ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ရန္ကုန္-ဒလတံတားစီမံကိန္း ခ်ဥ္းကပ္လမ္းဧရိယာအတြင္းပါ၀င္ေသာ လမ္းေဘး၀ဲယာအခ်ိဳ႕ကို ေတြ႕ရစဥ္
ရန္ကုန္-ဒလတံတားစီမံကိန္းအတြက္ ဒလဘက္ျခမ္းရွိ အ ေဆာက္အအံုအခ်ိဳ႕ကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက စတင္ ဖယ္ရွားေနၿပီျဖစ္ေၾကာင္း ေဒသခံ မ်ားက ေျပာသည္။
အစိုးရအေဆာက္အအံုမ်ား ျဖစ္သည့္ ေက်ာင္းမ်ားကို စက္ တင္ဘာ ၁၉ ရက္တြင္ စတင္ၿဖိဳ ဖ်က္ရန္စီစဥ္ခဲ့ၿပီး ဘာသာေရးအေဆာက္အအံုမ်ားကို ၿဖိဳဖ်က္ရန္ စက္တင္ဘာ ၂၀ ရက္က လာေရာက္အေၾကာင္းၾကားေၾကာင္း ဒလၿမိဳ႕နယ္ ကမာကဆစ္ရပ္ကြက္ ေနေဒသခံမ်ားကေျပာသည္။

‘‘တံတားစီမံကိန္းမွာ ဘုန္းႀကီးေက်ာင္းေျမ တစ္ဝက္နီးပါးပါလို႔ မပါတဲ့ဘက္ျခမ္းမွာ ေက်ာင္းကို အသစ္ေဆာက္ေပးၿပီးၿပီ။ ဧရိ ယာထဲ ပါသြားတဲ့ေျမအတြက္ ေျမအစားထိုးဖို႔ပဲ က်န္ေတာ့တယ္။ ဒီတံတားႀကီးျဖစ္ဖို႔ အကုန္လံုး လိုက္ေလ်ာထားတာ။ ဖ်က္ဖို႔က အဆင္သင့္ပါပဲ’’ဟု ကမာကဆစ္ အေနာက္ေက်ာင္းတုိက္ဆရာေတာ္ ဦးဧသိကမိန္႔ၾကားသည္။

ကမာကဆစ္ရပ္ကြက္မွ ေဒၚခင္ေဌးဝင္းကလည္း ေျမယာ ေလ်ာ္ေၾကးလက္ခံၿပီးျဖစ္ေသာ ေၾကာင့္ ေနရာဖယ္ေပးရန္ အဆင္သင့္ျဖစ္ေနေသာ္လည္း လက္ရွိ တြင္ အစိုးရအေဆာက္အအံုမ်ား သာ ဖယ္ရွားေနေၾကာင္း ေျပာ ၾကားသည္။

‘‘ဘာမွေတာ့ အေၾကာင္း မၾကားေသးဘူး။ ေလ်ာ္ေၾကးက ထိုက္ထိုက္တန္တန္ထားေတာ့ အကုန္လံုး ေက်နပ္ၾကပါတယ္’’ ဟု ၎က ေျပာသည္။

ရန္ကုန္-ဒလတံတားစီမံ ကိန္းႏွင့္ပတ္သက္၍ ေအာက္တုိ ဘာအတြင္း ကိုရီးယားႏွင့္ ေဆာက္လုပ္ေရးဆုိင္ရာ စာခ်ဳပ္ မ်ား ခ်ဳပ္ဆုိမည္ျဖစ္ကာ ဒီဇင္ဘာ တြင္ စီမံကိန္းတည္ေဆာက္လုပ္ ကိုင္လိုသည့္ ကုမၸဏီကို တင္ဒါ ေခၚယူရန္ ေဆာက္လုပ္ေရးဝန္ ႀကီးဌာနက ရည္ရြယ္ထားသည္။

‘‘လက္ရွိအခ်ိန္ထိေတာ့ ကိုရီးယားနဲ႔ ေခ်းေငြကိစၥ လက္ မွတ္မထိုးရေသးဘူး’’ဟု ေဆာက္ လုပ္ေရးဝန္ႀကီးဌာန ဒုတိယအၿမဲ တမ္းအတြင္းဝန္ ဦးေဇာ္မင္းသိမ္း က ေျပာသည္။

တံတားစီမံကိန္းကို ၂၀၁၈ ႏွစ္ဆန္းတြင္ စတင္မည္ျဖစ္ၿပီး တံတားတည္ေဆာက္ရန္ ခန္႔မွန္း ကုန္က်စရိတ္ ကန္ေဒၚလာ ၁၆၈ ဒသမ ၁၇၄ သန္းျဖစ္ကာ ကိုရီး ယားသမၼတႏုိင္ငံ၏ စီးပြားဖြံ႕ၿဖိဳးမႈ ပူးေပါင္းေဆာင္ရြက္ေရး ရန္ပံုေငြ EDCF Loan ေခ်းေငြျဖင့္ တည္ ေဆာက္မည္ျဖစ္သည္။

EDCF Loan ေခ်းေငြသည္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးသေဘာအ ရ ေပးအပ္ေသာ ေခ်းေငြအမ်ိဳးအ စားတြင္ ပါဝင္ၿပီး ႏွစ္ရွည္အတိုး ႏႈန္းသက္သာစြာျဖင့္ ျပန္လည္ ေပးဆပ္ရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရန်ကုန်-ဒလတံတားစီမံကိန်းအတွက် ဒလဘက်ခြမ်းရှိ အ ဆောက်အအုံအချို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စတင် ဖယ်ရှားနေပြီဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
အစိုးရအဆောက်အအုံများ ဖြစ်သည့် ကျောင်းများကို စက် တင်ဘာ ၁၉ ရက်တွင် စတင်ဖြို ဖျက်ရန်စီစဉ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံများကို ဖြိုဖျက်ရန် စက်တင်ဘာ ၂၀ ရက်က လာရောက်အကြောင်းကြားကြောင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် နေဒေသခံများကပြောသည်။

‘‘တံတားစီမံကိန်းမှာ ဘုန်းကြီးကျောင်းမြေ တစ်ဝက်နီးပါးပါလို့ မပါတဲ့ဘက်ခြမ်းမှာ ကျောင်းကို အသစ်ဆောက်ပေးပြီးပြီ။ ဧရိ ယာထဲ ပါသွားတဲ့မြေအတွက် မြေအစားထိုးဖို့ပဲ ကျန်တော့တယ်။ ဒီတံတားကြီးဖြစ်ဖို့ အကုန်လုံး လိုက်လျောထားတာ။ ဖျက်ဖို့က အဆင်သင့်ပါပဲ’’ဟု ကမာကဆစ် အနောက်ကျောင်းတိုက်ဆရာတော် ဦးဧသိကမိန့်ကြားသည်။

ကမာကဆစ်ရပ်ကွက်မှ ဒေါ်ခင်ဌေးဝင်းကလည်း မြေယာ လျော်ကြေးလက်ခံပြီးဖြစ်သော ကြောင့် နေရာဖယ်ပေးရန် အဆင်သင့်ဖြစ်နေသော်လည်း လက်ရှိ တွင် အစိုးရအဆောက်အအုံများ သာ ဖယ်ရှားနေကြောင်း ပြော ကြားသည်။

‘‘ဘာမှတော့ အကြောင်း မကြားသေးဘူး။ လျော်ကြေးက ထိုက်ထိုက်တန်တန်ထားတော့ အကုန်လုံး ကျေနပ်ကြပါတယ်’’ ဟု ၎င်းက ပြောသည်။

ရန်ကုန်-ဒလတံတားစီမံ ကိန်းနှင့်ပတ်သက်၍ အောက်တို ဘာအတွင်း ကိုရီးယားနှင့် ဆောက်လုပ်ရေးဆိုင်ရာ စာချုပ် များ ချုပ်ဆိုမည်ဖြစ်ကာ ဒီဇင်ဘာ တွင် စီမံကိန်းတည်ဆောက်လုပ် ကိုင်လိုသည့် ကုမ္ပဏီကို တင်ဒါ ခေါ်ယူရန် ဆောက်လုပ်ရေးဝန် ကြီးဌာနက ရည်ရွယ်ထားသည်။

‘‘လက်ရှိအချိန်ထိတော့ ကိုရီးယားနဲ့ ချေးငွေကိစ္စ လက် မှတ်မထိုးရသေးဘူး’’ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးဇော်မင်းသိမ်း က ပြောသည်။

တံတားစီမံကိန်းကို ၂၀၁၈ နှစ်ဆန်းတွင် စတင်မည်ဖြစ်ပြီး တံတားတည်ဆောက်ရန် ခန့်မှန်း ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြစ်ကာ ကိုရီး ယားသမ္မတနိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan ချေးငွေဖြင့် တည် ဆောက်မည်ဖြစ်သည်။

EDCF Loan ချေးငွေသည် နှစ်နိုင်ငံ ချစ်ကြည်ရေးသဘောအ ရ ပေးအပ်သော ချေးငွေအမျိုးအ စားတွင် ပါဝင်ပြီး နှစ်ရှည်အတိုး နှုန်းသက်သာစွာဖြင့် ပြန်လည် ပေးဆပ်ရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top