Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္တာေတြ ၾကြက္သား ေတြ မာတင္းတာေၾကာင့္ျဖစ္တတ္ၿပီး ကိုယ့္တစ္ေန႔တာလံုးကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။

တခါတေလ ၁ ရက္ ပိုၾကာရွည္ေအာင္ ခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တုိင္း ေခါင္း ေလ့က်င့္ခန္း ကို လုပ္ေပးသင့္ပါတယ္။ အဲ့ဒီ တျခား သဘာ၀ နည္းလမ္း နဲ႔ကာကြယ္လုိ႔ရတဲ့ နည္းေတြကို ေ၀မွ်ခ်င္ပါတယ္။

ပု၀ါ ကို လည္ပင္း မွာပတ္ပါ
အခုဆိုရင္ ေဆာင္းတြင္း ၀င္လာပါၿပီ။ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြက ရာသီဥတု ေအးရင္လည္း ျဖစ္တတ္ပါတယ္။ ပု၀ါ ေလးပတ္ၿပီး လည္ပင္း ကို ေႏြးေႏြးေလး လုပ္ထားရင္ ဇက္ေၾကာတက္ ၊ ေနာက္ေၾကာတက္တာေတြသက္သာေစတဲ့အျပင္ ဖက္ရွင္လည္း က်ေစမွာပါ။

အပူအေအးနဲ႔ကုလို႔ရ

ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေနတဲ့ေနရာကို ေရခဲကပ္ေပးပါ။ ေရခဲက ၾကြက္သား ေတြ တင္းတာ၊ ေရာင္ရမ္းတာေတြကို က်ေစပါတယ္။ အပူကလည္း ၾကြက္သား ေတြတင္းေနတာကိုေတြ ေလ်ာ့ေစပါတယ္။

ေရခဲတံုး ကို ကုတ္နဲ႔ပခံုးေပၚမွာ မိနစ္ ၂၀ ေလာက္ကပ္ေပးထားၿပီးေနာက္ ေရေႏြးအိတ္ကပ္ေပးပါ။ ဒါဆိုရင္ ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြသက္သာလာပါလိမ့္မယ္။



ေရဓာတ္ လံုေလာက္ေအာင္ ေသာက္ေပးပါ

ေရဓာတ္ ခမ္းေျခာက္ရင္လည္း ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေတြျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို ေရ ၈ ခြက္ကေန ၁၀ ခြက္ၾကား ေသာက္သင့္ပါတယ္။ ကိုယ္လုပ္ရတဲ့အလုပ္က ေနပူထဲထြက္ၿပီး ေရဓာတ္ ခမ္းေျခာက္မႈမ်ားရင္ ပိုေသာက္သင့္ပါတယ္။

ေလ့က်င့္ခန္း လုပ္ပါ
ဇက္ေၾကာတက္၊ ေနာက္ေၾကာတက္ေနရင္ အေကာင္းဆံုးကေတာ့ ေလ့က်င့္ခန္းလုပ္ပါ။ ေလ့က်င့္ခန္း လို႔ ေျပာရာမွာ ကုတ္ေပၚမွာ အေလးေတြ တင္ၿပီး မတာမ်ိဳး မလုပ္ပါနဲ႔။ ေခၽြးထြက္ေစတဲ့ ေလ့က်င့္ခန္း ေတြျဖစ္တဲ့ cardio တို႔ yoga စသည္တုိ႔ ေဆာ့လို႔ရပါတယ္။ ေရကူးတာမ်ိဳးတို႔လည္း လုပ္ေဆာင္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ဇက်ကြောတက်၊ နောက်ကြောတက်တာတွေ ကြွက်သား တွေ မာတင်းတာကြောင့်ဖြစ်တတ်ပြီး ကိုယ့်တစ်နေ့တာလုံးကို အနှောက်အယှက်ဖြစ်စေပါတယ်။

တခါတလေ ၁ ရက် ပိုကြာရှည်အောင် ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း ခေါင်း လေ့ကျင့်ခန်း ကို လုပ်ပေးသင့်ပါတယ်။ အဲ့ဒီ တခြား သဘာ၀ နည်းလမ်း နဲ့ကာကွယ်လို့ရတဲ့ နည်းတွေကို ဝေမျှချင်ပါတယ်။

ပုဝါ ကို လည်ပင်း မှာပတ်ပါ
အခုဆိုရင် ဆောင်းတွင်း ဝင်လာပါပြီ။ ဇက်ကြောတက်၊ နောက်ကြောတက်တွေက ရာသီဥတု အေးရင်လည်း ဖြစ်တတ်ပါတယ်။ ပုဝါ လေးပတ်ပြီး လည်ပင်း ကို နွေးနွေးလေး လုပ်ထားရင် ဇက်ကြောတက် ၊ နောက်ကြောတက်တာတွေသက်သာစေတဲ့အပြင် ဖက်ရှင်လည်း ကျစေမှာပါ။

အပူအအေးနဲ့ကုလို့ရ

ဇက်ကြောတက်၊ နောက်ကြောတက်နေတဲ့နေရာကို ရေခဲကပ်ပေးပါ။ ရေခဲက ကြွက်သား တွေ တင်းတာ၊ ရောင်ရမ်းတာတွေကို ကျစေပါတယ်။ အပူကလည်း ကြွက်သား တွေတင်းနေတာကိုတွေ လျော့စေပါတယ်။

ရေခဲတုံး ကို ကုတ်နဲ့ပခုံးပေါ်မှာ မိနစ် ၂၀ လောက်ကပ်ပေးထားပြီးနောက် ရေနွေးအိတ်ကပ်ပေးပါ။ ဒါဆိုရင် ဇက်ကြောတက်၊ နောက်ကြောတက်တွေသက်သာလာပါလိမ့်မယ်။



ရေဓာတ် လုံလောက်အောင် သောက်ပေးပါ

ရေဓာတ် ခမ်းခြောက်ရင်လည်း ဇက်ကြောတက်၊ နောက်ကြောတက်တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြား သောက်သင့်ပါတယ်။ ကိုယ်လုပ်ရတဲ့အလုပ်က နေပူထဲထွက်ပြီး ရေဓာတ် ခမ်းခြောက်မှုများရင် ပိုသောက်သင့်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ
ဇက်ကြောတက်၊ နောက်ကြောတက်နေရင် အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လို့ ပြောရာမှာ ကုတ်ပေါ်မှာ အလေးတွေ တင်ပြီး မတာမျိုး မလုပ်ပါနဲ့။ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်း တွေဖြစ်တဲ့ cardio တို့ yoga စသည်တို့ ဆော့လို့ရပါတယ်။ ရေကူးတာမျိုးတို့လည်း လုပ်ဆောင်ပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top