Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ပစိတ္ဖိတ္သမုဒၵရာအတြင္း ၅ လနီးပါးၾကာ ေမ်ာပါေနခဲ့တဲ့ အေမရိကန္မွ ႐ြက္လႊင့္သူ အမ်ဳိးသမီးႏွစ္ဦးနဲ႕ ၎တုိ႕ရဲ႕ ေခြးေတြကုိ အေမရိကန္ေရတပ္က ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

ဂ်နီဖာအက္ပဲလ္နဲ႕ တက္စ္ဟာဖူအီဘာတုိ႕ဟာ ဟာဝုိင္အီကေန စက္တပ္႐ြက္ေလွငယ္ျဖင့္ တဟီတီကၽြန္းကုိ ဦးတည္ထြက္ခြာခဲ့ၾကရာ ရာသီဥတုဆုိး႐ြားမႈေၾကာင့္ ၎တုိ႕ရဲ႕ ႐ြက္ေလွအင္ဂ်င္ ပ်က္စီးသြားခဲ့ပါတယ္။

ထုိ႕ေနာက္ ၎တုိ႕ရဲ႕႐ြက္ေလွဟာ ေမ်ာပါသြားခဲ့ၿပီး ဂ်ပန္ႏုိင္ငံ အေ႐ွ႕ေတာင္ဘက္ မုိင္ ၉၃၀ အကြာ ပင္လယ္ျပင္ကုိ ေရာက္႐ွိခဲ့တယ္လုိ႕ ဆုိပါတယ္။

ေမ်ာပါေနတဲ့ ႐ြက္ေလွကုိ ငါဖမ္းသေဘၤာက ေတြ႕႐ွိခဲ့ကာ အေမရိကန္ အာဏာပုိင္ေတြကုိ အေၾကာင္းၾကားခဲ့ၿပီးေနာက္ ၎တုိ႕ႏွစ္ဦးကုိ ကယ္ဆယ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

႐ြက္လႊင့္ခဲ့တဲ့ အမ်ဳိးသမီးႏွစ္ဦးက အင္ဂ်င္ပ်က္သြားေပမဲ့ ႐ြက္လႊင့္သြားျခင္းျဖင့္ ကုန္းေျမတစ္ေနရာကုိ ေရာက္႐ွိႏုိင္လိမ့္မယ္လုိ႕ မူလက ထင္ခဲ့ၾကေၾကာင္း ေျပာပါတယ္။

အဆုိပါ အမ်ဳိးသမီးႏွစ္ဦးဟာ ေမလအတြင္းမွာ ဟာဝုိင္အီကမ္းေျခမွ စတင္ထြက္ခြာခဲ့တာျဖစ္ၿပီး လကုန္အေရာက္မွာ အင္ဂ်င္ပ်က္စီးမႈ ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။

"သူတုိ႕က ပင္လယ္ထဲမွာ ၂ လၾကာၿပီး မူလက တဟီတီကုိေရာက္မယ္လို႕ မွန္းထားတဲ့အတုိင္း မျဖစ္ႏုိင္ေတာ့ခ်ိန္ကစၿပီး ဒုကၡေရာက္ေနေၾကာင္းနဲ႕ ကယ္ဆယ္ၾကရန္ အကူအညီေတာင္းခံတဲ့ ေရဒီယုိအခ်က္ျပ ဆက္သြယ္မႈေတြ စတင္ျပဳလုပ္ခဲ့ၾကပါတယ္" လုိ႕ အေမရိကန္ေရတပ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အမ်ဳိးသမီးႏွစ္ဦးက အကူအညီေတာင္းခံတဲ့ ေရဒီယုိဆက္သြယ္မႈေတြ ေန႕စဥ္ျပဳလုပ္ခဲ့ၾကေပမဲ့ ၎တုိ႕ဟာ အျခား သေဘၤာေတြ သုိ႕မဟုတ္ ကမ္းေျခေတြနဲ႕ ဆက္သြယ္မႈဖမ္းယူႏုိင္တဲ့ အကြာအေဝးထက္ ပုိေဝးတဲ့ေနရာမွာ ေရာက္ေနခဲ့ၾကတယ္လို႕ အေမရိကန္ေရတပ္က ဆုိပါတယ္။

ဂ်နီဖာအက္ပဲလ္ရဲ႕ ေျပာၾကားမႈအရ သူမတုိ႕ႏွစ္ဦးဟာ အကူအညီေတာင္းတဲ့ ေရဒီယုိဆက္သြယ္မႈေတြကုိ ရက္ေပါင္း ၁၀၀ နီးပါး ျပဳလုပ္ခဲ့ၾကေပမဲ့ တုံ႕ျပန္ေျဖၾကားမႈ မ႐ွိခဲ့ဘူးလုိ႕ သိရပါတယ္။ အဆက္အသြယ္ လုပ္လုိ႕မရေတာ့တဲ့ေနာက္ ၎တုိ႕ႏွစ္ဦးဟာ စိတ္ဓာတ္က်ၿပီး အကူအညီမဲ့သြားၿပီလုိ႕ ထင္မွတ္ထားခဲ့ၾကပါတယ္။

သို႕ေသာ္ ေအာက္တုိဘာ ၂၄ ရက္မွာေတာ့ ထုိင္ဝမ္ ငါးဖမ္းသေဘၤာက ေမ်ာပါေနတဲ့ ႐ြက္ေလွကုိ စတင္ေတြ႕႐ွိခဲ့ၿပီး ပစိတ္ဖိတ္သမုဒၵရာအတြင္း႐ွိ အေမရိကန္ပုိင္နက္ ဂူအမ္ကၽြန္းမွ အာဏာပုိင္ေတြထံ ဆက္သြယ္ခဲ့ပါတယ္။

ထုိ႕ေနာက္ အေမရိကန္ ေရတပ္သေဘၤာ USS Ashland က ႐ြက္ေလွ႐ွိရာကုိ သြားေရာက္ခဲ့ၿပီး အမ်ဳိးသမီးႏွစ္ဦးနဲ႕ ၎တုိ႕ရဲ႕ ေခြးႏွစ္ေကာင္ကုိ ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း သိရပါတယ္။

႐ြက္လႊင့္သူ အေမရိကန္ အမ်ဳိးသမီးႏွစ္ဦးဟာ ပင္လယ္ျပင္အတြင္း ေမ်ာပါေနခဲ့စဥ္ ႐ြက္ေလွေပၚမွာပါ႐ွိတဲ့ ေရသန္႕စက္နဲ႕ တစ္ႏွစ္စာ စားသုံးႏုိင္တဲ့ ေခါက္ဆြဲေျခာက္ကဲ့သုိ႕ အစားအစာေတြကုိ စားေသာက္ကာ အသက္ဆက္ခဲ့ၾကေၾကာင္း ေျပာပါတယ္။

ပင္လယ္ျပင္မွာ ေမ်ာပါေနခဲ့တဲ့ ၅ လနီးပါၾကာအတြင္း ငါးမန္းတုိက္ခိုက္မႈ ႏွစ္ႀကိမ္ႀကဳံေတြ႕ခဲ့ရၿပီး အသက္ေဘးမွ လြတ္ေျမာက္ခဲ့ရေၾကာင္းလည္း ဟုိႏုိလူလူမွာ ေနထုိင္ၾကတဲ့ အမ်ဳိးသမီးႏွစ္ဦးက ထိတ္လန္႕ေၾကာက္႐ြံ႕စရာ ၎တို႕ရဲ႕ အေတြ႕အႀကဳံကုိ ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

ပစိတ်ဖိတ်သမုဒ္ဒရာအတွင်း ၅ လနီးပါးကြာ မျောပါနေခဲ့တဲ့ အမေရိကန်မှ ရွက်လွှင့်သူ အမျိုးသမီးနှစ်ဦးနဲ့ ၎င်းတို့ရဲ့ ခွေးတွေကို အမေရိကန်ရေတပ်က ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဂျနီဖာအက်ပဲလ်နဲ့ တက်စ်ဟာဖူအီဘာတို့ဟာ ဟာဝိုင်အီကနေ စက်တပ်ရွက်လှေငယ်ဖြင့် တဟီတီကျွန်းကို ဦးတည်ထွက်ခွာခဲ့ကြရာ ရာသီဥတုဆိုးရွားမှုကြောင့် ၎င်းတို့ရဲ့ ရွက်လှေအင်ဂျင် ပျက်စီးသွားခဲ့ပါတယ်။

ထို့နောက် ၎င်းတို့ရဲ့ရွက်လှေဟာ မျောပါသွားခဲ့ပြီး ဂျပန်နိုင်ငံ အရှေ့တောင်ဘက် မိုင် ၉၃၀ အကွာ ပင်လယ်ပြင်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မျောပါနေတဲ့ ရွက်လှေကို ငါဖမ်းသင်္ဘောက တွေ့ရှိခဲ့ကာ အမေရိကန် အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွက်လွှင့်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးက အင်ဂျင်ပျက်သွားပေမဲ့ ရွက်လွှင့်သွားခြင်းဖြင့် ကုန်းမြေတစ်နေရာကို ရောက်ရှိနိုင်လိမ့်မယ်လို့ မူလက ထင်ခဲ့ကြကြောင်း ပြောပါတယ်။

အဆိုပါ အမျိုးသမီးနှစ်ဦးဟာ မေလအတွင်းမှာ ဟာဝိုင်အီကမ်းခြေမှ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး လကုန်အရောက်မှာ အင်ဂျင်ပျက်စီးမှု ကြုံခဲ့ရတာ ဖြစ်ပါတယ်။

"သူတို့က ပင်လယ်ထဲမှာ ၂ လကြာပြီး မူလက တဟီတီကိုရောက်မယ်လို့ မှန်းထားတဲ့အတိုင်း မဖြစ်နိုင်တော့ချိန်ကစပြီး ဒုက္ခရောက်နေကြောင်းနဲ့ ကယ်ဆယ်ကြရန် အကူအညီတောင်းခံတဲ့ ရေဒီယိုအချက်ပြ ဆက်သွယ်မှုတွေ စတင်ပြုလုပ်ခဲ့ကြပါတယ်" လို့ အမေရိကန်ရေတပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမျိုးသမီးနှစ်ဦးက အကူအညီတောင်းခံတဲ့ ရေဒီယိုဆက်သွယ်မှုတွေ နေ့စဉ်ပြုလုပ်ခဲ့ကြပေမဲ့ ၎င်းတို့ဟာ အခြား သင်္ဘောတွေ သို့မဟုတ် ကမ်းခြေတွေနဲ့ ဆက်သွယ်မှုဖမ်းယူနိုင်တဲ့ အကွာအဝေးထက် ပိုဝေးတဲ့နေရာမှာ ရောက်နေခဲ့ကြတယ်လို့ အမေရိကန်ရေတပ်က ဆိုပါတယ်။

ဂျနီဖာအက်ပဲလ်ရဲ့ ပြောကြားမှုအရ သူမတို့နှစ်ဦးဟာ အကူအညီတောင်းတဲ့ ရေဒီယိုဆက်သွယ်မှုတွေကို ရက်ပေါင်း ၁၀၀ နီးပါး ပြုလုပ်ခဲ့ကြပေမဲ့ တုံ့ပြန်ဖြေကြားမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆက်အသွယ် လုပ်လို့မရတော့တဲ့နောက် ၎င်းတို့နှစ်ဦးဟာ စိတ်ဓာတ်ကျပြီး အကူအညီမဲ့သွားပြီလို့ ထင်မှတ်ထားခဲ့ကြပါတယ်။

သို့သော် အောက်တိုဘာ ၂၄ ရက်မှာတော့ ထိုင်ဝမ် ငါးဖမ်းသင်္ဘောက မျောပါနေတဲ့ ရွက်လှေကို စတင်တွေ့ရှိခဲ့ပြီး ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းမှ အာဏာပိုင်တွေထံ ဆက်သွယ်ခဲ့ပါတယ်။

ထို့နောက် အမေရိကန် ရေတပ်သင်္ဘော USS Ashland က ရွက်လှေရှိရာကို သွားရောက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးနဲ့ ၎င်းတို့ရဲ့ ခွေးနှစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ရွက်လွှင့်သူ အမေရိကန် အမျိုးသမီးနှစ်ဦးဟာ ပင်လယ်ပြင်အတွင်း မျောပါနေခဲ့စဉ် ရွက်လှေပေါ်မှာပါရှိတဲ့ ရေသန့်စက်နဲ့ တစ်နှစ်စာ စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ကဲ့သို့ အစားအစာတွေကို စားသောက်ကာ အသက်ဆက်ခဲ့ကြကြောင်း ပြောပါတယ်။

ပင်လယ်ပြင်မှာ မျောပါနေခဲ့တဲ့ ၅ လနီးပါကြာအတွင်း ငါးမန်းတိုက်ခိုက်မှု နှစ်ကြိမ်ကြုံတွေ့ခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ရကြောင်းလည်း ဟိုနိုလူလူမှာ နေထိုင်ကြတဲ့ အမျိုးသမီးနှစ်ဦးက ထိတ်လန့်ကြောက်ရွံ့စရာ ၎င်းတို့ရဲ့ အတွေ့အကြုံကို ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top