Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္ (၁၃)ႏွစ္အရြယ္ ကေလးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး မႈ ပဲခူးတုိင္းေဒသႀကီး ႀကိမ္ခါး ကုန္းေက်းရြာတြင္ ျဖစ္ပြားခဲ့ သည္။

ေသဆံုးသူ   ပၪၥမတန္း ေက်ာင္းသားသည္ ႀကိမ္ခါးကုန္း ေက်းရြာေန အမကမူလြန္ေက်ာင္း တြင္ ပညာသင္ၾကားေနသူျဖစ္ၿပီး ေက်ာင္းမုန္႔စားဆင္းခ်ိန္တြင္ ေန အိမ္သို႔ ျပန္လာၿပီး မိမိကိုယ္ကိုယ္ သတ္ေသခဲ့ေၾကာင္း ပဲႏြယ္ကုန္း နယ္ေျမရဲစခန္းမွ ရဲအုပ္ေအာင္ ဆန္းထူးက ေျပာသည္။

‘‘ေက်ာင္းကေန အိမ္ျပန္လာ ၿပီး ထမင္းစားေသးတယ္။ ၿပီးမွ ႀကိဳးဆြဲခ်ေသေနတာကို ျမင္ၾက တာပါ။ လြယ္အိတ္ေတာင္ ေက်ာင္းမွာ က်န္ခဲ့ေသးတယ္။ ကေလးစိတ္ထဲမွာေတာ့ မိသားစု ကိစၥေလးေတြ အားငယ္ေနတာရွိ တယ္လို႔ ပတ္ဝန္းက်င္ကေတာ့ ေျပာတယ္’’ဟု ၎က ေျပာသည္။

ကေလးငယ္ ကိုယ္ဝန္ရရွိေန စဥ္ မိဘႏွစ္ဦးမွာ စိတ္သေဘာ ထား မတိုက္ဆုိင္၍ ကြဲကြာၿပီးေနာက္ ဖခင္အိမ္သုိ႔ ျပန္လာေသာ္လည္း မိခင္သည္ အိမ္မွ ထြက္ခြာသြားေၾကာင္း ေက်ာက္တံခါးၿမိဳ႕ နယ္ေန အမ်ိဳးသားတစ္ဦးက ေျပာသည္။

‘‘ကေလးက လက္ရွိမွာ အစ္မျဖစ္တဲ့သူနဲ႔အတူ ေနတယ္။ ေတာ္ေတာ္ေလးလည္း ႏြမ္းပါး တယ္။ သူ႔စိတ္ထဲမွာ ဘာေတြစိတ္ မေကာင္းျဖစ္ေနလဲလို႔ေတာ့ မသိ ႏုိင္ဘူး။ မိသားစုမွာေတာ့ အဆင္ မေျပတာေတြရွိေတာ့ ခုလိုလုပ္ သြားတာလုိ႔ ထင္ပါတယ္’’ဟု ၎က ေျပာသည္။

ေသဆံုးသူ ေမာင္ေနသူရိန္ ကို ဓမၼတာအတုိင္း ေသဆံုးျခင္းဟုတ္၊ မဟုတ္ ပဲႏြယ္ကုန္းေဆး ႐ံုတြင္ စစ္ေဆးၿပီးေနာက္ ေသမႈေသခင္းဖြင့္ကာ အမႈဖြင့္စစ္ေဆး ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အသက် (၁၃)နှစ်အရွယ် ကလေးတစ်ဦး ကြိုးဆွဲချသေဆုံး မှု ပဲခူးတိုင်းဒေသကြီး ကြိမ်ခါး ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ သည်။

သေဆုံးသူ   ပဉ္စမတန်း ကျောင်းသားသည် ကြိမ်ခါးကုန်း ကျေးရွာနေ အမကမူလွန်ကျောင်း တွင် ပညာသင်ကြားနေသူဖြစ်ပြီး ကျောင်းမုန့်စားဆင်းချိန်တွင် နေ အိမ်သို့ ပြန်လာပြီး မိမိကိုယ်ကိုယ် သတ်သေခဲ့ကြောင်း ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ ရဲအုပ်အောင် ဆန်းထူးက ပြောသည်။

‘‘ကျောင်းကနေ အိမ်ပြန်လာ ပြီး ထမင်းစားသေးတယ်။ ပြီးမှ ကြိုးဆွဲချသေနေတာကို မြင်ကြ တာပါ။ လွယ်အိတ်တောင် ကျောင်းမှာ ကျန်ခဲ့သေးတယ်။ ကလေးစိတ်ထဲမှာတော့ မိသားစု ကိစ္စလေးတွေ အားငယ်နေတာရှိ တယ်လို့ ပတ်ဝန်းကျင်ကတော့ ပြောတယ်’’ဟု ၎င်းက ပြောသည်။

ကလေးငယ် ကိုယ်ဝန်ရရှိနေ စဉ် မိဘနှစ်ဦးမှာ စိတ်သဘော ထား မတိုက်ဆိုင်၍ ကွဲကွာပြီးနောက် ဖခင်အိမ်သို့ ပြန်လာသော်လည်း မိခင်သည် အိမ်မှ ထွက်ခွာသွားကြောင်း ကျောက်တံခါးမြို့ နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။

‘‘ကလေးက လက်ရှိမှာ အစ်မဖြစ်တဲ့သူနဲ့အတူ နေတယ်။ တော်တော်လေးလည်း နွမ်းပါး တယ်။ သူ့စိတ်ထဲမှာ ဘာတွေစိတ် မကောင်းဖြစ်နေလဲလို့တော့ မသိ နိုင်ဘူး။ မိသားစုမှာတော့ အဆင် မပြေတာတွေရှိတော့ ခုလိုလုပ် သွားတာလို့ ထင်ပါတယ်’’ဟု ၎င်းက ပြောသည်။

သေဆုံးသူ မောင်နေသူရိန် ကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် ပဲနွယ်ကုန်းဆေး ရုံတွင် စစ်ဆေးပြီးနောက် သေမှုသေခင်းဖွင့်ကာ အမှုဖွင့်စစ်ဆေး နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top