ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဂါတမဗုဒၶ ျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိစဥ္ စစ္မွန္ေသာ ဗုဒၶ၏ကုိယ္ပြားသာလွ်င္ ျဖစ္တန္ရာ၏ဟု ရခုိင္လူမ်ဳိးမ်ား အယုံအႀကည္ရွိေသာ မဟာမုနိရုပ္ရွင္ ေတာ္ျမတ္ႀကီးသည္ ရခုိင္လူမ်ဳိးတုိ႔ သမုိင္း မွတ္တမ္းအားလုံး၏ ကုိးကားခ်က္ျဖစ္သည္။ ထုိသမုိင္းမွတ္တမ္းမ်ားအရ ေထရ၀ါဒဗုဒၶဘာသာရ ိခဲ႔ျပီးေနာက္ မ်က္ေမွာက္ထုံးတမ္းစဥ္လာမ်ားကုိ ထည့္သြင္းထားရွိခဲ့သည္။ သီရိလကၤာ၏ ပါဠိစာေပမွ က်ယ္က်ယ္ျပန္႔ျပန္႔ ဆင္းသက္ႀကီးထြားလာမွဳရွိျပီး ပုဂံ၏ လႊမ္းမုိးမွဳေအာက္မွာ ကုိးကြယ္မွဳ ဘာသာအယူ၀ါဒအဆင့္ဆင့္ထိ က်ယ္ျပန္႔လာခဲ့ပ ါသည္။ စႏၵသူရိယ ဘုရင္မင္းျမတ္ ရခုိင္ျပည္ကုိ အုပ္ခ်ဳပ္ခဲ႔စဥ္အခ်ိန္အခါက ဗုဒၶရုပ္ထုေတာ္က သြန္းလုပ္ခဲ့သည္ဟု ရုိးရာဓေလ့ ထုံးတမ္းစဥ္လာယု ႀကည္မွဳ ထားရွိခဲ့သည္။ စႏၵသူရိယဘုရင္မင္းျမတ္ သည္ ဗုဒၶ၏ ေဟာႀကားျပသမွဳတုိ႔၏ သတင္းကုိ ႀကားသိရျပီး ဗုဒၶကုိရုိေသကုိးကြယ္ရန္ ဆႏၵျပင္းျပလာသည္ဟု အဆုိရွိေလသည္။
အိႏၵိယႏုိင္ငံ သာ၀တၳိျပည္တြင္ သီတင္းသုံးေနထုိ င္ေတာ္မူေသာ ေဂါတမျမတ္ဗုဒၶသည ထုိအေႀကာင္းအရာကုိ သိရွိလာေသာေႀကာင္႔ ျမတ္ဗုဒၶက သူ၏တပည့္သာ၀က တစ္ပါးျဖစ္ေသာ အရွင္အာနႏၵာအား ေျပာျပေလသည္မွာ “ေႀကာက္မက္ဖြယ္ေကာင္းေသာ ေရနဂါးမ်ား အုပ္ခ်ဳပ္ထားသည့္ ႀကီးမားက်ယ္ျပန္႔ေသာ ျမစ္ပင္လယ္သမုဒၵရာ “ကုိ ျဖတ္ေက်ာ္လာရမည္ ျဖစ္၍ ဤကဲ႔သုိ႔ေသာ ခက္ခဲႀကမ္းတမ္းေ သာခရီးသည္ စႏၵသူရိယဘုရင္မင္းျမတ္အတြက္ အလြန္အႏၱရာယ္ရွိလိမ့္မည္။ ထုိ႔ေႀကာင့္ တပည့္ရဟႏၱာ (၅၀၀) ႏွင့္အတူ ေဂါတမျမတ္ဗုဒၶသည္ ေကာင္းကင္ခရီးျဖင့္ ႀကြခ်ီေတာ္မူလာျပီး ေက်ာက္ေတာ္ျမဳိ႕၏ တဖက္ကမ္းရွိ ေမာရပဗၺတေတာင္၌ ဆင္းသက္ရပ္နားေတာ္မူခဲ႔ေလသည္။ ဤတြင္ ျမတ္ဗုဒၶ၏ ေရွးေရွးဘ၀ေပါင္းမ်ားစြာက က်င္လည္ေတာ္မူခဲ႔ေသာေနရာတုိ႔တြင္ ျမတ္ဗုဒၶ၏ ဓါတ္ေတာ္မ်ားကုိ ဌာပနာထည့္၍ ဘုရားပုထုိးမ်ား စြာတုိ႔ကုိ တုိင္းျပည္အႏွံ႔ တည္ထားကုိးကြယ္လ ာႀကလိမ့္မည္ဟု ႀကဳိတင္ေဟာကိန္းထုတ္ ဗ်ာဒိတ္ေတာ္ေပးခဲ့ေလသည္။ ဤကဲ႔သို ႔ျမတ္ဗုဒၶ၏ ဗ်ာဒိတ္ေပးခ်ိန္တြင္” မဟာပထ၀ီေျမႀကီးသည္ တုန္လွဳပ္လာျပီး ပင္လယ္သမုဒၵရာေရတုိ႔သည္ ေရေႏြးအုိးဆူသကဲ့သုိ႔ ဆူပြက္လာခဲ့ေလသည္။” စႏၵသူရိယဘုရင္မင္းျမတ္သည္ ဤနိမိတ္ေဆာင္ေသာ လကၡဏာမ်ား၏ ဆုိလုိရင္းကုိ သူ၏ေဗဒင္ဆရာ၊ ဟူးရားတတ္တုိ႔အား ေမးျမန္းစုံစမ္းလွ်က္ တုန္လွဳပ္ထိတ္လန ္႔ရျခင္းျဖစ္ေလသည္။

ေဂါတမျမတ္ဗုဒၶ ရခုိင္ျပည္ကုိ ေရာက္ရွိလာသည့္အေႀကာင္းအရင္းကုိ စႏၵသူရိယဘုရင္မင္းျမတ္ သိရွိေတာ္မူေသာအခါ ရာေပါင္းမ်ားစြာေသာ အေျခြအရံတုိ႔ႏွင့္အတူ သူ၏မိဖုရားေခါင္ႀကီး စႏၵရမာလာ၊ သူ၏မွဳးမတ္ တုိင္းသူျပည္သားတုိ႔ႏွင့္အတူ ပဗၺတေတာင္ေပၚသို သြားေရာက္ႀကေလသည္။ ဘုရင္မင္းျမတ္သည ေဂါတမျမတ္ဗုဒၶအား အရုိအေသေပးျပီးေနာက္ ဗုဒၶက သူ႔အား “ပဋိစၥသမုပၸါဒ္စက္၀ုိင္းတရားေတာ ္”ကုိ ေဟာႀကားသင္ျပခဲ့ေလသည္။ ယင္းျပီးေနာက္ ျမဳိ႕ေတာ္တြင္(၇) ရက္ႀကာ သီတင္းသုံးေနထုိ င္ေတာ္မူမည္ကုိ ဗုဒၶကသေဘာတူလက္ခ ေလသည္။ ျမဳိ႕ေတာ္မွ ျမတ္ဗုဒၶမထြက္ခြာမွီ ျမတ္ဗုဒၶပရိနိဗၺာန္ ျပဳေတာ္မူျပီးေနာက္ ႏွစ္ေပါင္း (၅၀၀၀)တုိင္တုိင္ ႀကည္ရုိေလးစားမွ ဳခံရမည္ျဖစ္ေသာ ဆံေတာ္ဓါတ္ႏွင့္ ျမတ္ဗုဒၶ၏ရုပ္ထု ကုိယ္ပြားေတာ္တစ္ဆူထားခဲ႔မည္ဟု ဗုဒၶသေဘာတူလက္ခံေလသည္။ နန္းေတာ္ရာ၏ အေရွ႕ေျမာက္ဘက္ သီရိဂုတၱေတာင္ကုန္းေပၚတြင္ အေလးအျမတ္ထားရွိ ေသာ ဗုဒၶရုပ္ထုေတာ္ကုိ ေကာင္းကင္ဘုံ ဗိသုကာပညာရွင္ နတ္မ်ား၏ဘုရင္ သိႀကားမင္းႏွင့္ အတူ စႏၵသူရိယဘုရင္မင္းျမတ္အပါအ၀င္ တုိင္းသူျပည္သားတုိ႔က တည္ထားကုိးကြယ္ႀ ကေလသည္။ ရုပ္ထုေတာ္အတြင္းပုိင္းသုိ႔ ေဂါတမျမတ္ဗုဒၶ၏ ရင္ေငြ႔ေတာ္ဓါတ္ ထည့္လုိက္ေသာအခါ ေဂါတမျမတ္ဗုဒၶႏွ စ္ဆူရွိလာသကဲ႔သုိ႔ ျဖစ္ေပၚလာေလသည္။ အံ့ႀသႀကည္ညဳိစရာေကာင္းလွေသာ လကၡဏာရပ္မ်ား ေပၚထြက္လာေလသည္။
မဟာပထ၀ီေျမႀကီး တုန္လွဳပ္လာျပီး ရုပ္ထုေတာ္သည္ တျဖည္းျဖည္း အသက္ရွိသကဲ႔သုိ႔ သူ၏ ေနာင္ေတာ္ ေဂါတမျမတ္ဗုဒၶအား ႀကဳိဆုိသည့္အေနအထားႏွင့္ မတ္တပ္ထရပ္ေလသည္။ ထုိ႔ေနာက္ ေဂါတမျမတ္ဗုဒၶသည္ သူ၏သာ၀က တပည့္ရဟန္းေတာ္မ်ားႏွင့္အတူ သံတြဲဘက္သုိ႔ ေကာင္းကင္ခရီးျဖင့္ ႀကြခ်ီေတာ္မူေလသည္။ ယင္းအခ်ိန္အတြင္း စႏၵသူရိယဘုရင္မင္းျမတ္သည္ သူ၏ မူးမတ္ေသနာပတိတုိ႔ႏွင့္အတူ အေႀကာင္းကိစၥတုိ႔ကုိ တုိင္ပင္ျပီးေနာက္ ျမတ္ဗုဒၶ၏စစ္မွန္ေသာ ရုပ္ထုေတာ္အား ကုိးကြယ္ဆည္းကပ္ျပီး ပြဲလမ္းသဘင္မ်ား က်င္းပခဲ့ေလသည္။” ရုပ္ထုေတာ္၏ ထူးျခားခ်က္မ်ားမွာ ေရာင္ျခည္ေတာ္ေျခာက္သြယ္ ထြက္ရွိေလသည္။ ရုိေသကုိင္းရွုိင္းသူမ်ားမွာ အနီးကပ္ဖူးေမွ်ာ္လာေသာအခါ ေရာင္ျခည္ေတာ္မ် ား ထြက္ရွိျပီး အယုံအႀကည္မရွိသူမ်ား ဖူးေမွ်ာ္ေသာအခါ ေရာင္ျခည္ေတာ္မ်ား ေမွးမွိန္သြားေလ့ရွိသည္”ဟု အဆုိရွိခဲ့ေလသည္။ ရုပ္ထုေတာ္တည္ရွိေသာ ေနရာ၏ပတ္၀န္းက်င အရပ္ေလးမ်က္ႏွာတုိ႔တြင္ အေစာင့္အေရွာက္အျဖစ္ ေက်ာက္ရုပ္ထုမ်ားထားရွိျပီး မေကာင္းေသာ အႀကံအစည္ ရည္ရြယ္ခ်က္တုိ႔ႏွင့္ ဗုဒၶရုပ္ပြားေတာ ္အနီးသုိ႔ လာေရာက္သူတုိ႔အား အေ၀းသုိ႔ ေရွာင္ရွားသြားေစသည္။ ေ၀သာလီေခတ္မွ ပထမဘုရင္တုိင္ေအာင္ ဗုဒၶရုပ္ထုေတာ္အတြက္ ေက်ာက္ပလႅင္တစ္ခ ုတည္ေဆာက္ျပီး သိမ္ေတာ္ကုိ ျပန္လည္တည္ေဆာက္သည္ဟု အဆုိမွတပါး အျခားမည္သည့္အေႀကာင္းအရာကုိမွ မွတ္တမ္းတင္ထားျခင္း မရွိခဲ႔ေပ။ ေ၀သာလီမွ ပထမဆုံးဘုရင္၏ အရုိက္အရာကုိ ဆက္ခံသူသည္ မဟာမုနိသိမ္ေတာ္အား ျပန္လည္မြမ္းမံျပင္ဆင္မွဳ ျပဳလုပ္ခဲ့သည္။ သီရိလကၤာႏွင့္ ပုဂံမွ ဘုန္းေတာ္ႀကီးမ်ားသည္ ရုပ္ထုေတာ္အား ကုိးကြယ္ဆည္းကပ္ရန္ ေရာက္ရွိလာခဲ႔ႀကသည္။

ပ်ဴ-ဗမာႏွင့္ မြန္ဘုရင္မ်ားက မဟာမုနိ သိမ္ေတာ္ႀကီးအတြင္း အေလးအျမတ္ထားေသာ ဗုဒၶရုပ္ထုေတာ္အား ပုိင္ဆုိင္လုိေသာ ရည္ရြယ္ခ်က္မ်ားႏွင့္ ရခုိင္ျပည္ကုိက် ဴးေက်ာ္၀င္ေရာက္လာခဲ႔ႀကသည္ဟု အဆုိရွိေလသည္။ သုိ႔ေသာ္လည္း မည္သည့္ဘုရင္တစ္ပါးမွ ေအာင္ျမင္မွဳ မရွိခဲ႔ေပ။ တခ်ဳိ႕သည္ သိမ္ေတာ္ႀကီးအား ျပန္လည္ျပဳျပင္ မြမ္းမံရန္ ကတိက၀တ္ျပဳခဲ့ႀကသည္။ (၁၂) ရာစုအခ်ိန္တြင္ သိမ္ေတာ္ႏွင့္ ဗုဒၶရုပ္ထုေတာ္ ေပ်ာက္ဆုံးခဲ့သည္။ သုိ႔ေသာ္လည္း ေလးျမဳိ႕ေခတ္မွ ဘုရင္တပါး၏ အရုိက္အရာဆက္ခံသူမ်ားသည္ ယုံႀကည္မွုကုိ ဆက္လက္ေထာက္ခံျခင္းျဖင့္ ရုပ္ထုေတာ္ႏွင့္ သိမ္ေတာ္ႀကီးတုိ႔ကုိ ျပန္လည္ရွာေဖြေတြ႔ရွိျပီး သိမ္ေတာ္အား ျပန္လည္ေဆာက္ခဲ႔ႀကေလသည္။ ေျမာက္ဦးမင္းဆက္ကုိ တည္ေထာင္သူ ဘုရင္မင္းေစာမြန္သည္ သူ၏ျမဳိ႕ေတာ္မွ မဟာမုနိသုိ႔ လမ္းတခုေဖာက္လုပ္တည္ေဆာက္ျပီး မင္းမ်ဳိးမင္းႏြယ္တုိ႔၏ ရုိးရာထုံးတမ္းစဥ္လာ မ်ားအရ ဘုရားဖူးခရီးစဥ္တစ္ခုစတင္ခဲ့ေလသည္။ (၁၆) ရာစုတြင္ ဘုရင္းမင္းဗာသည္ ေျမာက္ဦးျမဳိ႕မ သွ်စ္ေသာင္းဘုရားအပါအ၀င္ တုိင္းျပည္အႏွံံံ႔တြင္ တည္ရွိေနေသာ ဘုရားေက်ာင္းအေဆာက္အဦး အမ်ားအျပားတုိ႔အတြင္း မူရင္းႏွင့္ ဆင္တူျဖစ္ေသာ မေရမတြက္ႏုိင္သည့္ မဟာမုနိရုပ္ပြားေတာ္မ်ားကုိ ထုလုပ္ထားရွိရန္ အမိန္႔ေတာ္ခ်မွတ္ခဲ့ေလသည္။
၁၇၈၄-ခု တြင္ ျမန္မာဘုရင္ ဘုိးေတာင္ဘုရားသည္ ရခုိင္ျပည္ကုိ သိမ္းပုိက္ေလသည္။ ထုိ႔ေနာက္ မဟာမုနိရုပ္ရွင္ေတာ္ျမတ္အား မႏၱေလးသုိ႔ သယ္ယူသြားခဲ႔သည္။ ထုိရုပ္ရွင္ေတာ္ျမတ္ႀကီးအား ျမန္မာျပည္တြင္ ယေန႔ထိတုိင္ အေလးျမတ္ဆုံးထား ေသာ ရုပ္ထုေတာ္အျဖစ္ ဆက္လက္မွတ္ယူထား ႀကဆဲျဖစ္သည္။ ဆုံးရွုံးသြားေသာ အေမြအႏွစ္ေႀကာင့္ ရခုိင္ျပည္သူတုိ႔အား နက္နက္နဲနဲ စိတ္ထိခုိက္ေစခဲ႔သည္။ ဆက္လက္ျပီး မႀကာမီ ျဗိတိသွ်တုိ႔၏ အုပ္ခ်ဳပ္မႈကုိ ရခုိ္င္ျပည္သူတု ဆက္လက္ခံရေလသည္။ (၁၈၆၇) ခုႏွစ္တြင္ မဟာမုနိသိမ္ေတာ္ရာ အနီးပတ္၀န္းက်င္မွ ေတြ႔ရွိေသာ ေက်ာက္ရုပ္ထုေတာ္တစ္ဆူအတြက္ ဘုရားသိမ္ေတာ္ကုိတည္ေဆာက္ခဲ႔ႀကသည္။ လြန္ခဲ႔ေသာ ႏွစ္(၈၀)အတြင္းက နဂုိမူရင္းအတုိင္း သိမ္ေတာ္ႀကီးကုိ ျပန္လည္ျပင္ဆင္မြမ္းမံမွဳတုိ႔ကု လုပ္ေဆာင္ခဲ႔သည္။ ယင္းအခ်ိန္တြင္ ေအာက္ရင္ျပင္မ်ားကုိ ျပန္လည္ထိမ္းသိမ္းေပးျပီး မႏၱေလး၌ရွိေသာ မူရင္းမဟာမုနိ ထုိင္ေတာ္မူပုံစ ေႀကးရုပ္ထုေတာ္္အသစ္တစ္ဆူကုိ သြန္းလုပ္ခဲ႔ႀကသည္။ ယေန႔အခါမွာ မဟာမုနိဘုရားသိမ္ေတာ္ေနရာသည္ ျပည္တြင္း၊ ျပည္ပ ဘုရားဖူးတုိ႔၏ အေရးႀကီးေသာ ဗဟုိအခ်က္အခ်ာ တစ္ခုအျဖစ္ ျပန္လည္စည္ကားလာခဲ့သည္။

မဟာမုနိသိမ္ေတာ္သည္ နန္းေတာ္ရာကုန္း၏ အေရွ႔ေျမာက္ေထာင့္၌ရွိေသာ ေတာင္ပူစာတစ္ခုက လႊမ္းျခဳံျပဳလုပ္ထားေသာ ေနရာတစ္ခုျဖစ္သည္။ ေရွးႏွစ္ေပါင္း ရာစုမ်ားစြာကပင္ မဟာမုနိဘုရားသိမ ္ေတာ္တြင္ ဘုရားဖူးခရီးသည္မ်ား စည္ကားသုိက္ျမဳိ က္ေနေသာ ဗဟုိအခ်က္အခ်ာလည္းျဖစ္ျပီး က်ဴးေက်ာ္၀င္ေရာက္သူမ်ား လက္ေအာက္ ရခုိင္ျပည္ က်ေရာက္ျပီး ရခုိင္ျပည္သူျပည္သားမ်ား ဆင္းရဲဒုကၡခံစားခဲ႔ရေလေသာအခါ ယာယီအားျဖင့္ ဘုရားဖူးခရီးသည္မ်ား နည္းပါးမႈရွိခဲ႔ေလသည္။ မူရင္းအေဆာက္အဦး၏အႀကြင္းအက်န္ လုံး၀မရွိခဲ႔ေသာ္လည္း ယင္း၏ မူရင္းပုံစံတစ္ခ ုျဖစ္သည္ကုိ ေကာင္းကင္ဓါတ္ပုံမ်ားတြင္ ေတြ႔ျမင္ႏုိင္သည္။ ဘုရားသိမ္ေတာ္ကု ေထာင့္မွန္စတုဂံနံရံႏွစ္ဆင့္ က ၀ုိင္းရံထားရွိျပီး သိမ္ေတာ္၏အေရွ႔ဘက္ အေနာက္ဘက္ေတာင္ဘ က္ႏွင့္ ေျမာက္ဘက္တုိ႔တြင္ ၀င္ေပါက္ေလးေပါက ေဖာက္ထားျပီး အေရွ႕ဘက္၀င္ေပါက္ကုိအဓိက ၀င္ေပါက္အျဖစ္ ထားရွိသည္။ ပထမဆုံး ရင္ျပင္၏ အေရွ႕ေတာင္ေထာင့္ႏွင့္ အေရွ႕ေျမာက္ေထာင ္တုိ႔တြင္ ဗုဒရုပ္ထုေတာ္ႀကီးအား ရုိးရာဓေလ့ထုံးတ မ္းစဥ္လာမ်ားအရ ကုိယ္လက္သန္႔စင္ရန္အတြက္ အသုံးျပဳရန္ ေရကန္ႀကီးႏွစ္ခု ထားရွိပါသည္။ အိႏၵိယအေရွ႕ေျမာက္ပုိင္း “နာလႏၵ” ၌ရွိေသာ ထင္ရွားေက်ာ္ႀကားေသာ ဗုဒၶဘာသာ၀င္ဘုန္ းေတာ္ႀကီးမ်ား စုေ၀းေနထုိင္ေသာ ေနရာတစ္ခုျဖစ္ျပီး ေရွး (၆) ရာစုမွပင္ အဆင့္ဆင့္ေျပာင္းလဲ တုိးတက္လာေသာ အဓိက ဂူဘုရားေက်ာင္းေတာ္တြင္ ယခင္မူရင္းနည္းတ အနီးစပ္ဆုံး ပုံစံျဖစ္ေသာ ဘုရားေက်ာင္းေဆာင္ကုိ ေတြ႔ရွိႏုိင္ေလသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: histroyof arakan

#Unicode Version#
ဂေါတမဗုဒ္ဓ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင် တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများအရ ထေရဝါဒဗုဒ္ဓဘာသာရ ိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပ ါသည်။ စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်က သွန်းလုပ်ခဲ့သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယု ကြည်မှု ထားရှိခဲ့သည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။
အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထို င်တော်မူသော ဂေါတမမြတ်ဗုဒ္ဓသည ထိုအကြောင်းအရာကို သိရှိလာသောကြောင့် မြတ်ဗုဒ္ဓက သူ၏တပည့်သာဝက တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသည့် ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာ “ကို ဖြတ်ကျော်လာရမည် ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းေ သာခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမမြတ်ဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် မြတ်ဗုဒ္ဓ၏ ရှေးရှေးဘဝပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် မြတ်ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများ စွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လ ာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးခဲ့လေသည်။ ဤကဲ့သို့မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင်” မဟာပထဝီမြေကြီးသည် တုန်လှုပ်လာပြီး ပင်လယ်သမုဒ္ဒရာရေတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့လေသည်။” စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။

ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းအရင်းကို စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည ဂေါတမမြတ်ဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား “ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော ်”ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထို င်တော်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခ လေသည်။ မြို့တော်မှ မြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှ ုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် မြတ်ဗုဒ္ဓ၏ရုပ်ထု ကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။ နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိ သော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့် အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအဝင် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ြ ကလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ် ထည့်လိုက်သောအခါ ဂေါတမမြတ်ဗုဒ္ဓနှ စ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။
မဟာပထဝီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမမြတ်ဗုဒ္ဓသည် သူ၏သာဝက တပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလေသည်။ ယင်းအချိန်အတွင်း စန္ဒသူရိယဘုရင်မင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပခဲ့လေသည်။” ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်မျ ား ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်”ဟု အဆိုရှိခဲ့လေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည် ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော ်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။ ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခ ုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။

ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျ ူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိကဝတ်ပြုခဲ့ကြသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်ဆောက်ခဲ့ကြလေသည်။ မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ များအရ ဘုရားဖူးခရီးစဉ်တစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မ သျှစ်သောင်းဘုရားအပါအဝင် တိုင်းပြည်အနှံံံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။
၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထား သော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထား ကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတု ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကု လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာခဲ့သည်။

မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုက လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြို က်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည် ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခ ုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကု ထောင့်မှန်စတုဂံနံရံနှစ်ဆင့် က ဝိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘ က်နှင့် မြောက်ဘက်တို့တွင် ဝင်ပေါက်လေးပေါက ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ဝင်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင ်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတ မ်းစဉ်လာများအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း “နာလန္ဒ” ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန် းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit: histroyof arakan
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top