Golden City Promotion
×

ဒီတစ္ခါေတာ့ မက္ေဆ့ကေန အေမးမ်ားၾကတဲ့ အမ်ိဳးသားမ်ားအတြက္ သီးသန့္ေဆးနည္းတစ္ခုကို ရွာေဖြျပီး မွ်ေ၀ေပးလိုက္ပါတယ္။ သက္ၾကီးရြယ္အိုမ်ား၊ အမ်ိဳးသမီးမ်ားကေတာ့ ခဏသည္းခံေပးၾကပါ။ က်န္းမာေရးဗဟုသုတလို့ သေဘာထားေပးပါ။

အားအင္ကုန္ခမ္းျပီး စိတ္မရႊင္လန္းတဲ့ အမ်ိဳးသားမ်ား အမ်ားအျပားရွိေနတာကို ေတြ့ရပါတယ္။ ေဆးနည္းကို ေတာင္းလာၾကတဲ့သူလည္း မ်ားျပားေနပါတယ္။

အခုပံုထဲမွာ ျမင္ရတဲ့အပင္ကို အဂၤလိပ္လို Argemone Mexicana လို့ ေခၚပါတယ္။ ေဆးဖက္၀င္တဲ့ အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ျမန္မာလို ခရာပင္လို့ေခၚျပီး ပင္လယ္နဲ့ နီးတဲ့ေနရာ၊ ေခ်ာင္းရိုး၊ ေျမာင္းရိုးမ်ားမွာ ေပါက္တတ္ၾကပါတယ္။ ဆူးကေလးေတြ ပါတယ္။

ေဆးနည္း

(၁) ခရာပင္၏ ပဥၥငါးပါးစလံုးကို ေျမမွဳန့္မ်ား၊ ေရငံဓါတ္မ်ား စင္ၾကယ္သြားသည့္အထိ အထပ္ထပ္ ေဆးေၾကာပါ။

(၂) ျပီးလွ်င္ ျပဳတ္ရလြယ္ေအာင္ အပိုင္းပိုင္း ခုတ္ျဖတ္ပါ။

(၃) ေျမအိုး သို့ ရိုးရိုးအိုးထဲကို ထည့္၊ ေရထည့္ျပီး က်ိဳပါ။

(၄) စမံုမ်ိဳးငါးပါးကို ေထာင္းျပီးထည့္ပါ။ (ပရေဆးဆိုင္မွာ ေမး၀ယ္ပါ)

(၅) ေရထက္၀က္က်န္သည့္အထိ က်ိဳပါ။

(၆) ေအာက္ခ်၊ အေအးခံျပီး အရည္ကို စစ္ယူပါ။

(၇) တစ္ခါေသာက္စာ လက္ဖက္ရည္ပန္းကန္လံုးခန့္ကို ဒိုဘာလာ သဘာ၀သၾကားခဲ ေသာက္ႏိုင္ရံု သင့္ေတာ္သေလာက္ ထည့္၍ မနက္၊ ည တစ္ေန့ ၂ ခြက္ ေသာက္ပါ။

ကုန္ခမ္းသြားေသာ အမ်ိဳးသားအားအင္မ်ား ျပန္လည္ျပည့္၀လာမည္။ စိတ္ရႊင္လန္းလာေစမည္။

က်န္းမာေရးရွဳေထာင့္ျဖင့္ ေရးသားမွ်ေ၀ေပးလိုက္ပါတယ္။ အိမ္ေထာင္မွဳသုချပည့္၀၍ သာယာေပ်ာ္ရႊင္ႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေစာႏြဲ ့ေနဆိုင္ (ပူတာအို)
ကိုးကား – သဘာ၀ေဆးစြမ္းေကာင္းမ်ား

# Unicode Version #
ဒီတစ်ခါတော့ မက်ဆေ့ကနေ အမေးများကြတဲ့ အမျိုးသားများအတွက် သီးသန့်ဆေးနည်းတစ်ခုကို ရှာဖွေပြီး မျှဝေပေးလိုက်ပါတယ်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများကတော့ ခဏသည်းခံပေးကြပါ။ ကျန်းမာရေးဗဟုသုတလို့ သဘောထားပေးပါ။

အားအင်ကုန်ခမ်းပြီး စိတ်မရွှင်လန်းတဲ့ အမျိုးသားများ အများအပြားရှိနေတာကို တွေ့ရပါတယ်။ ဆေးနည်းကို တောင်းလာကြတဲ့သူလည်း များပြားနေပါတယ်။

အခုပုံထဲမှာ မြင်ရတဲ့အပင်ကို အင်္ဂလိပ်လို Argemone Mexicana လို့ ခေါ်ပါတယ်။ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာလို ခရာပင်လို့ခေါ်ပြီး ပင်လယ်နဲ့ နီးတဲ့နေရာ၊ ချောင်းရိုး၊ မြောင်းရိုးများမှာ ပေါက်တတ်ကြပါတယ်။ ဆူးကလေးတွေ ပါတယ်။

ဆေးနည်း

(၁) ခရာပင်၏ ပဉ္စငါးပါးစလုံးကို မြေမှုန့်များ၊ ရေငံဓါတ်များ စင်ကြယ်သွားသည့်အထိ အထပ်ထပ် ဆေးကြောပါ။

(၂) ပြီးလျှင် ပြုတ်ရလွယ်အောင် အပိုင်းပိုင်း ခုတ်ဖြတ်ပါ။

(၃) မြေအိုး သို့ ရိုးရိုးအိုးထဲကို ထည့်၊ ရေထည့်ပြီး ကျိုပါ။

(၄) စမုံမျိုးငါးပါးကို ထောင်းပြီးထည့်ပါ။ (ပရဆေးဆိုင်မှာ မေးဝယ်ပါ)

(၅) ရေထက်ဝက်ကျန်သည့်အထိ ကျိုပါ။

(၆) အောက်ချ၊ အအေးခံပြီး အရည်ကို စစ်ယူပါ။

(၇) တစ်ခါသောက်စာ လက်ဖက်ရည်ပန်းကန်လုံးခန့်ကို ဒိုဘာလာ သဘာဝသကြားခဲ သောက်နိုင်ရုံ သင့်တော်သလောက် ထည့်၍ မနက်၊ ည တစ်နေ့ ၂ ခွက် သောက်ပါ။

ကုန်ခမ်းသွားသော အမျိုးသားအားအင်များ ပြန်လည်ပြည့်ဝလာမည်။ စိတ်ရွှင်လန်းလာစေမည်။

ကျန်းမာရေးရှုထောင့်ဖြင့် ရေးသားမျှဝေပေးလိုက်ပါတယ်။ အိမ်ထောင်မှုသုခပြည့်ဝ၍ သာယာပျော်ရွှင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား – သဘာဝဆေးစွမ်းကောင်းများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top