Golden City Promotion
×

ကမ္းေျခတစ္ေလွ်ာက္မွာ သိမ္းဆည္းခဲ့တဲ့ အမႈိက္စုစုေပါင္းရဲ႕ သုံးပုံတစ္ပုံအထိဟာ စီးကရက္တုိမ်ား ျဖစ္ေနပါတယ္။
ထုိင္းႏုိင္ငံတစ္ဝွမ္း႐ွိ ကမာၻလွည့္ခရီးသည္ လာေရာက္မႈမ်ားျပားတဲ့ အပန္းေျဖကမ္းေျခ ၂၀ မွာ ေဆးလိပ္ေသာက္ခြင့္ ပိတ္ပင္သြားမယ္လို႕ သိရပါတယ္။
ဖူးခက္နဲ႕ ကရာဘီကမ္းေျခတုိ႕ အပါအဝင္ ထင္႐ွားေက်ာ္ၾကားတဲ့ ကမ္းေျခ ၂၀ မွာ ေဆးလိပ္ေသာက္ခြင့္ ပိတ္ပင္သြားမွာျဖစ္ေၾကာင္း ဘန္ေကာက္ပုိ႕စ္သတင္းစာက ေအာက္တုိဘာ ၁၀ ရက္မွာ ေျပာပါတယ္။

လာမယ့္ လမွစၿပီး အဆုိပါ ကမ္းေျခေတြမွာ ေဆးလိပ္ေသာက္ပါက ေထာင္ဒဏ္ ၁ ႏွစ္ သုိ႕မဟုတ္ အေမရိကန္ေဒၚလာ ၃,၀၀၀ (ထုိင္းဘတ္ေငြ ၁၀၀,၀၀၀) ေငြဒဏ္ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။
ထုိင္းႏုိင္ငံ ပင္လယ္ေရေၾကာင္းနဲ႕ ကမ္း႐ုိးတန္းဆုိင္ရာ အရင္းအျမစ္ဌာနက ဖူးခက္ကၽြန္း႐ွိ Patong ကမ္းေျခရဲ႕ ၉၆ ေပပတ္လည္ ေနရာကုိ စစ္ေဆးခဲ့ရာ ၁၀ ေပပတ္လည္အတြင္း ပ်မ္းမွ်အားျဖင့္ စီးကရက္တုိ ၀.၇၆ ခုကုိ ေတြ႕႐ွိခဲ့ရၿပီးေနာက္ ယခု တားျမစ္ပိတ္ပင္မႈ အစီအစဥ္ကုိ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း ဘန္ေကာက္ပုိ႕စ္သတင္းက ေဖာ္ျပပါတယ္။
သက္ဆုိင္ရာဌာနက စစ္ေဆးခဲ့မႈအရ ၁.၅ မုိင္႐ွိတဲ့ အဆုိပါကမ္းေျခတစ္ေလွ်ာက္ စီးကရက္တုိ ၁၀၁,၀၅၈ ခု ေတြ႕႐ွိခဲ့ရတယ္လို႕ ဆုိပါတယ္။ ကမ္းေျခတစ္ေလွ်ာက္မွာ သိမ္းဆည္းခဲ့တဲ့ အမႈိက္စုစုေပါင္းရဲ႕ သုံးပုံတစ္ပုံအထိဟာ စီးကရက္တုိမ်ား ျဖစ္ေနေၾကာင္းလည္း သိရပါတယ္။
ထုိင္းႏုိင္ငံရဲ႕ လူအသြားအလာမ်ားတဲ့ လမ္းမေတြမွာလည္း စီးကရက္တို သန္း ၁၀၀ ေက်ာ္အထိ ေတြ႕႐ွိခဲ့ရၿပီး ၎စီးကရက္တုိေတြက ေရထြက္ေပၚကုိ ပိတ္ဆို႕မႈျဖစ္ကာ မလိုအပ္ဘဲ ေရႀကီးမႈေတြ ျဖစ္ေစေၾကာင္း ပင္လယ္ေရေၾကာင္းနဲ႕ ကမ္း႐ုိးတန္းေဒသ အရင္းအျမစ္ဌာနမွ အေထြေထြညြန္ၾကားေရးမွဴး ဂ်တ္တူေပါင္ ဘာ႐ုစပတ္က ေျပာပါတယ္။

တားျမစ္ပိတ္ပင္မႈအရ ကမ္းေျခမွာသြားလာေနစဥ္ ေဆးလိပ္ေသာက္ခြင့္ လုံးဝတားျမစ္ပိတ္ပင္ထားမွာ ျဖစ္ပါတယ္။ ႏုိဝင္ဘာလမွ စတင္သက္ေရာက္မယ့္ ေဆးလိပ္ေသာက္ခြင့္ တားျမစ္ပိတ္ပင္မႈမွာ Koh Samui, Pattaya, Hua Hin နဲ႕ Patong ကမ္းေျခေတြ ပါဝင္ပါတယ္။ ေနာက္ပုိင္းမွာ ထုိင္းႏုိင္ငံတစ္ဝွမ္း႐ွိ ကမ္းေျခအားလုံးမွာ ေဆးလိပ္ေသာက္ခြင့္ တားျမစ္ပိတ္ပင္သြားမယ္လုိ႕လည္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကမ်းခြေတစ်လျှောက်မှာ သိမ်းဆည်းခဲ့တဲ့ အမှိုက်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံအထိဟာ စီးကရက်တိုများ ဖြစ်နေပါတယ်။
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ အပန်းဖြေကမ်းခြေ ၂၀ မှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
ဖူးခက်နဲ့ ကရာဘီကမ်းခြေတို့ အပါအဝင် ထင်ရှားကျော်ကြားတဲ့ ကမ်းခြေ ၂၀ မှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်သွားမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက အောက်တိုဘာ ၁၀ ရက်မှာ ပြောပါတယ်။

လာမယ့် လမှစပြီး အဆိုပါ ကမ်းခြေတွေမှာ ဆေးလိပ်သောက်ပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၃,၀၀၀ (ထိုင်းဘတ်ငွေ ၁၀၀,၀၀၀) ငွေဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ပင်လယ်ရေကြောင်းနဲ့ ကမ်းရိုးတန်းဆိုင်ရာ အရင်းအမြစ်ဌာနက ဖူးခက်ကျွန်းရှိ Patong ကမ်းခြေရဲ့ ၉၆ ပေပတ်လည် နေရာကို စစ်ဆေးခဲ့ရာ ၁၀ ပေပတ်လည်အတွင်း ပျမ်းမျှအားဖြင့် စီးကရက်တို ဝ.၇၆ ခုကို တွေ့ရှိခဲ့ရပြီးနောက် ယခု တားမြစ်ပိတ်ပင်မှု အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
သက်ဆိုင်ရာဌာနက စစ်ဆေးခဲ့မှုအရ ၁.၅ မိုင်ရှိတဲ့ အဆိုပါကမ်းခြေတစ်လျှောက် စီးကရက်တို ၁၀၁,၀၅၈ ခု တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ကမ်းခြေတစ်လျှောက်မှာ သိမ်းဆည်းခဲ့တဲ့ အမှိုက်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံအထိဟာ စီးကရက်တိုများ ဖြစ်နေကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ လူအသွားအလာများတဲ့ လမ်းမတွေမှာလည်း စီးကရက်တို သန်း ၁၀၀ ကျော်အထိ တွေ့ရှိခဲ့ရပြီး ၎င်းစီးကရက်တိုတွေက ရေထွက်ပေါ်ကို ပိတ်ဆို့မှုဖြစ်ကာ မလိုအပ်ဘဲ ရေကြီးမှုတွေ ဖြစ်စေကြောင်း ပင်လယ်ရေကြောင်းနဲ့ ကမ်းရိုးတန်းဒေသ အရင်းအမြစ်ဌာနမှ အထွေထွေညွန်ကြားရေးမှူး ဂျတ်တူပေါင် ဘာရုစပတ်က ပြောပါတယ်။

တားမြစ်ပိတ်ပင်မှုအရ ကမ်းခြေမှာသွားလာနေစဉ် ဆေးလိပ်သောက်ခွင့် လုံးဝတားမြစ်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလမှ စတင်သက်ရောက်မယ့် ဆေးလိပ်သောက်ခွင့် တားမြစ်ပိတ်ပင်မှုမှာ Koh Samui, Pattaya, Hua Hin နဲ့ Patong ကမ်းခြေတွေ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ကမ်းခြေအားလုံးမှာ ဆေးလိပ်သောက်ခွင့် တားမြစ်ပိတ်ပင်သွားမယ်လို့လည်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top