# Zawgyi Version ျဖင့္ ဖတ္ပါ #

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ လြဲေလာေက်းရြာအုပ္စု လြဲဆြန္းေက်းရြာတြင္ ေအာက္တိုဘာ ၂၅ရက္ညေန ၄နာရီခြဲက ပြဲညႇပ္႐ွာရန္သြားစဥ္ တိုက္မိုင္းေပါက္ကြဲ၍ အမ်ိဳးသားႏွစ္ဦး မိုင္းစထိမွန္ဒဏ္ရာရရိွခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ လြဲဆြန္းေက်းရြာေန စိန္ေဖ(ခ)ဖိုးမဲ(၃၇)ႏွစ္၊ေက်ာ္ရဲထြန္း(ခ)ဖိုး႐ွမ္း(၂၃)ႏွစ္၊ေအာင္ခ်ဳိဦး(၃၁)ႏွစ္တို႔သံုးဦးသည္ လြဲဆြန္းေက်းရြာ၏ အေ႐ွ႕ေတာင္ဘက္ ၃မိုင္ခန္႔အကြာရိွ လမိုင္ကြန္းေတာင္(ေဒသအေခၚ)သို႔ ပြဲညွပ္႐ွာရန္သြားရာမွ ျခံဳ႐ွင္းစဥ္တိုက္မိုင္းေပါက္ကြဲၿပီး မိုင္းစမ်ားထိမွန္ဒဏ္ရာရရိွခဲ့သည္။
မိုင္းေပါက္ကြဲမႈေၾကာင့္ စိန္ေဖ(ခ)ဖိုးမဲ၏ မ်က္ႏွာႏွင့္ဝဲဘက္ရင္အံု ဝဲဘက္လက္ေမာင္း ဆုတ္ျပဲဒဏ္ရာ၊ဝဲဘက္ႏွင့္ယာဘက္ေပါင္ မိုင္းစေဖာက္ဝင္ဒဏ္ရာရရိွခဲ့ၿပီး ေက်ာ္ရဲထြန္း(ခ)ဖိုး႐ွမ္း၏ ဝဲဘက္ရင္အံုတြင္ ဆုတ္ျပဲဒဏ္ရာႏွစ္ခ်က္ ရရိွခဲ့သည္။

ဒဏ္ရာရိွသူႏွစ္ဦးအား ေလာကတၳစရိယလူမႈကူညီေရးယာဥ္ျဖင့္ မိုးေကာင္းျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူလ်က္ရိွၿပီး ရဲေဆးစာမွတ္တမ္းမ်ားရယူကာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရန္ႏိုင္ထြန္း၊ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး ရဲမႉးဝင္းျမင့္ေအာင္တို႔မွ လိုအပ္သည္မ်ားအား စီစဥ္ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္ ကခ်င္ေျမ
မိုးေကာင္းသတင္းမီဒီယာ

# Zawgyi Version ျဖင့္ ဖတ္ပါ #
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လွဲလောကျေးရွာအုပ်စု လွဲဆွန်းကျေးရွာတွင် အောက်တိုဘာ ၂၅ရက်ညနေ ၄နာရီခွဲက ပွဲညှပ်ရှာရန်သွားစဉ် တိုက်မိုင်းပေါက်ကွဲ၍ အမျိုးသားနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွဲဆွန်းကျေးရွာနေ စိန်ဖေ(ခ)ဖိုးမဲ(၃၇)နှစ်၊ကျော်ရဲထွန်း(ခ)ဖိုးရှမ်း(၂၃)နှစ်၊အောင်ချိုဦး(၃၁)နှစ်တို့သုံးဦးသည် လွဲဆွန်းကျေးရွာ၏ အရှေ့တောင်ဘက် ၃မိုင်ခန့်အကွာရှိ လမိုင်ကွန်းတောင်(ဒေသအခေါ်)သို့ ပွဲညှပ်ရှာရန်သွားရာမှ ခြုံရှင်းစဉ်တိုက်မိုင်းပေါက်ကွဲပြီး မိုင်းစများထိမှန်ဒဏ်ရာရရှိခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် စိန်ဖေ(ခ)ဖိုးမဲ၏ မျက်နှာနှင့်ဝဲဘက်ရင်အုံ ဝဲဘက်လက်မောင်း ဆုတ်ပြဲဒဏ်ရာ၊ဝဲဘက်နှင့်ယာဘက်ပေါင် မိုင်းစဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ကျော်ရဲထွန်း(ခ)ဖိုးရှမ်း၏ ဝဲဘက်ရင်အုံတွင် ဆုတ်ပြဲဒဏ်ရာနှစ်ချက် ရရှိခဲ့သည်။

ဒဏ်ရာရှိသူနှစ်ဦးအား လောကတ္ထစရိယလူမှုကူညီရေးယာဉ်ဖြင့် မိုးကောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိပြီး ရဲဆေးစာမှတ်တမ်းများရယူကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်တို့မှ လိုအပ်သည်များအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top