Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဟာက္တာက ျဖစ္ေလ့ျဖစ္ထရွိတဲ့ အမူအက်င့္တစ္ခုျဖစ္ၿပီး ညအိပ္ရတာကို ပိုခက္ခဲေစပါတယ္။ တခ်ိဳ႕ လူေတြက တိုးတိုးေလးဘဲ ေဟာက္တတ္ေပမယ့္ တခ်ိဳ႕က ေဟာက္သံအရမ္းက်ယ္ပါတယ္။ ဒါေၾကာင့္ တျခားသူေတြကိုလည္း အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

ေဟာက္တာကို ဘယ္လိုရပ္တန္႔ေအာင္လုပ္မလဲ

ေဟာက္တယ္ဆိုတာဟာ အသက္ရွဴလိုက္တဲ့အခါမွာ ၀င္လာတဲ့ေလက လည္ေခ်ာင္းထဲမွာရွိတဲ့ တစ္ရွဴးေလးေတြကို ျဖတ္သန္းသြားတဲ့အခါ တုန္ခါမႈျဖစ္ေစၿပီး ဒီလိုအသံေတြ ထြက္လာတာပါ။

အက်ိတ္အခၽြဲေတြ၊ တစ္ရွဴးေတြ ႀကီးေနတာ၊ ေရာင္ရမ္းတာေတြေၾကာင့္ အသက္ရွဴလမ္းေၾကာင္းကို က်ဥ္းေစၿပီး ေလခၽြန္သံလိုလို အသံေတြ ထြက္ေနရတာပါ။

ေဟာက္တာသက္သာေစဖို႔

ပါ၀င္ပစၥည္းမ်ား

    သံပုရာသီး ၁လံုးရဲ႕ ၄ ပံု ၁ပံု
    ဂ်င္း ၂ လက္မ
    ပန္းသီး ၂လံုး
    မုန္လာဥနီ ၂လံုး

ျပဳလုပ္နည္း

ပါ၀င္္ပစၥည္းအားလံုးကို ေရေဆးပါ။ ဂ်င္းေတြကို ေသးေသးေလးေတြစိတ္ပါ။ အသီးေတြအားလံုးကို လွီးပါ။ ပန္းသီးရဲ႕ အလည္အူတိုင္နဲ႔ သံပုရာသီးရဲ႕ အေစ့ေတြကို ဖယ္ရွားပါ။ အားလံုးကို ေဖ်ာ္စက္ထဲထည့္ေဖ်ာ္ပါ။ ၿပီးရင္ ေသာက္လို႔ရပါၿပီ။ အရသာက အရမ္းျပင္းေနရင္ ပ်ားရည္တစ္ဇြန္းထည့္ၿပီး ေသာက္ပါ။

သံပုရာသီး

သံပုရာသီးမွာ အက္ဆစ္ဓာတ္ပါတာေၾကာင့္ ခ်ဥ္တူးေနေပမယ့္ သူ႔မွာ အက်ိအခၽြဲေတြကို ဖယ္ရွားႏိုင္ၿပီး အသက္ရွဴလမ္းေၾကာင္းကို က်ယ္ေအာင္ျပဳလုပ္ေပးႏိုင္ပါတယ္။

ဂ်င္း

ဂ်င္းမွာ ဗားရက္စ္ေတြ ဘက္တီးရီးယားေတြကို ဖယ္ရွားတိုက္ဖ်က္ႏိုင္စြမ္းရွိတာေၾကာင့္ အေအးမိ၊ တုပ္ေကြးေၾကာင့္ျဖစ္လာတဲ့ အသက္ရွဴလမ္းေၾကာင္းက အက်ိအခြ်ဲေတြကို ေလ်ွာ့ခ်ေပးႏိုင္ပါတယ္။

ပန္းသီး

ပန္းသီးကို ေန႔တိုင္းစားရင္ လည္ေခ်ာင္းကို ရွင္းေစၿပီး ေဟာက္တာကို သက္သာေစပါတယ္။

မုန္လာဥနီ

မုန္လာဥနီမွာ ဗီတာမင္ ေအဓာတ္ပါ၀င္တာေၾကာင့္ အသက္ရွဴလမ္းေၾကာင္းထဲက အက်ိအခြ်ဲေတြ၊ တစ္ရွဴးေတြ ေရာင္ေနတာကို သက္သာေစပါတယ္။ အဲ့ဒီအျပင္ ဗီတာမင္စီ နဲ႔ E တုိ႔ပါ၀င္တာေၾကာင့္ အဆုတ္ကင္ဆာနဲ႔ အသက္ရွဴလမ္းေၾကာင္းပိုး၀င္တာေတြကို ကာကြယ္ေပးပါတယ္။

သင္ဟာ ေဟာက္သံက်ယ္က်ယ္ေဟာက္တတ္သူဆိုရင္ ညမအိပ္ခင္မွာ ေရေႏြးနဲ႔ ေရခ်ိဳးၿပီး ေရမ်ားမ်ားေသာက္ဖို႔ လိုအပ္ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: My food myanmar

#Unicode Version#
ဟောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တစ်ခုဖြစ်ပြီး ညအိပ်ရတာကို ပိုခက်ခဲစေပါတယ်။ တချို့ လူတွေက တိုးတိုးလေးဘဲ ဟောက်တတ်ပေမယ့် တချို့က ဟောက်သံအရမ်းကျယ်ပါတယ်။ ဒါကြောင့် တခြားသူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

ဟောက်တာကို ဘယ်လိုရပ်တန့်အောင်လုပ်မလဲ

ဟောက်တယ်ဆိုတာဟာ အသက်ရှူလိုက်တဲ့အခါမှာ ဝင်လာတဲ့လေက လည်ချောင်းထဲမှာရှိတဲ့ တစ်ရှူးလေးတွေကို ဖြတ်သန်းသွားတဲ့အခါ တုန်ခါမှုဖြစ်စေပြီး ဒီလိုအသံတွေ ထွက်လာတာပါ။

အကျိတ်အချွဲတွေ၊ တစ်ရှူးတွေ ကြီးနေတာ၊ ရောင်ရမ်းတာတွေကြောင့် အသက်ရှူလမ်းကြောင်းကို ကျဉ်းစေပြီး လေချွန်သံလိုလို အသံတွေ ထွက်နေရတာပါ။

ဟောက်တာသက်သာစေဖို့

ပါဝင်ပစ္စည်းများ

    သံပုရာသီး ၁လုံးရဲ့ ၄ ပုံ ၁ပုံ
    ဂျင်း ၂ လက်မ
    ပန်းသီး ၂လုံး
    မုန်လာဥနီ ၂လုံး

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ရေဆေးပါ။ ဂျင်းတွေကို သေးသေးလေးတွေစိတ်ပါ။ အသီးတွေအားလုံးကို လှီးပါ။ ပန်းသီးရဲ့ အလည်အူတိုင်နဲ့ သံပုရာသီးရဲ့ အစေ့တွေကို ဖယ်ရှားပါ။ အားလုံးကို ဖျော်စက်ထဲထည့်ဖျော်ပါ။ ပြီးရင် သောက်လို့ရပါပြီ။ အရသာက အရမ်းပြင်းနေရင် ပျားရည်တစ်ဇွန်းထည့်ပြီး သောက်ပါ။

သံပုရာသီး

သံပုရာသီးမှာ အက်ဆစ်ဓာတ်ပါတာကြောင့် ချဉ်တူးနေပေမယ့် သူ့မှာ အကျိအချွဲတွေကို ဖယ်ရှားနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ကျယ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။

ဂျင်း

ဂျင်းမှာ ဗားရက်စ်တွေ ဘက်တီးရီးယားတွေကို ဖယ်ရှားတိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် အအေးမိ၊ တုပ်ကွေးကြောင့်ဖြစ်လာတဲ့ အသက်ရှူလမ်းကြောင်းက အကျိအချွဲတွေကို လျှော့ချပေးနိုင်ပါတယ်။

ပန်းသီး

ပန်းသီးကို နေ့တိုင်းစားရင် လည်ချောင်းကို ရှင်းစေပြီး ဟောက်တာကို သက်သာစေပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင် အေဓာတ်ပါဝင်တာကြောင့် အသက်ရှူလမ်းကြောင်းထဲက အကျိအချွဲတွေ၊ တစ်ရှူးတွေ ရောင်နေတာကို သက်သာစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင်စီ နဲ့ E တို့ပါဝင်တာကြောင့် အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေကို ကာကွယ်ပေးပါတယ်။

သင်ဟာ ဟောက်သံကျယ်ကျယ်ဟောက်တတ်သူဆိုရင် ညမအိပ်ခင်မှာ ရေနွေးနဲ့ ရေချိုးပြီး ရေများများသောက်ဖို့ လိုအပ်ပါတယ်


ဖိုးသူတော် (www.phothutaw.com)
Credit: My food myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top