Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

တစ္ခါတုန္းက အဖိုးအို တစ္ဦးက သူဟာ ၾကယ္ေတြကေန တဆင္႔ အနာဂတ္ကို ၾကိဳျမင္ႏိုင္တယ္လို႔ ူ ယံုၾကည္ေနပါတယ္။

သူက သူ႕ကိုယ္သူ နကၡတၱေဗဒ ပညာရွင္အျဖစ္သတ္မွတ္ထားျပီး ညေတြမွာ ၾကယ္ေတြ ၾကည္႔ေနတာနဲ႔ပဲ အခ်ိန္ကုန္ေနေလ႔ရွိပါတယ္။ သူက အခ်ိန္ျပည္႔ အနာဂတ္အတြက္ ေတြးေတာ အလုပ္ရႈပ္ေနျပီး ရြာသားေတြကလည္း မၾကာခဏဆိုသလို သူ႔ဆီလာျပီး အနာဂတ္အတြက္ ေမးျမန္းေလ႔ရွိၾကပါတယ္။

ညတစ္ညမွာေတာ႔ သူက ရြာျပင္လမ္းမၾကီးဖက္ကို လမ္းေလွ်ာက္ထြက္လာျပီး သူ႔အၾကည္႔ေတြကေတာ႔ ၾကယ္ေတြေပၚမွာပဲ ရွိေနခဲ႔တာေပါ႔။ သူ႔အေနနဲ႔ ကမၻာၾကီးရဲ႕ အဆံုးသတ္က နီးေနျပီလို႔ လွမ္းျမင္ေနရတဲ႔ အတြက္ အနာဂတ္အတြက္ ပူပန္ေနျပီး အာရုံက ၾကယ္ေတြဆီမွာပဲ ရွိေနပါတယ္။ အဲ႔ဒီေတာ႔ ေအာက္ကို မၾကည္႔ဘဲ လမ္းေလွ်ာက္လာရာကေန ေရွ႕က ေရနဲ႔ ရႊံ႔႕ႏြံေတြျပည္႔ေနတဲ႔ အိုင္ထဲကို ျပဳတ္က်သြားပါေလေရာ။

သူကုန္းေပၚျပန္တက္ဖို႔ ၾကိဳးစားေပမယ္႔ ႏြံေတြထဲမွာလည္း နစ္၊ တက္ရမယ္႔ အစြန္းကလည္း ေခ်ာ္ျပီး တက္လို႔မရတဲ႔အခါ သူေၾကာက္လာျပီး အသံကုန္ ေအာ္ဟစ္အကူအညီေတာင္းပါေတာ႔တယ္။ သူအခ်ိန္နည္းနည္းၾကာေအာင္ ေအာ္ဟစ္ေနတဲ႔အခါ ရြာသားေတြက အေျပးေရာက္လာျပီး သူ႕ကို ကူညီၾကပါတယ္။ သူ႕ကို ရႊံ႕ႏြံအိုင္ထဲကေန ဆြဲေခၚထုတ္ၾကျပီး သူ ကုန္းေပၚကို ျပန္ေရာက္လာခဲ႔ပါတယ္။

အဲ႔ဒီေနာက္မွာေတာ႔ ရြာသားတစ္ေယာက္က သူ႔ကို ေျပာပါတယ္။ ခင္ဗ်ားက ၾကယ္ေတြကို ၾကည္႔ျပီး အနာဂတ္ကိုပဲ စဥ္းစားေနတဲ႔ အတြက္ ေျခေထာက္ေအာက္မွာ ဘာရွိလဲဆိုတာကို မျမင္တာ ျဖစ္တယ္။ ဒါက ခင္ဗ်ားကို ေရွ႕မွာ ရွိေနတဲ႔ အရာကို ပိုျပီး အာရုံစိုက္တတ္ေအာင္ သင္ေပးလိုက္တာပဲ။ အနာဂတ္အတြက္ပဲ ေတြးပူမေနနဲ႔ လို႔ ေျပာလိုက္ပါတယ္။

ဒီဇာတ္လမ္းေလးကေန တဆင္႔ ေျပာျပခ်င္တာက လူေတြက ျဖစ္မလာေသးတဲ႔ အနာဂတ္ကိုပဲ ေတြးပူျပီး လက္ရွိ ပစၥဳပၸန္ကို ေမ႔ေလ်ာ႔ေနတတ္ၾကပါတယ္။ အားလံုးကေတာ႔ သာယာတဲ႔ ေပ်ာ္ရႊင္ရတဲ႔ အနာဂတ္ကို ရရွိဖို႔ အတြက္ပဲ ပိုျပီး စိတ္ကူးယဥ္ေလ႔ရွိၾကတာပါပဲ။ ဒါေပမယ္႔ တစ္ဖက္မွာ ျပန္ၾကည္႔မယ္ဆိုရင္လည္း အခုလက္ရွိကလည္း တခ်ိန္တုန္းက စိတ္ကူးယဥ္ခဲ႔ရတဲ႔ အနာဂတ္ရဲ႕ အစိတ္အပိုင္းလို႔ေျပာရမွာပါပဲ။ အဲ႔ဒီေတာ႔ ကိုယ္လက္ရွိပိုင္ဆိုင္ေနတဲ႔ ပစၥဳပၸန္ကို အေကာင္းဆံုး ၾကိဳးစား ျဖတ္သန္းဖို႔က ပိုအေရးၾကီးပါတယ္။ ျဖစ္မလာေသးတဲ႔ အရာေတြကို ေတြးျပီး ပူပန္ေနလိုက္တာ လက္ရွိ ကိုယ္႔ေျခေထာက္ေအာက္မွာ ရွိေနတဲ႔ တခ်ိဳ႕ေသာ အဆိုးအေကာင္းေတြကို မျမင္မိေတာ႔တာမ်ိဳး ျဖစ္ေစပါတယ္။ ပိုျပီး ေကာင္းမြန္တဲ႔ အနာဂတ္ကို ပိုင္ဆိုင္ရဖို႔ အတြက္ လက္ရွိ ရင္ဆိုင္ေနရတဲ႔ ဒီေန႔ကို အေကာင္းဆံုး ၾကိဳးစားဖို႔ တိုက္တြန္းလိုက္ပါရေစ။

Ref: One who read the future

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Jong Kin (ရိုးရာေလး)

# Unicode Version ျဖင့္ ဖတ္ရန္ #
တစ်ခါတုန်းက အဖိုးအို တစ်ဦးက သူဟာ ကြယ်တွေကနေ တဆင့် အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့ ူ ယုံကြည်နေပါတယ်။

သူက သူ့ကိုယ်သူ နက္ခတ္တဗေဒ ပညာရှင်အဖြစ်သတ်မှတ်ထားပြီး ညတွေမှာ ကြယ်တွေ ကြည့်နေတာနဲ့ပဲ အချိန်ကုန်နေလေ့ရှိပါတယ်။ သူက အချိန်ပြည့် အနာဂတ်အတွက် တွေးတော အလုပ်ရှုပ်နေပြီး ရွာသားတွေကလည်း မကြာခဏဆိုသလို သူ့ဆီလာပြီး အနာဂတ်အတွက် မေးမြန်းလေ့ရှိကြပါတယ်။

ညတစ်ညမှာတော့ သူက ရွာပြင်လမ်းမကြီးဖက်ကို လမ်းလျှောက်ထွက်လာပြီး သူ့အကြည့်တွေကတော့ ကြယ်တွေပေါ်မှာပဲ ရှိနေခဲ့တာပေါ့။ သူ့အနေနဲ့ ကမ္ဘာကြီးရဲ့ အဆုံးသတ်က နီးနေပြီလို့ လှမ်းမြင်နေရတဲ့ အတွက် အနာဂတ်အတွက် ပူပန်နေပြီး အာရုံက ကြယ်တွေဆီမှာပဲ ရှိနေပါတယ်။ အဲ့ဒီတော့ အောက်ကို မကြည့်ဘဲ လမ်းလျှောက်လာရာကနေ ရှေ့က ရေနဲ့ ရွှံ့နွံတွေပြည့်နေတဲ့ အိုင်ထဲကို ပြုတ်ကျသွားပါလေရော။

သူကုန်းပေါ်ပြန်တက်ဖို့ ကြိုးစားပေမယ့် နွံတွေထဲမှာလည်း နစ်၊ တက်ရမယ့် အစွန်းကလည်း ချော်ပြီး တက်လို့မရတဲ့အခါ သူကြောက်လာပြီး အသံကုန် အော်ဟစ်အကူအညီတောင်းပါတော့တယ်။ သူအချိန်နည်းနည်းကြာအောင် အော်ဟစ်နေတဲ့အခါ ရွာသားတွေက အပြေးရောက်လာပြီး သူ့ကို ကူညီကြပါတယ်။ သူ့ကို ရွှံ့နွံအိုင်ထဲကနေ ဆွဲခေါ်ထုတ်ကြပြီး သူ ကုန်းပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရွာသားတစ်ယောက်က သူ့ကို ပြောပါတယ်။ ခင်ဗျားက ကြယ်တွေကို ကြည့်ပြီး အနာဂတ်ကိုပဲ စဉ်းစားနေတဲ့ အတွက် ခြေထောက်အောက်မှာ ဘာရှိလဲဆိုတာကို မမြင်တာ ဖြစ်တယ်။ ဒါက ခင်ဗျားကို ရှေ့မှာ ရှိနေတဲ့ အရာကို ပိုပြီး အာရုံစိုက်တတ်အောင် သင်ပေးလိုက်တာပဲ။ အနာဂတ်အတွက်ပဲ တွေးပူမနေနဲ့ လို့ ပြောလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တာက လူတွေက ဖြစ်မလာသေးတဲ့ အနာဂတ်ကိုပဲ တွေးပူပြီး လက်ရှိ ပစ္စုပ္ပန်ကို မေ့လျော့နေတတ်ကြပါတယ်။ အားလုံးကတော့ သာယာတဲ့ ပျော်ရွှင်ရတဲ့ အနာဂတ်ကို ရရှိဖို့ အတွက်ပဲ ပိုပြီး စိတ်ကူးယဉ်လေ့ရှိကြတာပါပဲ။ ဒါပေမယ့် တစ်ဖက်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း အခုလက်ရှိကလည်း တချိန်တုန်းက စိတ်ကူးယဉ်ခဲ့ရတဲ့ အနာဂတ်ရဲ့ အစိတ်အပိုင်းလို့ပြောရမှာပါပဲ။ အဲ့ဒီတော့ ကိုယ်လက်ရှိပိုင်ဆိုင်နေတဲ့ ပစ္စုပ္ပန်ကို အကောင်းဆုံး ကြိုးစား ဖြတ်သန်းဖို့က ပိုအရေးကြီးပါတယ်။ ဖြစ်မလာသေးတဲ့ အရာတွေကို တွေးပြီး ပူပန်နေလိုက်တာ လက်ရှိ ကိုယ့်ခြေထောက်အောက်မှာ ရှိနေတဲ့ တချို့သော အဆိုးအကောင်းတွေကို မမြင်မိတော့တာမျိုး ဖြစ်စေပါတယ်။ ပိုပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ရဖို့ အတွက် လက်ရှိ ရင်ဆိုင်နေရတဲ့ ဒီနေ့ကို အကောင်းဆုံး ကြိုးစားဖို့ တိုက်တွန်းလိုက်ပါရစေ။

Ref: One who read the future

ဖိုးသူတော် (www.phothutaw.com)
Credit: Jong Kin (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top