Golden City Promotion
×

ရတနာ သိုက္ရွာေဖြသူ တစ္ခ်ိဳ႕ဟာ အေမရိကန္ ျပည္ေထာင္စု ၊ ဖေလာ္ရီဒါ ျပည္နယ္မွာ ေဒၚလာ ၄.၅ သန္း တန္ဖိုးရွိတဲ့ စပိန္ ေရႊအေၾကြေစ့ ေတြကို ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

ထိုရွာေဖြေတြ႕ရွိမႈ ဟာ ဟာဗားနား က ေန စပိန္ကို ကူးသန္းခဲ့တဲ့ လြန္ခဲ့တဲ့ ႏွစ္ ၃၀၀ ေက်ာ္က သေဘာၤတစ္စီး မုန္တိုင္းဒဏ္ေၾကာင့္ နစ္ျမဳပ္ခဲ့ရာကေန အခုမွာ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။  Royal Eight Escudos လို႔ လူသိမ်ားတဲ့ ရွားပါး အေၾကြေစ့ ၉ ေစ့ အပါအ၀င္ ေရႊအေၾကြေစ့ ေပါင္း ၃၅၀ ခုကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ၿပီး ထို အေၾကြေစ့ေတြကို စပိန္ႏိုင္ငံ ထံသို႔ ပို႔ေဆာင္ထားတယ္လို႔လည္း သိရပါတယ္။

1715 Fleet - Queens Jewels လို႔ အမည္ရတဲ့ ရတနာ သိုက္ရွာေဖြေရး ကုမၼဏီ ကသာ ထို ရွာေဖြေတြ႕ရွိခဲ့တဲ့ သေဘာၤပ်က္ကို ပိုင္ဆိုင္ခြင့္ ရမွာ ျဖစ္ပါတယ္။ ထို အေၾကြေစ့ေတြထဲ အေၾကြေစ့ ၂၀ ခန္႔ဟာလည္းေတာ္၀င္ အေၾကြေစ့ ၉ ေစ့ ထက္အရင္ထုတ္လုပ္ခဲ့တာ ျဖစ္ႏိုင္တယ္လို႔လည္း ရတနာသိုက္ ရွာေဖြသူေတြက မွတ္ခ်က္ျပဳထားပါတယ္။

ထို ရတနာ ေတြကို ပထမဆံုး ရွာေဖြေတြ႕ရွိခဲ့သူျဖစ္တဲ့ အသက္ ၅၁ ႏွစ္အရြယ္  William Bartlett ကေတာ့ "ေရႊေတြၾကည့္ရတာ မေန႔တစ္ေန႔ ကမွ ေရထဲနစ္ျမဳပ္ထားတဲ့ ပံုစံေပါက္ပါတယ္" လို႔ ဆိုခဲ့ပါတယ္။ Barlett ဟာ ထို ရတနာသိုက္ကို ရွာေဖြတဲ့ ၃ ေယာက္အဖြဲ႕ ရဲ႕ ေခါင္းေဆာင္ျဖစ္ၿပီး ဇူလိုင္လ ၃၀ ရက္ေန႔က ဖေလာ္ရီဒါ ျပည္နယ္ Vero ကမ္းေျခကေန သြားေရာက္ရွာေဖြရင္းေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

၁၇၁၅ ခုႏွစ္မွာတုန္းက ဇူလိုင္လ ၃၀ ရက္ေန႔မွာ ဖေလာ္ရီဒါျပည္နယ္ အေရွ႕ဘက္ ကမ္းမွာ ဆိုက္ကပ္ထားတဲ့ စပိန္ႏိုင္ငံပိုင္ ရတနာ ပစၥည္းမ်ားတင္ေဆာင္ထားၾကတဲ့ သေဘာၤ ၁၁ စီး ဟာ မုန္တိုင္းတစ္ခုရဲ႕ တိုက္ခတ္မႈ ေၾကာင့္ နစ္ျမဳပ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ထို ရွာေဖြေတြ႕ရွိခဲ့တဲ့ ေဒၚလာ ၄.၅ သန္းတန္ အေၾကြေစ့ေတြကိုေတာ့ သက္ဆိုင္ရာ တာ၀န္ရွိသူေတြ လက္ထဲ ျပန္အပ္မွာျဖစ္ေပမယ့္ 715 Fleet - Queens Jewels ကုမၼဏီကေတာ့ ရွာေဖြေတြ႕ရွိမႈ တန္ဖိုးရဲ႕ ၂၀ ရာခိုင္ႏႈန္းကို ရရွိမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရတနာ သိုက်ရှာဖွေသူ တစ်ချို့ဟာ အမေရိကန် ပြည်ထောင်စု ၊ ဖလော်ရီဒါ ပြည်နယ်မှာ ဒေါ်လာ ၄.၅ သန်း တန်ဖိုးရှိတဲ့ စပိန် ရွှေအကြွေစေ့ တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုရှာဖွေတွေ့ရှိမှု ဟာ ဟာဗားနား က နေ စပိန်ကို ကူးသန်းခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်က သဘောၤတစ်စီး မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်ခဲ့ရာကနေ အခုမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။  Royal Eight Escudos လို့ လူသိများတဲ့ ရှားပါး အကြွေစေ့ ၉ စေ့ အပါအဝင် ရွှေအကြွေစေ့ ပေါင်း ၃၅၀ ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထို အကြွေစေ့တွေကို စပိန်နိုင်ငံ ထံသို့ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

1715 Fleet - Queens Jewels လို့ အမည်ရတဲ့ ရတနာ သိုက်ရှာဖွေရေး ကုမ္မဏီ ကသာ ထို ရှာဖွေတွေ့ရှိခဲ့တဲ့ သဘောၤပျက်ကို ပိုင်ဆိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ ထို အကြွေစေ့တွေထဲ အကြွေစေ့ ၂၀ ခန့်ဟာလည်းတော်ဝင် အကြွေစေ့ ၉ စေ့ ထက်အရင်ထုတ်လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ရတနာသိုက် ရှာဖွေသူတွေက မှတ်ချက်ပြုထားပါတယ်။

ထို ရတနာ တွေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ်  William Bartlett ကတော့ "ရွှေတွေကြည့်ရတာ မနေ့တစ်နေ့ ကမှ ရေထဲနစ်မြုပ်ထားတဲ့ ပုံစံပေါက်ပါတယ်" လို့ ဆိုခဲ့ပါတယ်။ Barlett ဟာ ထို ရတနာသိုက်ကို ရှာဖွေတဲ့ ၃ ယောက်အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့က ဖလော်ရီဒါ ပြည်နယ် Vero ကမ်းခြေကနေ သွားရောက်ရှာဖွေရင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၁၇၁၅ ခုနှစ်မှာတုန်းက ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် အရှေ့ဘက် ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စပိန်နိုင်ငံပိုင် ရတနာ ပစ္စည်းများတင်ဆောင်ထားကြတဲ့ သဘောၤ ၁၁ စီး ဟာ မုန်တိုင်းတစ်ခုရဲ့ တိုက်ခတ်မှု ကြောင့် နစ်မြုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ထို ရှာဖွေတွေ့ရှိခဲ့တဲ့ ဒေါ်လာ ၄.၅ သန်းတန် အကြွေစေ့တွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လက်ထဲ ပြန်အပ်မှာဖြစ်ပေမယ့် 715 Fleet - Queens Jewels ကုမ္မဏီကတော့ ရှာဖွေတွေ့ရှိမှု တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top