ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မႏၲေလးၿမိဳ႕ က်ံဳးအေရွ႕ ျခမ္းတြင္ အရက္ထုိင္ေသာက္ေန သည့္ အမ်ိဳးသားသံုးဦးကို ယမန္ေန႔နံနက္အေစာပိုင္း၌ ဆုိင္ကယ္ ဆယ္စီးျဖင့္ ေရာက္လာသည့္လူ ငယ္ ၁၃ ဦးခန္႔က သံပိုက္၊ တုတ္မ်ားျဖင့္ ဝိုင္း႐ိုက္သျဖင့္ တစ္ဦးေသ ဆံုးၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့သည္။

ေအာက္တိုဘာ ၇ ရက္ နံနက္၁ နာရီခန္႔တြင္ ၆၆ လမ္း၊ ၂၄ လမ္းႏွင့္ ၂၆ လမ္းၾကား၌ ျဖစ္ပြားခဲ့ၿပီး အ႐ိုက္ခံရသူသံုးဦးစလံုးကို ေဆး႐ံု သို႔ ပို႔ေဆာင္ခဲ့ရကာ တစ္ဦးေသ ဆံုးခဲ့ေၾကာင္း အမွတ္(၁)နယ္ေျမ ရဲတပ္ဖြဲ႕စခန္းမွ ဒုရဲအုပ္ေဇာ္မင္း ထိုက္က ေျပာသည္။

‘‘ေက်ာက္ေတာ္ႀကီးဘုရားပြဲ က ရွိေတာ့ က်ံဳးေဘးလူစည္ေန တယ္။ ဘုရားပြဲရွိေပမယ့္လည္း ည ၁၁ နာရီေက်ာ္တာနဲ႔ က်ံဳးေဘးထုိင္ အရက္မေသာက္ဖို႔ ရဲတပ္ဖြဲ႕က တားျမစ္ပါတယ္။ ဒါေပမဲ့ လွည့္ ကင္းက ဒီဘက္ေရာက္ရင္ ဟိုဘက္က ျပန္ထုိင္ေသာက္ၾကျပန္ ေရာ။ အခုျဖစ္တာက ေက်ာက္ေတာ္ႀကီးပြဲကို မေရာက္လိုက္ဘဲ က်ံဳးေဘး အရက္ထိုင္ေသာက္ေန ရာကေန ျဖစ္ပြားခဲ့တာပါ။ တရားခံေတြ အျမန္ဆံုးမိဖို႔ စံုစမ္းေနပါတယ္’’ ဟု ဒုရဲအုပ္ေဇာ္မင္းထုိက္ က ေျပာသည္။

အ႐ိုက္ခံရသည့္ အမ်ိဳးသား သံုးဦးသည္ ဖူးေရာင္ေပါက္ၿပဲဒဏ္ ရာမ်ားရရွိၿပီး ႐ိုက္ႏွက္သည့္ လူအုပ္သည္ ထြက္ေျပးသြားသည္။ ဒဏ္ရာရသူ သံုးဦးကို မႏၲေလး ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ခဲ့ရာ အသက္ (၂၁) ႏွစ္အရြယ္ ေအာင္ႏိုင္လင္းသည္ ရရွိေသာ ဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့သည္။

အုပ္စုဖြဲ႕႐ိုက္ႏွက္ခံရသူ သံုး ဦးသည္ အလုပ္သိမ္းၿပီး ျပန္လာ ေသာ ေဆာက္လုပ္ေရးလုပ္သား မ်ားျဖစ္သည္။ ေက်ာက္ေတာ္ႀကီး ဘုရားပြဲေတာ္ကာလတြင္ က်ံဳးေဘး လူစည္ကားေလ့ရွိၿပီး လုစုကြဲသြား ခ်ိန္ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ၎က ဆိုသည္။

အုပ္စုဖြဲ႕႐ိုက္ႏွက္မႈေၾကာင့္ လူေသဆံုးမႈျဖစ္ပြားခဲ့သည့္အ ေပၚ အမွတ္(၁)နယ္ေျမရဲစခန္း တြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/၃၂၃/၁၁၄ တို႔ျဖင့္ အမႈဖြင့္ ထားသည္။ ေအာက္တိုဘာ ၇ ရက္ ညေန ၆ နာရီအထိ ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိျခင္းမရွိ ေသးဘဲ ရွာေဖြေနေၾကာင္း ဒုရဲအုပ္ ေဇာ္မင္းထုိက္က ေျပာသည္။

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ မႏၲေလးေတာင္ေျခရွိ ေက်ာက္ေတာ္ႀကီးဘုရားပြဲေတာ္ ကို ေအာက္တိုဘာ ၃ ရက္မွ ၁၂ ရက္အထိ က်င္းပၿပီး ဘုရားပြဲ လာသူမ်ား၊ ဇာတ္ပြဲၾကည့္သူမ်ား ျဖင့္ စည္ကားေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မန္တလေးမြို့ ကျုံးအရှေ့ ခြမ်းတွင် အရက်ထိုင်သောက်နေ သည့် အမျိုးသားသုံးဦးကို ယမန်နေ့နံနက်အစောပိုင်း၌ ဆိုင်ကယ် ဆယ်စီးဖြင့် ရောက်လာသည့်လူ ငယ် ၁၃ ဦးခန့်က သံပိုက်၊ တုတ်များဖြင့် ဝိုင်းရိုက်သဖြင့် တစ်ဦးသေ ဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၇ ရက် နံနက်၁ နာရီခန့်တွင် ၆၆ လမ်း၊ ၂၄ လမ်းနှင့် ၂၆ လမ်းကြား၌ ဖြစ်ပွားခဲ့ပြီး အရိုက်ခံရသူသုံးဦးစလုံးကို ဆေးရုံ သို့ ပို့ဆောင်ခဲ့ရကာ တစ်ဦးသေ ဆုံးခဲ့ကြောင်း အမှတ်(၁)နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ဇော်မင်း ထိုက်က ပြောသည်။

‘‘ကျောက်တော်ကြီးဘုရားပွဲ က ရှိတော့ ကျုံးဘေးလူစည်နေ တယ်။ ဘုရားပွဲရှိပေမယ့်လည်း ည ၁၁ နာရီကျော်တာနဲ့ ကျုံးဘေးထိုင် အရက်မသောက်ဖို့ ရဲတပ်ဖွဲ့က တားမြစ်ပါတယ်။ ဒါပေမဲ့ လှည့် ကင်းက ဒီဘက်ရောက်ရင် ဟိုဘက်က ပြန်ထိုင်သောက်ကြပြန် ရော။ အခုဖြစ်တာက ကျောက်တော်ကြီးပွဲကို မရောက်လိုက်ဘဲ ကျုံးဘေး အရက်ထိုင်သောက်နေ ရာကနေ ဖြစ်ပွားခဲ့တာပါ။ တရားခံတွေ အမြန်ဆုံးမိဖို့ စုံစမ်းနေပါတယ်’’ ဟု ဒုရဲအုပ်ဇော်မင်းထိုက် က ပြောသည်။

အရိုက်ခံရသည့် အမျိုးသား သုံးဦးသည် ဖူးရောင်ပေါက်ပြဲဒဏ် ရာများရရှိပြီး ရိုက်နှက်သည့် လူအုပ်သည် ထွက်ပြေးသွားသည်။ ဒဏ်ရာရသူ သုံးဦးကို မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ အသက် (၂၁) နှစ်အရွယ် အောင်နိုင်လင်းသည် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ရိုက်နှက်ခံရသူ သုံး ဦးသည် အလုပ်သိမ်းပြီး ပြန်လာ သော ဆောက်လုပ်ရေးလုပ်သား များဖြစ်သည်။ ကျောက်တော်ကြီး ဘုရားပွဲတော်ကာလတွင် ကျုံးဘေး လူစည်ကားလေ့ရှိပြီး လုစုကွဲသွား ချိန် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့သည့်အ ပေါ် အမှတ်(၁)နယ်မြေရဲစခန်း တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့် ထားသည်။ အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီအထိ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိ သေးဘဲ ရှာဖွေနေကြောင်း ဒုရဲအုပ် ဇော်မင်းထိုက်က ပြောသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားပွဲတော် ကို အောက်တိုဘာ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပပြီး ဘုရားပွဲ လာသူများ၊ ဇာတ်ပွဲကြည့်သူများ ဖြင့် စည်ကားနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top