Golden City Promotion
×

ငယ္ရြယ္တဲ့စံုတြဲတစ္တြဲဟာ သူတို႔ရဲ႕ႏွစ္ကိုယ္တူဘ၀ေလးကို စတင္တည္ေထာင္ဖို႔ အိမ္တစ္လံုးငွားေနခဲ့ပါတယ္။ အဲ့ဒီအိမ္ကို ေရာက္တဲ့အခါ မေမွ်ာ္လင့္တဲ့ ျဖစ္ရပ္ေတြနဲ႔ ၾကံဳေတြ႔ခဲ့ပါတယ္။ ဒီျဖစ္ရပ္ေလးကေတာ့ ရုရွားမွာ ျဖစ္ပ်က္ခဲ့တာပါ။ ***

လြန္ခဲ့တဲ့ လပိုင္းေလာက္က ကြ်န္ေတာ္နဲ႔ ကြ်န္ေတာ့္ေကာင္မေလး ေစ့စပ္ခဲ့ၾကျပီး ဘ၀သစ္ရဲ႕ အေတြ႔အၾကံဳေတြယူဖို႔ ေနရာသစ္တစ္ခုကို ကြ်န္ေတာ္တို႔ႏွစ္ေယာက္ အတူ ေျပာင္းေရႊ႕ေနထိုင္ခဲၾကပါတယ္။ ကြ်န္ေတာ့္ဘ၀ရဲ႕ေပ်ာ္ရႊင္မႈေတြက သူျဖစ္ျပီး သူ႔ဘ၀ရဲ႕ စိတ္ခ်မ္းသာေပ်ာ္ရႊင္မွကလည္း ကြ်န္ေတာ္လို႔ဆိုရေလာက္ေအာင္ ကြ်န္္ေတာ္တို႔ ႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ခဲ့ၾကသူႏွစ္ဦးပါ။ ကြ်န္ေတာ္တို႔ ဘ၀သစ္အစ အိမ္သစ္ေလးကို ေျပာင္းေရႊ႕လာတဲ့ႏွစ္ပတ္အတြင္းမွာ အရာရာဟာ ေပ်ာ္ရႊင္စရာ အျပည့္နဲ႔ပါပဲ။ အဲ့ဒီ ႏွစ္ပတ္ေနာက္ပိုင္းမွာ ကြ်န္္ေတာ့္အမ်ိဳးသမီးရဲ႕ ထူးဆန္းတဲ့ အျပဳအမူေတြကို ကြ်န္ေတာ္သတိထားမိလာပါတယ္။ သူမ ကြ်န္ေတာ့္ကို မ်က္စိေအာက္က အေပ်ာက္မခံဘဲ ကြ်န္ေတာ့္နားမွာပဲ အျမဲကပ္ေနတတ္ပါတယ္။

တစ္ညေနမွာေတာ့ သူမကြ်န္ေတာ့္ကို ေျပာပါတယ္

“ဒါလင္ ရွင္အိမ္မွာ မရွိတဲ့အခါမွာလည္း ရွင္အနားမွာရွိေနသလို ကြ်န္မခံစားေနရတယ္ လို႔သူမေျပာခဲ့ပါတယ္။” ကြ်န္ေတာ့္စိတ္ထဲမွာေတာ့ ခ်စ္သူတိိုင္းေျပာေနက်စကားပဲမို႔ သူမေျပာတာ ထူးထူးဆန္းဆန္း မဟုတ္ဘူးလို႔ပဲေတြးလိုက္မိပါတယ္။ ဒါေပမယ့္ ေနာက္ရက္ေတြမွာလည္း သူမ ဒီစကားကိုပဲ ထပ္တလဲလဲေျပာေနခဲ့ပါတယ္။

“ဒါလင္ ရွင္အလုပ္မွာ ရွိေနတဲ့အခ်ိန္မွာလည္း ရွင္ကြ်န္မကိုေခၚေနတဲ့အသံကို အိမ္ရဲ႕ မီးဖိုေခ်ာင္ထဲကေန ခဏခဏၾကားေနရတယ္” သူမဒီလိုေန႔စဥ္ေန႔တိုင္းေျပာေနတဲ့အခါ ကြ်န္ေတာ္ သူမအတြက္ အနည္းငယ္စုိးရိမ္မိလာပါတယ္။

တစ္ေန႔ ကြ်န္ေတာ္ အလုပ္မွ အိမ္ကိုျပန္ေရာက္တဲ့အခါ မီးဖိုေခ်ာင္ထဲမွ စားပြဲမွာ တိတ္ဆိတ္စြာထိုင္ေနျပီး အသက္မပါတဲ့ အၾကည့္နဲ႔ နံရံၾကီးကိုၾကည့္ေနတဲ့ ကြ်န္ေတာ့္အမ်ိဳးသမီးကို ေတြ႔လိုက္ရပါတယ္။ အဲ့ဒီေနာက္ကြ်န္ေတာ္သူမနားကို သြားထိုင္လိုက္ျပီး

“ဟန္နီ ဘာျဖစ္ေနတာလဲ” ေမးလိုက္ေတာ့

“တစ္ခုခုမွားေနျပီလို႔ ကြ်န္မထင္တယ္” ဆိုျပီး သူမတိုးတိုးေလး မသဲမကြဲျပန္ေျပာပါတယ္။

“ဘာေတြျဖစ္ေနလို႔လဲ” လို႔ ကြ်န္ေတာ္ဆက္ေမးေတာ့…

“ရွင္အလုပ္ကိုထြက္သြားျပီးေနာက္မွာ ကြ်န္မရွင့္ကိုအိမ္က မီးဖိုေခ်ာင္မွာေတြ႔ေနရတယ္။ အဲ့ဒီေနာက္ ရွင္မီးဖိုေခ်ာင္ထဲကေန အိပ္ခန္းထဲကိုေလွ်ာက္သြားခဲ့ျပီး ျပတင္းေပါက္ကိုစိုက္ၾကည့္ေနခဲ့တယ္”

ကိုုယ္တစ္ေန႔လံုး အလုပ္မွာ ရွိေနခဲ့တာပါ လို႔ သူျပန္ေျပာလိုက္တဲ့အခါ ကြ်န္မသိတယ္ ဆိုတဲ့ပံုစံမ်ိဳးနဲ႔ သူမေခါင္းညိတ္ျပပါတယ္။
သူမအဲ့လိုေျပာလိုက္တဲ့အခ်ိန္မွာ ကြ်န္ေတာ္ အရမ္းစိတ္ပူသြားမိခဲ့ပါတယ္။ သူမ အိမ္မွာတစ္ေယာက္တည္းက်န္ေနခဲ့တာမို႔ စိတ္ေျခာက္ျခားျပီး ကေယာက္ကယက္ေတြမ်ား ျဖစ္ေနသလားဆိုျပီးေပါ့။

ေနာက္ေန႔ေတြမွာေတာ့ ကြ်န္ေတာ္အလုပ္သြားတဲ့အခ်ိန္ အိမ္မွာ သူမေတြ႔ေနရတဲ႔ ကြ်န္ေတာ္ ဘာေတြလုပ္ေနတယ္ ဆိုတာ သူမ ကြ်န္ေတာ့္ကိုျပန္ေျပာျပခဲ့ပါတယ္။ အဲ့ဒီလိုနဲ႔ ကြ်န္ေတာ့္အမ်ိဳးသမီးဟာ တစ္ေန႔ထက္တစ္ေန႔ ပိုပိုထူးဆန္းလာျပီး တစ္ခါတစ္ရံ စကားလည္းသိပ္မေျပာေတာ့ပဲ တိတ္ဆိတ္ေနတတ္ျပီး ကြ်န္ေတာ့္ကိုသာ စူးစူးစိုက္စိုက္ၾကီး ၾကည့္ေနတတ္ပါတယ္။ ကြ်န္ေတာ္မနက္အလုပ္သြားလို႔ သူမအိမ္မွာတစ္ေယာက္တည္းက်န္ေနတဲ့အခါမွာလည္း ေၾကာက္လန္႔ေနတဲ့ပံုစံမ်ိဳး ျဖစ္လာပါေတာ့တယ္။

ေနာက္ေန႔ညမွာေတာ့ သူမအေတာ္ပင္ပန္းေနဟန္ရွိတာမို႔ ကြ်န္ေတာ္တို႔ ေစာေစာ အိပ္ယာ၀င္ခဲ့ပါတယ္။ ကြ်န္ေတာ္ သူမလက္ကေလးကို ဆုပ္ကိုင္ေပးထားျပီး အိပ္ေပ်ာ္သြားေအာင္ေခါင္းေလးကို ပြတ္သပ္ေပးလိုက္ေတာ့ သူမႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္သြားခဲ့ပါတယ္။

ခဏၾကာေတာ့ သူမဆတ္ကနဲ႔လန္႔ႏိုးလာျပီး
“ဒါလင္ ရွင္ဟုတ္ရဲ႕လား ” ဆိုျပီး ကြ်န္ေတာ့္လက္ကိုလွမ္းကိုင္ျပီး ေမးပါတယ္။
“ဟန္နီ ကိုယ္ရွိတယ္ေနာ္.. ဘာမွမေၾကာက္နဲ႔ ဘာမွမျဖစ္ဘူး” လို႔ ကြ်န္ေတာ္ျပန္ေျပာလိုက္ေတာ့
“မဟုတ္ဘူး ရွင္ ကြ်န္မေယာက္်ားဟုတ္လို႔လား ဒါဆို မီးဖိုခန္းထဲကေန လွမ္းေခၚေနတာ ဘယ္သူလဲ” ဆိုျပီး ကတုန္ကယင္ ျဖင့္ သူမျပန္ေျပာခဲ့ပါတယ္။

အဲဒီ့ေနာက္ မီးဖိုခန္းထဲမွာ ခံုေတြေရြ႕လ်ားေနတဲ႔ အသံေတြ ကြ်န္ေတာ္ၾကားလိုက္ရပါတယ္။ ခဏအၾကာျပန္လည္ တိတ္ဆိတ္သြားခဲ့ျပီး ကြ်န္ေတာ္တို႔ အိပ္ခန္းဆီသို႔ လမ္းေလွ်ာက္လာတဲ့ ေျခသံေတြကို ထပ္မံၾကားခဲ့ရျပန္ပါတယ္။ ကြ်န္ေတာ့္ႏွလံုးခုန္ေတြ ရပ္တန္႔မတက္ ကြ်န္ေတာ္အံအားသင့္ ထိတ္လန္႔သြားမိပါတယ္။ ဘာေတြျဖစ္ေနလဲ ဆိုတာကိုလည္း နားမလည္ႏိုင္ေတာ့ပါဘူး…။

အဲ့ဒီ့ဆူညံသံေတြအားလံုးရပ္တန္႔သြားတဲ့အခါမွာေတာ့ ကြ်န္ေတာ္တို႔အိပ္ခန္းတံခါးလက္ကိုင္ကို လွည့္တဲ့အသံၾကားလိုက္ရျပီး အခန္းတံခါးဟာ ပြင့္လာခဲ့ပါတယ္။ ေလတိုက္လို႔ပဲ ျဖစ္ရမယ္လို႔ ကြ်န္ေတာ္ျဖည့္ေတြးလိုက္ခ်ိန္မွာပဲ ကြ်န္ေတာ့္မ်က္လံုးကိုကြ်န္ေတာ္မယံုႏိုင္တဲ့ အရာတစ္ခုကို ကြ်န္ေတာ္ေတြ႔လိုက္ရပါတယ္။။ ကြ်န္ေတာ္တို႔ တံခါး၀မွာ လူတစ္ေယာက္ရဲ႕ပံုရိပ္ကို ကြ်န္ေတာ္ေတြ႔လိုက္ရတာပါပဲ…။ ေလတိုက္တာ မဟုတ္ဘဲ ကြ်န္ေတာ္တို႔ အခန္းတံခါးကို ထိုသူဖြင့္ခဲ့တာပဲျဖစ္ပါတယ္။

အဲ့ဒီသူကို ကြ်န္ေတာ္ေသေသခ်ာခ်ာၾကည့္လိုက္ပါတယ္။
“ဟင္… ကြ်န္ေတာ္ပါလား”
ကြ်န္ေတာ့္ကို ကြ်န္ေတာ္ျပန္ေတြ႔လိုက္ရတာေၾကာင့္ ကြ်န္ေတာ္ ပါးစပ္အေဟာင္းသားျဖစ္သြားခဲ့ပါတယ္။ ကြ်န္ေတာ္္မွ ကြ်န္ေတာ္ပါပဲ..

ကြ်န္ေတာ္ ကိုယ့္အသားကိုယ္ဆြဲစိတ္ၾကည့္လိုက္တယ္။ အိပ္မက္လည္းမဟုတ္ပါဘူး။
ကြ်န္ေတာ္ျမင္ေနရတဲ့ အခန္း၀က ကြ်န္ေတာ့္ပုံရိပ္ကေတာ့ စိမ္းစိမ္းကားကား မ်က္လံုးေသၾကီးနဲ႔ ကြ်န္ေတာ့္ကို မေက်မျခမ္းစိုက္ၾကည့္ေနခဲ့ပါတယ္။
အခ်ိန္ေတာ္ေတာ္ၾကာကြ်န္ေတာ့္ကို သူူစိုက္ၾကည့္ေနခဲ့ျပီးေနာက္မွာေတာ့ တံခါးကိုျပန္ပိတ္ျပီး လွည့္ထြက္သြားခဲ့ပါတယ္။ ကြ်န္ေတာ္လည္း မလႈပ္မယွက္ ၾကက္ေသေသေနခဲ့တာေပါ့။ သတိရတဲ့အခါမွ ကြ်န္ေတာ္သူ႔ေနာက္ကို အေျပးလိုက္ၾကည့္ခဲ့တဲ့အခါ ေလွ်ာက္လမ္းတစ္ေလွ်ာက္ ဘာအရိပ္ေယာင္မွ မေတြ႔ရသလို မီးဖိုေခ်ာင္ ေရခ်ိဳးခန္းေတြထဲမွာလည္း ဘာထူးျခားမႈမွမေတြ႔ခဲ့ရပါဘူး။ ကြ်န္ေတာ္မဟုတ္တဲ့ ကြ်န္္ေတာ့္ပံုရိပ္ဟာ ကြ်န္ေတာ့္ကို ေျခာက္လွန္႔ျပီး ခ်က္ခ်င္းေပ်ာက္ကြယ္သြားခဲ့ပါတယ္။

ကြ်န္ေတာ္ အိပ္ခန္းထဲသို႔ျပန္မသြားေသးဘဲ အသက္ကို၀ေအာင္ရႈလိုက္ျပီး ကြ်န္ေတာ့္ကိုယ္ကြ်န္ေတာ္ တည္ျငိမ္ေအာင္အရင္လုပ္လိုက္ပါတယ္္။ ဒါဟာစိတ္ေျခာက္ျခားတာပဲဆိုျပီး ကိုယ့္ကိုယ္ ျပန္ျပီးအားတင္းလိုက္တဲ့အခ်န္မွာပဲ မီးဖိုထဲက အသံတစ္သံကို ကြ်န္ေတာ္ထပ္မံၾကားလိုက္ရျပန္ပါတယ္။
ကြ်န္ေတာ့္အသံေတာ့မဟုတ္ပါဘူး။ “ငါတို႔ဒီမွာပဲ တစ္သက္လံုးအတူေနၾကရေအာင္” ဆိုျပီး လွမ္းေျပာေနတဲ့ ကြ်န္ေတာ့္အမ်ိဳးသမီးအသံပဲ ျဖစ္ပါတယ္။

ကြ်န္ေတာ္ခ်က္ခ်င္းပဲ ကြ်န္ေတာ့္အမ်ိဳးသမီးရွိရာ အခန္းသို႔ ေျပးသြားခဲ့လိုက္ပါတယ္။ တကယ္ေတာ့ ကြ်န္ေတာ့္အမ်ိဳးသမီးဟာ မီးဖိုေခ်ာင္ထဲမွာရွိေနတာမဟုတ္ပါဘူး သူမအိပ္ခန္းထဲမွာက်န္ေနခဲ့တာပါ။ ကြ်န္ေတာ္ခႏၶာကိုယ္ဟာ ေလတိုက္လို႔ သစ္ရြက္ေတြတုန္ခါေနသလို ျဖစ္ေနခ့ဲျပီး ကြ်န္ေတာ္ ေတာ္ေတာ္ ထိတ္လန္႔လို႔ေနခဲ့ပါျပီ။

ကြ်န္ေတာ္ ကြ်န္ေတာ့္အမ်ိဳးသမီးလက္ကိုဆြဲျပီး အဲ့ဒီအိမ္မွ ညတြင္းခ်င္းေျပးထြက္ခဲ့ပါတယ္။ ကြ်န္ေတာ့္အေမအိမ္မွာ အဲ့ဒီညတစ္ညအိပ္ခဲ့ျပီး မနက္မိုးလင္းေတာ့ ကြ်န္ေတာ္တို႔ ပစၥည္းေတြ သြားျပန္သိမ္းခဲ့ပါတယ္။

ကြ်န္ေတာ္ခုခ်ိန္ထိ အဲ့ဒီအိမ္ထဲမွာျဖစ္ခဲ့တာေတြကို ေသခ်ာ နားမလည္ႏိုင္ခဲ့ပါဘူး။ ေနာက္ဘယ္ေတာ့မွလည္း အဲ့ဒီအိမ္ကို ထပ္မသြားေတာ့ဘူးလို႔လဲ ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version#
ငယ်ရွယ်တဲ့စုံတွဲတစ်တွဲဟာ သူတို့ရဲ့နှစ်ကိုယ်တူဘဝလေးကို စတင်တည်ထောင်ဖို့ အိမ်တစ်လုံးငှားနေခဲ့ပါတယ်။ အဲ့ဒီအိမ်ကို ရောက်တဲ့အခါ မမျှော်လင့်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ ရုရှားမှာ ဖြစ်ပျက်ခဲ့တာပါ။ ***

လွန်ခဲ့တဲ့ လပိုင်းလောက်က ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး စေ့စပ်ခဲ့ကြပြီး ဘဝသစ်ရဲ့ အတွေ့အကြုံတွေယူဖို့ နေရာသစ်တစ်ခုကို ကျွန်တော်တို့နှစ်ယောက် အတူ ပြောင်းရွှေ့နေထိုင်ခဲကြပါတယ်။ ကျွန်တော့်ဘဝရဲ့ပျော်ရွှင်မှုတွေက သူဖြစ်ပြီး သူ့ဘဝရဲ့ စိတ်ချမ်းသာပျော်ရွှင်မှကလည်း ကျွန်တော်လို့ဆိုရလောက်အောင် ကျွန်တော်တို့ နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြသူနှစ်ဦးပါ။ ကျွန်တော်တို့ ဘဝသစ်အစ အိမ်သစ်လေးကို ပြောင်းရွှေ့လာတဲ့နှစ်ပတ်အတွင်းမှာ အရာရာဟာ ပျော်ရွှင်စရာ အပြည့်နဲ့ပါပဲ။ အဲ့ဒီ နှစ်ပတ်နောက်ပိုင်းမှာ ကျွန်တော့်အမျိုးသမီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို ကျွန်တော်သတိထားမိလာပါတယ်။ သူမ ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘဲ ကျွန်တော့်နားမှာပဲ အမြဲကပ်နေတတ်ပါတယ်။

တစ်ညနေမှာတော့ သူမကျွန်တော့်ကို ပြောပါတယ်

“ဒါလင် ရှင်အိမ်မှာ မရှိတဲ့အခါမှာလည်း ရှင်အနားမှာရှိနေသလို ကျွန်မခံစားနေရတယ် လို့သူမပြောခဲ့ပါတယ်။” ကျွန်တော့်စိတ်ထဲမှာတော့ ချစ်သူတိုင်းပြောနေကျစကားပဲမို့ သူမပြောတာ ထူးထူးဆန်းဆန်း မဟုတ်ဘူးလို့ပဲတွေးလိုက်မိပါတယ်။ ဒါပေမယ့် နောက်ရက်တွေမှာလည်း သူမ ဒီစကားကိုပဲ ထပ်တလဲလဲပြောနေခဲ့ပါတယ်။

“ဒါလင် ရှင်အလုပ်မှာ ရှိနေတဲ့အချိန်မှာလည်း ရှင်ကျွန်မကိုခေါ်နေတဲ့အသံကို အိမ်ရဲ့ မီးဖိုချောင်ထဲကနေ ခဏခဏကြားနေရတယ်” သူမဒီလိုနေ့စဉ်နေ့တိုင်းပြောနေတဲ့အခါ ကျွန်တော် သူမအတွက် အနည်းငယ်စိုးရိမ်မိလာပါတယ်။

တစ်နေ့ ကျွန်တော် အလုပ်မှ အိမ်ကိုပြန်ရောက်တဲ့အခါ မီးဖိုချောင်ထဲမှ စားပွဲမှာ တိတ်ဆိတ်စွာထိုင်နေပြီး အသက်မပါတဲ့ အကြည့်နဲ့ နံရံကြီးကိုကြည့်နေတဲ့ ကျွန်တော့်အမျိုးသမီးကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်ကျွန်တော်သူမနားကို သွားထိုင်လိုက်ပြီး

“ဟန်နီ ဘာဖြစ်နေတာလဲ” မေးလိုက်တော့

“တစ်ခုခုမှားနေပြီလို့ ကျွန်မထင်တယ်” ဆိုပြီး သူမတိုးတိုးလေး မသဲမကွဲပြန်ပြောပါတယ်။

“ဘာတွေဖြစ်နေလို့လဲ” လို့ ကျွန်တော်ဆက်မေးတော့…

“ရှင်အလုပ်ကိုထွက်သွားပြီးနောက်မှာ ကျွန်မရှင့်ကိုအိမ်က မီးဖိုချောင်မှာတွေ့နေရတယ်။ အဲ့ဒီနောက် ရှင်မီးဖိုချောင်ထဲကနေ အိပ်ခန်းထဲကိုလျှောက်သွားခဲ့ပြီး ပြတင်းပေါက်ကိုစိုက်ကြည့်နေခဲ့တယ်”

ကိုုယ်တစ်နေ့လုံး အလုပ်မှာ ရှိနေခဲ့တာပါ လို့ သူပြန်ပြောလိုက်တဲ့အခါ ကျွန်မသိတယ် ဆိုတဲ့ပုံစံမျိုးနဲ့ သူမခေါင်းညိတ်ပြပါတယ်။
သူမအဲ့လိုပြောလိုက်တဲ့အချိန်မှာ ကျွန်တော် အရမ်းစိတ်ပူသွားမိခဲ့ပါတယ်။ သူမ အိမ်မှာတစ်ယောက်တည်းကျန်နေခဲ့တာမို့ စိတ်ခြောက်ခြားပြီး ကယောက်ကယက်တွေများ ဖြစ်နေသလားဆိုပြီးပေါ့။

နောက်နေ့တွေမှာတော့ ကျွန်တော်အလုပ်သွားတဲ့အချိန် အိမ်မှာ သူမတွေ့နေရတဲ့ ကျွန်တော် ဘာတွေလုပ်နေတယ် ဆိုတာ သူမ ကျွန်တော့်ကိုပြန်ပြောပြခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော့်အမျိုးသမီးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုထူးဆန်းလာပြီး တစ်ခါတစ်ရံ စကားလည်းသိပ်မပြောတော့ပဲ တိတ်ဆိတ်နေတတ်ပြီး ကျွန်တော့်ကိုသာ စူးစူးစိုက်စိုက်ကြီး ကြည့်နေတတ်ပါတယ်။ ကျွန်တော်မနက်အလုပ်သွားလို့ သူမအိမ်မှာတစ်ယောက်တည်းကျန်နေတဲ့အခါမှာလည်း ကြောက်လန့်နေတဲ့ပုံစံမျိုး ဖြစ်လာပါတော့တယ်။

နောက်နေ့ညမှာတော့ သူမအတော်ပင်ပန်းနေဟန်ရှိတာမို့ ကျွန်တော်တို့ စောစော အိပ်ယာဝင်ခဲ့ပါတယ်။ ကျွန်တော် သူမလက်ကလေးကို ဆုပ်ကိုင်ပေးထားပြီး အိပ်ပျော်သွားအောင်ခေါင်းလေးကို ပွတ်သပ်ပေးလိုက်တော့ သူမနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ပါတယ်။

ခဏကြာတော့ သူမဆတ်ကနဲ့လန့်နိုးလာပြီး
“ဒါလင် ရှင်ဟုတ်ရဲ့လား ” ဆိုပြီး ကျွန်တော့်လက်ကိုလှမ်းကိုင်ပြီး မေးပါတယ်။
“ဟန်နီ ကိုယ်ရှိတယ်နော်.. ဘာမှမကြောက်နဲ့ ဘာမှမဖြစ်ဘူး” လို့ ကျွန်တော်ပြန်ပြောလိုက်တော့
“မဟုတ်ဘူး ရှင် ကျွန်မယောက်ျားဟုတ်လို့လား ဒါဆို မီးဖိုခန်းထဲကနေ လှမ်းခေါ်နေတာ ဘယ်သူလဲ” ဆိုပြီး ကတုန်ကယင် ဖြင့် သူမပြန်ပြောခဲ့ပါတယ်။

အဲဒီ့နောက် မီးဖိုခန်းထဲမှာ ခုံတွေရွေ့လျားနေတဲ့ အသံတွေ ကျွန်တော်ကြားလိုက်ရပါတယ်။ ခဏအကြာပြန်လည် တိတ်ဆိတ်သွားခဲ့ပြီး ကျွန်တော်တို့ အိပ်ခန်းဆီသို့ လမ်းလျှောက်လာတဲ့ ခြေသံတွေကို ထပ်မံကြားခဲ့ရပြန်ပါတယ်။ ကျွန်တော့်နှလုံးခုန်တွေ ရပ်တန့်မတက် ကျွန်တော်အံအားသင့် ထိတ်လန့်သွားမိပါတယ်။ ဘာတွေဖြစ်နေလဲ ဆိုတာကိုလည်း နားမလည်နိုင်တော့ပါဘူး…။

အဲ့ဒီ့ဆူညံသံတွေအားလုံးရပ်တန့်သွားတဲ့အခါမှာတော့ ကျွန်တော်တို့အိပ်ခန်းတံခါးလက်ကိုင်ကို လှည့်တဲ့အသံကြားလိုက်ရပြီး အခန်းတံခါးဟာ ပွင့်လာခဲ့ပါတယ်။ လေတိုက်လို့ပဲ ဖြစ်ရမယ်လို့ ကျွန်တော်ဖြည့်တွေးလိုက်ချိန်မှာပဲ ကျွန်တော့်မျက်လုံးကိုကျွန်တော်မယုံနိုင်တဲ့ အရာတစ်ခုကို ကျွန်တော်တွေ့လိုက်ရပါတယ်။။ ကျွန်တော်တို့ တံခါးဝမှာ လူတစ်ယောက်ရဲ့ပုံရိပ်ကို ကျွန်တော်တွေ့လိုက်ရတာပါပဲ…။ လေတိုက်တာ မဟုတ်ဘဲ ကျွန်တော်တို့ အခန်းတံခါးကို ထိုသူဖွင့်ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီသူကို ကျွန်တော်သေသေချာချာကြည့်လိုက်ပါတယ်။
“ဟင်… ကျွန်တော်ပါလား”
ကျွန်တော့်ကို ကျွန်တော်ပြန်တွေ့လိုက်ရတာကြောင့် ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်မှ ကျွန်တော်ပါပဲ..

ကျွန်တော် ကိုယ့်အသားကိုယ်ဆွဲစိတ်ကြည့်လိုက်တယ်။ အိပ်မက်လည်းမဟုတ်ပါဘူး။
ကျွန်တော်မြင်နေရတဲ့ အခန်းဝက ကျွန်တော့်ပုံရိပ်ကတော့ စိမ်းစိမ်းကားကား မျက်လုံးသေကြီးနဲ့ ကျွန်တော့်ကို မကျေမခြမ်းစိုက်ကြည့်နေခဲ့ပါတယ်။
အချိန်တော်တော်ကြာကျွန်တော့်ကို သူူစိုက်ကြည့်နေခဲ့ပြီးနောက်မှာတော့ တံခါးကိုပြန်ပိတ်ပြီး လှည့်ထွက်သွားခဲ့ပါတယ်။ ကျွန်တော်လည်း မလှုပ်မယှက် ကြက်သေသေနေခဲ့တာပေါ့။ သတိရတဲ့အခါမှ ကျွန်တော်သူ့နောက်ကို အပြေးလိုက်ကြည့်ခဲ့တဲ့အခါ လျှောက်လမ်းတစ်လျှောက် ဘာအရိပ်ယောင်မှ မတွေ့ရသလို မီးဖိုချောင် ရေချိုးခန်းတွေထဲမှာလည်း ဘာထူးခြားမှုမှမတွေ့ခဲ့ရပါဘူး။ ကျွန်တော်မဟုတ်တဲ့ ကျွန်တော့်ပုံရိပ်ဟာ ကျွန်တော့်ကို ခြောက်လှန့်ပြီး ချက်ချင်းပျောက်ကွယ်သွားခဲ့ပါတယ်။

ကျွန်တော် အိပ်ခန်းထဲသို့ပြန်မသွားသေးဘဲ အသက်ကိုဝအောင်ရှုလိုက်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် တည်ငြိမ်အောင်အရင်လုပ်လိုက်ပါတယ်။ ဒါဟာစိတ်ခြောက်ခြားတာပဲဆိုပြီး ကိုယ့်ကိုယ် ပြန်ပြီးအားတင်းလိုက်တဲ့အချန်မှာပဲ မီးဖိုထဲက အသံတစ်သံကို ကျွန်တော်ထပ်မံကြားလိုက်ရပြန်ပါတယ်။
ကျွန်တော့်အသံတော့မဟုတ်ပါဘူး။ “ငါတို့ဒီမှာပဲ တစ်သက်လုံးအတူနေကြရအောင်” ဆိုပြီး လှမ်းပြောနေတဲ့ ကျွန်တော့်အမျိုးသမီးအသံပဲ ဖြစ်ပါတယ်။

ကျွန်တော်ချက်ချင်းပဲ ကျွန်တော့်အမျိုးသမီးရှိရာ အခန်းသို့ ပြေးသွားခဲ့လိုက်ပါတယ်။ တကယ်တော့ ကျွန်တော့်အမျိုးသမီးဟာ မီးဖိုချောင်ထဲမှာရှိနေတာမဟုတ်ပါဘူး သူမအိပ်ခန်းထဲမှာကျန်နေခဲ့တာပါ။ ကျွန်တော်ခန္ဓာကိုယ်ဟာ လေတိုက်လို့ သစ်ရွက်တွေတုန်ခါနေသလို ဖြစ်နေခဲ့ပြီး ကျွန်တော် တော်တော် ထိတ်လန့်လို့နေခဲ့ပါပြီ။

ကျွန်တော် ကျွန်တော့်အမျိုးသမီးလက်ကိုဆွဲပြီး အဲ့ဒီအိမ်မှ ညတွင်းချင်းပြေးထွက်ခဲ့ပါတယ်။ ကျွန်တော့်အမေအိမ်မှာ အဲ့ဒီညတစ်ညအိပ်ခဲ့ပြီး မနက်မိုးလင်းတော့ ကျွန်တော်တို့ ပစ္စည်းတွေ သွားပြန်သိမ်းခဲ့ပါတယ်။

ကျွန်တော်ခုချိန်ထိ အဲ့ဒီအိမ်ထဲမှာဖြစ်ခဲ့တာတွေကို သေချာ နားမလည်နိုင်ခဲ့ပါဘူး။ နောက်ဘယ်တော့မှလည်း အဲ့ဒီအိမ်ကို ထပ်မသွားတော့ဘူးလို့လဲ ဆုံးဖြတ်ချက်ချလိုက်ပါတယ်..။


ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top