဳးရာေတြ႕ရတယ္။ ႀကိဳးဆြဲ ခ်ေသထားတဲ့ အေနအထားမ်ိဳး ေတြ စစ္ေဆးေတြ႕ရိွရတယ္’’ဟု ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုး မွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။အဆိုပါ ေသဆံုးမႈႏွင့္ပတ္ သက္၍ ေအာင္လံၿမိဳ႕မရဲတပ္ဖြဲ႕ စခန္းတြင္ အမႈဖြင့္စစ္ေဆးေန သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မကွေးတိုင်း အောင် လံမြို့တွင် အဋ္ဌမတန်းကျောင်းသူ တစ်ဦး ကြိုးဆွဲချသေဆုံးမှုတစ်ခု အောင်တိုဘာ ၈ ရက်က ဖြစ်ပွား ခဲ့ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦး က ပြောသည်။

အောင်လံမြို့ စမ်းချောင်း ရပ်ကွက် အောင်မင်္ဂလာကွက် သစ် ၉ လမ်းတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ၏ အစ်ကို အလုပ်မှ နေအိမ်ပြန်ရောက်ရှိစဉ် အပေါ် ထပ်တွင် အသက် (၁၃)နှစ်အရွယ် ရှိ ညီမဖြစ်သူ ကျောင်းသူ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ ကြောင်း မြို့မရဲတပ်ဖွဲ့စခန်း စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြ ထားသည်။

သေဆုံးသူ၏ မိခင်သည် လွန်ခဲ့သည့် သုံးလခန့်က ချဲထီလောင်းကစားမှုဖြင့် ထောင်ခြောက်လ ကျခံခဲ့ရသောကြောင့် စိတ်ထိခိုက်နေသည်ဟု အစ်ကိုဖြစ်သူ၏ ပြောပြချက်အရ သိရကြောင်း ယင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ကောင်မလေးကို ဆေးရုံ မှာ သွားစစ်တဲ့အခါ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ဘဲ လည်ပင်း မှာ ကြိုးရာတွေ့ရတယ်။ ကြိုးဆွဲ ချသေထားတဲ့ အနေအထားမျိုး တွေ စစ်ဆေးတွေ့ရှိရတယ်’’ဟု အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။အဆိုပါ သေဆုံးမှုနှင့်ပတ် သက်၍ အောင်လံမြို့မရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့်စစ်ဆေးနေ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top