Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေအာက္တိုဘာ၏ ေနာက္ဆံုး ရက္ေတြက မုန္တိုင္းရွိခဲ့ေသာေၾကာင့္ အံု႔ ဆိုင္းဆိုင္းေလးျဖစ္ေနသည္။ မုိးအံု႔ေနသျဖင့္   သြားလို႔လာလို႔က ေတာ့   အင္မတန္မွ  ေကာင္းလွ သည္။  မဟုတ္လွ်င္  ဆိုင္ကယ္တစ္စီးျဖင့္ အညာေျမေနပူပူျဖင့္ ေခြၽးဒီး ဒီးက်ကာ အသားေတြေနေလာင္ ညိဳမည္းကုန္ေရာ့မည္။ ေနေရာင္ ေကာင္းစြာ    မထြက္လာေသာ္ လည္း ရာသီဥတုဆိုးရြားသည့္ အ ဆင့္ထိေတာ့မေရာက္၊   ပတ္ဝန္း က်င္က မႈိင္းတိုင္းတိုင္းေလးျဖစ္ ေနသည္မွလြဲ၍ ယခင္ရက္ပိုင္းက မိုးရြာ သြန္းခဲ့ေသာေၾကာင့္ စိမ္း စိုလတ္ဆတ္ေနသည္။ စစ္ကိုင္း ၿမိဳ႕ကေန ျဖာထြက္ခဲ့သည့္ ခ႐ိုင္ ခ်င္းဆက္ လမ္းမႀကီးကေတာ့ ကြၽန္ေတာ္စီးလာသည့္ ဆိုင္ကယ္ မွလဲြ၍ လူသူကင္းရွင္းတိတ္ ဆိတ္ေနသည္။ လမ္းအေရွ႕ဘက္ မင္းဝံေတာင္႐ိုး ႀကီးကေတာ့ ကြၽန္ ေတာ္ႏွင့္အတူ ေျမာက္စူးစူးဆီ ေျပးလ်က္လိုက္လာေနသလိုပင္။
ကြၽန္ေတာ္က  ေရႊဘိုခ႐ိုင္၊ ဝက္လက္ၿမိဳ႕နယ္ရွိ ရွိမ္းမကားေဒ သသို႔ သြားေနျခင္းျဖစ္သည္။ ရွိမ္း မကားကို ယခင္ကလည္း ႏွစ္ ေခါက္ခန္႔ေရာက္ဖူးပါသည္။ သို႔ ေသာ္ ရွိမ္းမကားေတာရႀကီး ေက်ာင္းသို႔သာ ဦးစားေပးသြားခဲ့ ၿပီး နာမည္က်ာ္လွေသာ ရွိမ္းမကားရြာႀကီးသို႔ကား ခဏတစ္ျဖဳတ္နား႐ံုေလာက္သာ   အခ်ိန္ေပးျဖစ္ခဲ့ သည္။ ဒီတစ္ေခါက္ေတာ့ ရွိမ္းမ ကားရြာႀကီးအတြင္း အခ်ိန္ခဏ ေတာ့ ပိုယူျဖစ္မည္ဟု အားခဲထား ခဲ့သည္။ ကြၽန္ေတာ္ႏွင့္အတူ နည္း ပညာတကၠသိုလ္ (စစ္ကိုင္း) မွ ညီ ငယ္တစ္ေယာက္လည္း အေဖာ္အျဖစ္ ပါလာခဲ့သည္။ သူကရွိမ္း မကားတစ္ခါမွ မေရာက္ဖူးသူ။
ကြၽန္ေတာ္ကေတာ့ ရွိမ္းမ ကားေဒသကို အေတာ္ေလးသ ေဘာက်သည္။ ရွိမ္းမကားသြား သည့္အေခါက္တိုင္း စိတ္ေပါ့ပါး လြတ္လပ္သလို ခံစားရသည္။ ၾကည့္ေလ။ တိတ္ဆိတ္ေနသည့္ ခ႐ိုင္ခ်င္းဆက္လမ္းကေလးႏွင့္ အတူ လမ္းေဘးရွိ စိမ္းစိုေနသည့္ လယ္ကြင္းမ်ား၊ ႏုပ်ိဳလတ္ဆတ္ လြန္းလွသည့္ ေလေအးေအးမ်ား၊ ဟုိးခပ္ေဝးေဝးထိ လမ္းကေလး ႏွင့္ အၿပိဳင္ လိုက္ပါလာေသာ လြမ္းေမာဖြယ္ မင္းဝံေတာင္႐ိုးႀကီး စ သည့္စသည့္ သဘာဝဝန္းက်င္႐ႈ ခင္းေတြက ရွိမ္းမကားသြားတိုင္း ၾကည္ႏူးႏွစ္သက္မႈကို ခံစားရေစ သည္။ ထို႔ေၾကာင့္ ေရာက္ဖူးသည့္ ေဒသျဖစ္ေသာ္လည္း သြားလို႔ရယ္ ဘယ္ေတာ့မွမ႐ိုးႏိုင္ခဲ့။
ရွိမ္းမကားရွိ ေတာရႀကီး ေက်ာင္းတိုက္သည္ ပထမေရႊ က်င္သာသနာပိုင္ ဆရာေတာ္ အ ရွင္ဇာဂရမေထရ္ သီတင္းသံုးခဲ့ၿပီး ဆရာေတာ္သည္ မင္းတုန္းမင္း ႀကီး၏ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ျခင္းခံခဲ့ရသည္။ ရွိမ္းမကားေတာ ႀကီးကိုလည္း ေဘးမဲ့ေတာအျဖစ္ စာခြၽန္ေတာ္ထုတ္ကာ သတ္မွတ္ ေပးခဲ့သည္။ ဆရာေတာ္အတြက္ လိုအပ္သည့္ ေက်ာင္းမ်ားကို လည္း မင္းတုန္းမင္းႀကီးက ေဆာက္လုပ္လွဴဒါန္းခဲ့သည္။ ထို႔ ေၾကာင့္ မင္းတစ္ပါး၏ အေလးအ ျမတ္ထားျခင္းကို ခံခဲ့ရဖူးသည့္ ရွိမ္းမကားေတာရႀကီး ေက်ာင္းအ တြင္းမွာ ေရွးေဟာင္းအေမြအႏွစ္ လက္ရာေတြက တစ္ပံုတစ္ပင္။တန္ဖိုးသိသူ၊ တန္ဖိုးထားသူေတြ အဖို႔ေတာ့ ေလ့လာလို႔ေကာင္း မည္ျဖစ္သည္။
ရွိမ္းမကားက ေရွးေဟာင္း သမိုင္းဝင္႐ံုတင္မက စိတ္ဝင္စား စရာေတြ ရွိေနေသးသည္။ ရွိမ္းမ ကားက စာေရးဆရာႀကီး ဦးစံရွား၏  စံုေထာက္ဇာတ္လမ္းေတြမွာ လည္း ပါဝင္ဖူးသည္။ ေနာက္ၿပီး ရွိမ္းမကားမလိုင္ေပါက္စီတို႔၊ ရွိမ္း မကားမုန္႔တီတို႔ကလည္း နာမည္ ႀကီးလွသည္။ မလိုင္ေပါက္စီဆို လွ်င္ ေပါက္စီအလြတ္ကိုဖဲ့ၿပီး မုန္႔ႂကြပ္၊ သၾကား၊ ေထာပတ္၊ ေက်ာက္ေက်ာ၊ ဖ႐ံုယိုတို႔ျဖင့္ေရာ ကာ ႏို႔စိမ္းေပါက္၊ ႏို႔ဆီဆမ္း၊ ႏြား ႏို႔ေလာင္းၿပီး ျပင္ဆင္ေပးသည္မွာ စား၍ အင္မတန္ေကာင္းလွ သည္။
စစ္ကိုင္းၿမိဳ႕ကေန တစ္နာရီ ခြဲခန္႔ ျဖည္းျဖည္းသက္သာေမာင္း ၿပီးေတာ့ ရွိမ္းမကားသို႔ ေရာက္ပါ သည္။ ရွိမ္းမကားသို႔ေရာက္လွ်င္ ေရာက္ခ်င္း ရြာတြင္းမွတစ္ဆင့္ ရွိမ္းမကား ေတာရႀကီးေက်ာင္း ေဘးမဲ့ေတာဆီအရင္သြားလိုက္ သည္။ ရွိမ္းမကားဆရာေတာ္ဆီ အရင္ဝင္ဖူးရန္ျဖစ္သည္။ ေတာရ ႀကီးေက်ာင္းအဝင္ေရာက္ေတာ့ အနည္းငယ္အံ့ၾသသြားမိသည္။ အျခားေၾကာင့္မဟုတ္။ ဟိုးအရင္ ႏွစ္ေခါက္လာခဲ့စဥ္က လူသူကင္း ရွင္းတိတ္ဆိတ္ခဲ့သည့္ ေတာရ ႀကီးေက်ာင္းသည္ ယခုေတာ့ အ ဝင္အုတ္လမ္းကေလးနားတြင္ပင္ ဆိုင္ကယ္ေတြ တန္းစီရပ္ထား သည္ကို ေတြ႕ခဲ့ရသည္။ ဆိုင္ကယ္ေတြတင္မကေသး။ ေစ်းဆိုင္ေလးႏွစ္ဆိုင္ ဖြင့္ထားသည္ကိုလည္း ျမင္ရသည္။
ရွိမ္းမကားေဒသသို႔ သြား ေရာက္လည္ပတ္ေစခ်င္ေသာ ေၾကာင့္ သတင္းစာတြင္ ခရီးသြား လမ္းၫႊန္မ်ား၊ ႐ုပ္သံအစီအစဥ္ မ်ား တင္ဆက္ေပးခဲ့ဖူး၍ ယခု ဧည့္သည္မ်ားလာေနၿပီဆိုေတာ့ ဝမ္းသာခဲ့ရသည္။ သို႔ေသာ္ ထိုဝမ္း သာမႈက ၾကာရွည္မခံ။ ရွိမ္းမကား ေတာရႀကီးေက်ာင္း ဆရာေတာ္ ဆီေရာက္ေတာ့ အေၾကာင္းစံုသိရ သည္။
ဆရာေတာ္က မိမိတို႔ေဒသ ဧည့္သည္မ်ား လာေရာက္လည္ ပတ္၍ ဝမ္းသာပါေၾကာင္း၊ သို႔ ေသာ္ အခ်ိဳ႕လူငယ္ေတြကေတာ့ လူငယ္သဘာဝမို႔ အေပ်ာ္သ ေဘာ အလည္သက္သက္ လာ ေရာက္ၾကသည့္အတြက္ စည္း ကမ္းမဲ့အမႈိက္စြန္႔တာေတြ၊ ဘုန္း ႀကီးေက်ာင္းထဲ တဝါးဝါးတဟား ဟား ေနၾကတာေတြ၊ ေရွးေဟာင္း ပစၥည္းေတြတန္ဖိုး နားမလည္တာ ေတြ ရွိလာခဲ့သည္ဟု ဆရာေတာ္ က မိန္႔သည္။ ထို႔အတြက္ စိတ္မ ေကာင္းျဖစ္ရသည္ဟု ဆရာေတာ္က မိန္႔ဆိုပါသည္။ ထို႔အတြက္ စည္းကမ္းခ်က္ေတြကိုလည္း ဆိုင္းဘုတ္မွာ ေရးထားရၿပီး အ မႈိက္ပံုးေတြလည္း ဝယ္ကာခ်ထား ရသည္ဟု မိန္႔သည္။
ခရီးသြားစရာေနရာ တစ္ခု ေပၚေပါက္လာတိုင္း၊ ေပၚေပါက္ လာတိုင္း ေဒသခံမ်ားအတြက္ အ နည္းဆံုး     ေစ်းေလးဘာေလး ေရာင္းရ ေရာင္းရ ဝင္ေငြတိုးေတာ့ မည္ဟုေတြးကာ ဝမ္းသာရသည္။ သို႔ေသာ္ သက္ဆိုင္ရာတာဝန္ရွိသူ မ်ား၏ ေကာင္းမြန္သည့္အစီအမံ မ်ား ေဆာင္ရြက္ေပးမႈ အားနည္း ေသာေၾကာင့္ သြားလည္သူအ တြက္လည္း အဆင္မေျပ၊ ေဒသခံ အတြက္လည္း ေကာင္းစြာအက်ိဳး ေက်းဇူး မခံစားရသည့္ သာဓက ေတြက ေရွ႕မွာ ခပ္မ်ားမ်ားပင္။
ဆရာေတာ္အား ႏႈတ္ဆက္ ကန္ေတာ့ရင္း ေတာရႀကီး ေက်ာင္းထဲ ေခတၱခဏလည္ပတ္ ျဖစ္သည္။ ေတာရႀကီးေက်ာင္း၏ အေရွ႕ဘက္တြင္ေတာ့ ဧရာဝတီ ျမစ္ျပင္က်ယ္ကို လွမ္းျမင္ေနရ သည္။ လူငယ္တစ္သိုက္ကေတာ့ ျမစ္ဘက္ကို တေပ်ာ္တပါးႀကီး ေျပးဆင္းသြားၾကသည္။ ေက်ာင္း ထဲ ခဏပတ္ၾကည့္ၿပီးေတာ့ ရွိမ္းမ ကားရြာဘက္ ျပန္ဆင္းခဲ့ၾက သည္။
ရြာထဲေရာက္ေတာ့ ျမစ္ဆိပ္ ဆီ အရင္ဆင္းၾကသည္။ ျမစ္ဆိပ္ မွာ ေမာ္ေတာ္တခ်ိဳ႕ ဆိုက္ကပ္ ထားေသာ္လည္း လူသူဟူ၍ သိပ္ မေတြ႕ရ။ ယခင္ကေတာ့ ရွိမ္းမ ကားျမစ္ဆိပ္သည္ ေမာ္ေတာ္မ်ား တင္သာမက သေဘၤာမ်ားအထိ ပင္ ဆိုက္ကပ္ခဲ့ဖူးသည္ဟု သိရ သည္။ ရွိမ္းမကားဝန္းက်င္ရြာေတြ က ရွိမ္းမကားကေနတစ္ဆင့္ အ ထက္ဆို ဗန္းေမာ္၊ ကသာ၊ ေအာက္ဆို မႏၲေလး၊ ျမင္းၿခံ၊ ပခုကၠဴစသျဖင့္ ကုန္စည္ကူးလူး ေရာင္းဝယ္ႏိုင္ခဲ့ၾကသည္။
ရိွိမ္းမကားက ျမစ္နားကပ္ ကာတည္ရွိတာမို႔ အဂၤလိပ္အစိုးရ လက္ထက္က ခ႐ိုင္႐ံုးေတြ ႐ံုးစိုက္ခဲ့ၾကသည္။ ပြဲ႐ံု ေလး၊ ငါး၊ ေျခာက္ခုလည္း ရွိခဲ့သည္။ ထို႔အျပင္ ကို လိုနီေခတ္က တည္ေဆာက္ခဲ့ သည့္ ေစ်းႀကီးလည္းရွိသည့္အ တြက္ အနီးအနားပတ္ဝန္းက်င္ ေက်းရြာမ်ားကေတာ့ ရွိမ္းမကား ကို မေရာက္မျဖစ္ သြားေရာက္ရ သည္။ ႐ံုးေတြစိုက္ခဲ့ဖူးသျဖင့္ ရွိမ္း မကားက ရြာဆိုေပသိ ေပ ၄၀၊ ေပ ၆၀ အကြက္ကေလးေတြ စနစ္တ က်ပိုင္းထားသည္။ လမ္းေတြက လည္း စနစ္တက် သူ႔အကြက္ႏွင့္ သူ အေကာင္အထည္ေဖာ္ထားခဲ့ သည္ဟု ရွိမ္းမကားေဒသခံ ဦးသန္းထြန္းက ေျပာျပသည္။
ထိုအခ်ိန္ကေတာ့ ရွိမ္းမ ကားက အခ်က္အခ်ာက်သျဖင့္ ရြာကလူငယ္လူရြယ္ေတြလည္း ရြာတင္လုပ္ငန္းကိုင္ငန္း အဆင္ ေျပ၍ တျခားေဒသသို႔ သြား ေရာက္အလုပ္လုပ္ကိုင္ရန္ မလို။ မ်က္စီႏွစ္လံုးဖြင့္လိုက္လွ်င္ လုပ္ စရာ၊ ကိုင္စရာ ဝင္ေငြရေပါက္ရ လမ္းေတြက ရွိမ္းမကားသို႔ ျမစ္ေရ ႏွင့္အတူ ဆိုက္ေရာက္လာခဲ့ဖူး သည္။ ယခုေတာ့ျမစ္ေၾကာင္း ေျပာင္းသြား၍ သေဘၤာေတြလာမ ဆိုက္ႏိုင္ေတာ့။ ထို႔အျပင္ လမ္း ပန္းဆက္သြယ္ေရးေတြ ေကာင္း လာေတာ့ ေရေၾကာင္းအေပၚ သိပ္မအားကိုးၾကေတာ့။ ထုိ႔အတြက္ ရွိမ္းမကားက လူငယ္လူရြယ္အ ခ်ိဳ႕လည္း တျခားရြာမ်ားက လူ ငယ္မ်ားအတိုင္း ေရၾကည္ရာျမတ္ႏုရာ ေရႊ႕ေျပာင္းသြားလာ ဝမ္းစာ ရွာရသည္။ ရွိမ္းမကားျမစ္ဆိပ္က ေတာ့ တိတ္တိတ္ဆိတ္ဆိတ္ပင္ က်န္ရစ္ခဲ့သည္။
သို႔ေသာ္ လံုးဝအလုပ္မျဖစ္ ေအာင္ ျဖစ္သြားတာမ်ိဳးေတာ့ မ ဟုတ္။ ယာလုပ္သူေတြရွိသည္။ မိ႐ိုးဖလာ ရွိမ္းမကားေျမအိုးလုပ္ ငန္းလုပ္သူကလည္း လုပ္ၾက သည္။ ေစ်းေရာင္းေစ်းဝယ္လည္း လုပ္သည္။ ထို႔အတြက္ ရြာရဲ႕စီး ပြားေရးအေျခအေနက ဟိုးယခင္ တုန္းကေလာက္ မဟုတ္ေပသိ အ ဆိုးႀကီးေတာ့မဟုတ္။ လူဦးေရ သံုး ေထာင္ေက်ာ္၊ အိမ္ေျခ ၇၀၀ ခန္႔ ရွိသည့္ ရွိမ္းမကားသည္ ၿမိဳ႕ငယ္ ေလးတစ္ခုပမာ စည္းကားဆဲျဖစ္ သည္။ ေက်းရြာေတြမွာ ျမင္ရခဲ သည့္ ဖုန္းဆိုင္ေတြလည္း ရွိမ္းမ ကားမွာရွိသည္။ လက္ဖက္ရည္ ဆုိင္ေပါင္းကလည္း ၂၀ ေက်ာ္ ေတာင္ ရွိသတဲ့။ ရွိမ္းမကားကေန စစ္ကိုင္း၊ မႏၲေလး သြားႏိုင္ဖို႔လိုင္း ကားေတြကလည္း ေန႔တိုင္းသူ႔အ ခ်ိန္ႏွင့္သူထြက္ေနသည္။ ထို႔အ တြက္ ရွိမ္းမကားသည္ ေခတ္ႏွင့္ မ်က္ျခည္မျပတ္ခဲ့။
ယခုေတာ့ရွိမ္းမကားကို လူ မႈကြန္ရက္ မီဒီယာေတြကတစ္ ဆင့္ လူသိမ်ားလာတာေၾကာင့္ လူသူအေရာက္အေပါက္ မ်ားလာခဲ့သည္။ အခါႀကီးရက္ႀကီးမ်ားဆို လွ်င္ ကားအစီးေရရာေက်ာ္၊ လူဦးေရေထာင္ခ်ီသည္အထိ လာ ေရာက္လည္ပတ္ၾကသည္။ သို႔ ေသာ္ ဧည့္သည္လာလွ်င္ ဘယ္လို ဝန္ေဆာင္မႈေတြေပးၿပီး ထိုက္တန္သည့္ အခေၾကးေငြရရွိေအာင္ႀကံ ေဆာင္ရမည္ကို ေဒသခံမ်ားအဖို႔ မေတြးေတာမိၾက။ ေက်းလက္ေန ေတာသူေတာင္သားမ်ား ကိုယ့္ နယ္ကိုယ့္ေဒသ ဧည္သည္လာ လွ်င္ကို ေက်နပ္ေနၾကၿပီမို႔ ရပ္ရြာ အေျချပဳ စီးပြားေရးလုပ္ဖို႔ေလာက္ အထိ မစဥ္းစားျဖစ္ၾက။ ေဒသ ခံတခ်ိဳ႕ တေလက ထမင္းတို႔၊ အခ်ိဳ ရည္တို႔၊ ေရသန္႔ဘူးတို႔ေလာက္ သာ ေရာင္းခ်ခဲ့ၾကသည္။
ရွိမ္းမကားကေန ညေနမ ေစာင္းခင္ ျပန္လာခဲ့ၾကသည္။ ဆုိင္ကယ္စီးရင္း ခရီးသြားျခင္းႏွင့္ ပတ္သက္သည့္အေတြးေတြ ေတြး ေတာေနမိခဲ့သည္။ ခရီးသြားလုပ္ ငန္းကို မီးခိုးမထြက္သည့္စက္႐ံုဟု တင္စားၾကသည္။ မွန္လည္းမွန္ပါ သည္။ ထိုမီးခိုးမထြက္သည့္ စက္႐ံု မ်ားမွတစ္ဆင့္ ေဒသခံမ်ားအ တြက္ အလုပ္အကိုင္အခြင့္အ လမ္းေတြ ဖန္တီးေပးႏိုင္ပါလိမ့္ မည္။ ျမန္မာျပည္တစ္နံတစ္လ်ား တြင္ ‘ျပ’ စား၍ေကာင္းေသာ၊ တစ္ နည္းအားျဖင့္ မီးခိုးမထြက္သည့္ စက္႐ံုမ်ား တည္ေဆာက္၍ရႏုိင္ ေသာ သမိုင္းတန္ဖိုးႀကီးမားသည့္၊ စိတ္ဝင္စားဖြယ္ ေကာင္းသည့္၊ ၾကည္ႏူးႏွစ္သက္ဖြယ္ ျဖစ္ေစ သည့္ ေနရာေဒသေတြက အမ်ား ႀကီးက်န္ေနပါေသးသည္။ ထိုစက္႐ံုမ်ား တစ္ေန႔ေတာ့ လည္ပတ္ လာႏိုင္မွာပါေလဟု ေမွ်ာ္လင့္ၾက ႐ံုသာ။ နံနက္ခင္းထြက္လာခ်ိန္က ေနေရာင္ေကာင္းစြာ မရခဲ့ေသာ္ လည္း အျပန္မွာေတာ့ တိမ္ေတြ ၾကားမွတစ္ဆင့္ ေနေရာင္အနည္း ငယ္ ထိုးထြက္လာခဲ့သည္။ ေန က်ခ်ိန္ျဖစ္ေသာ္လည္း က်ေနႏွင့္ အတူ အညာေဒသတစ္ခုလံုး ေရႊ ေရာင္တလက္လက္ ထလ်က္ ပင္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily
#Unicode Version#
 အောက်တိုဘာ၏ နောက်ဆုံး ရက်တွေက မုန်တိုင်းရှိခဲ့သောကြောင့် အုံ့ ဆိုင်းဆိုင်းလေးဖြစ်နေသည်။ မိုးအုံ့နေသဖြင့်   သွားလို့လာလို့က တော့   အင်မတန်မှ  ကောင်းလှ သည်။  မဟုတ်လျှင်  ဆိုင်ကယ်တစ်စီးဖြင့် အညာမြေနေပူပူဖြင့် ချွေးဒီး ဒီးကျကာ အသားတွေနေလောင် ညိုမည်းကုန်ရော့မည်။ နေရောင် ကောင်းစွာ    မထွက်လာသော် လည်း ရာသီဥတုဆိုးရွားသည့် အ ဆင့်ထိတော့မရောက်၊   ပတ်ဝန်း ကျင်က မှိုင်းတိုင်းတိုင်းလေးဖြစ် နေသည်မှလွဲ၍ ယခင်ရက်ပိုင်းက မိုးရွာ သွန်းခဲ့သောကြောင့် စိမ်း စိုလတ်ဆတ်နေသည်။ စစ်ကိုင်း မြို့ကနေ ဖြာထွက်ခဲ့သည့် ခရိုင် ချင်းဆက် လမ်းမကြီးကတော့ ကျွန်တော်စီးလာသည့် ဆိုင်ကယ် မှလွဲ၍ လူသူကင်းရှင်းတိတ် ဆိတ်နေသည်။ လမ်းအရှေ့ဘက် မင်းဝံတောင်ရိုး ကြီးကတော့ ကျွန် တော်နှင့်အတူ မြောက်စူးစူးဆီ ပြေးလျက်လိုက်လာနေသလိုပင်။

ကျွန်တော်က  ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားဒေ သသို့ သွားနေခြင်းဖြစ်သည်။ ရှိမ်း မကားကို ယခင်ကလည်း နှစ် ခေါက်ခန့်ရောက်ဖူးပါသည်။ သို့ သော် ရှိမ်းမကားတောရကြီး ကျောင်းသို့သာ ဦးစားပေးသွားခဲ့ ပြီး နာမည်ကျာ်လှသော ရှိမ်းမကားရွာကြီးသို့ကား ခဏတစ်ဖြုတ်နားရုံလောက်သာ   အချိန်ပေးဖြစ်ခဲ့ သည်။ ဒီတစ်ခေါက်တော့ ရှိမ်းမ ကားရွာကြီးအတွင်း အချိန်ခဏ တော့ ပိုယူဖြစ်မည်ဟု အားခဲထား ခဲ့သည်။ ကျွန်တော်နှင့်အတူ နည်း ပညာတက္ကသိုလ် (စစ်ကိုင်း) မှ ညီ ငယ်တစ်ယောက်လည်း အဖော်အဖြစ် ပါလာခဲ့သည်။ သူကရှိမ်း မကားတစ်ခါမှ မရောက်ဖူးသူ။

ကျွန်တော်ကတော့ ရှိမ်းမ ကားဒေသကို အတော်လေးသ ဘောကျသည်။ ရှိမ်းမကားသွား သည့်အခေါက်တိုင်း စိတ်ပေါ့ပါး လွတ်လပ်သလို ခံစားရသည်။ ကြည့်လေ။ တိတ်ဆိတ်နေသည့် ခရိုင်ချင်းဆက်လမ်းကလေးနှင့် အတူ လမ်းဘေးရှိ စိမ်းစိုနေသည့် လယ်ကွင်းများ၊ နုပျိုလတ်ဆတ် လွန်းလှသည့် လေအေးအေးများ၊ ဟိုးခပ်ဝေးဝေးထိ လမ်းကလေး နှင့် အပြိုင် လိုက်ပါလာသော လွမ်းမောဖွယ် မင်းဝံတောင်ရိုးကြီး စ သည့်စသည့် သဘာဝဝန်းကျင်ရှု ခင်းတွေက ရှိမ်းမကားသွားတိုင်း ကြည်နူးနှစ်သက်မှုကို ခံစားရစေ သည်။ ထို့ကြောင့် ရောက်ဖူးသည့် ဒေသဖြစ်သော်လည်း သွားလို့ရယ် ဘယ်တော့မှမရိုးနိုင်ခဲ့။

ရှိမ်းမကားရှိ တောရကြီး ကျောင်းတိုက်သည် ပထမရွှေ ကျင်သာသနာပိုင် ဆရာတော် အ ရှင်ဇာဂရမထေရ် သီတင်းသုံးခဲ့ပြီး ဆရာတော်သည် မင်းတုန်းမင်း ကြီး၏ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံခဲ့ရသည်။ ရှိမ်းမကားတော ကြီးကိုလည်း ဘေးမဲ့တောအဖြစ် စာချွန်တော်ထုတ်ကာ သတ်မှတ် ပေးခဲ့သည်။ ဆရာတော်အတွက် လိုအပ်သည့် ကျောင်းများကို လည်း မင်းတုန်းမင်းကြီးက ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ ကြောင့် မင်းတစ်ပါး၏ အလေးအ မြတ်ထားခြင်းကို ခံခဲ့ရဖူးသည့် ရှိမ်းမကားတောရကြီး ကျောင်းအ တွင်းမှာ ရှေးဟောင်းအမွေအနှစ် လက်ရာတွေက တစ်ပုံတစ်ပင်။တန်ဖိုးသိသူ၊ တန်ဖိုးထားသူတွေ အဖို့တော့ လေ့လာလို့ကောင်း မည်ဖြစ်သည်။

ရှိမ်းမကားက ရှေးဟောင်း သမိုင်းဝင်ရုံတင်မက စိတ်ဝင်စား စရာတွေ ရှိနေသေးသည်။ ရှိမ်းမ ကားက စာရေးဆရာကြီး ဦးစံရှား၏  စုံထောက်ဇာတ်လမ်းတွေမှာ လည်း ပါဝင်ဖူးသည်။ နောက်ပြီး ရှိမ်းမကားမလိုင်ပေါက်စီတို့၊ ရှိမ်း မကားမုန့်တီတို့ကလည်း နာမည် ကြီးလှသည်။ မလိုင်ပေါက်စီဆို လျှင် ပေါက်စီအလွတ်ကိုဖဲ့ပြီး မုန့်ကြွပ်၊ သကြား၊ ထောပတ်၊ ကျောက်ကျော၊ ဖရုံယိုတို့ဖြင့်ရော ကာ နို့စိမ်းပေါက်၊ နို့ဆီဆမ်း၊ နွား နို့လောင်းပြီး ပြင်ဆင်ပေးသည်မှာ စား၍ အင်မတန်ကောင်းလှ သည်။

စစ်ကိုင်းမြို့ကနေ တစ်နာရီ ခွဲခန့် ဖြည်းဖြည်းသက်သာမောင်း ပြီးတော့ ရှိမ်းမကားသို့ ရောက်ပါ သည်။ ရှိမ်းမကားသို့ရောက်လျှင် ရောက်ချင်း ရွာတွင်းမှတစ်ဆင့် ရှိမ်းမကား တောရကြီးကျောင်း ဘေးမဲ့တောဆီအရင်သွားလိုက် သည်။ ရှိမ်းမကားဆရာတော်ဆီ အရင်ဝင်ဖူးရန်ဖြစ်သည်။ တောရ ကြီးကျောင်းအဝင်ရောက်တော့ အနည်းငယ်အံ့သြသွားမိသည်။ အခြားကြောင့်မဟုတ်။ ဟိုးအရင် နှစ်ခေါက်လာခဲ့စဉ်က လူသူကင်း ရှင်းတိတ်ဆိတ်ခဲ့သည့် တောရ ကြီးကျောင်းသည် ယခုတော့ အ ဝင်အုတ်လမ်းကလေးနားတွင်ပင် ဆိုင်ကယ်တွေ တန်းစီရပ်ထား သည်ကို တွေ့ခဲ့ရသည်။ ဆိုင်ကယ်တွေတင်မကသေး။ ဈေးဆိုင်လေးနှစ်ဆိုင် ဖွင့်ထားသည်ကိုလည်း မြင်ရသည်။

ရှိမ်းမကားဒေသသို့ သွား ရောက်လည်ပတ်စေချင်သော ကြောင့် သတင်းစာတွင် ခရီးသွား လမ်းညွှန်များ၊ ရုပ်သံအစီအစဉ် များ တင်ဆက်ပေးခဲ့ဖူး၍ ယခု ဧည့်သည်များလာနေပြီဆိုတော့ ဝမ်းသာခဲ့ရသည်။ သို့သော် ထိုဝမ်း သာမှုက ကြာရှည်မခံ။ ရှိမ်းမကား တောရကြီးကျောင်း ဆရာတော် ဆီရောက်တော့ အကြောင်းစုံသိရ သည်။

ဆရာတော်က မိမိတို့ဒေသ ဧည့်သည်များ လာရောက်လည် ပတ်၍ ဝမ်းသာပါကြောင်း၊ သို့ သော် အချို့လူငယ်တွေကတော့ လူငယ်သဘာဝမို့ အပျော်သ ဘော အလည်သက်သက် လာ ရောက်ကြသည့်အတွက် စည်း ကမ်းမဲ့အမှိုက်စွန့်တာတွေ၊ ဘုန်း ကြီးကျောင်းထဲ တဝါးဝါးတဟား ဟား နေကြတာတွေ၊ ရှေးဟောင်း ပစ္စည်းတွေတန်ဖိုး နားမလည်တာ တွေ ရှိလာခဲ့သည်ဟု ဆရာတော် က မိန့်သည်။ ထို့အတွက် စိတ်မ ကောင်းဖြစ်ရသည်ဟု ဆရာတော်က မိန့်ဆိုပါသည်။ ထို့အတွက် စည်းကမ်းချက်တွေကိုလည်း ဆိုင်းဘုတ်မှာ ရေးထားရပြီး အ မှိုက်ပုံးတွေလည်း ဝယ်ကာချထား ရသည်ဟု မိန့်သည်။

ခရီးသွားစရာနေရာ တစ်ခု ပေါ်ပေါက်လာတိုင်း၊ ပေါ်ပေါက် လာတိုင်း ဒေသခံများအတွက် အ နည်းဆုံး     ဈေးလေးဘာလေး ရောင်းရ ရောင်းရ ဝင်ငွေတိုးတော့ မည်ဟုတွေးကာ ဝမ်းသာရသည်။ သို့သော် သက်ဆိုင်ရာတာဝန်ရှိသူ များ၏ ကောင်းမွန်သည့်အစီအမံ များ ဆောင်ရွက်ပေးမှု အားနည်း သောကြောင့် သွားလည်သူအ တွက်လည်း အဆင်မပြေ၊ ဒေသခံ အတွက်လည်း ကောင်းစွာအကျိုး ကျေးဇူး မခံစားရသည့် သာဓက တွေက ရှေ့မှာ ခပ်များများပင်။

ဆရာတော်အား နှုတ်ဆက် ကန်တော့ရင်း တောရကြီး ကျောင်းထဲ ခေတ္တခဏလည်ပတ် ဖြစ်သည်။ တောရကြီးကျောင်း၏ အရှေ့ဘက်တွင်တော့ ဧရာဝတီ မြစ်ပြင်ကျယ်ကို လှမ်းမြင်နေရ သည်။ လူငယ်တစ်သိုက်ကတော့ မြစ်ဘက်ကို တပျော်တပါးကြီး ပြေးဆင်းသွားကြသည်။ ကျောင်း ထဲ ခဏပတ်ကြည့်ပြီးတော့ ရှိမ်းမ ကားရွာဘက် ပြန်ဆင်းခဲ့ကြ သည်။

ရွာထဲရောက်တော့ မြစ်ဆိပ် ဆီ အရင်ဆင်းကြသည်။ မြစ်ဆိပ် မှာ မော်တော်တချို့ ဆိုက်ကပ် ထားသော်လည်း လူသူဟူ၍ သိပ် မတွေ့ရ။ ယခင်ကတော့ ရှိမ်းမ ကားမြစ်ဆိပ်သည် မော်တော်များ တင်သာမက သင်္ဘောများအထိ ပင် ဆိုက်ကပ်ခဲ့ဖူးသည်ဟု သိရ သည်။ ရှိမ်းမကားဝန်းကျင်ရွာတွေ က ရှိမ်းမကားကနေတစ်ဆင့် အ ထက်ဆို ဗန်းမော်၊ ကသာ၊ အောက်ဆို မန္တလေး၊ မြင်းခြံ၊ ပခုက္ကူစသဖြင့် ကုန်စည်ကူးလူး ရောင်းဝယ်နိုင်ခဲ့ကြသည်။

ရှိမ်းမကားက မြစ်နားကပ် ကာတည်ရှိတာမို့ အင်္ဂလိပ်အစိုးရ လက်ထက်က ခရိုင်ရုံးတွေ ရုံးစိုက်ခဲ့ကြသည်။ ပွဲရုံ လေး၊ ငါး၊ ခြောက်ခုလည်း ရှိခဲ့သည်။ ထို့အပြင် ကို လိုနီခေတ်က တည်ဆောက်ခဲ့ သည့် ဈေးကြီးလည်းရှိသည့်အ တွက် အနီးအနားပတ်ဝန်းကျင် ကျေးရွာများကတော့ ရှိမ်းမကား ကို မရောက်မဖြစ် သွားရောက်ရ သည်။ ရုံးတွေစိုက်ခဲ့ဖူးသဖြင့် ရှိမ်း မကားက ရွာဆိုပေသိ ပေ ၄၀၊ ပေ ၆၀ အကွက်ကလေးတွေ စနစ်တ ကျပိုင်းထားသည်။ လမ်းတွေက လည်း စနစ်တကျ သူ့အကွက်နှင့် သူ အကောင်အထည်ဖော်ထားခဲ့ သည်ဟု ရှိမ်းမကားဒေသခံ ဦးသန်းထွန်းက ပြောပြသည်။

ထိုအချိန်ကတော့ ရှိမ်းမ ကားက အချက်အချာကျသဖြင့် ရွာကလူငယ်လူရွယ်တွေလည်း ရွာတင်လုပ်ငန်းကိုင်ငန်း အဆင် ပြေ၍ တခြားဒေသသို့ သွား ရောက်အလုပ်လုပ်ကိုင်ရန် မလို။ မျက်စီနှစ်လုံးဖွင့်လိုက်လျှင် လုပ် စရာ၊ ကိုင်စရာ ဝင်ငွေရပေါက်ရ လမ်းတွေက ရှိမ်းမကားသို့ မြစ်ရေ နှင့်အတူ ဆိုက်ရောက်လာခဲ့ဖူး သည်။ ယခုတော့မြစ်ကြောင်း ပြောင်းသွား၍ သင်္ဘောတွေလာမ ဆိုက်နိုင်တော့။ ထို့အပြင် လမ်း ပန်းဆက်သွယ်ရေးတွေ ကောင်း လာတော့ ရေကြောင်းအပေါ် သိပ်မအားကိုးကြတော့။ ထို့အတွက် ရှိမ်းမကားက လူငယ်လူရွယ်အ ချို့လည်း တခြားရွာများက လူ ငယ်များအတိုင်း ရေကြည်ရာမြတ်နုရာ ရွှေ့ပြောင်းသွားလာ ဝမ်းစာ ရှာရသည်။ ရှိမ်းမကားမြစ်ဆိပ်က တော့ တိတ်တိတ်ဆိတ်ဆိတ်ပင် ကျန်ရစ်ခဲ့သည်။

သို့သော် လုံးဝအလုပ်မဖြစ် အောင် ဖြစ်သွားတာမျိုးတော့ မ ဟုတ်။ ယာလုပ်သူတွေရှိသည်။ မိရိုးဖလာ ရှိမ်းမကားမြေအိုးလုပ် ငန်းလုပ်သူကလည်း လုပ်ကြ သည်။ ဈေးရောင်းဈေးဝယ်လည်း လုပ်သည်။ ထို့အတွက် ရွာရဲ့စီး ပွားရေးအခြေအနေက ဟိုးယခင် တုန်းကလောက် မဟုတ်ပေသိ အ ဆိုးကြီးတော့မဟုတ်။ လူဦးရေ သုံး ထောင်ကျော်၊ အိမ်ခြေ ၇၀၀ ခန့် ရှိသည့် ရှိမ်းမကားသည် မြို့ငယ် လေးတစ်ခုပမာ စည်းကားဆဲဖြစ် သည်။ ကျေးရွာတွေမှာ မြင်ရခဲ သည့် ဖုန်းဆိုင်တွေလည်း ရှိမ်းမ ကားမှာရှိသည်။ လက်ဖက်ရည် ဆိုင်ပေါင်းကလည်း ၂၀ ကျော် တောင် ရှိသတဲ့။ ရှိမ်းမကားကနေ စစ်ကိုင်း၊ မန္တလေး သွားနိုင်ဖို့လိုင်း ကားတွေကလည်း နေ့တိုင်းသူ့အ ချိန်နှင့်သူထွက်နေသည်။ ထို့အ တွက် ရှိမ်းမကားသည် ခေတ်နှင့် မျက်ခြည်မပြတ်ခဲ့။

ယခုတော့ရှိမ်းမကားကို လူ မှုကွန်ရက် မီဒီယာတွေကတစ် ဆင့် လူသိများလာတာကြောင့် လူသူအရောက်အပေါက် များလာခဲ့သည်။ အခါကြီးရက်ကြီးများဆို လျှင် ကားအစီးရေရာကျော်၊ လူဦးရေထောင်ချီသည်အထိ လာ ရောက်လည်ပတ်ကြသည်။ သို့ သော် ဧည့်သည်လာလျှင် ဘယ်လို ဝန်ဆောင်မှုတွေပေးပြီး ထိုက်တန်သည့် အခကြေးငွေရရှိအောင်ကြံ ဆောင်ရမည်ကို ဒေသခံများအဖို့ မတွေးတောမိကြ။ ကျေးလက်နေ တောသူတောင်သားများ ကိုယ့် နယ်ကိုယ့်ဒေသ ဧည်သည်လာ လျှင်ကို ကျေနပ်နေကြပြီမို့ ရပ်ရွာ အခြေပြု စီးပွားရေးလုပ်ဖို့လောက် အထိ မစဉ်းစားဖြစ်ကြ။ ဒေသ ခံတချို့ တလေက ထမင်းတို့၊ အချို ရည်တို့၊ ရေသန့်ဘူးတို့လောက် သာ ရောင်းချခဲ့ကြသည်။

ရှိမ်းမကားကနေ ညနေမ စောင်းခင် ပြန်လာခဲ့ကြသည်။ ဆိုင်ကယ်စီးရင်း ခရီးသွားခြင်းနှင့် ပတ်သက်သည့်အတွေးတွေ တွေး တောနေမိခဲ့သည်။ ခရီးသွားလုပ် ငန်းကို မီးခိုးမထွက်သည့်စက်ရုံဟု တင်စားကြသည်။ မှန်လည်းမှန်ပါ သည်။ ထိုမီးခိုးမထွက်သည့် စက်ရုံ များမှတစ်ဆင့် ဒေသခံများအ တွက် အလုပ်အကိုင်အခွင့်အ လမ်းတွေ ဖန်တီးပေးနိုင်ပါလိမ့် မည်။ မြန်မာပြည်တစ်နံတစ်လျား တွင် ‘ပြ’ စား၍ကောင်းသော၊ တစ် နည်းအားဖြင့် မီးခိုးမထွက်သည့် စက်ရုံများ တည်ဆောက်၍ရနိုင် သော သမိုင်းတန်ဖိုးကြီးမားသည့်၊ စိတ်ဝင်စားဖွယ် ကောင်းသည့်၊ ကြည်နူးနှစ်သက်ဖွယ် ဖြစ်စေ သည့် နေရာဒေသတွေက အများ ကြီးကျန်နေပါသေးသည်။ ထိုစက်ရုံများ တစ်နေ့တော့ လည်ပတ် လာနိုင်မှာပါလေဟု မျှော်လင့်ကြ ရုံသာ။ နံနက်ခင်းထွက်လာချိန်က နေရောင်ကောင်းစွာ မရခဲ့သော် လည်း အပြန်မှာတော့ တိမ်တွေ ကြားမှတစ်ဆင့် နေရောင်အနည်း ငယ် ထိုးထွက်လာခဲ့သည်။ နေ ကျချိန်ဖြစ်သော်လည်း ကျနေနှင့် အတူ အညာဒေသတစ်ခုလုံး ရွှေ ရောင်တလက်လက် ထလျက် ပင်။

 ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top