မႏၲေလးတိုင္းေဒသ ႀကီး ၀မ္းတြင္းၿမိဳ႕နယ္ ကုန္းႀကီး ကုန္းေက်းရြာတြင္     ေတာင္က်ေခ်ာင္း  ျဖတ္ကူးသူမ်ားကို ကူညီေပးေနသည့္ ေဒသခံအမ်ဳိးသားတစ္ဦး ေခ်ာင္းေရတြင္ ေမ်ာပါေသဆံုးမႈ ေအာက္တိုဘာ ၂၅ ရက္က ျဖစ္ပြားခဲ့ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ ၀မ္းတြင္းၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ (၁)မွ ဦးစိုးမင္းထက္က ေျပာသည္။
ကုန္းႀကီးကုန္းေက်းရြာ သင္ ပုန္းေခ်ာင္းတြင္ ေတာင္က်ေရ ေၾကာင့္ ေရစီးသန္ေနခ်ိန္ ေခ်ာင္း အတြင္းျဖတ္သန္းသြားလာေန ေသာ ခရီးသည္မ်ား၏ အထုပ္အ ပိုးမ်ားကို တစ္ဖက္ကမ္းသို႔ ကူညီ သယ္ယူပို႔ေဆာင္ေပးသည့္ (၃၂) ႏွစ္အရြယ္    အမ်ဳိးသားတစ္ဦးေခ်ာင္းေရႏွင့္အတူ ေမ်ာပါေပ်ာက္ဆံုးခဲ့ေၾကာင္း    မႏၲေလးတိုင္းေဒသႀကီး     ရဲတပ္ဖြဲ႕မွဴး႐ုံးက သတင္းထုတ္ျပန္သည္။
‘‘ေခ်ာင္းေရက အၿမဲစီးေန တာေတာ့ မဟုတ္ဘူး။ မိုးမ်ားတဲ့ အခ်ိန္ ေရစီးသန္တာမ်ဳိးရွိတယ္။ ခဏပါပဲ။ ေဒသခံေတြက မေစာင့္ ႏုိင္ဘဲ ျဖတ္ကူးလို႔ အခုလိုမ်ဳိးေမ်ာ ပါသြားတာ။ ေဒသခံေတြကို အႀကံျပဳခ်င္တာကေတာ့ ေရစီးၾကမ္းတဲ့ အခ်ိန္မွာ အရဲစြန္႔ၿပီးမကူးဖို႔ပါပဲ’’ ဟု ဦးစိုးမင္းထက္က ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၄ ရက္ကလည္း ၀မ္းတြင္းၿမိဳ႕ နယ္ ဆူးပန္းရြာႏွင့္ ခင္ပန္းရြာကို ဆက္သြယ္ထားေသာ စမံုေခ်ာင္း ကူးတံတားေရစီးျဖင့္   ေမ်ာပါ၍ သြားလာေရး  ခက္ခဲခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
စမံုေခ်ာင္းကူးတံတားသည္ ၀မ္းတြင္းၿမိဳ႕သို႔ သြားရာ ျဖတ္လမ္းျဖစ္ၿပီး တံတားေရထဲေမ်ာပါသြား ၍ ေက်းရြာခ်င္းဆက္ပတ္လမ္းမွ သြားလာေနေၾကာင္း ဦးစိုးမင္းထက္က ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ ရက္က ေတာင္သာၿမိဳ႕နယ္ ဖက္ ေတာေက်းရြာတြင္ ဆြမ္းေလာင္းပြဲသို႔သြားသည့္ အမ်ဳိးသား ငါးဦးသည္ မိုးမ်ားၿပီး ေခ်ာင္းေရႀကီးေနစဥ္ ဆင္တဲ၀ေခ်ာင္းကို ျဖတ္ကူးရာ ေရစီးတြင္ေမ်ာပါခဲ့သည္။  ၎တို႔ထဲမွ တစ္ဦးကို အသက္ရွင္လ်က္၊ တစ္ဦးကို ေသဆံုးလ်က္ ျပန္လည္ေတြ႕ရွိၿပီး က်န္သံုးဦးကို ယေန႔အထိ ရွာေဖြေတြ႕ရွိျခင္းမရွိေသးေၾကာင္း ေတာင္သာၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူက ေျပာၾကားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily
#Unicode Version#
 မန္တလေးတိုင်းဒေသ ကြီး ဝမ်းတွင်းမြို့နယ် ကုန်းကြီး ကုန်းကျေးရွာတွင်     တောင်ကျချောင်း  ဖြတ်ကူးသူများကို ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦး ချောင်းရေတွင် မျောပါသေဆုံးမှု အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဝမ်းတွင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ ဦးစိုးမင်းထက်က ပြောသည်။

ကုန်းကြီးကုန်းကျေးရွာ သင် ပုန်းချောင်းတွင် တောင်ကျရေ ကြောင့် ရေစီးသန်နေချိန် ချောင်း အတွင်းဖြတ်သန်းသွားလာနေ သော ခရီးသည်များ၏ အထုပ်အ ပိုးများကို တစ်ဖက်ကမ်းသို့ ကူညီ သယ်ယူပို့ဆောင်ပေးသည့် (၃၂) နှစ်အရွယ်    အမျိုးသားတစ်ဦးချောင်းရေနှင့်အတူ မျောပါပျောက်ဆုံးခဲ့ကြောင်း    မန္တလေးတိုင်းဒေသကြီး     ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

‘‘ချောင်းရေက အမြဲစီးနေ တာတော့ မဟုတ်ဘူး။ မိုးများတဲ့ အချိန် ရေစီးသန်တာမျိုးရှိတယ်။ ခဏပါပဲ။ ဒေသခံတွေက မစောင့် နိုင်ဘဲ ဖြတ်ကူးလို့ အခုလိုမျိုးမျော ပါသွားတာ။ ဒေသခံတွေကို အကြံပြုချင်တာကတော့ ရေစီးကြမ်းတဲ့ အချိန်မှာ အရဲစွန့်ပြီးမကူးဖို့ပါပဲ’’ ဟု ဦးစိုးမင်းထက်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ကလည်း ဝမ်းတွင်းမြို့ နယ် ဆူးပန်းရွာနှင့် ခင်ပန်းရွာကို ဆက်သွယ်ထားသော စမုံချောင်း ကူးတံတားရေစီးဖြင့်   မျောပါ၍ သွားလာရေး  ခက်ခဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

စမုံချောင်းကူးတံတားသည် ဝမ်းတွင်းမြို့သို့ သွားရာ ဖြတ်လမ်းဖြစ်ပြီး တံတားရေထဲမျောပါသွား ၍ ကျေးရွာချင်းဆက်ပတ်လမ်းမှ သွားလာနေကြောင်း ဦးစိုးမင်းထက်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က တောင်သာမြို့နယ် ဖက် တောကျေးရွာတွင် ဆွမ်းလောင်းပွဲသို့သွားသည့် အမျိုးသား ငါးဦးသည် မိုးများပြီး ချောင်းရေကြီးနေစဉ် ဆင်တဲဝချောင်းကို ဖြတ်ကူးရာ ရေစီးတွင်မျောပါခဲ့သည်။  ၎င်းတို့ထဲမှ တစ်ဦးကို အသက်ရှင်လျက်၊ တစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိပြီး ကျန်သုံးဦးကို ယနေ့အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း တောင်သာမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top