ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

(၁)ဘယ္သူ႔ကိုမွအလြန္အကြ်ံမယံုမိေစနဲ႔
ယံုၾကည္မႈေတြလြန္ကဲသြားရင္
ေနာက္ေက်ာကိုဓားနဲ႔အထိုးခံရတတ္တယ္ ။ ။

(၂)ဘယ္အရာကိုမွနက္နက္ရိႈင္းရိႈင္းမခံစားလိုက္နဲ႔
နက္ရိႈင္းစြာခံစားမိျပီဆို အနည္းနဲ႔အမ်ား သင္မ်က္ရည္က်ရလိမ့္မယ္ ။

(၃)လူတိုင္းကိုကိုယ့္လိုပဲေတြးမွာဘဲလို႔ဘယ္ေတာ့မွမထင္နဲ႔
လူတိုင္းကသင့္စိတ္နဲ႔ ထပ္တူမက်ႏိုင္သလို
လူတိုင္းကလည္း သင့္စိတ္အတိုင္း လိုက္ေတြးေနမွာမဟုတ္ဘူး
သင့္အေတြးေကာင္းေတြဟာ သူတို႔အေတြးထဲ
ေကာင္းခ်င္မွ ေကာင္းလိမ့္မယ္ ။ ။

(၄)ကိုယ္ေျပာခဲ႔တဲ႔စကားကိုယ္လုပ္ခဲ႔တဲ႔အလုပ္ေတြကိုဘယ္ေတာ့မွမေမ့နဲ႔
ကိုယ္ေျပာခဲ႔စကားကိုယ္လုပ္ခဲ႔တဲ႔အလုပ္ေတြက ကိုယ့္သမိုင္းပဲ
သင့္လုပ္ရပ္အမွားေတြကိုသင္သိမွ သင္အေကာင္းဆံုးျပင္ဆင္ႏိုင္မယ္။

(၅)ကိုယ့္နာက်င္မႈကိုလူတကာလိုက္ျပီးမဖြင့္ခ်နဲ႔
လူတိုင္းကဆရာဝန္မဟုတ္ဘူး
သင့္ဒဏ္ရာကိုေပ်ာက္ေအာင္ အားေပး ေဖးမေပးမယ့္ လူေတြထက္
ဆားအံုျပီး သင့္ကိုထပ္နာက်င္ေစခ်င္တဲ႔ သူေတြပိုမ်ားတယ္ ။ ။

(၆)ကိုယ့္ကိုယ္ကိုမညွင္းဆဲနဲ႔
အလုပ္လုပ္တာပဲျဖစ္ျဖစ္ ေအာင္ျမင္ခ်င္တာပဲျဖစ္ျဖစ္
ေလာဘေနာက္လိုက္ျပီး ေန႔မနားညမနားေငြရွာေနတဲ႔အခါ
ကိုယ့္က်န္းမာေရးကိုေတာင္ လစ္လ်ဴရႈလိုက္တဲ႔ ေန႔ရက္ေတြရွိတယ္
ေအာင္ျမင္မႈပန္းတိုင္ကိုေရာက္ဖို႔
သင္က်န္းမာဖို႔လိုတယ္ အားရွိဖို႔လိုတယ္
ေကာင္းေကာင္းစား ေကာင္းေကာင္းအိပ္ အေကာင္းဆံုးအနားယူ
တစ္ဆင့္ခ်င္းတက္တဲ႔လူက ေျခေခ်ာ္က်ဖို႔ ခဲယဥ္းပါတယ္
ကိုယ္ေအာင္ျမင္တဲ႔အခါက်မွ ဂီလာနျဖစ္ေနရင္
ေအာင္ျမင္မႈအသီးအပြင့္ေတြက သင့္အတြက္အရသာမရွိႏိုင္ဘူး ။ ။

(၇)လူတိုင္းကိုလိုက္သနားျပီးပိုက္ဆံမေခ်းနဲ႔
မျဖစ္မေနေခ်းမွ သူအဆင္ေျပမယ္ဆို
ဒါမွမဟုတ္ သူတကယ္ျပန္ေပးမယ္ဆို စဥ္းစားျပီးမွေခ်းငွားပါ
ေခ်းေတာ့ျပံဳးျပံဳး ေတာင္းေတာ့မုန္း ဆိုတဲ႔စကားပံုလည္းရွိတယ္
လူေတြဟာ မ်ားေသာအားျဖင့္ လိုခ်င္တာရွိမွ ခယတာ
အလိုျပည့္သြားတဲ႔အခါ သင့္ကိုရွိတယ္လို႔ေတာင္မထင္ေတာ့ဘူး
ေငြ နဲ႔ ပက္သက္လာရင္ လူလိမ္ေတြ အရမ္းမ်ားတယ္ ။ ။

(၈)သတင္းေပါင္းစံုကိုအကုန္လံုးမွန္တယ္လို႔မယူဆနဲ႔
သတင္းဆိုတာ သင့္မ်က္စိေရွ႕မွာျဖစ္ေနတာမဟုတ္ဘူး
ေကာလဟာလ သတင္းေတြဟာ သင့္ကိုေတြေဝေစတယ္
သင္လုပ္မယ့္အလုပ္ကို အဟန္႔ ျဖစ္ေစတယ္ ယံုသင့္မွယံု ။ ။

ဒီေန႔မွာ သင္ဟာအေကာင္းဆံုးအေျခအေနကိုပိုင္ဆိုင္ထားေပမယ့္
ေနာက္ေန႔မွာ ကိုယ့္အတြက္ေသခ်ာတဲ႔တည္ျမဲျခင္းဆိုတာ
ဘာမွမရွိဘူးလို႔ သင္သိထားရင္ သင့္စိတ္ထဲမြန္းက်ပ္ပိတ္ေလွာင္
မႈေတြဟာ အနည္းငယ္ေတာ့ သက္သာရာရပါလိမ့္မယ္
တစ္ခါတစ္ေလ ဘဝကို ေပါ့ေပါ့ပါးပါးေလးေက်ာ္ျဖတ္ပါ :) ။ ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: သူသူဟိန္း

#Unicode Version#
(၁)ဘယ်သူ့ကိုမှအလွန်အကျွံမယုံမိစေနဲ့
ယုံကြည်မှုတွေလွန်ကဲသွားရင်
နောက်ကျောကိုဓားနဲ့အထိုးခံရတတ်တယ် ။ ။

(၂)ဘယ်အရာကိုမှနက်နက်ရှိုင်းရှိုင်းမခံစားလိုက်နဲ့
နက်ရှိုင်းစွာခံစားမိပြီဆို အနည်းနဲ့အများ သင်မျက်ရည်ကျရလိမ့်မယ် ။

(၃)လူတိုင်းကိုကိုယ့်လိုပဲတွေးမှာဘဲလို့ဘယ်တော့မှမထင်နဲ့
လူတိုင်းကသင့်စိတ်နဲ့ ထပ်တူမကျနိုင်သလို
လူတိုင်းကလည်း သင့်စိတ်အတိုင်း လိုက်တွေးနေမှာမဟုတ်ဘူး
သင့်အတွေးကောင်းတွေဟာ သူတို့အတွေးထဲ
ကောင်းချင်မှ ကောင်းလိမ့်မယ် ။ ။

(၄)ကိုယ်ပြောခဲ့တဲ့စကားကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကိုဘယ်တော့မှမမေ့နဲ့
ကိုယ်ပြောခဲ့စကားကိုယ်လုပ်ခဲ့တဲ့အလုပ်တွေက ကိုယ့်သမိုင်းပဲ
သင့်လုပ်ရပ်အမှားတွေကိုသင်သိမှ သင်အကောင်းဆုံးပြင်ဆင်နိုင်မယ်။

(၅)ကိုယ့်နာကျင်မှုကိုလူတကာလိုက်ပြီးမဖွင့်ချနဲ့
လူတိုင်းကဆရာဝန်မဟုတ်ဘူး
သင့်ဒဏ်ရာကိုပျောက်အောင် အားပေး ဖေးမပေးမယ့် လူတွေထက်
ဆားအုံပြီး သင့်ကိုထပ်နာကျင်စေချင်တဲ့ သူတွေပိုများတယ် ။ ။

(၆)ကိုယ့်ကိုယ်ကိုမညှင်းဆဲနဲ့
အလုပ်လုပ်တာပဲဖြစ်ဖြစ် အောင်မြင်ချင်တာပဲဖြစ်ဖြစ်
လောဘနောက်လိုက်ပြီး နေ့မနားညမနားငွေရှာနေတဲ့အခါ
ကိုယ့်ကျန်းမာရေးကိုတောင် လစ်လျူရှုလိုက်တဲ့ နေ့ရက်တွေရှိတယ်
အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့
သင်ကျန်းမာဖို့လိုတယ် အားရှိဖို့လိုတယ်
ကောင်းကောင်းစား ကောင်းကောင်းအိပ် အကောင်းဆုံးအနားယူ
တစ်ဆင့်ချင်းတက်တဲ့လူက ခြေချော်ကျဖို့ ခဲယဉ်းပါတယ်
ကိုယ်အောင်မြင်တဲ့အခါကျမှ ဂီလာနဖြစ်နေရင်
အောင်မြင်မှုအသီးအပွင့်တွေက သင့်အတွက်အရသာမရှိနိုင်ဘူး ။ ။

(၇)လူတိုင်းကိုလိုက်သနားပြီးပိုက်ဆံမချေးနဲ့
မဖြစ်မနေချေးမှ သူအဆင်ပြေမယ်ဆို
ဒါမှမဟုတ် သူတကယ်ပြန်ပေးမယ်ဆို စဉ်းစားပြီးမှချေးငှားပါ
ချေးတော့ပြုံးပြုံး တောင်းတော့မုန်း ဆိုတဲ့စကားပုံလည်းရှိတယ်
လူတွေဟာ များသောအားဖြင့် လိုချင်တာရှိမှ ခယတာ
အလိုပြည့်သွားတဲ့အခါ သင့်ကိုရှိတယ်လို့တောင်မထင်တော့ဘူး
ငွေ နဲ့ ပက်သက်လာရင် လူလိမ်တွေ အရမ်းများတယ် ။ ။

(၈)သတင်းပေါင်းစုံကိုအကုန်လုံးမှန်တယ်လို့မယူဆနဲ့
သတင်းဆိုတာ သင့်မျက်စိရှေ့မှာဖြစ်နေတာမဟုတ်ဘူး
ကောလဟာလ သတင်းတွေဟာ သင့်ကိုတွေဝေစေတယ်
သင်လုပ်မယ့်အလုပ်ကို အဟန့် ဖြစ်စေတယ် ယုံသင့်မှယုံ ။ ။

ဒီနေ့မှာ သင်ဟာအကောင်းဆုံးအခြေအနေကိုပိုင်ဆိုင်ထားပေမယ့်
နောက်နေ့မှာ ကိုယ့်အတွက်သေချာတဲ့တည်မြဲခြင်းဆိုတာ
ဘာမှမရှိဘူးလို့ သင်သိထားရင် သင့်စိတ်ထဲမွန်းကျပ်ပိတ်လှောင်
မှုတွေဟာ အနည်းငယ်တော့ သက်သာရာရပါလိမ့်မယ်
တစ်ခါတစ်လေ ဘဝကို ပေါ့ပေါ့ပါးပါးလေးကျော်ဖြတ်ပါ :) ။ ။
ဖိုးသူတော် (www.phothutaw.com)
Credit: သူသူဟိန်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top