ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ပန္းေတာင္းၿမိဳ႕နယ္ ပုသိမ္ -မုံရြာလမ္းမႀကီးတြင္ ဘဲငန္းအုပ္ကိုေရွာင္သည့္ ဘုရားဖူးယာဥ္တစ္စီး အရွိန္မထိန္းႏုိင္ဘဲ တိမ္း ေမွာက္ရာ ႏွစ္ဦးေသဆုံးၿပီး ၂၀ ဦးဒဏ္ရာရခဲ့ေၾကာင္း ဥသွ်စ္ပင္ၿမိဳ႕မွ လူမႈကူညီကယ္ဆယ္ေရး ေဆာင္ရြက္သူ ဦးစိုး၀င္းက ေျပာ သည္။

အဆုိပါ ဘုရားဖူးယာဥ္သည္ ရန္ကုန္ၿမိဳ႕မွ ပန္းေတာင္းၿမိဳ႕နယ္ ထုံးဘုိအေကာက္ေတာင္ဘုရား သို႔လာေသာ ခရီးသည္ ၃၂ ဦးပါ ၀င္သည့္ မီနီဘတ္စ္အမ်ဳိးအစား စင္းလုံးငွားယာဥ္ျဖစ္ၿပီး ေအာက္ တိုဘာ ၂၂ ရက္ နံနက္ ၆ နာရီခဲြ တြင္ တိမ္းေမွာက္ခဲ့သည္။

‘‘လမ္းေပၚျဖတ္သြားတဲ့ ဘဲ ငန္းေတြကို ေရွာင္ရင္းကေန အ ရွိန္မထိန္းႏုိင္ဘဲ လမ္းေဘးသစ္ ပင္ကို တုိက္မိၿပီးေမွာက္သြား တယ္။ ကားေအာက္မွာ အမ်ဳိးသ မီးႏွစ္ေယာက္ ပိသြားတယ္။ လမ္း ျဖတ္လာတဲ့ ဘတ္ဟိုးကားကုိ အကူအညီေတာင္းၿပီး ကားကိုျပန္ ေထာင္ႏုိင္ခဲ့တယ္။ နံနက္ ၉ နာရီ ခဲြေလာက္မွာ အေလာင္းႏွစ္ခုကုိ သယ္ထုတ္ႏုိင္ခဲ့တယ္’’ ဟု ဦးစုိး ၀င္းက ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ဳိးသား ႏွစ္ဦး၊ အမ်ဳိးသမီး ၁၉ ဦးႏွင့္ သံဃာေတာ္ တစ္ပါးဒဏ္ ရာရၿပီး ေျမာက္ဒဂုံၿမိဳ႕နယ္ေန အသက္ (၄၃) ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးႏွင့္ သာေကတၿမိဳ႕နယ္ေန (၆၈)ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦး ေသဆုံးခဲ့သည္။

‘‘ဒဏ္ရာရသူေတြ အားလုံး ကို ထုံးဘုိတုိက္နယ္ေဆး႐ုံကုိပဲ ပို႔ေပးရတယ္။ အဲဒီအထဲက စိုးရိမ္ ရတဲ့ လူနာသုံးဦးကိုေတာ့  ျပည္ ေဆး႐ုံႀကီးကို ဆက္လက္ပို႔ေဆာင္ရတယ္’’ဟု ျပည္ၿမိဳ႕ မိုးေမတၱာ နာေရးကူညီမႈအသင္းမွ ကိုစ်ာန္ ႀကီးက ေျပာသည္။

အဆိုပါ အမႈႏွင့္ပတ္သက္၍ အသက္(၅၁)ႏွစ္အရြယ္ ယာဥ္ ေမာင္းအမ်ဳိးသားကို ယာဥ္မဆင္ မျခင္ေမာင္းႏွင္သည့္အတြက္ လူ ေသဆုံးမႈ၊ ျပင္းထန္စြာ ဒဏ္ရာ ရရွိမႈမ်ားျဖင့္ ထုံးဘုိ နယ္ေျမရဲစခန္းက အမႈဖြင့္ အေရးယူထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 DayDaily

# Unicode Version ျဖင့္ ဖတ္ရန္ #
ပန်းတောင်းမြို့နယ် ပုသိမ် -မုံရွာလမ်းမကြီးတွင် ဘဲငန်းအုပ်ကိုရှောင်သည့် ဘုရားဖူးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်း မှောက်ရာ နှစ်ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရခဲ့ကြောင်း ဥသျှစ်ပင်မြို့မှ လူမှုကူညီကယ်ဆယ်ရေး ဆောင်ရွက်သူ ဦးစိုးဝင်းက ပြော သည်။

အဆိုပါ ဘုရားဖူးယာဉ်သည် ရန်ကုန်မြို့မှ ပန်းတောင်းမြို့နယ် ထုံးဘိုအကောက်တောင်ဘုရား သို့လာသော ခရီးသည် ၃၂ ဦးပါ ဝင်သည့် မီနီဘတ်စ်အမျိုးအစား စင်းလုံးငှားယာဉ်ဖြစ်ပြီး အောက် တိုဘာ ၂၂ ရက် နံနက် ၆ နာရီခွဲ တွင် တိမ်းမှောက်ခဲ့သည်။

‘‘လမ်းပေါ်ဖြတ်သွားတဲ့ ဘဲ ငန်းတွေကို ရှောင်ရင်းကနေ အ ရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ် ပင်ကို တိုက်မိပြီးမှောက်သွား တယ်။ ကားအောက်မှာ အမျိုးသ မီးနှစ်ယောက် ပိသွားတယ်။ လမ်း ဖြတ်လာတဲ့ ဘတ်ဟိုးကားကို အကူအညီတောင်းပြီး ကားကိုပြန် ထောင်နိုင်ခဲ့တယ်။ နံနက် ၉ နာရီ ခွဲလောက်မှာ အလောင်းနှစ်ခုကို သယ်ထုတ်နိုင်ခဲ့တယ်’’ ဟု ဦးစိုး ဝင်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၁၉ ဦးနှင့် သံဃာတော် တစ်ပါးဒဏ် ရာရပြီး မြောက်ဒဂုံမြို့နယ်နေ အသက် (၄၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သာကေတမြို့နယ်နေ (၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

‘‘ဒဏ်ရာရသူတွေ အားလုံး ကို ထုံးဘိုတိုက်နယ်ဆေးရုံကိုပဲ ပို့ပေးရတယ်။ အဲဒီအထဲက စိုးရိမ် ရတဲ့ လူနာသုံးဦးကိုတော့  ပြည် ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ရတယ်’’ဟု ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းမှ ကိုဈာန် ကြီးက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ အသက်(၅၁)နှစ်အရွယ် ယာဉ် မောင်းအမျိုးသားကို ယာဉ်မဆင် မခြင်မောင်းနှင်သည့်အတွက် လူ သေဆုံးမှု၊ ပြင်းထန်စွာ ဒဏ်ရာ ရရှိမှုများဖြင့် ထုံးဘို နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top