ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အရက္ဖိုးေတာင္းရာမွ ဇနီးႏွင့္ စကားမ်ားရန္ျဖစ္ခဲ့သည့္ အ မ်ိဳးသားက ဇနီးႏွင့္ ဇနီး၏(မယား ပါ) သမီးသံုးဦးကို ဓားျဖင့္ ခုတ္ သတ္သည့္ ေလးေလာင္းၿပိဳင္ လူ သတ္မႈ ဘိုကေလးၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့သည္။

ေအာက္တိုဘာ ၁ ရက္ ည ၁၀ နာရီေက်ာ္တြင္ ဘိုကေလး ၿမိဳ႕နယ္ ထေရာ္ေခ်ာင္းေက်းရြာ အုပ္စု ခိုင္ေရႊဝါေက်းရြာ၌ ေလး ေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့ ေၾကာင္း ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီး ခင္ေမာင္လတ္က ေျပာ ၾကားသည္။

အသက္ (၃၆) ႏွစ္အရြယ္ ေက်ာ္ေဌးသည္ (၃၀) ႏွစ္ အရြယ္ရွိ ဇနီးႏွင့္အခ်င္းမ်ားခဲ့ၿပီး ဇနီးအပါအဝင္ ေနအိမ္၌ အိပ္ေပ်ာ္ ေနသည့္ (၁၃) ႏွစ္၊ (၁၂)ႏွစ္ ႏွင့္ (၄) ႏွစ္အရြယ္ မိန္းကေလး သံုးဦးကိုပါ ဓားျဖင့္ ခုတ္သတ္ခဲ့ ေၾကာင္း ဒုရဲမွဴးႀကီးခင္ေမာင္ လတ္က ေျပာသည္။

‘‘ကနဦးသတင္းအရေတာ့ သူက အရက္ဖိုးေတာင္းတယ္၊ မေပးေတာ့ စကားမ်ားၿပီးထြက္ သြားတယ္၊ အရက္အလြန္အကြၽံ မူးၿပီး ျပန္လာတယ္၊ ျပန္လာၿပီး ေတာ့ ဓားနဲ႔ခုတ္တာေပါ့။ အားလံုးရဲ႕ လည္ပင္းေတြမွာ ျပတ္ရွဒဏ္ ရာေတြနဲ႔ ေသကုန္တာေပါ့’’ ဟု ၎ကေျပာသည္။

ယင္းအမ်ိဳးသားက လူသတ္ မႈက်ဴးလြန္ၿပီးေနာက္ ကိုယ္တိုင္ သြားေရာက္ အဖမ္းခံခဲ့ေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါေက်းရြာသည္ ဘို ကေလးၿမိဳ႕မ ရဲစခန္းပိုင္ ဧရိယာ တြင္ ရွိၿပီး ေရလမ္းခရီးတစ္ခု တည္းကိုသာ အသံုးျပဳသြားလာ၍ ရသည္။ ဘိုကေလးၿမိဳ႕မွ ယင္း ေက်းရြာသို႔ စက္ေလွျဖင့္ ငါးနာရီ ခန္႔ သြားရသည္။

အဆိုပါအမ်ိဳးသားကို ဘိုက ေလးၿမိဳ႕မ ရဲစခန္းက လူသတ္မႈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈ ဖြင့္အေရးယူထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အရက်ဖိုးတောင်းရာမှ ဇနီးနှင့် စကားများရန်ဖြစ်ခဲ့သည့် အ မျိုးသားက ဇနီးနှင့် ဇနီး၏(မယား ပါ) သမီးသုံးဦးကို ဓားဖြင့် ခုတ် သတ်သည့် လေးလောင်းပြိုင် လူ သတ်မှု ဘိုကလေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁ ရက် ည ၁၀ နာရီကျော်တွင် ဘိုကလေး မြို့နယ် ထရော်ချောင်းကျေးရွာ အုပ်စု ခိုင်ရွှေဝါကျေးရွာ၌ လေး လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြော ကြားသည်။

အသက် (၃၆) နှစ်အရွယ် ကျော်ဌေးသည် (၃၀) နှစ် အရွယ်ရှိ ဇနီးနှင့်အချင်းများခဲ့ပြီး ဇနီးအပါအဝင် နေအိမ်၌ အိပ်ပျော် နေသည့် (၁၃) နှစ်၊ (၁၂)နှစ် နှင့် (၄) နှစ်အရွယ် မိန်းကလေး သုံးဦးကိုပါ ဓားဖြင့် ခုတ်သတ်ခဲ့ ကြောင်း ဒုရဲမှူးကြီးခင်မောင် လတ်က ပြောသည်။

‘‘ကနဦးသတင်းအရတော့ သူက အရက်ဖိုးတောင်းတယ်၊ မပေးတော့ စကားများပြီးထွက် သွားတယ်၊ အရက်အလွန်အကျွံ မူးပြီး ပြန်လာတယ်၊ ပြန်လာပြီး တော့ ဓားနဲ့ခုတ်တာပေါ့။ အားလုံးရဲ့ လည်ပင်းတွေမှာ ပြတ်ရှဒဏ် ရာတွေနဲ့ သေကုန်တာပေါ့’’ ဟု ၎င်းကပြောသည်။

ယင်းအမျိုးသားက လူသတ် မှုကျူးလွန်ပြီးနောက် ကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာသည် ဘို ကလေးမြို့မ ရဲစခန်းပိုင် ဧရိယာ တွင် ရှိပြီး ရေလမ်းခရီးတစ်ခု တည်းကိုသာ အသုံးပြုသွားလာ၍ ရသည်။ ဘိုကလေးမြို့မှ ယင်း ကျေးရွာသို့ စက်လှေဖြင့် ငါးနာရီ ခန့် သွားရသည်။

အဆိုပါအမျိုးသားကို ဘိုက လေးမြို့မ ရဲစခန်းက လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်အရေးယူထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top