Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေတာင္ႀကီးၿမိဳ႕ ခ်မ္းျမသာစည္ရပ္ကြက္ နယ္ေျမ ( ၇ ) အေနာ္ရထာလမ္းရွိ အိမ္ပိုင္ရွင္ ဦးလွေမာင္၏ ေနအိမ္တြင္ ေအာက္တိုဘာ ၂၉ ရက္ ညေန ၅ နာရီခြဲ က မီးပုံးပ်ံျပဳလုပ္ရာ ယမ္းမီးမွတစ္ဆင့္ စတင္မီးေလာင္မႈျဖစ္ပြား ခဲ့သည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာတြင္ လူေနအိမ္ေျခာက္လုံး မီးေလာင္ခဲ့ၿပီး ယမ္းမီးဆရာ ဦးစိုးႏိုင္ေလး(ခ) ကိုေအာင္ငဲ သည္ ဒဏ္ရာ(စိုးရိမ္ရ) ရရွိ ခဲ့ၿပီး အျခားထိခိုက္ဒဏ္ရာရရွိသူ ႏွစ္ဦး (မစိုးရိမ္ရ) ႏွင့္ ဦးတင္ေမာင္ေအ သုခခ်မ္းသာ (၂)ရပ္ကြက္ နီလာလမ္း ေ႐ႊေညာင္ၿမိဳ႕ေနထိုင္သူသည္ ေ႐ႊေညာင္ ၿမိဳ႕မွ မီးသတ္ကားေမာင္းႏွင္၍ မီးေလာင္ မႈျဖစ္ပြားရာေနရာသို႔ မီးၿငႇိမ္းသတ္ရန္ ေရာက္ရွိလာစဥ္ ေရာဂါေၾကာင့္ ႐ုတ္တရက္ ေသဆုံးသြားခဲ့သည္။

မီးေလာင္ရာေနရာသို႔ ရွမ္းျပည္နယ္ ဝန္ႀကီးမ်ား၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၇၅ ဦး၊ အရန္ မီးသတ္တပ္ဖြဲ႕ဝင္ ၅၀၊ မီးသတ္ ယာဥ္ခုနစ္စီး၊ ေရသယ္ယာဥ္ ရွစ္စီး၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူမ်ား ဝိုင္းဝန္းၿငႇိမ္းသတ္ခဲ့ရာ ညေန ၆ နာရီ ၅ မိနစ္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိ ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စိုင္းသန္းေက်ာ္ ( ေတာင္ႀကီး) MOI Webportal Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #

တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် နယ်မြေ ( ၇ ) အနော်ရထာလမ်းရှိ အိမ်ပိုင်ရှင် ဦးလှမောင်၏ နေအိမ်တွင် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီခွဲ က မီးပုံးပျံပြုလုပ်ရာ ယမ်းမီးမှတစ်ဆင့် စတင်မီးလောင်မှုဖြစ်ပွား ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာတွင် လူနေအိမ်ခြောက်လုံး မီးလောင်ခဲ့ပြီး ယမ်းမီးဆရာ ဦးစိုးနိုင်လေး(ခ) ကိုအောင်ငဲ သည် ဒဏ်ရာ(စိုးရိမ်ရ) ရရှိ ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦး (မစိုးရိမ်ရ) နှင့် ဦးတင်မောင်အေ သုခချမ်းသာ (၂)ရပ်ကွက် နီလာလမ်း ရွှေညောင်မြို့နေထိုင်သူသည် ရွှေညောင် မြို့မှ မီးသတ်ကားမောင်းနှင်၍ မီးလောင် မှုဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ရန် ရောက်ရှိလာစဉ် ရောဂါကြောင့် ရုတ်တရက် သေဆုံးသွားခဲ့သည်။

မီးလောင်ရာနေရာသို့ ရှမ်းပြည်နယ် ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀၊ မီးသတ် ယာဉ်ခုနစ်စီး၊ ရေသယ်ယာဉ် ရှစ်စီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိ ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စိုင်းသန်းကျော် ( တောင်ကြီး) MOI Webportal Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top