Golden City Promotion
×

ေအာက္တိုဘာ ၂ ရက္က ႐ုပ္ရွင္အစည္းအ႐ံုးတြင္ ညွိႏိႈင္းမႈအျပီး ေတြ႕ရေသာ မုိးေဟကိုႏွင့္သင္ဇာ၀င့္ေက်ာ္ (ဓာတ္ပုံ−နစ္ကီ)

 ‘သူ႔နာမည္ ေရႊ႐ုပ္’ဇာတ္ ကားႏွင့္ပတ္သက္၍ ဒါ႐ိုက္တာ စတီးလ္၊ သ႐ုပ္ေဆာင္မိုးေဟကို ႏွင့္ သင္ဇာဝင့္ေက်ာ္တုိ႔ ႐ုပ္ရွင္ အစည္းအ႐ံုးတြင္ ေအာက္တိုဘာ ၂ ရက္က ေတြ႕ဆံုညႇိႏိႈင္းခဲ့ၿပီး ေျပလည္မႈရရွိခဲ့သည္။

ယင္းဇာတ္ကား႐ိုက္ကူးရာ တြင္ ဒါ႐ိုက္တာႏွင့္ အဆင္မေျပ ျခင္းႏွင့္ ႐ုိက္ကြင္းေပၚက အခက္ အခဲမ်ားအျပင္ ထုတ္လုပ္သူက စရန္ေငြသံုးဆ ေလ်ာ္ေၾကးေပးရန္ ေတာင္းဆို၍ ႐ိုက္ကူးေရး လက္ မခံေတာ့သည့္အေၾကာင္း သင္ဇာ ဝင့္ေက်ာ္က စက္တင္ဘာ ၂၄ ရက္က ၎အသံုးျပဳသည့္ ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာ၌ ေရးသားထား သည္။

သ႐ုပ္ေဆာင္ မုိးေဟကို ဘက္က ပ႐ိုဂ်ဴဆာအေနႏွင့္ ေလ်ာ္ေၾကးကိစၥကို ဖုန္းဆက္ၿပီး မေတာင္းခဲ့သလုိ ၎၏ မိခင္ က်န္းမာေရးအေျခအေနေၾကာင့္ ဘန္ေကာက္သို႔သြားကာ ေဆး ကုသေပးေနမႈအျပင္ သင္ဇာဝင့္ ေက်ာ္က အဆက္အသြယ္အလုပ္ မခံျခင္းေၾကာင့္ ျပႆနာျဖစ္ျဖစ္ ခ်င္း လာေရာက္မေျဖရွင္းႏုိင္ျခင္း ျဖစ္ေၾကာင္း၊ ဇာတ္ကားလက္မခံ မီ တစ္လႀကိဳၿပီး ဇာတ္ၫႊန္းကိုေပး ဖတ္ထားေၾကာင္း မိုးေဟကိုက ေအာက္တိုဘာ ၂ ရက္တြင္ ေျပာ ၾကားသည္။

‘‘သမီးအေနနဲ႔ကလည္း ဘာ မွမသိလိုက္ဘူး။ ေမေမက ေဆး႐ံု မွာ ေသြးလိုေနတဲ့အတြက္ ဦးဆာ မိကိုပဲ အဆင္ေျပေအာင္ ညႇိေပး ၾကပါဆုိၿပီး ေျပာလိုက္တယ္။ ဒါ ေပမဲ့ သင္ဇာက တစ္ရက္မေစာင့္ ဘဲ ေနာက္ေန႔မွာ ရင္ထဲက ခံစား ခ်က္ေတြကို ေရးလိုက္ေတာ့ အား လံုးလည္း သိၾကမွာပါ။ အားလံုး လည္း ဖတ္ရမွာပါ။ အားလံုးရဲ႕ အထင္အျမင္လြဲျခင္းလည္း ခံလိုက္ ရပါတယ္။ ဒါေပမဲ့ ခုနကေျပာ သလို အဲဒါေလးကို သူက အခု ေျပလည္ေအာင္ ျပန္ေရးေပးမယ္ ဆုိေတာ့ သမီးဘက္ကလည္း ေက်နပ္ပါတယ္’’ဟု သ႐ုပ္ေဆာင္မိုးေဟကိုက ေျပာသည္။

‘‘သင္ဇာက မ်က္လံုးထိတာ ကို ေဝဒနာအေၾကာင္း မေမးရ ေကာင္းလားဆုိၿပီး စိတ္ဆုိးတယ္။ မိုးေဟကုိကလည္း မေမးတာ မဟုတ္ဘူး။ သူ႔အေမ အသည္းအ သန္ျဖစ္ၿပီး ေဆး႐ံုတက္ရလုိ႔ ေနာက္ေန႔မွ သြားေမးျဖစ္တာ။ အဲ ဒီမွာ အထင္လြဲမႈေတြျဖစ္သြားတာ ပါ။ အခုအားလံုး ေျပလည္သြား ပါၿပီ’’ဟု အဆုိပါကိစၥကို ေျဖရွင္းေပးသူ ႐ုပ္ရွင္အစည္းအ႐ံုး နာယ က ပန္းခ်ီစိုးမိုးက ေျပာသည္။

သင္ဇာဝင့္ေက်ာ္ကို ခ်စ္သျဖင့္ ဇာတ္ကားတိုင္းလိုလိုတြင္ အၿမဲလိုလို လက္တြဲကာ လက္ခံ ႐ိုက္ကူးျခင္းျဖစ္ၿပီး စက္တင္ဘာ ၂၃ ရက္ညက ျဖစ္သြားသည့္အ ျဖစ္အပ်က္ႏွင့္ပတ္သက္၍ မင္း သမီး သင္ဇာဝင့္ေက်ာ္ကို အမ်ားေရွ႕တြင္ ေတာင္းပန္ေၾကာင္း ဒါ​႐ိုက္တာစတီးလ္က ေျပာသည္။

‘‘ကြၽန္ေတာ္က စိတ္ေလာၿပီး ႐ိုက္ေနတဲ့အခ်ိန္ မိတ္ကပ္ေတြ လိမ္းထားေတာ့ ေတာ္ေတာ္ၾကာ ေနၿပီထင္ပါတယ္။ ဆက္႐ိုက္ဦး မွာလားဆိုတာကို ဆက္႐ိုက္မယ္။ မနက္ျဖန္ေတာ့ နားရမွာေပါ့ဆုိၿပီး ေျပာလိုက္တဲ့အခ်ိန္ အခန္းက ေလွာင္ေနေတာ့ ကြၽန္ေတာ့္အသံ က က်ယ္သလိုျဖစ္သြားတယ္။ အဲဒီေတာ့ သင္ဇာဘက္ကလည္း ကြၽန္ေတာ္က သူ႔ကိုေအာ္တယ္ဆုိ ၿပီး ထင္သြားပံုရပါတယ္။ ကြၽန္ ေတာ့္ဘက္က မွားခဲ့တယ္ဆုိရင္ လည္း မသင္ဇာကို အားလံုးေရွ႕ မွာပဲ ေတာင္းပန္ပါတယ္’’ဟု ၎ က ေျပာသည္။

စက္တင္ဘာ ၂၄ ရက္ညက ေဒါသထြက္ကာ ေရးတင္ခဲ့သည့္ ပို႔စ္အတြက္ မင္းသမီး မိုးေဟကို အား အထင္လြဲေနသည့္ ပရိသတ္ မ်ားကို ျပန္လည္အျမင္ၾကည္လင္ ေအာင္ ေရးတင္ေပးမည္ဟု သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္က ေျပာ သည္။

‘‘သမီးေရးလိုက္တဲ့ စကား လံုးတုိင္းဟာ တစ္ဦးတစ္ဖက္ကို နစ္နာသြားေစတယ္ဆုိရင္ သမီး ကလည္း ေတာင္းပန္ပါတယ္။ ကိုယ့္သူငယ္ခ်င္းေတြ၊ ကိုယ့္ fan ေတြသိေအာင္ ေရးရျခင္းျဖစ္ပါ တယ္။ ဘယ္သူ႔ကိုမွ နစ္နာေစလို တဲ့စိတ္မရွိပါဘူး’’ဟု သင္ဇာဝင့္ ေက်ာ္က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အောက်တိုဘာ ၂ ရက်က ရုပ်ရှင်အစည်းအရုံးတွင် ညှိနှိုင်းမှုအပြီး တွေ့ရသော မိုးဟေကိုနှင့်သင်ဇာဝင့်ကျော် (ဓာတ်ပုံ−နစ်ကီ)

 ‘သူ့နာမည် ရွှေရုပ်’ဇာတ် ကားနှင့်ပတ်သက်၍ ဒါရိုက်တာ စတီးလ်၊ သရုပ်ဆောင်မိုးဟေကို နှင့် သင်ဇာဝင့်ကျော်တို့ ရုပ်ရှင် အစည်းအရုံးတွင် အောက်တိုဘာ ၂ ရက်က တွေ့ဆုံညှိနှိုင်းခဲ့ပြီး ပြေလည်မှုရရှိခဲ့သည်။

ယင်းဇာတ်ကားရိုက်ကူးရာ တွင် ဒါရိုက်တာနှင့် အဆင်မပြေ ခြင်းနှင့် ရိုက်ကွင်းပေါ်က အခက် အခဲများအပြင် ထုတ်လုပ်သူက စရန်ငွေသုံးဆ လျော်ကြေးပေးရန် တောင်းဆို၍ ရိုက်ကူးရေး လက် မခံတော့သည့်အကြောင်း သင်ဇာ ဝင့်ကျော်က စက်တင်ဘာ ၂၄ ရက်က ၎င်းအသုံးပြုသည့် ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ရေးသားထား သည်။

သရုပ်ဆောင် မိုးဟေကို ဘက်က ပရိုဂျူဆာအနေနှင့် လျော်ကြေးကိစ္စကို ဖုန်းဆက်ပြီး မတောင်းခဲ့သလို ၎င်း၏ မိခင် ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်သို့သွားကာ ဆေး ကုသပေးနေမှုအပြင် သင်ဇာဝင့် ကျော်က အဆက်အသွယ်အလုပ် မခံခြင်းကြောင့် ပြဿနာဖြစ်ဖြစ် ချင်း လာရောက်မဖြေရှင်းနိုင်ခြင်း ဖြစ်ကြောင်း၊ ဇာတ်ကားလက်မခံ မီ တစ်လကြိုပြီး ဇာတ်ညွှန်းကိုပေး ဖတ်ထားကြောင်း မိုးဟေကိုက အောက်တိုဘာ ၂ ရက်တွင် ပြော ကြားသည်။

‘‘သမီးအနေနဲ့ကလည်း ဘာ မှမသိလိုက်ဘူး။ မေမေက ဆေးရုံ မှာ သွေးလိုနေတဲ့အတွက် ဦးဆာ မိကိုပဲ အဆင်ပြေအောင် ညှိပေး ကြပါဆိုပြီး ပြောလိုက်တယ်။ ဒါ ပေမဲ့ သင်ဇာက တစ်ရက်မစောင့် ဘဲ နောက်နေ့မှာ ရင်ထဲက ခံစား ချက်တွေကို ရေးလိုက်တော့ အား လုံးလည်း သိကြမှာပါ။ အားလုံး လည်း ဖတ်ရမှာပါ။ အားလုံးရဲ့ အထင်အမြင်လွဲခြင်းလည်း ခံလိုက် ရပါတယ်။ ဒါပေမဲ့ ခုနကပြော သလို အဲဒါလေးကို သူက အခု ပြေလည်အောင် ပြန်ရေးပေးမယ် ဆိုတော့ သမီးဘက်ကလည်း ကျေနပ်ပါတယ်’’ဟု သရုပ်ဆောင်မိုးဟေကိုက ပြောသည်။

‘‘သင်ဇာက မျက်လုံးထိတာ ကို ဝေဒနာအကြောင်း မမေးရ ကောင်းလားဆိုပြီး စိတ်ဆိုးတယ်။ မိုးဟေကိုကလည်း မမေးတာ မဟုတ်ဘူး။ သူ့အမေ အသည်းအ သန်ဖြစ်ပြီး ဆေးရုံတက်ရလို့ နောက်နေ့မှ သွားမေးဖြစ်တာ။ အဲ ဒီမှာ အထင်လွဲမှုတွေဖြစ်သွားတာ ပါ။ အခုအားလုံး ပြေလည်သွား ပါပြီ’’ဟု အဆိုပါကိစ္စကို ဖြေရှင်းပေးသူ ရုပ်ရှင်အစည်းအရုံး နာယ က ပန်းချီစိုးမိုးက ပြောသည်။

သင်ဇာဝင့်ကျော်ကို ချစ်သဖြင့် ဇာတ်ကားတိုင်းလိုလိုတွင် အမြဲလိုလို လက်တွဲကာ လက်ခံ ရိုက်ကူးခြင်းဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်ညက ဖြစ်သွားသည့်အ ဖြစ်အပျက်နှင့်ပတ်သက်၍ မင်း သမီး သင်ဇာဝင့်ကျော်ကို အများရှေ့တွင် တောင်းပန်ကြောင်း ဒါရိုက်တာစတီးလ်က ပြောသည်။

‘‘ကျွန်တော်က စိတ်လောပြီး ရိုက်နေတဲ့အချိန် မိတ်ကပ်တွေ လိမ်းထားတော့ တော်တော်ကြာ နေပြီထင်ပါတယ်။ ဆက်ရိုက်ဦး မှာလားဆိုတာကို ဆက်ရိုက်မယ်။ မနက်ဖြန်တော့ နားရမှာပေါ့ဆိုပြီး ပြောလိုက်တဲ့အချိန် အခန်းက လှောင်နေတော့ ကျွန်တော့်အသံ က ကျယ်သလိုဖြစ်သွားတယ်။ အဲဒီတော့ သင်ဇာဘက်ကလည်း ကျွန်တော်က သူ့ကိုအော်တယ်ဆို ပြီး ထင်သွားပုံရပါတယ်။ ကျွန် တော့်ဘက်က မှားခဲ့တယ်ဆိုရင် လည်း မသင်ဇာကို အားလုံးရှေ့ မှာပဲ တောင်းပန်ပါတယ်’’ဟု ၎င်း က ပြောသည်။

စက်တင်ဘာ ၂၄ ရက်ညက ဒေါသထွက်ကာ ရေးတင်ခဲ့သည့် ပို့စ်အတွက် မင်းသမီး မိုးဟေကို အား အထင်လွဲနေသည့် ပရိသတ် များကို ပြန်လည်အမြင်ကြည်လင် အောင် ရေးတင်ပေးမည်ဟု သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြော သည်။

‘‘သမီးရေးလိုက်တဲ့ စကား လုံးတိုင်းဟာ တစ်ဦးတစ်ဖက်ကို နစ်နာသွားစေတယ်ဆိုရင် သမီး ကလည်း တောင်းပန်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့် fan တွေသိအောင် ရေးရခြင်းဖြစ်ပါ တယ်။ ဘယ်သူ့ကိုမှ နစ်နာစေလို တဲ့စိတ်မရှိပါဘူး’’ဟု သင်ဇာဝင့် ကျော်က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top