Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိန္းကေလးတိုင္း က်န္းမာၿဖဴ၀င္းတဲ့အသားအေရကို ပိုင္ဆိုင္ခ်င္မယ္ဆိုတာမလြဲပါဘူး။ ။ မီမီ ကလည္းမိန္းကေလးတစ္ဦးျဖစ္တဲ့အျပင္ ၂၀ ဝန္းက်င္သာသာ သာရွိေသးတာေၾကာင့္ အလွအပကိုခံုမင္တာက အဆန္းတၾကယ္ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ မီမီက အသားအေရကိုဘယ္လိုထိန္းသိမ္းရမလဲဆိုတာကို ေသေသခ်ာခ်ာမသိတာေၾကာင့္ အလွျပင္ပစၥည္းေတြျဖစ္တဲ့ မိတ္ကပ္ေတြ ႏႈတ္ခမ္းနီေတြကသာအမွန္တကယ္လွပမႈကို ေပးစြမ္းႏိုင္မယ္လို႔ယူဆေနပါတယ္။ ယေန႔ေခတ္ရဲဲ႕ ေဈးကြက္ျပိဳင္ဆိုင္မႈေၾကာင့္ အလွကုန္ေတြကို ပံုစံအမ်ိဳးမ်ိဳး အေရာင္အေသြးစံုလင္စြာနဲ႔ ေဈးႏႈန္းအျပိဳင္အဆိုင္ေလွ်ာ့ခ်ျပီး ေဈးကြက္ရရွိေအာင္လုပ္ေဆာင္လာၾကပါတယ္။
ေခတ္သမီးပ်ိဳေလး မီမီကလည္း သူငယ္ခ်င္းေတြနဲ႔ လူငယ္ေတြအၾကားေရးပန္းစားတဲ့ အလွကုန္ေတြကို ေကာင္းတယ္ဆိုတိုင္းသံုးစြဲေနမိေတာ့တာေပါ့။ အလွျပင္ပစၥည္းအမ်ိဳးမ်ိဳးေျပာင္းလဲသံုးစြဲေနေပမယ့္ အလွျပင္ပစၥည္းေတြနဲ႔ ျခယ္မႈန္းထားစဥ္မွာသာ လွပတာျဖစ္ျပီး မိတ္ကပ္ေတြနဲ႔ ျခယ္သထားခ်ိန္ေတြမွာေတာ့ အသားအေရက စိုျပည္ဝင္းမြတ္တာမ်ိဳးမရွိတာကိုခံစားလာရျပီး အသားအေရ မညီညာတာ၊ဝက္ျခံထြက္တာနဲ႔ အျခား အရျပားျပႆနာေတြက တစ္ေန႔တစ္ျခားပိုုဆိုးလာတာကို ခံစားလာရပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် လွပမႈေတြက တိုးမလာဘဲ အေရျပားကညိဳမဲလာတာေၾကာင့္ မီမီတစ္ေယာက္ စစ္မွန္တဲ့ ျပစ္မ်ိဳးမွဲ႔မထင္အလွမ်ိဳးပိုင္ဆိုင္ႏိုင္ဖို႔ ပထမဆံုးေျခလွမ္းစတင္တဲ့အေနနဲ႔ အေရျပားဆရာဝန္ဆီမွာသြားေရာက္ ျပသလိုက္ပါတယ္။

မ်က္ႏွာစနစ္တက်သစ္ဖို႔နဲ႔ တိုနာသံုးဖုိ႔က ပထမဆံုး

ဆရာဝန္က မီမီကို အေရျပားက လူတစ္ေယာက္ရဲ႕က်န္းမာေရးကိုေဖာ္ျပေနတယ္ဆိုတဲ့အေၾကာင္းကေနစရွင္းျပပါတယ္။ အေရျပားက်န္းမာဖို႔ကအရင္ဆံုး အေရျပားထိန္းသိမ္းေစာင့္ေရွာက္မႈလုပ္ရပါတယ္။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အေလ့အထေတြကို စတင္ပ်ိဳးေထာင္ဖို႔လည္းလိုသလို ေန႔စဥ္ေန႔တိုင္း လိုအပ္တဲ့အေရျပားထိန္းသိမ္းေစာင့္ေရွာက္မႈေတြလုပ္ဖို႔လည္း လိုအပ္ပါတယ္လို႔ရွင္းျပပါတယ္။ အေရျပား ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္လုပ္ေဆာင္ရမယ့္နည္းလမ္းေတြထဲကေတာ့ မနက္တစ္ၾကိမ္ ညအိပ္ရာမဝင္ခင္တစ္ၾကိမ္ မ်က္ႏွာသစ္ဖို႔ပါ။ မနက္ႏိုးလာတာနဲ႔ မ်က္ႏွာကို အေပ်ာ႔စားမ်က္ႏွာသစ္ဆပ္ျပာတစ္မ််ိဳးမ်ိဳးနဲ႔သစ္ေပးဖို႔လိုအပ္ျပီး ညအိပ္ရာမဝင္ခင္မွာလည္း တစ္ၾကိမ္မ်က္ႏွာသစ္ဖို႔လိုအပ္တယ္ဆိုတာကို ဆရာ၀န္က ရွင္းျပပါတယ္။ တဆက္တည္းမွာ ဆရာက သဘာ၀ပစၥည္းေတြနဲ႔ အေျခခံထုတ္လုပ္ထားျပီး အသားေရေပၚက အမဲစက္ေတြကို ေလ်ာ့ပါးေစႏုိင္တဲ့သတၱိနဲ႔ မ်က္ႏွာအေရျပားကို ျပန္လည္အားျဖည့္ေပးတဲ့ သတၱိေတြ ပါ၀င္တဲ့ မ်က္ႏွာသစ္ေဆးမ်ိဳးက အသားေရျဖဴစင္၀င္းပျပီး က်န္းမာၿဖဴ၀င္းတဲ့ အသားအေရ ပံုစံမ်ိဳးရဖို႔အတြက္ အေထာက္အကူျပဳႏုိင္လိမ့္မယ္လို႔ ရွင္းျပခဲ့ျပီး အဲဒီလိုမ်ိဳး မ်က္ႏွာသစ္ေဆးအတြက္ Garnier Light Complete Multi Action Brightening Foam ကို ညႊန္းေပးခဲ့ပါတယ္။ အဲဒီမ်က္ႏွာသစ္ေဆးကို အသံုးျပဳျပီး မနက္တစ္ၾကိမ္ ညတစ္ၾကိမ္ မ်က္ႏွာကို စနစ္တက်သစ္တဲ့အခါမွာ ရလာတဲ့ရလဒ္က မီမီကိုယ္တိုင္ေတာင္ အံ့ၾသသြားမိေလာက္ေအာင္ျဖစ္ရပါတယ္။ ဒါေပမယ့္ မ်က္ႏွာသစ္ေနရံုနဲ႔ေတာ့လည္း မျပီးသြားပါဘူး။ အေရျပားေပၚက မ်က္စိနဲ႔မျမင္ႏိုင္တဲ့ အညစ္အေၾကးေတြနဲ႔ ဖုန္မႈန္႔ေတြကို သန္႔စင္ႏိုင္ေစဖို႔အတြက္ တိုနာသံုးဖို႔ကအေရးပါတဲ့ အသားအေရထိန္းသိမ္းမႈအဆင့္တစ္ခုဆိုတာကို ဆရာက မီမီနားလည္ေအာင္ ဆက္ရွင္းျပပါတယ္။ တိုနာေတြမွာလည္း ဝက္ျခံထြက္တဲ့ အသားအေရအတြက္ ၊အဆီျပန္တဲ့အသားအေရနဲ႔ အသားအေရမညီညာသူေတြအတြက္ဆိုျပီး ထုတ္ထားတာေတြက အမ်ိဳးကိုစံုေနတာပါပဲ။ ဒီလိုမ်ိဳးေရြးခ်ယ္စရာေတြမ်ားေပမယ့္ alcohol ပါဝင္မႈနည္းတဲ့ တိုနာကိုေရြးခ်ယ္မွသာ အသားအေရေျခာက္ေသြ႔မႈကို သက္သာေစမွာျဖစ္လို႔ Garnier Light Complete Milky Lightening Toner လိုမ်ိဳးအယ္လ္ကိုေဟာပါဝင္မႈနည္းတဲ့တိုနာကို ဆရာက အၾကံေပးခဲ့ပါတယ္။ Garnier Milky Lightening Toner ကႏို႔ရည္ပံုစံမ်ိဳးျဖစ္ျပီး အေရျပားေပၚက ေခၽြးေပါက္ေတြကို က်ဥ္းေစႏိုင္တာေၾကာင့္ မီမီရဲ႕ အသားေရထိန္းသိမ္းမႈ လုပ္ငန္းအတြက္ တကယ္အက်ိဳးထူးပါတယ္။

Serum နဲ႔ Day Cream  ဆက္သံုးပါ။

တိုနာသံုးျပီးရင္ေတာ့ မ်က္ႏွာေပၚက အမည္းစက္ေတြကို ေလ်ာ့ပါးသက္သာေစဖို႔ serum ဆက္သံုးရပါတယ္။ Serum က လိုအပ္တဲ့ ေရဓာတ္ကိုျဖည့္တင္းေပးျပီး အေရျပားအစိုဓာတ္ကို ထိန္းေပးႏိုင္စြမ္းရွိပါတယ္။ Serum အသံုးျပဳတာကသူ႕ေနာက္ကလိမ္းမည့္ အစိုဓာတ္ထိန္းခရမ္အသံုးျပဳတဲ့အခါ စုပ္ယူမႈအားေကာင္းေအာင္လည္း အေထာက္အကူျပဳပါတယ္။ စိတ္ရွည္လက္ရွည္ရွင္းျပတဲ့ဆရာ့ေက်းဇူးေၾကာင့္ မီမီတစ္ေယာက္ အသားေရထိန္းသိမ္းမႈအဆင့္ေတြနဲ႔ သူတို႔ရဲ႕ အေရးပါပံုေတြကို အေသအခ်ာ နားလည္ခဲ့ရပါတယ္။ Serum လူးျပီးရင္ ေရဓာတ္ထိန္းသိမ္းတဲ့ (moisturizer) တစ္မ်ိဳးမ်ိဳးသံုးဖို႔ မ်က္ႏွာတင္မကဘဲ လည္ပင္းအထိ သံုးေပးဖို႔ေတြကို ဆရာက အေသအခ်ာမွာလိုက္ပါေသးတယ္။ မီမီက အဆီျပန္တတ္တဲ့အသားေရရွိတာေၾကာင့္ ေရဓာတ္ကိုအေျခခံထားတဲ့ အစိုထိန္းခရမ္ကိုေရြးခ်ယ္သံုးေပးဖို႔ေတာ့ သတိေပးလိုက္ပါတယ္။
မ်က္ႏွာအေရျပားကို သန္႔ရွင္းၾကည္လင္ျပီး ၀င္းပၿဖဴစင္ေနဖို႔ဆိုရင္ ေနာက္ထပ္လိုအပ္တာကေတာ့ အေရျပားအားျဖည့္တဲ့ ေန႔လိမ္းခရမ္ (day cream) တစ္မ်ိဳးမ်ိဳးကို ေရြးခ်ယ္အသံုးျပဳဖို႔ပါ။ ဒါကိုလည္း Garnier ကထုတ္လုပ္တဲ့  Light Complete Multi action whitening day cream ကိုသံုးဖို႔ပဲ ဆရာက အၾကံေပးပါတယ္။ ဒီ ေန႔လိမ္းခရမ္မွာက မ်က္ႏွာအသားေရကို အားျဖည့္ေစျပီး အေရးေၾကာင္းေတြေပ်ာက္ေစကာ မ်က္ႏွာကိုတင္းရင္းလွပေစတဲ့ ေကာ္လာဂ်င္ထုတ္လုပ္မႈကိုလည္း အားေပးတယ္လို႔ဆိုပါတယ္။ ျပီးေတာ့ ေနေရာင္ကာကြယ္ေပးတဲ့ SPF 20 PA+++ လည္းပါ၀င္လို႔ ေနေရာင္ရဲ့ UVA နဲက UVB ရဲ႕ ဒဏ္ကို ကာကြယ္ျပီးသားျဖစ္သြားတာေပါ့။ ျပီးရင္ေတာ့ မိမိႏွစ္သက္တဲ့မိတ္ကပ္လိမ္းလို႔ရပါျပီ။ အရင္ကေတာ့ မီမီ မိတ္ကပ္ေတြအမ်ားၾကီးလိမ္းရတယ္။ တစ္ေန႔တျခားပ်က္စီးလာေနတဲ့မ်က္ႏွာအေရျပားနဲ႔ အမညး္စက္ေတြကို ဖံုးႏုိင္ဖို႔အတြက္ေပါ့။ ဒါေပမယ့္ ဆရာအၾကံေပးတဲ့နည္းလမ္းေတြနဲ႔ Garnier ထုတ္ကုန္ေတြကိုအသံုးျပဳျပီး အသားေရထိန္းသိမ္းမႈေတြလုပ္ျပီးတဲ့ေနာက္မွာေတာ့ အရမ္းကို ျပန္လည္ေခ်ာေမြ႔လာတဲ့မ်က္ႏွာအသားေရေၾကာင့္ မီမီမိတ္ကပ္ေတြအမ်ားၾကီးလိမ္းစရာမလိုေတာ့ဘူးေလ။

လိမ္းဖို႔မျဖစ္မေနလိုအပ္တဲ့ Sun cream

ေနရာင္ျခည္က အေရျပားအတြက္ အႏၱရာယ္မ်ားတာျဖစ္တာေၾကာင့္ အျပင္ပဲထြက္ထြက္ အလင္းေရာင္ရတဲ့ေနရာ အိမ္တြင္းမွာပဲေနေန ေနေလာင္ကာခရမ္မ္မေမ့မေလ်ာ့လိမ္းေပးဖို႔က အသားေရထိန္းသိမ္းရာမွာ ေနာက္ထပ္အေရးပါတဲ့အဆင့္တစ္ဆင့္ျဖစ္္ပါတယ္။ SPF အနည္းဆံုး ၃၀အထက္ ေနလာင္ကာခရမ္မ္အသံုးျပဳျခင္းအားျဖင့္ အမည္းစက္၊ တင္းတိပ္နဲ႔ တျခားအေရျပားျပႆနာေတြကို ေလ်ာ့ပါးေစႏုိင္တယ္လို႔ ဆရာကရွင္းျပပါတယ္။ မီမီက အဲဒါေတြကိုမသိဘဲ မိတ္ကပ္ပဲလိမ္းျပီး အျပင္ထြက္ေနတဲ့အခါက်ေတာ့ အခုလိုမ်ိဳး မ်က္ႏွာအသားေရကို ဆိုးဆိုးရြားရြားထိခိုက္ေစေတာ့တာေပါ့။

မိတ္ကပ္ေတြဖ်က္ျပီး Night cream နဲ႔ ၿပန္လည္ အားျဖည့္ပါ

ေအာ္ ဆရာမွာလိုက္တဲ့အထဲက အေရးၾကီးဆံုးတစ္ခ်က္ကို ေမ့ေနေသးတယ္။ မိတ္ကပ္ေတြနဲ႔ အျပင္သြားျပီး အိမ္ျပန္ေရာက္တဲ့အခါမွာ လံုး၀ေမ့လို႔မရတာက တစ္ေန႔လံုးလိမ္းထားတဲ့ အလွအပေတြကို စနစ္တက်ဖ်က္ျပီး မ်က္ႏွာကို အားျဖည့္ေပးမယ့္ ညလိမ္းခရမ္တစ္မ်ိဳးမ်ိဳးလိမ္းအိပ္ဖို႔ပါ။ Garnier Light Complete Whitening Yogurt Sleeping Mask Night Cream ကဆိုရင္ ဆဲလ္ေသေတြကိုဖယ္ရွားေပးႏုိင္ျပီး ဆဲလ္အသစ္ၿဖစ္ေပၚမႈကို တြန္းအားေပးတဲ့အတြက္ အသားေရအတြက္ ေရဓာတ္နဲ႔ တျခားလိုအပ္တဲ့အာဟာရဓာတ္ေတြကို ျဖည့္တင္းေပးႏုိင္တဲ့အစြမ္းသတၱိရွိတာေၾကာင့္ ပ်က္စီးေနတဲ့မီမီ့လိုအသားေရမ်ိဳးအတြက္ အရမ္းအေထာက္အကူျပဳႏိုင္ျပီး ျဖဴစင္၀င္းပလာႏိုင္ေစမယ္လို႔ ဆရာက အေသအခ်ာေျပာျပပါတယ္။ နည္းနည္း အလုပ္ရႈပ္ေပမယ့္ လွခ်င္တာေၾကာင့္ အသားေရထိန္းသိမ္းမႈစနစ္ေတြကို ဆရာအၾကံေပးတဲ့ Garnier ထုတ္ကုန္ေတြကိုအသံုးျပဳျပီး မီမီလိုက္နာခဲ့တဲ့အခါ မီမီ့ရဲ႕ လက္ရွိမ်က္ႏွာအသားေရရဲ႕ ျဖဴစင္၀င္းပလာမႈကို လူတုိင္းသတိထားမိေလာက္ေအာင္ေတာင္ျဖစ္ေနျပီေလ။ ျဖဴေနတာမ်ိဳးတင္မဟုတ္ဘဲ ၀င္း၀င္းပပနဲ႔ သန္႔ရွင္းေနမႈကလည္း ေနာက္ထပ္ သိသာတဲ့အခ်က္တစ္ခ်က္ပါ။ မီမီရဲ႕ လွပတဲ့ေျပာင္းလဲမႈေလးအတြက္ အဓိက ေက်းဇူးတင္ရမွာက မီမီေမးသမွ် စိတ္ရွည္ရွည္နဲ႔ ေျဖေပးခဲ့တဲ့ဆရာရယ္၊ အရည္အေသြးျမင့္တဲ့ Garnier ရဲ႕ ထုတ္ကုန္ေတြရယ္ပါပဲ။
မီမီ့လိုပဲ အလွအပၾကိဳက္တဲ့ မိန္းကေလးေတြအေနနဲ႔သတိထားသင့္တဲ့ အခ်က္တစ္ခုက အသားအေရလွပခ်င္တယ္ဆိုရင္ စိတ္ရွည္ရွည္ထားျပီး မွန္ကန္တဲ့ အသားအေရထိန္းသိမ္းေစာင့္ေရွာက္မႈေတြလုပ္ေဆာင္ဖို႔လိုအပ္တယ္ဆိုတာပါပဲ။ အသားအေရထိန္းသိမ္းေစာင့္ေရွာက္တဲ့ အခါမွာလည္း ကိုယ့္အသားအေရနဲ႔လိုက္ဖက္မယ့္ သဘာဝပစၥည္းေတြကို အေျခခံျပီးထုတ္ထားတဲ့ အသားအေရထိန္းသိမ္းမႈပစၥည္းေတြကို အသံုးျပဳဖို႔ကလည္း ေမ့ထားလို႔မရတဲ့အခ်က္တစ္ခုပါ။ လွပမႈက လူတိုင္းနီးပါးခံုမင္တဲ့အခ်က္တစ္ခုျဖစ္တယ္ဆိုေပမယ့္ မွန္မွန္ကန္ကန္လွပေအာင္လုပ္မွသာ ျပစ္မ်ိဳးမွဲ႕မထင္ အလွမ်ိဳးကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္လို႔။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
#Unicode Version#
 မိန်းကလေးတိုင်း ကျန်းမာဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်ချင်မယ်ဆိုတာမလွဲပါဘူး။ ။ မီမီ ကလည်းမိန်းကလေးတစ်ဦးဖြစ်တဲ့အပြင် ၂၀ ဝန်းကျင်သာသာ သာရှိသေးတာကြောင့် အလှအပကိုခုံမင်တာက အဆန်းတကြယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် မီမီက အသားအရေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို သေသေချာချာမသိတာကြောင့် အလှပြင်ပစ္စည်းတွေဖြစ်တဲ့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေကသာအမှန်တကယ်လှပမှုကို ပေးစွမ်းနိုင်မယ်လို့ယူဆနေပါတယ်။ ယနေ့ခေတ်ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် အလှကုန်တွေကို ပုံစံအမျိုးမျိုး အရောင်အသွေးစုံလင်စွာနဲ့ ဈေးနှုန်းအပြိုင်အဆိုင်လျှော့ချပြီး ဈေးကွက်ရရှိအောင်လုပ်ဆောင်လာကြပါတယ်။

ခေတ်သမီးပျိုလေး မီမီကလည်း သူငယ်ချင်းတွေနဲ့ လူငယ်တွေအကြားရေးပန်းစားတဲ့ အလှကုန်တွေကို ကောင်းတယ်ဆိုတိုင်းသုံးစွဲနေမိတော့တာပေါ့။ အလှပြင်ပစ္စည်းအမျိုးမျိုးပြောင်းလဲသုံးစွဲနေပေမယ့် အလှပြင်ပစ္စည်းတွေနဲ့ ခြယ်မှုန်းထားစဉ်မှာသာ လှပတာဖြစ်ပြီး မိတ်ကပ်တွေနဲ့ ခြယ်သထားချိန်တွေမှာတော့ အသားအရေက စိုပြည်ဝင်းမွတ်တာမျိုးမရှိတာကိုခံစားလာရပြီး အသားအရေ မညီညာတာ၊ဝက်ခြံထွက်တာနဲ့ အခြား အရပြားပြဿနာတွေက တစ်နေ့တစ်ခြားပိုုဆိုးလာတာကို ခံစားလာရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လှပမှုတွေက တိုးမလာဘဲ အရေပြားကညိုမဲလာတာကြောင့် မီမီတစ်ယောက် စစ်မှန်တဲ့ ပြစ်မျိုးမှဲ့မထင်အလှမျိုးပိုင်ဆိုင်နိုင်ဖို့ ပထမဆုံးခြေလှမ်းစတင်တဲ့အနေနဲ့ အရေပြားဆရာဝန်ဆီမှာသွားရောက် ပြသလိုက်ပါတယ်။
မျက်နှာစနစ်တကျသစ်ဖို့နဲ့ တိုနာသုံးဖို့က ပထမဆုံး

ဆရာဝန်က မီမီကို အရေပြားက လူတစ်ယောက်ရဲ့ကျန်းမာရေးကိုဖော်ပြနေတယ်ဆိုတဲ့အကြောင်းကနေစရှင်းပြပါတယ်။ အရေပြားကျန်းမာဖို့ကအရင်ဆုံး အရေပြားထိန်းသိမ်းစောင့်ရှောက်မှုလုပ်ရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို စတင်ပျိုးထောင်ဖို့လည်းလိုသလို နေ့စဉ်နေ့တိုင်း လိုအပ်တဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဖို့လည်း လိုအပ်ပါတယ်လို့ရှင်းပြပါတယ်။ အရေပြား ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လုပ်ဆောင်ရမယ့်နည်းလမ်းတွေထဲကတော့ မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် မျက်နှာသစ်ဖို့ပါ။ မနက်နိုးလာတာနဲ့ မျက်နှာကို အပျော့စားမျက်နှာသစ်ဆပ်ပြာတစ်မျျိုးမျိုးနဲ့သစ်ပေးဖို့လိုအပ်ပြီး ညအိပ်ရာမဝင်ခင်မှာလည်း တစ်ကြိမ်မျက်နှာသစ်ဖို့လိုအပ်တယ်ဆိုတာကို ဆရာဝန်က ရှင်းပြပါတယ်။ တဆက်တည်းမှာ ဆရာက သဘာဝပစ္စည်းတွေနဲ့ အခြေခံထုတ်လုပ်ထားပြီး အသားရေပေါ်က အမဲစက်တွေကို လျော့ပါးစေနိုင်တဲ့သတ္တိနဲ့ မျက်နှာအရေပြားကို ပြန်လည်အားဖြည့်ပေးတဲ့ သတ္တိတွေ ပါဝင်တဲ့ မျက်နှာသစ်ဆေးမျိုးက အသားရေဖြူစင်ဝင်းပပြီး ကျန်းမာဖြူဝင်းတဲ့ အသားအရေ ပုံစံမျိုးရဖို့အတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ရှင်းပြခဲ့ပြီး အဲဒီလိုမျိုး မျက်နှာသစ်ဆေးအတွက် Garnier Light Complete Multi Action Brightening Foam ကို ညွှန်းပေးခဲ့ပါတယ်။ အဲဒီမျက်နှာသစ်ဆေးကို အသုံးပြုပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာကို စနစ်တကျသစ်တဲ့အခါမှာ ရလာတဲ့ရလဒ်က မီမီကိုယ်တိုင်တောင် အံ့သြသွားမိလောက်အောင်ဖြစ်ရပါတယ်။ ဒါပေမယ့် မျက်နှာသစ်နေရုံနဲ့တော့လည်း မပြီးသွားပါဘူး။ အရေပြားပေါ်က မျက်စိနဲ့မမြင်နိုင်တဲ့ အညစ်အကြေးတွေနဲ့ ဖုန်မှုန့်တွေကို သန့်စင်နိုင်စေဖို့အတွက် တိုနာသုံးဖို့ကအရေးပါတဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုဆိုတာကို ဆရာက မီမီနားလည်အောင် ဆက်ရှင်းပြပါတယ်။ တိုနာတွေမှာလည်း ဝက်ခြံထွက်တဲ့ အသားအရေအတွက် ၊အဆီပြန်တဲ့အသားအရေနဲ့ အသားအရေမညီညာသူတွေအတွက်ဆိုပြီး ထုတ်ထားတာတွေက အမျိုးကိုစုံနေတာပါပဲ။ ဒီလိုမျိုးရွေးချယ်စရာတွေများပေမယ့် alcohol ပါဝင်မှုနည်းတဲ့ တိုနာကိုရွေးချယ်မှသာ အသားအရေခြောက်သွေ့မှုကို သက်သာစေမှာဖြစ်လို့ Garnier Light Complete Milky Lightening Toner လိုမျိုးအယ်လ်ကိုဟောပါဝင်မှုနည်းတဲ့တိုနာကို ဆရာက အကြံပေးခဲ့ပါတယ်။ Garnier Milky Lightening Toner ကနို့ရည်ပုံစံမျိုးဖြစ်ပြီး အရေပြားပေါ်က ချွေးပေါက်တွေကို ကျဉ်းစေနိုင်တာကြောင့် မီမီရဲ့ အသားရေထိန်းသိမ်းမှု လုပ်ငန်းအတွက် တကယ်အကျိုးထူးပါတယ်။
Serum နဲ့ Day Cream  ဆက်သုံးပါ။

တိုနာသုံးပြီးရင်တော့ မျက်နှာပေါ်က အမည်းစက်တွေကို လျော့ပါးသက်သာစေဖို့ serum ဆက်သုံးရပါတယ်။ Serum က လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးပြီး အရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်စွမ်းရှိပါတယ်။ Serum အသုံးပြုတာကသူ့နောက်ကလိမ်းမည့် အစိုဓာတ်ထိန်းခရမ်အသုံးပြုတဲ့အခါ စုပ်ယူမှုအားကောင်းအောင်လည်း အထောက်အကူပြုပါတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတဲ့ဆရာ့ကျေးဇူးကြောင့် မီမီတစ်ယောက် အသားရေထိန်းသိမ်းမှုအဆင့်တွေနဲ့ သူတို့ရဲ့ အရေးပါပုံတွေကို အသေအချာ နားလည်ခဲ့ရပါတယ်။ Serum လူးပြီးရင် ရေဓာတ်ထိန်းသိမ်းတဲ့ (moisturizer) တစ်မျိုးမျိုးသုံးဖို့ မျက်နှာတင်မကဘဲ လည်ပင်းအထိ သုံးပေးဖို့တွေကို ဆရာက အသေအချာမှာလိုက်ပါသေးတယ်။ မီမီက အဆီပြန်တတ်တဲ့အသားရေရှိတာကြောင့် ရေဓာတ်ကိုအခြေခံထားတဲ့ အစိုထိန်းခရမ်ကိုရွေးချယ်သုံးပေးဖို့တော့ သတိပေးလိုက်ပါတယ်။

မျက်နှာအရေပြားကို သန့်ရှင်းကြည်လင်ပြီး ဝင်းပဖြူစင်နေဖို့ဆိုရင် နောက်ထပ်လိုအပ်တာကတော့ အရေပြားအားဖြည့်တဲ့ နေ့လိမ်းခရမ် (day cream) တစ်မျိုးမျိုးကို ရွေးချယ်အသုံးပြုဖို့ပါ။ ဒါကိုလည်း Garnier ကထုတ်လုပ်တဲ့  Light Complete Multi action whitening day cream ကိုသုံးဖို့ပဲ ဆရာက အကြံပေးပါတယ်။ ဒီ နေ့လိမ်းခရမ်မှာက မျက်နှာအသားရေကို အားဖြည့်စေပြီး အရေးကြောင်းတွေပျောက်စေကာ မျက်နှာကိုတင်းရင်းလှပစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကိုလည်း အားပေးတယ်လို့ဆိုပါတယ်။ ပြီးတော့ နေရောင်ကာကွယ်ပေးတဲ့ SPF 20 PA+++ လည်းပါဝင်လို့ နေရောင်ရဲ့ UVA နဲက UVB ရဲ့ ဒဏ်ကို ကာကွယ်ပြီးသားဖြစ်သွားတာပေါ့။ ပြီးရင်တော့ မိမိနှစ်သက်တဲ့မိတ်ကပ်လိမ်းလို့ရပါပြီ။ အရင်ကတော့ မီမီ မိတ်ကပ်တွေအများကြီးလိမ်းရတယ်။ တစ်နေ့တခြားပျက်စီးလာနေတဲ့မျက်နှာအရေပြားနဲ့ အမည်းစက်တွေကို ဖုံးနိုင်ဖို့အတွက်ပေါ့။ ဒါပေမယ့် ဆရာအကြံပေးတဲ့နည်းလမ်းတွေနဲ့ Garnier ထုတ်ကုန်တွေကိုအသုံးပြုပြီး အသားရေထိန်းသိမ်းမှုတွေလုပ်ပြီးတဲ့နောက်မှာတော့ အရမ်းကို ပြန်လည်ချောမွေ့လာတဲ့မျက်နှာအသားရေကြောင့် မီမီမိတ်ကပ်တွေအများကြီးလိမ်းစရာမလိုတော့ဘူးလေ။
လိမ်းဖို့မဖြစ်မနေလိုအပ်တဲ့ Sun cream

နေရာင်ခြည်က အရေပြားအတွက် အန္တရာယ်များတာဖြစ်တာကြောင့် အပြင်ပဲထွက်ထွက် အလင်းရောင်ရတဲ့နေရာ အိမ်တွင်းမှာပဲနေနေ နေလောင်ကာခရမ်မ်မမေ့မလျော့လိမ်းပေးဖို့က အသားရေထိန်းသိမ်းရာမှာ နောက်ထပ်အရေးပါတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ SPF အနည်းဆုံး ၃၀အထက် နေလာင်ကာခရမ်မ်အသုံးပြုခြင်းအားဖြင့် အမည်းစက်၊ တင်းတိပ်နဲ့ တခြားအရေပြားပြဿနာတွေကို လျော့ပါးစေနိုင်တယ်လို့ ဆရာကရှင်းပြပါတယ်။ မီမီက အဲဒါတွေကိုမသိဘဲ မိတ်ကပ်ပဲလိမ်းပြီး အပြင်ထွက်နေတဲ့အခါကျတော့ အခုလိုမျိုး မျက်နှာအသားရေကို ဆိုးဆိုးရွားရွားထိခိုက်စေတော့တာပေါ့။
မိတ်ကပ်တွေဖျက်ပြီး Night cream နဲ့ ပြန်လည် အားဖြည့်ပါ

အော် ဆရာမှာလိုက်တဲ့အထဲက အရေးကြီးဆုံးတစ်ချက်ကို မေ့နေသေးတယ်။ မိတ်ကပ်တွေနဲ့ အပြင်သွားပြီး အိမ်ပြန်ရောက်တဲ့အခါမှာ လုံးဝမေ့လို့မရတာက တစ်နေ့လုံးလိမ်းထားတဲ့ အလှအပတွေကို စနစ်တကျဖျက်ပြီး မျက်နှာကို အားဖြည့်ပေးမယ့် ညလိမ်းခရမ်တစ်မျိုးမျိုးလိမ်းအိပ်ဖို့ပါ။ Garnier Light Complete Whitening Yogurt Sleeping Mask Night Cream ကဆိုရင် ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို တွန်းအားပေးတဲ့အတွက် အသားရေအတွက် ရေဓာတ်နဲ့ တခြားလိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ပျက်စီးနေတဲ့မီမီ့လိုအသားရေမျိုးအတွက် အရမ်းအထောက်အကူပြုနိုင်ပြီး ဖြူစင်ဝင်းပလာနိုင်စေမယ်လို့ ဆရာက အသေအချာပြောပြပါတယ်။ နည်းနည်း အလုပ်ရှုပ်ပေမယ့် လှချင်တာကြောင့် အသားရေထိန်းသိမ်းမှုစနစ်တွေကို ဆရာအကြံပေးတဲ့ Garnier ထုတ်ကုန်တွေကိုအသုံးပြုပြီး မီမီလိုက်နာခဲ့တဲ့အခါ မီမီ့ရဲ့ လက်ရှိမျက်နှာအသားရေရဲ့ ဖြူစင်ဝင်းပလာမှုကို လူတိုင်းသတိထားမိလောက်အောင်တောင်ဖြစ်နေပြီလေ။ ဖြူနေတာမျိုးတင်မဟုတ်ဘဲ ဝင်းဝင်းပပနဲ့ သန့်ရှင်းနေမှုကလည်း နောက်ထပ် သိသာတဲ့အချက်တစ်ချက်ပါ။ မီမီရဲ့ လှပတဲ့ပြောင်းလဲမှုလေးအတွက် အဓိက ကျေးဇူးတင်ရမှာက မီမီမေးသမျှ စိတ်ရှည်ရှည်နဲ့ ဖြေပေးခဲ့တဲ့ဆရာရယ်၊ အရည်အသွေးမြင့်တဲ့ Garnier ရဲ့ ထုတ်ကုန်တွေရယ်ပါပဲ။

မီမီ့လိုပဲ အလှအပကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့သတိထားသင့်တဲ့ အချက်တစ်ခုက အသားအရေလှပချင်တယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီး မှန်ကန်တဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ အသားအရေထိန်းသိမ်းစောင့်ရှောက်တဲ့ အခါမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို အသုံးပြုဖို့ကလည်း မေ့ထားလို့မရတဲ့အချက်တစ်ခုပါ။ လှပမှုက လူတိုင်းနီးပါးခုံမင်တဲ့အချက်တစ်ခုဖြစ်တယ်ဆိုပေမယ့် မှန်မှန်ကန်ကန်လှပအောင်လုပ်မှသာ ပြစ်မျိုးမှဲ့မထင် အလှမျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လို့။

 ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top