Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကာၾကာလည္းမဝတ္ရဘူး။ တစ္ထည္တည္းကို ႏွစ္ေပါက္ေအာင္လည္း မဝတ္ရဘူး။
တေလာက ေဖ့စ္ဘုတ္မွာ ေတြ႕လိုက္မိလားမသိဘူး။ ဘရာစီယာဝတ္ထားရင္း အရမ္းယားလာလို႔ ခၽြတ္လိုက္တာ အနီဖုေတြထၿပီး က်န္ခဲ့တယ္ဆုိတဲ့ပို႔စ္ေလ။ ဘရာစီယာေတြကို ဝယ္လာၿပီးတာနဲ႔ တန္းမဝတ္သင့္ပါဘူးေနာ္။ ဘယ္ေလာက္ပဲ ထုပ္ပိုးထားပါေစ ျပန္ေလွ်ာ္ၿပီးမွ ဝတ္ရပါမယ္။ ၿပီးေတာ့ ဘရာေတြမွာ သက္တမ္းကုန္တာလည္း ႐ွိတယ္ဆုိတာ မဒီက စကားပါးလိုက္ခ်င္ပါေသးတယ္။
ဘရာစီယာတစ္ထည္ရဲ႕ သက္တမ္းဆိုတာ ဘရာေပါက္ၿပဲသြားမွ၊ ဝတ္ရတာ ေခ်ာင္ခ်ိလာမွ၊ ၾကပ္လာမွလို႔ ထင္ေနၾကတာ မ်ားတယ္မဟုတ္လား။ ဒါလည္း မွားတယ္လို႔ေတာ့ ေျပာလို႔မရပါဘူး။ ဝတ္လုိ႔အဆင္မေျပေတာ့ဘူးဆုိမွေတာ့ အသစ္ပဲဝယ္ရေတာ့မွာေပါ့ေလ။ ဘရာေတြဟာ ရင္သားေတြကို သက္ေတာင့္သက္သာအေနအထားနဲ႔ ေထာက္ပင့္မထားႏုိင္ဘူးဆုိ အသစ္နဲ႔လဲဖုိ႔လိုပါတယ္။ မဟုတ္ရင္ ဘရာေၾကာင့္ ကိုယ့္ရဲ႕ ရင္သားအလွ ပ်က္စီးသြားႏိုင္တယ္။ ျပားသြားတာ၊ ေလ်ာ့တြဲလာတာေတြကို ဘယ္သူမွ မျဖစ္ခ်င္ဘူးေလ။
တကယ္ေတာ့ ဘရာစီယာတစ္ထည္ရဲ႕ သက္တမ္းဟာ ၆ လမွ ၈ လ အထိသာ ႐ွိပါတယ္။ ႏွစ္ေပါက္ေအာင္ မဝတ္သင့္ပါဘူးေနာ္။ ဘာလို႔လဲဆုိေတာ့ ေလွ်ာ္တာမ်ားရင္ ဘရာက ေလ်ာ့တိေလ်ာ့ရဲျဖစ္လာသလို ပံုစံကလည္း ပ်က္လာပါတယ္။ ၆ လေလာက္ ဝတ္တာက အေကာင္းဆံုးပါပဲလို႔ ကၽြမ္းက်င္သူေတြက ေျပာတယ္။
ဘရာေတြကို ေလွ်ာ္တဲ့အခါ စက္နဲ႔ေလွ်ာ္မယ္ဆုိရင္ အဝတ္ေလွ်ာ္အိတ္ေလးထဲထည့္ၿပီးေလွ်ာ္ရပါမယ္။ လက္နဲ႔ေလွ်ာ္ရင္ ဘရာေတြကို လိမ္ၿပီးေရညႇစ္တာမ်ိဳးလည္း မလုပ္သင့္ဘူး။ ေရေႏြးနဲ႔မေလွ်ာ္ဘဲ ေရေအးနဲ႔ပဲ ေလွ်ာ္တာက ဘရာရဲ႕ တင္းအားဆြဲအားကို ပိုၿပီးၾကာၾကာခံေစပါတယ္။ 
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကြာကြာလည်းမဝတ်ရဘူး။ တစ်ထည်တည်းကို နှစ်ပေါက်အောင်လည်း မဝတ်ရဘူး။

တလောက ဖေ့စ်ဘုတ်မှာ တွေ့လိုက်မိလားမသိဘူး။ ဘရာစီယာဝတ်ထားရင်း အရမ်းယားလာလို့ ချွတ်လိုက်တာ အနီဖုတွေထပြီး ကျန်ခဲ့တယ်ဆိုတဲ့ပို့စ်လေ။ ဘရာစီယာတွေကို ဝယ်လာပြီးတာနဲ့ တန်းမဝတ်သင့်ပါဘူးနော်။ ဘယ်လောက်ပဲ ထုပ်ပိုးထားပါစေ ပြန်လျှော်ပြီးမှ ဝတ်ရပါမယ်။ ပြီးတော့ ဘရာတွေမှာ သက်တမ်းကုန်တာလည်း ရှိတယ်ဆိုတာ မဒီက စကားပါးလိုက်ချင်ပါသေးတယ်။

ဘရာစီယာတစ်ထည်ရဲ့ သက်တမ်းဆိုတာ ဘရာပေါက်ပြဲသွားမှ၊ ဝတ်ရတာ ချောင်ချိလာမှ၊ ကြပ်လာမှလို့ ထင်နေကြတာ များတယ်မဟုတ်လား။ ဒါလည်း မှားတယ်လို့တော့ ပြောလို့မရပါဘူး။ ဝတ်လို့အဆင်မပြေတော့ဘူးဆိုမှတော့ အသစ်ပဲဝယ်ရတော့မှာပေါ့လေ။ ဘရာတွေဟာ ရင်သားတွေကို သက်တောင့်သက်သာအနေအထားနဲ့ ထောက်ပင့်မထားနိုင်ဘူးဆို အသစ်နဲ့လဲဖို့လိုပါတယ်။ မဟုတ်ရင် ဘရာကြောင့် ကိုယ့်ရဲ့ ရင်သားအလှ ပျက်စီးသွားနိုင်တယ်။ ပြားသွားတာ၊ လျော့တွဲလာတာတွေကို ဘယ်သူမှ မဖြစ်ချင်ဘူးလေ။

တကယ်တော့ ဘရာစီယာတစ်ထည်ရဲ့ သက်တမ်းဟာ ၆ လမှ ၈ လ အထိသာ ရှိပါတယ်။ နှစ်ပေါက်အောင် မဝတ်သင့်ပါဘူးနော်။ ဘာလို့လဲဆိုတော့ လျှော်တာများရင် ဘရာက လျော့တိလျော့ရဲဖြစ်လာသလို ပုံစံကလည်း ပျက်လာပါတယ်။ ၆ လလောက် ဝတ်တာက အကောင်းဆုံးပါပဲလို့ ကျွမ်းကျင်သူတွေက ပြောတယ်။

ဘရာတွေကို လျှော်တဲ့အခါ စက်နဲ့လျှော်မယ်ဆိုရင် အဝတ်လျှော်အိတ်လေးထဲထည့်ပြီးလျှော်ရပါမယ်။ လက်နဲ့လျှော်ရင် ဘရာတွေကို လိမ်ပြီးရေညှစ်တာမျိုးလည်း မလုပ်သင့်ဘူး။ ရေနွေးနဲ့မလျှော်ဘဲ ရေအေးနဲ့ပဲ လျှော်တာက ဘရာရဲ့ တင်းအားဆွဲအားကို ပိုပြီးကြာကြာခံစေပါတယ်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top