ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

          မုံရြာၿမိဳ႕နယ္ ခတၱကၠန္ေက်းရြာအနီး ခရမ္းခ်ဥ္စိုက္ခင္းကုိ ျမင္ေတြ႕ရစဥ္ (ဓာတ္ပံု − မ်ဳိးမင္းဦး)

မံုရြာတြင္ မိုးမ်ားသျဖင့္ ခရမ္း ခ်ဥ္သီး ဝင္ေရာက္မႈပိုမ်ားလာကာ ေစ်းက်ဆင္းခဲ့ေၾကာင္း ေဒသခံ ခရမ္းခ်ဥ္သီးစိုက္ ေတာင္သူမ်ား ေျပာျပခ်က္အရ သိရသည္။

ေအာက္တိုဘာလဆန္းတြင္ မိုးသည္းထန္စြာ ရြာသြန္းခဲ့ျခင္းေၾကာင့္ မံုရြာၿမိဳ႕နယ္ ကုန္းျမင့္ေဒသမ်ား၌ ေရသြင္းစိုက္ပ်ိဳးသည့္ ခရမ္းခ်ဥ္သီးစိုက္ခင္းမ်ားမွ ခရမ္းခ်ဥ္သီးမ်ား ပ်က္စီးမႈမရွိေစရန္ ခူးဆြတ္၍ ေစ်းကြက္သို႔ တင္ပို႔ေရာင္းခ်သူမ်ား ျပားေသာေၾကာင့္ ေစ်းက်ျခင္းျဖစ္ေၾကာင္း မံုရြာၿမိဳ႕နယ္ႀကီး အုပ္ေက်းရြာမွ ခရမ္းခ်ဥ္သီးစိုက္ေတာင္သူ ဦးဝင္းေဇာ္ဦးက ေျပာသည္။

‘‘သီတင္းကြၽတ္အခါႀကီး ရက္ႀကီးက ႏွစ္ရက္ေလာက္နား တဲ့အခ်ိန္ မိုးကရြာေတာ့ အပင္မွာ ရွိတဲ့ အသီးက မေကာက္လို႔မရ ဘူး။ စိုက္ခင္းက ေကာက္တဲ့အ သီးေတြက အဖိတ္ေန႔မွာ ေစ်း ကြက္လွိမ့္ဝင္လာတဲ့အတြက္ ဝယ္လက္အေဝးတင္က ရပ္သြားတဲ့အ တြက္ ေစ်းကက်သြားတာ။ အခု တစ္ပိႆာက်ပ္ ၆၀၀ အထိေစ်း က်သြားတယ္’’ ဟု ၎ကေျပာ သည္။ၿပီးခဲ့သည့္ စက္တင္ဘာလ ဆန္းက စတင္၍ မံုရြာၿမိဳ႕ကုန္း ျမင့္ေဒသမွ ခရမ္းခ်ဥ္သီးမ်ား ေစ်း ကြက္သို႔ စတင္ဝင္ေရာက္ခဲ့ရာ တစ္ပိႆာလွ်င္ အျမင့္ဆံုးေစ်း က်ပ္ ၁,၁၅၀ အထိရရွိခဲ့ရာမွ ေအာက္တိုဘာ ၇ ရက္တြင္ တစ္ ပိႆာက်ပ္ ၆၀၀ အထိ ေစ်းက်ခဲ့ ေၾကာင္း ဦးဝင္းေဇာ္ဦးက ေျပာ ၾကားသည္။

မံုရြာၿမိဳ႕ ခရမ္းခ်ဥ္သီးကုန္ သည္တစ္ဦးက ‘‘ဒီႏွစ္ မံုရြာခရမ္း ခ်ဥ္သီးေတြ ေစ်းကြက္စဝင္တုန္း က တစ္ပိႆာ ၇၀၀ နဲ႔ စေရာင္းခဲ့ တာ။ အင္းေလးသီးကလည္း ေစ်း တက္လို႔ဒီက အသီးေတြေစ်းလိုက္ တက္တာ တစ္ပိႆာ ၁,၀၀၀ ေက်ာ္သြားတယ္။ ဒီဘက္က လည္း အသီးေတြဝင္ေပမယ့္ မိုး ေတြရြာလို႔ အသီးေတြကြဲတာနဲ႔ အ ပင္ေတြ ပ်က္တာလည္းရွိိေတာ့ ေစ်းကြက္လွိမ့္ဝင္လို႔ တစ္ပိႆာ ၇၀၀ အထိ ေစ်းျပန္က်ခဲ့တာ’’ ဟု ေျပာသည္။

မံုရြာၿမိဳ႕နယ္ ကုန္းျမင့္ေဒသ ျဖစ္ေသာ ခတၱကၠန္၊ ႀကီးအုပ္၊ ဘန္စီ၊ လွည္းတား၊ ေက်ာက္ကြဲ၊ေညာင္ပင္သာ၊ ေက်ာကၠာ၊ ေညာင္ပင္ႏွင့္ ဘုတလင္ၿမိဳ႕နယ္ အတြင္းရွိ ေက်းရြာမ်ားသည္ ခရမ္းခ်ဥ္သီး စိုက္ပ်ိဳးမႈမ်ားျပားခဲ့ ၿပီး ေအာက္တုိဘာလဆန္းတြင္ မံုရြာေစ်းကြက္သို႔ ေန႔စဥ္ ခရမ္းခ်ဥ္သီး ပိႆာခ်ိန္ ၉,၀၀၀ ခန္႔မွ ၁၅,၀၀၀ ခန္႔အထိ ဝင္ေရာက္ေနေၾကာင္း ခရမ္းခ်ဥ္သီးကုန္သည္မ်ားက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မုံရွာတွင် မိုးများသဖြင့် ခရမ်း ချဉ်သီး ဝင်ရောက်မှုပိုများလာကာ ဈေးကျဆင်းခဲ့ကြောင်း ဒေသခံ ခရမ်းချဉ်သီးစိုက် တောင်သူများ ပြောပြချက်အရ သိရသည်။

အောက်တိုဘာလဆန်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မုံရွာမြို့နယ် ကုန်းမြင့်ဒေသများ၌ ရေသွင်းစိုက်ပျိုးသည့် ခရမ်းချဉ်သီးစိုက်ခင်းများမှ ခရမ်းချဉ်သီးများ ပျက်စီးမှုမရှိစေရန် ခူးဆွတ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချသူများ ပြားသောကြောင့် ဈေးကျခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်ကြီး အုပ်ကျေးရွာမှ ခရမ်းချဉ်သီးစိုက်တောင်သူ ဦးဝင်းဇော်ဦးက ပြောသည်။

‘‘သီတင်းကျွတ်အခါကြီး ရက်ကြီးက နှစ်ရက်လောက်နား တဲ့အချိန် မိုးကရွာတော့ အပင်မှာ ရှိတဲ့ အသီးက မကောက်လို့မရ ဘူး။ စိုက်ခင်းက ကောက်တဲ့အ သီးတွေက အဖိတ်နေ့မှာ ဈေး ကွက်လှိမ့်ဝင်လာတဲ့အတွက် ဝယ်လက်အဝေးတင်က ရပ်သွားတဲ့အ တွက် ဈေးကကျသွားတာ။ အခု တစ်ပိဿာကျပ် ၆၀၀ အထိဈေး ကျသွားတယ်’’ ဟု ၎င်းကပြော သည်။ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းက စတင်၍ မုံရွာမြို့ကုန်း မြင့်ဒေသမှ ခရမ်းချဉ်သီးများ ဈေး ကွက်သို့ စတင်ဝင်ရောက်ခဲ့ရာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ကျပ် ၁,၁၅၀ အထိရရှိခဲ့ရာမှ အောက်တိုဘာ ၇ ရက်တွင် တစ် ပိဿာကျပ် ၆၀၀ အထိ ဈေးကျခဲ့ ကြောင်း ဦးဝင်းဇော်ဦးက ပြော ကြားသည်။

မုံရွာမြို့ ခရမ်းချဉ်သီးကုန် သည်တစ်ဦးက ‘‘ဒီနှစ် မုံရွာခရမ်း ချဉ်သီးတွေ ဈေးကွက်စဝင်တုန်း က တစ်ပိဿာ ၇၀၀ နဲ့ စရောင်းခဲ့ တာ။ အင်းလေးသီးကလည်း ဈေး တက်လို့ဒီက အသီးတွေဈေးလိုက် တက်တာ တစ်ပိဿာ ၁,၀၀၀ ကျော်သွားတယ်။ ဒီဘက်က လည်း အသီးတွေဝင်ပေမယ့် မိုး တွေရွာလို့ အသီးတွေကွဲတာနဲ့ အ ပင်တွေ ပျက်တာလည်းရှိတော့ ဈေးကွက်လှိမ့်ဝင်လို့ တစ်ပိဿာ ၇၀၀ အထိ ဈေးပြန်ကျခဲ့တာ’’ ဟု ပြောသည်။

မုံရွာမြို့နယ် ကုန်းမြင့်ဒေသ ဖြစ်သော ခတ္တက္ကန်၊ ကြီးအုပ်၊ ဘန်စီ၊ လှည်းတား၊ ကျောက်ကွဲ၊ညောင်ပင်သာ၊ ကျောက္ကာ၊ ညောင်ပင်နှင့် ဘုတလင်မြို့နယ် အတွင်းရှိ ကျေးရွာများသည် ခရမ်းချဉ်သီး စိုက်ပျိုးမှုများပြားခဲ့ ပြီး အောက်တိုဘာလဆန်းတွင် မုံရွာဈေးကွက်သို့ နေ့စဉ် ခရမ်းချဉ်သီး ပိဿာချိန် ၉,၀၀၀ ခန့်မှ ၁၅,၀၀၀ ခန့်အထိ ဝင်ရောက်နေကြောင်း ခရမ်းချဉ်သီးကုန်သည်များက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top