Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကိုယ္၀န္ေဆာင္မ်ား ကေလးမီးဖြားၿပီးစကို ''မီးေနသည္'' လို႔ေခၚဆိုေလ့ရွိပါတယ္။ အမ်ိဳးသမီးတစ္ ေယာက္အတြက္ ရင္ေသြးရတနာေမြးဖြားျခင္းဟာ ဂုဏ္ယူၾကည္ႏူးစရာအတိျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာဘဲ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ အာ႐ံုခံစားမႈသက္ေတာင့္သက္သာ မရွိၾကတာ ဓမၼတာပါ။

#ေမြးဖြားၿပီးေနာက္ စိတ္က်ေရာဂါ

သားဖြားၿပီးတဲ့အခါမွာ ႐ုတ္တရက္ဆိုသလို ခႏၶာကိုယ္တြင္းမွာ ဟိုမုန္းေတြႀကီးႀကီးမားမားေျပာင္းလဲ သြားတာေၾကာင့္ စိတ္မေပ်ာ္ရႊင္ျခင္း၊ စိတ္ပ်က္အားငယ္ျခင္း၊ စိတ္ကသိကေအာက္ျဖစ္ျခင္း၊ ပင္ပန္းႏြမ္းနယ္ ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ အစာစားခ်င္စိတ္မရွိျခင္း (သို႔မဟုတ္) အလြန္အကၽြံစားေသာက္လိုစိတ္ ျပင္းျပျခင္း၊ အလိုလိုေဒါသထြက္ သည္းခံခ်င္စိတ္မရွိျခင္း၊ ေနာင္တရငိုေၾကြးျခင္းစတဲ့ စိတ္က်ေရာဂါကို အနည္းနဲ႔အမ်ား ဆိုသလို ခံစားရေလ့ရွိပါတယ္။ မစိုးရိမ္ပါႏွင့္။ ရက္အနည္းငယ္အတြင္းမွာပင္ ထိုခံစားမႈေတြ ေပ်ာက္ကြယ္သြား ပါလိမ့္မယ္။ (ခင္ပြန္းနဲ႔မိသားစု၀င္မ်ားက ထိုကာလတိုေလးမွာ နားလည္ေဖးမျခင္းျဖင့္ မိခင္ႏွင့္ကေလးက်န္းမာ ေရးအတြက္ ကူညီေပးသင့္ပါတယ္)

ေမြးဖြားၿပီးေနာက္ #ရင္သားအေျခအေန

မိခင္၏က်န္းမာေရး အေျခအေနေပၚမူတည္၍ ေမြးဖြားၿပီးၿပီးခ်င္း (သို႔မဟုတ္) မၾကာမီအတြင္းမွာပင္ မိခင္ႏို႔အံုမွ ႏို႔ဦးရည္မ်ားစတင္ထြက္လာပါၿပီ။ ထိုႏို႔ဦးရည္မွာ ပ႐ိုတင္းဓာတ္အမ်ားဆံုး ပါ၀င္ေနတာေၾကာင့္ ရင္ေသြးငယ္အတြက္ ပဋိဇီ၀ေဆးသဖြယ္အစြမ္းထက္လွပါတယ္။ ေမြးဖြားၿပီးေနာက္ ၃-ရက္၄-ရက္ေလာက္ အၾကာမွာ ႏို႔ထြက္အားႏႈန္းေကာင္းလာၿပီျဖစ္ရာ ထိုအခ်ိန္မွစၿပီးႏို႔အံုေယာင္ရမ္းလာၿပီး၊ မာေက်ာလာျခင္းႏွင့္ အတူ မခံမရပ္ႏိုင္ေအာင္ နာက်င္မႈေတြပါ ဆက္တိုက္ခံစားလာရပါတယ္။ ထိုေ၀ဒနာအတြက္ သန္႔စင္တဲ့ လက္ကိုင္ပ၀ါကို ေရေႏြးေႏြးမွာစိမ္ညႇစ္၍ ႏို႔အံုကိုအသာအယာဖိေခ်ေပးျခင္း၊ ရင္သားတစ္စံုကို တစ္လွည့္စီ ကေလးငယ္အား ႀကိမ္ဖန္မ်ားစြာႏို႔တိုက္ေပးျခင္း၊ ႏို႔ရည္မလိုက္သူမ်ားအတြက္ ႏို႔ရည္စုပ္ခြက္(ကိရိယာ)ကို အသံုးျပဳ၍ ႏို႔ရည္စုပ္ထုတ္ေပးျခင္းျဖင့္ မီးေနသည္၏ နာက်င္မႈကိုေျပေပ်ာက္ေစႏိုင္မွာျဖစ္ပါတယ္။ ရက္အနည္း ငယ္အတြင္းမွာပင္ မိခင္ေရာရင္ေသြးငယ္ပါ ႏို႔ခ်ိဳတိုက္ေကၽြးမႈက်င့္သားရသြားပါလိမ့္မယ္။ မီးေနသည္ရဲ႕ရင္သား ဟာ ကိုယ္၀န္ေဆာင္တုန္းကလို တင္းတင္းရင္းရင္းမရွိႏိုင္ေတာ့ေပမယ့္ စိတ္မညစ္ပါနဲ႔။ ကေလးႏို႔ျပတ္သြားတဲ့ အခါမွာ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ ရင္သားတြဲက်မႈကိုသက္သာေစကာ မူလရင္သားအသြင္နီးပါးျပန္လည္ရယူ ႏိုင္ပါတယ္။

ေမြးဖြားၿပီးေနာက္ #၀မ္းဗိုက္အျခအေန

ကေလးမီးဖြားၿပီးခ်ိန္မွစၿပီး ၀မ္းဗိုက္ပိုင္းႏွင့္ ၀မ္းဗိုက္ေအာက္ေျခပိုင္းတို႔ဟာ ေပ်ာ့စိေနၿပီး၊ အတြန္႔ေၾက ေၾကာင္းမ်ားျဖင့္ ႐ႈံ႕တြေနတတ္ပါတယ္။ အဲဒီအတြက္လည္း စိတ္မပ်က္ပါနဲ႔။ ဗိုက္ခ်ပ္၊ ဗိုက္စည္းေတြသံုးႏိုင္ သလို၊ Past-Natal Exercise (ေခၚ) မီးေနသည္မ်ားလုပ္ရမည့္ ေလ့က်င့္ခန္းကတြဲက်ေနတဲ့ ဗိုက္ၾကြက္ သားမ်ားကို ျပန္လည္တင္းမာသန္စြမ္းလာေစမွာပါ။ ခ်ဳပ္႐ိုးအနာက်က္သြားတဲ့အခါမွာေတာ့ ဗိုက္ေၾကာျပတ္ျခင္း ကို ေျပေပ်ာက္ေစတဲ့ လိမ္းေဆးေတြလိမ္းေပးႏိုင္ပါတယ္။

ေမြးဖြားၿပီးေနာက္ #ေသြးဆင္းျခင္း

ဗိုက္မခြဲဘဲသဘာ၀နည္းျဖင့္ ေမြးဖြားသူမ်ားဟာေမြးဖြားၿပီးေနာက္ ရက္အနည္းငယ္ၾကာတဲ့အထိ ေသြး မ်ားမ်ားဆင္းေလ့ရွိပါတယ္။ ထို႔အတြက္ မစိုးထိတ္ပါႏွင့္။ သားအိမ္ဟာ ၆-ပတ္ (၄၅ ရက္ခန္႔)တာ ကာလ အတြင္း ပံုမွန္အေနအထားသုိ႔ ျပန္လည္ေရာက္ရွိလာပါလိမ့္မယ္။ ပ်မ္းမွ်ရက္သတၱပတ္ ၂-ပတ္မွ ၆-ပတ္အထိ ေသြးဆင္းတတ္ၿပီး၊ ေသြးအေရာင္ေလ်ာ့လာတာနဲ႔အမွ် ေသြးဆင္းျခင္းၿပီးဆံုးလာပါၿပီ။ ထိုသို႔ ေသြးဆင္းျခင္း အတြက္ မီးဖြားၿပီးအမ်ိဳးသမီးသံုးပစၥည္း(ေခၚ) Maternity Pad ကိုသာသံုးပါ။ ရာသီေသြးထိန္း အေတာင့္(ေခၚ) Tampons ကိုလံုး၀မသံုးပါနဲ႔။

#ေမြးလမ္းေၾကာင္းခ်ဳပ္႐ိုး

ဗိုက္မခြဲဘဲသဘာ၀နည္းျဖင့္ ေမြးဖြားသူမ်ားမွာ ေမြးလမ္းေၾကာင္းခ်ဲ႕ၿပီး ျပန္ခ်ဳပ္ရတာေၾကာင့္ ခ်ဳပ္႐ိုးကို ေျခာက္ေသြ႕သန္႔ရွင္းေအာင္ ထားေပးသင့္ပါတယ္။ ဆီးသြားခ်ိန္ ခ်ဳပ္႐ိုးကတင္းၿပီး နာလြန္းတဲ့အခါ ေရဇလံု (သို႔မဟုတ္) အင္တံုခြက္သန္႔သန္႔တစ္ခုထဲသို႔ ေရခပ္ေႏြးေႏြးထည့္ၿပီး ခ်ဳပ္႐ိုးေနရာကိုေရစိမ္ၿပီး ဒီေရထဲကို ဆီးသြားေပးပါ။ သန္႔စင္ခန္းသံုးၿပီးတိုင္း၊ ေရခ်ိဳးၿပီးတိုင္း ခ်ဳပ္႐ိုးကို ေျခာက္ေသြ႕ေအာင္ထားေပးပါ။ (အကယ္၍ ဗိုက္ခြဲေမြးထားသူမ်ားအေနျဖင့္ ဗိုက္ခ်ဳပ္႐ိုးကိုေျခာက္ေသြ႕သန္႔ရွင္းေနပါေစ)

သားဖြားၿပီးေနာက္ #ရက္သတၱပတ္ ၆-ပတ္အၾကာ

မီးေနသည္တိုင္းသားဖြားၿပီးေနာက္ ရက္သတၱပတ္၆-ပတ္အၾကာမွာ သက္ဆိုင္ရာဆရာ၀န္ႏွင့္မပ်က္ မကြက္ ျပသဖို႔လိုအပ္ပါတယ္။ ဆရာ၀န္က ေသြး၊ ဆီး၊ ရင္သား၊ ၀မ္းဗိုက္၊ ၀မ္းဗိုက္ေအာက္ပိုင္း အေနအထား မ်ား၊ ခ်ဳပ္႐ိုးအနာက်က္/မက်က္၊ သားအိမ္အရြယ္အစားႏွင့္ သားအိမ္အေနအထား ပံုမွန္အေျခအေန ျဖစ္/မျဖစ္ ကို စစ္ေဆးေပးမွာျဖစ္ပါတယ္။ မီးေနသည္၏ ႐ုပ္ပိုင္း-စိတ္ပိုင္းဆိုင္ရာေတြကို ႏွစ္သိမ့္ေဆြးေႏြးႏိုင္သလို၊ သားဆက္ျခားနည္းဆိုင္ရာ နည္းစံနစ္တို႔ျဖင့္ လိုအပ္သလို တားဆီးကာကြယ္မႈကို ခံယူထားဖို႔လိုအပ္ေနပါၿပီ။

#မူလခႏၶာကိုယ္အေနအထား ျပန္လည္ရရွိရန္
ပ်မ္းမွ်မီးေနသည္ ၁၀-ဦးမွာ၉-ဦးက ေမြးဖြားၿပီးတဲ့တိုင္ေအာင္ ကိုယ္အေလးခ်ိန္မေလ်ာ့ ဗိုက္လည္း ဆက္၍ ေဖာင္းစူေနေသးတာေၾကာင့္ ၁-လခန္႔ၾကာသည့္တိုင္ ကိုယ္၀န္ေဆာင္အကၤ်ီကို ဆက္လက္၀တ္ဆင္ ရေလ့ရွိပါတယ္။ အဲဒီအတြက္မစိုးရိမ္ပါနဲ႔။ ရက္သတၱပတ္ ၆-ပတ္ကာလေရာက္တဲ့အခါမွာ သားအိမ္ကပံုမွန္ အေနအထား ျပန္ေရာက္ရွိတာေၾကာင့္ ဗိုက္စူေဖာင္းမေနေတာ့သလို ကိုယ္အေလးခ်ိန္ကလည္း မူလအေန အထားနီးပါး ျပန္လည္ေရာက္ရွိလာေတာ့မွာပါ။ မိခင္ႏို႔ခ်ိဳတိုက္ေကၽြးစဥ္ ကာလျဖစ္တာေၾကာင့္ ပိန္ခ်င္လို၍ အစာေလ်ာ့စား ေရြးခ်ယ္စားျခင္းမ်ိဳးေတြ မလုပ္သင့္ပါဘူး။ မိခင္ႏွင့္ကေလးအတြက္ အာဟာရျပည့္၀တဲ့ အစား မ်ားစားျခင္း၊ အႏၲရာယ္ျဖစ္ေစႏိုင္မည့္ အစာမ်ားေရွာင္ျခင္း၊ ါေ် ပါတဲ့အခ်ိဳရည္မ်ား ေရွာင္ျခင္းျဖင့္ စားေသာက္ နည္းမွန္ကန္ပါေစ။ ရင္ေသြးငယ္ႏို႔မျပတ္ခင္မွာ ပံုမွန္ေလ့က်င့္ခန္း ေပါ့ေပါ့ပါးပါးေလးေတြလုပ္ႏိုင္သလို ႏို႔ျပတ္ ၿပီးတဲ့အခါမွာေတာ့ လိုအပ္သလို ကိုယ္ကာယေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ တစ္သားေမြးတစ္ေသြးလွဆိုသလို က်န္းမာႏုပ်ိဳေစမည္ျဖစ္ပါေၾကာင္း…..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ကိုယ်ဝန်ဆောင်များ ကလေးမီးဖွားပြီးစကို ''မီးနေသည်'' လို့ခေါ်ဆိုလေ့ရှိပါတယ်။ အမျိုးသမီးတစ် ယောက်အတွက် ရင်သွေးရတနာမွေးဖွားခြင်းဟာ ဂုဏ်ယူကြည်နူးစရာအတိဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အာရုံခံစားမှုသက်တောင့်သက်သာ မရှိကြတာ ဓမ္မတာပါ။

#မွေးဖွားပြီးနောက် စိတ်ကျရောဂါ

သားဖွားပြီးတဲ့အခါမှာ ရုတ်တရက်ဆိုသလို ခန္ဓာကိုယ်တွင်းမှာ ဟိုမုန်းတွေကြီးကြီးမားမားပြောင်းလဲ သွားတာကြောင့် စိတ်မပျော်ရွှင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ အိပ်မပျော်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း (သို့မဟုတ်) အလွန်အကျွံစားသောက်လိုစိတ် ပြင်းပြခြင်း၊ အလိုလိုဒေါသထွက် သည်းခံချင်စိတ်မရှိခြင်း၊ နောင်တရငိုကြွေးခြင်းစတဲ့ စိတ်ကျရောဂါကို အနည်းနဲ့အများ ဆိုသလို ခံစားရလေ့ရှိပါတယ်။ မစိုးရိမ်ပါနှင့်။ ရက်အနည်းငယ်အတွင်းမှာပင် ထိုခံစားမှုတွေ ပျောက်ကွယ်သွား ပါလိမ့်မယ်။ (ခင်ပွန်းနဲ့မိသားစုဝင်များက ထိုကာလတိုလေးမှာ နားလည်ဖေးမခြင်းဖြင့် မိခင်နှင့်ကလေးကျန်းမာ ရေးအတွက် ကူညီပေးသင့်ပါတယ်)

မွေးဖွားပြီးနောက် #ရင်သားအခြေအနေ

မိခင်၏ကျန်းမာရေး အခြေအနေပေါ်မူတည်၍ မွေးဖွားပြီးပြီးချင်း (သို့မဟုတ်) မကြာမီအတွင်းမှာပင် မိခင်နို့အုံမှ နို့ဦးရည်များစတင်ထွက်လာပါပြီ။ ထိုနို့ဦးရည်မှာ ပရိုတင်းဓာတ်အများဆုံး ပါဝင်နေတာကြောင့် ရင်သွေးငယ်အတွက် ပဋိဇီဝဆေးသဖွယ်အစွမ်းထက်လှပါတယ်။ မွေးဖွားပြီးနောက် ၃-ရက်၄-ရက်လောက် အကြာမှာ နို့ထွက်အားနှုန်းကောင်းလာပြီဖြစ်ရာ ထိုအချိန်မှစပြီးနို့အုံယောင်ရမ်းလာပြီး၊ မာကျောလာခြင်းနှင့် အတူ မခံမရပ်နိုင်အောင် နာကျင်မှုတွေပါ ဆက်တိုက်ခံစားလာရပါတယ်။ ထိုဝေဒနာအတွက် သန့်စင်တဲ့ လက်ကိုင်ပဝါကို ရေနွေးနွေးမှာစိမ်ညှစ်၍ နို့အုံကိုအသာအယာဖိချေပေးခြင်း၊ ရင်သားတစ်စုံကို တစ်လှည့်စီ ကလေးငယ်အား ကြိမ်ဖန်များစွာနို့တိုက်ပေးခြင်း၊ နို့ရည်မလိုက်သူများအတွက် နို့ရည်စုပ်ခွက်(ကိရိယာ)ကို အသုံးပြု၍ နို့ရည်စုပ်ထုတ်ပေးခြင်းဖြင့် မီးနေသည်၏ နာကျင်မှုကိုပြေပျောက်စေနိုင်မှာဖြစ်ပါတယ်။ ရက်အနည်း ငယ်အတွင်းမှာပင် မိခင်ရောရင်သွေးငယ်ပါ နို့ချိုတိုက်ကျွေးမှုကျင့်သားရသွားပါလိမ့်မယ်။ မီးနေသည်ရဲ့ရင်သား ဟာ ကိုယ်ဝန်ဆောင်တုန်းကလို တင်းတင်းရင်းရင်းမရှိနိုင်တော့ပေမယ့် စိတ်မညစ်ပါနဲ့။ ကလေးနို့ပြတ်သွားတဲ့ အခါမှာ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရင်သားတွဲကျမှုကိုသက်သာစေကာ မူလရင်သားအသွင်နီးပါးပြန်လည်ရယူ နိုင်ပါတယ်။

မွေးဖွားပြီးနောက် #ဝမ်းဗိုက်အခြအနေ

ကလေးမီးဖွားပြီးချိန်မှစပြီး ဝမ်းဗိုက်ပိုင်းနှင့် ဝမ်းဗိုက်အောက်ခြေပိုင်းတို့ဟာ ပျော့စိနေပြီး၊ အတွန့်ကြေ ကြောင်းများဖြင့် ရှုံ့တွနေတတ်ပါတယ်။ အဲဒီအတွက်လည်း စိတ်မပျက်ပါနဲ့။ ဗိုက်ချပ်၊ ဗိုက်စည်းတွေသုံးနိုင် သလို၊ Past-Natal Exercise (ခေါ်) မီးနေသည်များလုပ်ရမည့် လေ့ကျင့်ခန်းကတွဲကျနေတဲ့ ဗိုက်ကြွက် သားများကို ပြန်လည်တင်းမာသန်စွမ်းလာစေမှာပါ။ ချုပ်ရိုးအနာကျက်သွားတဲ့အခါမှာတော့ ဗိုက်ကြောပြတ်ခြင်း ကို ပြေပျောက်စေတဲ့ လိမ်းဆေးတွေလိမ်းပေးနိုင်ပါတယ်။

မွေးဖွားပြီးနောက် #သွေးဆင်းခြင်း

ဗိုက်မခွဲဘဲသဘာဝနည်းဖြင့် မွေးဖွားသူများဟာမွေးဖွားပြီးနောက် ရက်အနည်းငယ်ကြာတဲ့အထိ သွေး များများဆင်းလေ့ရှိပါတယ်။ ထို့အတွက် မစိုးထိတ်ပါနှင့်။ သားအိမ်ဟာ ၆-ပတ် (၄၅ ရက်ခန့်)တာ ကာလ အတွင်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ ပျမ်းမျှရက်သတ္တပတ် ၂-ပတ်မှ ၆-ပတ်အထိ သွေးဆင်းတတ်ပြီး၊ သွေးအရောင်လျော့လာတာနဲ့အမျှ သွေးဆင်းခြင်းပြီးဆုံးလာပါပြီ။ ထိုသို့ သွေးဆင်းခြင်း အတွက် မီးဖွားပြီးအမျိုးသမီးသုံးပစ္စည်း(ခေါ်) Maternity Pad ကိုသာသုံးပါ။ ရာသီသွေးထိန်း အတောင့်(ခေါ်) Tampons ကိုလုံးဝမသုံးပါနဲ့။

#မွေးလမ်းကြောင်းချုပ်ရိုး

ဗိုက်မခွဲဘဲသဘာဝနည်းဖြင့် မွေးဖွားသူများမှာ မွေးလမ်းကြောင်းချဲ့ပြီး ပြန်ချုပ်ရတာကြောင့် ချုပ်ရိုးကို ခြောက်သွေ့သန့်ရှင်းအောင် ထားပေးသင့်ပါတယ်။ ဆီးသွားချိန် ချုပ်ရိုးကတင်းပြီး နာလွန်းတဲ့အခါ ရေဇလုံ (သို့မဟုတ်) အင်တုံခွက်သန့်သန့်တစ်ခုထဲသို့ ရေခပ်နွေးနွေးထည့်ပြီး ချုပ်ရိုးနေရာကိုရေစိမ်ပြီး ဒီရေထဲကို ဆီးသွားပေးပါ။ သန့်စင်ခန်းသုံးပြီးတိုင်း၊ ရေချိုးပြီးတိုင်း ချုပ်ရိုးကို ခြောက်သွေ့အောင်ထားပေးပါ။ (အကယ်၍ ဗိုက်ခွဲမွေးထားသူများအနေဖြင့် ဗိုက်ချုပ်ရိုးကိုခြောက်သွေ့သန့်ရှင်းနေပါစေ)

သားဖွားပြီးနောက် #ရက်သတ္တပတ် ၆-ပတ်အကြာ

မီးနေသည်တိုင်းသားဖွားပြီးနောက် ရက်သတ္တပတ်၆-ပတ်အကြာမှာ သက်ဆိုင်ရာဆရာဝန်နှင့်မပျက် မကွက် ပြသဖို့လိုအပ်ပါတယ်။ ဆရာဝန်က သွေး၊ ဆီး၊ ရင်သား၊ ဝမ်းဗိုက်၊ ဝမ်းဗိုက်အောက်ပိုင်း အနေအထား များ၊ ချုပ်ရိုးအနာကျက်/မကျက်၊ သားအိမ်အရွယ်အစားနှင့် သားအိမ်အနေအထား ပုံမှန်အခြေအနေ ဖြစ်/မဖြစ် ကို စစ်ဆေးပေးမှာဖြစ်ပါတယ်။ မီးနေသည်၏ ရုပ်ပိုင်း-စိတ်ပိုင်းဆိုင်ရာတွေကို နှစ်သိမ့်ဆွေးနွေးနိုင်သလို၊ သားဆက်ခြားနည်းဆိုင်ရာ နည်းစံနစ်တို့ဖြင့် လိုအပ်သလို တားဆီးကာကွယ်မှုကို ခံယူထားဖို့လိုအပ်နေပါပြီ။

#မူလခန္ဓာကိုယ်အနေအထား ပြန်လည်ရရှိရန်
ပျမ်းမျှမီးနေသည် ၁၀-ဦးမှာ၉-ဦးက မွေးဖွားပြီးတဲ့တိုင်အောင် ကိုယ်အလေးချိန်မလျော့ ဗိုက်လည်း ဆက်၍ ဖောင်းစူနေသေးတာကြောင့် ၁-လခန့်ကြာသည့်တိုင် ကိုယ်ဝန်ဆောင်အင်္ကျီကို ဆက်လက်ဝတ်ဆင် ရလေ့ရှိပါတယ်။ အဲဒီအတွက်မစိုးရိမ်ပါနဲ့။ ရက်သတ္တပတ် ၆-ပတ်ကာလရောက်တဲ့အခါမှာ သားအိမ်ကပုံမှန် အနေအထား ပြန်ရောက်ရှိတာကြောင့် ဗိုက်စူဖောင်းမနေတော့သလို ကိုယ်အလေးချိန်ကလည်း မူလအနေ အထားနီးပါး ပြန်လည်ရောက်ရှိလာတော့မှာပါ။ မိခင်နို့ချိုတိုက်ကျွေးစဉ် ကာလဖြစ်တာကြောင့် ပိန်ချင်လို၍ အစာလျော့စား ရွေးချယ်စားခြင်းမျိုးတွေ မလုပ်သင့်ပါဘူး။ မိခင်နှင့်ကလေးအတွက် အာဟာရပြည့်ဝတဲ့ အစား များစားခြင်း၊ အန္တရာယ်ဖြစ်စေနိုင်မည့် အစာများရှောင်ခြင်း၊ ါေျ ပါတဲ့အချိုရည်များ ရှောင်ခြင်းဖြင့် စားသောက် နည်းမှန်ကန်ပါစေ။ ရင်သွေးငယ်နို့မပြတ်ခင်မှာ ပုံမှန်လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေးတွေလုပ်နိုင်သလို နို့ပြတ် ပြီးတဲ့အခါမှာတော့ လိုအပ်သလို ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်သားမွေးတစ်သွေးလှဆိုသလို ကျန်းမာနုပျိုစေမည်ဖြစ်ပါကြောင်း…..။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top