Golden City Promotion
×

အမည္ရင္း- ေအးေအးခိုင္
အနုပညာအမည္- မိုးေဟကို
Birthday- ဇြန္လ၂၆ ၊ ၁၉၈၅
သူမ၏ ဆြဲေဆာင္မႈရွိေသာ ဟန္ပန္အမူအရာမ်ား ၊ပုရိသမ်ား ႏွစ္သက္ေသာ ကိုယ္ခႏ ၶာအခ်ိဴ းအစား ၊ ေခတ္ႏွင့္အညီ အထာက်ေအာင္ဆင္ျမန္းႏုိင္ေသာ ဖက္ရွင္တို့ေၾကာင့္ ယေန့အခ်ိန္အထိ ျမန္မာ အႏုပညာ ေလာကတြင္ နာမည္တစလံုးကိုအခိုင္အမာထူေထာင္ထားႏုိင္ေသာ ထိပ္တန္း မင္းသမီး တစ္လက္ျဖစ္သည္။

ကိုးတန္း ေက်ာင္းသူ ဘဝ တြင္ တင္မိုးလြင္၏ေမာ္ဒယ္သင္တန္း၌ တက္ေရာက္ခဲ့ျပီး ၁၉၉၉ ခုႏွစ္တြင္ စူပါစတားေဒြးႏွင့္ ထက္ထက္မိုးဦး တို့ သရုပ္ေဆာင္ ထားေသာ‘Okie’ ဆပ္ျပာမႈန့္ေၾကာ္ျငာတြင္ ပါဝင္ခြင့္ရခဲ့သည္။

ထိုကာလ၌ သီခ်င္းဗီစီဒီအခ်ိဴ ႔ႏွင့္ ဗီဒီယို ဇာတ္ကား တခ်ိဴ႕တြင္ ပါဝင္သရုပ္ေဆာင္ခြင့္ရေသာ္လည္းသရုပ္ေဆာင္ ပိုင္းႏွင့္ပတ္သက္၍ မိမိကိုယ္ကိုယံုၾကည္မႈမရွိေသးသျဖင့္ ရုိက္ကူးမႈမ်ားျပန္လည္ရပ္နားခဲ့ျပီး၂၀၀၅ခုႏွစ္တြင္ အႏုပညာေလာကသို့တက်ာ့ျပန္ဝင္ေရာက္ခဲ့သည္။

ေခါင္းေဆာင္မင္းသမီးမျဖစ္မီ ဂ်ြန္လြင္၏ Star Model Agency တြင္ဖက္ရွင္ေမာ္ဒယ္တစ္ဦးအျဖစ္ ေအးျမတ္သူ၊ ျမင့္ျမတ္ ၊ ေအာင္ရဲလင္း တို့ႏွင့္အတူ လုပ္ကိုင္ခဲ့သည္။

အသက္ငယ္ရြယ္ေသးေသာ္လည္း ဆြဲေဆာင္မႈ ရွိသည့္ စတိုင္ နွင့္ ညႈိ့အားျပင္းသည့္အလွတို့ေၾကာင့္အခ်ိန္တိုအတြင္းမွာပင္ ျမန္မာျပည္၏ demand အေကာင္းဆံုး ဖက္ရွင္ ေမာ္ဒယ္ တစ္ဦးျဖစ္လာခဲ့သည္။၂၀၀၀ ဆယ္စုႏွစ္အကုန္တြင္ မိုးေဟကိုမွာ မဂၢဇင္းကာဗာမ်ား၊ ျပကၡဒိန္ မ်ား ၊ ေၾကာ္ျငာမ်ား
အမ်ားဆံုးရုိက္ကူးရေသာ ေၾကာ္ျငာေမာ္ဒယ္္တစ္ဦးျဖစ္လာျပီး နာမည္ၾကီး photographers အမ်ားစုကအလွဓာတ္ပံုရုိက္ကူးမႈတြင္ မိုးေဟကို၏အိုက္တင္္ကိုမီသူမရွိဟုပင္ သတ္မွတ္ခဲ့ၾကသည္။

ထိုအခ်ိန္တြင္ႏုိင္ငံ၌ အင္တာန က္သံုးစြဲမႈမ်ား စတင္ေခတ္စားလာခဲ့ရာမိုးေဟကို၏ ဗီဒီယိုဖိုင္ တခ်ိဳဴ ႕ႏွင့္ sexy photo မ်ားမွာonline စာမ်က္ႏွာ မ်ားထက္တြင္ အလြန္ေရပန္းစားခဲ့ျပီး ပရိသတ္ မ်ား၏အထူးစိတ္ဝင္စားမႈရရွိခဲ့ေသာေၾကာင့္မီဒီယာအမ်ားစုက အင္တာနက္ေခတ္ဦးကိုဦးေဆာင္ခဲ့ေသာ အြန္လိုင္း ဘုရင္မ ဟုပင္တင္စားခဲ့ၾကသည္။

ထို့အျပင္ မိုးေဟကို ၏ (34 ×21×36)body size ေၾကာင့္ ျမန္မာျပည္ ၏ကိုယ္လံုးကိုယ္ေပါက္အခ်ိဳးအစားအက်ဆံုး မင္းသမီး အျဖစ္ သတ္မွတ္ခဲ့ၾကသလို ပုရိသ မ်ား၏ အားေပးမႈကိုလည္း အေတာ္ပင္ရရွိခဲ့သည္။ပထမဆံုးေခါင္းေဆာင္မင္းသမီး အျဖစ္ ၂၀၀၇ ခုႏွစ္တြင္ ဒါရုိက္တာေမာင္မ်ိဴ းမင္း၏ ‘အိပ္မက္အလြန္’ ဗီဒီယို ဇာတ္ကား တြင္ လူမင္း ၊အိႁႏၵာေက်ာ္ဇင္တို့ႏွင့္ တြဲဖက္ သရုပ္ေဆာင္ခဲ့သည္။ ဆက္တိုက္ဆိုသလိုပင္တစ္မ်ိဴ းမူတဲ့ပဲခူးသူမို့ေလ ၊ အခ်စ္နဲ႔ကံ ၊အေႁကြပန္းေပမဲ့ ေရႊနန္းေတာ့ထိုက္ခ်င္တယ္ ၊ အမုန္းဖြဲ႔ေတး၊သုခဘံု ၊ အခ်စ္ေၾကာင့္အျပစ္ရွိသူမ်ား ၊ ၾကိဳးဝိုင္းထဲကသံေယာဇဥ္ ၊ လ်ွပ္တစ္ျပတ္ အစရွိသည့္ ေအာင္ျမင္ေသာ ဗီဒီယို ဇာတ္ကား မ်ားစြာတို့တြင္ေခါင္းေဆာင္မင္းသမီးအျဖစ္ သရုပ္ေဆာင္ရင္း လူငယ္ၾကိဳက္ မင္းသမီး တစ္လက္ျဖစ္လာခဲ့သည္။
ဗီဒီယို ဇာတ္ကား မ်ားျဖင့္ပရိသတ္လက္ခံမႈရရွိျပီး ပထမဆံုး ရုပ္ရွင္ကားၾကီး အျဖစ္ဒါရုိက္တာေမာင္မ်ိဴ းမင္း၏ ‘ေမွာ္’ ဇာတ္ကားတြင္ပါဝင္သရုပ္ေဆာင္ခဲ့သည္။၂၀၀၈ ခုႏွစ္အကုန္တြင္ မိုးေဟကို မွာ ရုပ္ရွင္၊ဗီဒီယိုႏွင့္ေၾကာ္ျငာအမ်ားအျပားတြင္သရုပ္ေဆာင္ခြင ့္ရရွိေသာ ေစ်းကြက္ဝင္ မင္းသမီး တစ္ဦးျဖစ္လာခဲ့ျပီး ျမန္မာႏုိင္ ၌ ထိပ္တန္း မင္းသမီး ဘဝသို့တက္လွမ္းႏုိင္ေသာ ပထမဦးဆံုး ဖက္ရွင္ ေမာ္ဒယ္ တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရသည္။ ၂၀၀၉ ခုႏွစ္တြင္ရုပ္ရွင္ကားၾကီး ေလးကား၌ ေခါင္းေဆာင္မင္းသမီးအ
ျဖစ္သရုပ္ေဆာင္ခဲ့ျပီး ၎တို့အနက္ ေက်ာ္ရဲေအာင္၊လြင္မိုးတို့ႏွင့္သရုပ္ေဆာင္ေသာ ‘သူငယ္ခ်င္းေယာကၡမ’ ဟာသဇာတ္ကားမွာ ထိုႏွစ္၏ဝင္ေငြအေကာင္းဆံုးဇာတ္ကားျဖစ္သလို ေနတိုးႏွင့္သရုပ္ေဆာင္ေသာ ‘မိုး ညအပ္မက္ျမဴ ‘ ဇာတ္ကားမွာ သူမအတြက္ ပထမဆံုးအၾကိမ္ အမ်ိဴ းသမီး ဇာတ္ေဆာင္ဆု အတြက္ တစ္ၾကိဳ ေပးျခင္းခံခဲ့ရေသာ ဇာတ္ကားျဖစ္သည္။

ထိုအခ်ိန္အထိ မိုးေဟကို မွာ လူငယ္ ပရိသတ္(အထူးသျဖင့္ အမ်ိဴ းသားပရိသတ္) မ်ား၏အားေပးမႈကိုတခဲနက္ရရွိေသာထိပ္တန္းမင္းသမီးငယ္တစ္လက္ျဖစ္လာေသာ္လည္းသူမ၏သရုပ္ေဆာင္အရည္အေသြးမွာ သိသိသာသာတိုးတက္မႈမရွိေသးဘဲ ရုပ္ရွင္ၾကည့္ပရိသတ္အမ်ားစုက သူမ၏အိုက္တင္ထက္ သူမ၏ အလွအပ ကိုသာအသာေပးၾကည့္ရႈခဲ့ၾကသည္။

၂၀၁၀-၂၀၁၄ ကာလမွာ မိုးေဟကို ၏ အေအာင္ျမင္ဆံုးကာလျဖစ္သည္။ေလးႏွစ္အတြင္းရုပ္ရွင္ဗီဒီယိုစုစုေပါင္း ၂၀၀ နီးပါး (တစ္ႏွစ္လ်ွင္ ဇာတ္ကား ၅၀နီးပါး ) ရုိက္ကူးခဲ့ျပီး ထိုကာလ၏ဇာတ္ကားအမ်ားဆံုးရုိက္ကူးခြင့္ရေသာ အမ်ိဴးသမီးသရုပ္ေဆာင္ျဖစ္သည္။ ဇာတ္ကားမ်ားကို ယခင္ကထက္ပိုမိုစိစစ္ရုိက္ကူးခဲ့ျပီး ဇာတ္ရုပ္၊အိုက္တင္ႏွင့္ဖက္ရွင္မ်ားကိုလည္း ယခင္ရုိက္ကူးေနက် sexy ဆန္ဆန္ အသြက္ပံုစံမွခြဲထြက္ပီး ခန့္ညားထည္ဝါေသာ သက္လတ္ပိုင္းအရြယ္အထက္တန္းလႊာ အမ်ိဴးသမီးတစ္ေယာက္ပံုစံမ်ိဴ းကိုေျပာင္းလဲခဲ့သည္။

မိုးေဟကို ဇာတ္ကားအမ်ားစုတြင္ ျမန္မာ မင္းသမီး အမ်ားစု သရုပ္ေဆာင္ ေနက် ရုိးသား သိမ္ေမြ႔ေသာဇာတ္ရုပ္ပံုစံမ်ိဴ းမွခြဲထြက္ျပီး အခ်စ္ထက္ ဘဝတက္လမ္းကိုဦးစားေပးေသာ၊ မာန္မာနခက္ထန္ျပီး ဘာကိုမ်ွဂရုမစိုက္သာ၊ အျငိွဳ းၾကီးျပီးကလဲ့စားေခ်တတ္ေသာ လူဂုဏ္ထံ အမ်ိဴးသမီးဇာတ္ရုပ္မ်ားကို အမ်ားဆံုးသရုပ္ေဆာင္သည္ကိုေတြ႔ႏုိင္သည္။

အဆိုပါ ဇာတ္ကားမ်ားတြင္ မိုးေဟကို ၏ ခက္ထန္စီးနင္းေသာ ေလယူေလသိမ္းမ်က္ႏွာေပးမ်ားႏွင ့္ စမတ္က်က်ဝတ္ဆင္ေလ့ရွိေသာဖက္ရွင္မ်ားေၾကာင့္ မိုးေဟကို နွင့္ဇာတ္ရုပ္အမာမ်ားမွာအင္မတန္လိုက္ဖက္သည္ဟု ပရိသတ္မ်ားကလက္ခံအားေပးခဲ့ၿကသည္။၂၀၁၀စုအေစာပိုင္းေတာက္ေလ်ွာက္တြင ္ ဇာတ္ကားမ်ားအဆက္မျပတ္ရုိက္ကူးခဲ့ျပီး ၎တို့အနက္ အမွတ္တရ၊မုန္းမာန္ ၊ ပဥၥလက္အမုန္း ၊ကိုယ္ေစာင့္နတ္ ၊ အနီရင့္ေရာင္ႏွလံုးသား၏ အတၳဳပတၱိ ၊ ေၾကးစား ၊ ေနခါးခါး ၊မမျပံဳးျပံဳးစမ္းပါ ၊ ထြက္ကိန္းျမင္တယ္ ၊ တကယ္ခ်စ္လို့ရူးခဲ့သည္ အစရွိသည့္ဇာတ္ကားမ်ားမွာ ယိမ္းယိုင္ေနေသာဗီဒီယိုေစ်းကြက္အတြင္း ဆိုင္တက္အားထိပ္ဆံုးအထိေရာက္ခဲ့ေသာ ဇာတ္ကားမ်ားျဖစ္သည္။

၂၀၁၀ေနာက္ပိုင္းတြင္ မိုးေဟကို မွာ မင္းသမီး အသာေပးဒရာမာဇာတ္ရုပ္အမာမ်ားကိုသာ ဦးစားေပးေရြးခ်ယ္ခဲ့ျပီးသူမ၏ ဇာတ္ေကာင္မ်ားကိုပီျပင္ေအာင္သရုပ္ေဖာ္ႏုိင္မႈႏုိင္မႈတို့ေၾကာင့္ အရည္အခ်င္းရွိေသာ မင္းသမီးတစ္လက္အျဖစ္ တျဖည္းျဖည္း အသိအမွတ္ျပဳလာခဲ့ၾကသည္။၂၀၁၄ခုႏွစ္အတြင္း ဝင္ေငြအရေရာ အႏုပညာအရပါအေအာင္ျမင္ဆံုးရုပ္ရွင္ႏွစ္ကားတြင္ ေခါင္းေဆာင္မင္းသမီးအျဖစ္သရုပ္ေဆာင္ခဲ့သည္။ပထမကားမွာ ဒါရုိကတာေမာင္မ်ိဴ းမင္း၏ ‘တိုက္ဆိုင္မႈရွိလ်ွင္’ ဇာတ္ကားျဖစ္ျပီး လင္ေယာက်ာ္းအေပၚသစၥာအင္မတန္ရွိေသာ အိမ္ေထာင္ရွင္ မေကာင္းတစ္ဦးအျဖစ္သရုပ္ေဆာင္ခဲ့သည္။ ဒုတိယကားမွာဒါရုိက္တာဝိုင္း ရုိက္ကူးေသာ ‘ႏွလံုးသားျဖင့္ျပဳလုပ္သည္’ ဇာတ္ကားျဖစ္ျပီး ဖခင္ျဖစ္သူ၏ဆႏၵအတိုင္း ခ်စ္သူကိုစြန့္ပစ္ျပီး ခ်မ္းသာေသာသူေဌးကိုလက္ထပ္ခဲ့ေသာ၊ မိမိ၏သမီးျဖစ္သူမွာ မိမိ၏ငယ္ခ်စ္ဦးႏွင့္ ခ်စ္ၾကိဳက္ေနရေၾကာင္းသိရေသာအခါ မိခင္တစ္ဦးအေနျဖင့္ ပူေဆြးေသာကေရာက္ရေသာ ေဒၚသစၥာရဲရဲနီအျဖစ္ သရုပ္
ေဆာင္ခဲ့သည္။

ဇာတ္ကား နွစ္ကားလံုးတြင္ မတူညီေသာဇာတ္ရုပ္ႏွစ္ခုကို္ အကြက္ေစ့ေအာင္ ပံုေဖာ္သရုပ္ေဆာင္ႏုိင္ခဲ့သျဖင့္ ၂၀၁၄ အမ်ိဴးသမီးဇာတ္ေဆာင္ဆုကိုရရွိလိမ့္မည္ဟု ပရိသတ္ေကာ အႏုပညာေလာကသားမ်ားကပါ ထင္ေၾကးေပးခံခဲ့ရေသာ္လည္း ဒုတိယအၾကိမ္ထပ္မံလြဲေခ်ာ္ခဲ့ရသည္။ တိုက္ဆိုင္မႈရွိလ်ွင္ရုပ္ရွင္ကို ၂၀၁၅ တြင္စင္ကာပူေရေဘးရုပ္ရွင္ပြဲေတာ္၌ ျပသခဲ့ျပီး ‘Screening Award Of LanmeiInternational Film Week’ ဆုကိုရရွိခဲ့သည္။ ထို့အတူ ႏွလံုးသားျဖင့္ျပဳလုပ္သည္ ဇာတ္ကားကိုလည္းတရုတ္ႏုိင္ငံ Tang Shan ျမိဳ႕တြင္က်င္းပေသာ ေရႊၾကက္ယက္ ရုပ္ရွင္ပြဲေတာ္ တြင္ ျမန္မာရုပ္ရွင္ကားသံုးကားထဲမွ ေရြးခ်ယ္ျပသခဲ့သည္။

၂၀၁၄ ခုႏွစ္အတြင္းထြက္ရွိေသာ ဗီဒီယို ဇာတ္ကား မ်ားအနက္ေျပတီဦးႏွင့္သရုပ္ေဆာင္ေသာ’ရက္ရက္စက္စက္’ ဇာတ္ကားမွာထိုႏွစ္၏ ဌားရမ္းမႈအျမင့္ဆံုးဇာတ္ကားျဖစ္ျပီး ဇာတ္ကားတြင္ အိမ္ေထာင္ေရးေဖာက္ျပန္ေသာ အမ်ိဴးသမီးတစ္ဦးအျဖစ္ထူးထူးျခားျခားသရုပ္ေဆာင္ႏုိင္ခဲ့သျဖင့္တြဲဖက္သရုပ္ေဆာင္ေသာ ေျပတီဦးကပင္ မိုးေဟကို၏သရုပ္ေဆာင္အရည္အေသြးကို ခ်ီးက်ဴ းခဲ့ရသည္။

၂၀၁၄ ေနာက္ပိုင္းမွစတင္ျပီး မိုးေဟကို မွာ မိခင္ ၏က်န္းမာေရးေၾကာင့္တစ္ေၾကာင္း၊အျခားတစ္ဖက္တြင္ စီးပြားေရးလုပ္ငန္းအမ်ားအျပားကို လုပ္ကိုင္ေနျခင္းေၾကာင့္တစ္ေၾကာင္း အႏုပညာလႈပ္ရွားမႈမ်ာကိုသိသိသာသာေလ်ွာ့ခ်လာခဲ့သည္။၂၀၁၄ ခုႏွစ္၌မိုးရုပ္ရွင္ထုတ္လုပ္ေရးကိုတည္ေထာင္ခဲ့ျပီး ပြဲဦးထြက္ဇာတ္ကားအျဖစ ္ ‘ရုံးပတီသီးေလးမ်ား’ ဟာသရုပ္ရွင္
ကိုဒါရုိက္တာကိုေဇာ္(အရုဏ္ဦး)ကရုိက္ကူးျပီးသူမကိုယ္တိုင္ ပါဝင္သရပ္ေဆာင္ခဲ့ရာ ကုန္က်ေငြ၏ႏွစ္ဆနီးပါးအျမတ္ရရွိခဲ့သည္။သို့ေသာ္ထုတ္လုပ္ေရး၏အၾကီးမားဆံုးေအာင္ျမင္မႈမွာ ၂၀၁၆ တြင္ ဒါရုိက္တာစတီးရုိက္ကူးေသာ ‘ခိုးဆိုးလုႏႈိက္’ ဇာတ္ကားျဖစ္ျပီး စူပါစတားျမင့္ျမတ္ ၊ထြန္းထြန္းႏွင့္ သင္ဇာဝင့္ေက်ာ္တို့ပါဝင္ သရုပ္ေဆာင္ ထားသည္။လမ္းေပၚကလူငယ္မ်ား၏ဘဝကို ပံုေဖာ္ရုိက္ကူးထားျခင္းျဖစ္ျပီး ေဘာလိဝုဒ္ဇာတ္ကားကိုမီျငမ္းမႈေၾကာင့္ အကယ္ဒမီဆန္ခါတင္စာရင္း၌ပင္ ပါဝင္ျခင္းမရွိေသာ္လည္း ၂၀၁၆ ခုႏွစ္၏ ဝင္ေငြ အေကာင္းဆံုး ရုပ္ရွင္ မ်ားအနက္ တစ္ကားအပါအဝင္ျဖစ္ခဲ့သည္။

၂၀၁၇ခုႏွစ္အတြင္း ဒါရုိက္တာ ညိဳမင္းလြင္ ၏ ‘လူသားမ်ားကိုေျခာက္လွန့္ရန္တေစၧတစ္ေကာင္အလိုရွိသည္’ ဇာတ္ကားကိုထုတ္လုပ္ရုိက္ကူးခဲ့ေသာ္လည္း ဇာတ္လမ္းတည္ေဆာက္ပံုအားနည္းမႈေၾကာင့္ေအာင္ျမင္မႈၾကီးၾကီးမားမားမရခဲ့ေပ။ ၂၀၁၇၌ပင္ စိန္ ေဌးထုတ္လုပ္ေရးကရုိက္ကူးေသာ ‘သူငယ္ခ်င္းေယာကၡမ ၂’ ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ္လည္းမူရင္း ‘သူငယ္ခ်င္းေယာကၡမ ၁’ ၏ေအာင္ျမင္မႈ ကို မမီႏုိင္ခဲ့ေပ။ထုတ္လုပ္ေရးတည္ေထာင္ထားေသာအျခားသရုပ္ေဆာင္မ်ားႏွင့္မတူဘဲမိုးေဟကိုမွာ ထုတ္လုပ္ေရးကရုိက္ကူးေသာဇာတ္ကားမ်ားတြင္တခါတရံသာ ဝင္ေရာက္သရုပ္ေဆာင္ေလ့ရွိျပီး ျမန္မာ့ရုပ္ရွင္ေလာက၏ ဇာတ္ဂ်ီးအမ်ားဆံုးမင္းမီးမ်ားတြင္တစ္ဦးအပါအဝင္ျဖစ္သည္။

ေနာက္ထပ္ ရုပ္ရွင္၁၁ ကားတြင္ေခါင္းေဆာင္ မင္းသမီး အျဖစ္သရုပ္ေဆာင္ထားျပီးထိုဇာတ္ကားမ်ားအနက္ သူမ၏ထုတ္လုပ္ေရးမွရုိက္ကူးထားေသာ ‘ေတာက်ီးကန္း’ ဇာတ္ကား မွာ ၂၀၁၈တြင္ရုံတင္ျပသမည္ျဖစ္ျပီး မိုးေဟကိုအတြက္ တတိယအၾကိမ္အကယ္ဒမီဆုကိုရင္ခုန္ႏုိင္မည့္ဇာတ္ကားလည္းျဖစ္သည္။၂၀၁၆ ခုႏွစ္အတြင္း သူမ၏အႏုပညာ မွတ္တိုင္းတစ္ခုအျဖစ္ ‘က်ြန္မခ်စ္ေသာ’ ခရီးသြားစာအုပ္ကိုက်ပ္ေငြ ငါးေသာင္းျဖင့္ ထုတ္လုပ္ေရာင္းခ်ခဲ့ျပီးစာအုပ္၏ေစ်းျမင့္မားမႈ၊ အုပ္ေရကန့္သတ္ထုတ္ေဝမႈတို့ေၾကာင့္ ပရိသတ္မ်ား၏ ေဝဖန္မႈကိုခံ ခဲ့ရေသာ္လည္းဝယ္ယူအားေကာင္းလန္းသျဖင့္ ဒုတိယအၾကိမ္ထပ္မံထုတ္ေဝခဲ့ရသည္။

မိုးေဟကို၏ ျဖတ္သန္းခဲ့ေသာအႏုပညာလမ္းေၾကာင္းတစ္ေလ်ွာက္ မ်ားစြာေသာ ေကာလဟာလမ်ား၊လူမႈေရးအရႈပ္အေထြးမ်ားေၾကာင့္ ျပည္သူမ်ား၊မီဒီယာမ်ား၏ ေဝဖန္မႈကို အၾကိမ္ၾကိမ္ခံခဲ့ရသလို သူမ၏ပံုရိပ္လည္း အၾကိမ္ၾကိမ္ထိခိုက္ခဲ့သည္။အထူးသျဖင့္ သူမ၏အႏုပညာသက္တမ္းတေလ်ွာက္သူမ၏ ေအာင္ျမင္မႈကို အၾကီးအက်ယ္ဟန့္တားေစခဲ့ေသာ ကာလႏွစ္ခုရွိခဲ့သည္။ ပထမတစ္ခုမွာ ၂၀၀၇၌သူမ၏ Lotion video file အင္တာနက္စာမ်က္ႏွာတစ္ခြင္၌ ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္သည္။

ဒုတိ္ယတစ္ၾကိမ္မွာ၂၀၁၂ တြင္သူမႏွင့္ခ်စ္သူျဖစ္သူတို့ အိမ္ျခံေျမပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ တင္းစာထဲမွအျပန္အလွန္တရားစြဲဆိုမႈျဖစ္သည္။ သို့ေသာ္ ထိုကာလအားလံုးတြင္မိုးေဟကိုမွာ သူမ၏သရုပ္ေဆာင္စြမ္းရည္၊အလွတရားႏွင့္ဖက္ရွင္မ်ားေၾကာင့္ ေအာင္ျမင္မႈကိုမလဲျပိဳေအာင္အၾကိမ္ၾကိမ္ထိန္းသိမ္းႏုိင္ခဲ့သည္။၂၀၁၄ ေနာက္ပိုင္းမွစတင္ျပီး မိုးေဟကိုမွာ သူမ၏ ပံုစံကိုေျပာင္းလဲခဲ့ျပီးရင့္က်က္ တည္ျငိမ္ေသာ အမ်ိဴ းသမီးတစ္ေယာက္အျဖစ္ အႏုပညာေလာက၌ေရာ စီးပြားေရးေလာက၌ပါေအာင္ျမင္မႈကို တည္ေဆာက္ႏုိင္ခဲ့သည္။မိုးေဟကိုသည္ျမန္မာအႏုပညာေလာက၏ အလွဆံုးႏွင့္ဆြဲေဆာင္မႈအရွိဆံုး မင္းသမီးမ်ားအနက္ တစ္ဦးအပါအဝင္ျဖစ္သည္။ နာမည္ေက်ာ္make-up artist မ်ားႏွင့္ photographers အမ်ားစုက မိုးေဟကို၏အလွကို ညႈိ့အားျပင္းေသာအလွ(sexy)ႏွင့္နန္းဆန္ေသာအလွ (grace) ႏွစ္မ်ိဴ းစလံုးကိုပိုင္ဆိုင္သူဟု သတ္မွတ္ၾကသည္။

၂၀၁၂ခုႏွစ္တြင္ဂ်ာမနီႏုိင္ငံထုတ္ PORSCHIST မဂၢဇင္း၏ မ်က္ႏွာဖံုးရွင္အျဖစ္ ရုိက္ကူးခဲ့ရသည္။ ၂၀၁၁တြင္ Peopleမဂၢဇင္းကေရြးခ်ယ္ေသာ Best Beauty Awardကိုရရွိခဲ့သည္။၂၀၁၅ခုႏွစ္တြင္ ေတာင္ကိုးရီးယားႏုိင္ငံ၌က်င္းပေသာ Asian Model Festival တြင္ AsianModel Award ကိုရရွိခဲ့သည္။၂၀၁၁ ခုႏွစ္မွ ၂၀၁၄ခုႏွစ္အထိ Google Website ၏ထုတ္ျပန္ခ်က္အရမိုးေဟကိုမွာျမန္မာျပည္၏ရွာေဖြမႈအမ်ားဆံုးအႏုပညာရွင္အျဖစ္ သတ္မွတ္ခံရသည္။၂၀၁၇ခုႏွစ္၌ L’orealမွခ်ီးျမွင့္ေသာ Best Red Carpet Fashion ဆုကိုရရွိခဲ့ျပီး အလွအပမဂၢဇင္းအသီးသီးမွ ေရြးခ်ယ္ေသာဖက္ရွင္အက်ဆံုး၊ဆြဲေဆာင္မႈအရွိဆံုး အႏုပညာရွင္ စာရင္းတြင္ အၾကိမ္ၾကိမ္ပါဝင္ခဲ့သည္။

သူမ၏ေအာင္ျမင္မႈအျမင့္ဆံုးအခ်ိန္တြင္ ျမန္မာျပည္ ၏ေအာင္ျမင္မႈအရွိဆံုးမင္းသမီးစာရင္း၌ အျမဲလိုလိုပါဝင္တတ္ျပီး စီးပြားေရးကုန္ပစၥည္း အမ်ားျပား၏ brand ambassadorတစ္ဦးလည္းျဖစ္သည္။(ဥပမာ – Samsaung Galaxy S4 , Canmake Cosmetics , I Max )မိုးေဟကိုမွာ ယေန့ေခတ္ျမန္မာ့ရုပ္ရွင္၏ သရုပ္ေဆာင္ေၾကးအျမင့္ဆံုးမင္းသမီးမ်ားတြင္ပါဝင္ေနေသးသလို ယေန့မ်ိဴးဆက္သစ္ေမာ္ဒယ္မ်ားရုပ္ရွင္သရုပ္ေဆာင္မ်ားအၾကားတြင္ Icon တစ္ဦးအျဖစ္ က်န္ရွိေနဆဲျဖစ္သည္။ေရႊမႈံရတီက’အတၱကိုျခယ္
တဲ့ေရာင္စဥ္’ ဇာတ္ကားတြင္ မိုးေဟကို၏ အိုက္တင္ကိုေလ့လာသင္ယူသရုပ္ေဆာင္ခဲ့ေၾကာင္းေျပာခဲ့သလိုစူပါမင္းသားေျပတီဦးကလည္း ရက္ရက္စက္စက္ဇာတ္ကားတြင္တြဲဖက္သရုပ္ေဆာင္စဥ္ကမိုးေဟကို၏သရုပ္ဆာင္ပညာကိုခ်ီးက်ဴ းမိေၾကာင္းအင္တာဗ်ဴ း တစ္ခုတြင္ေျဖဆိုဖူးသည္။ထို့အျင္ ဒါရုိက္တာၾကည္ျဖဴ သ်ွင္ႏွင့္သရုပ္ေဆာင္ မယ္လိုဒီတို့ကလည္း မိုးေဟ
ကို၏သရုပ္ေဆာင္ပညာ၊ ဘဝတည္ေဆာက္မႈပံုစံ တို့ကိုေလးစားမိေၾကာင္းအင္တာဗ်ဴ းမ်ားတြင္ေျဖဆိုခဲ့ၾကသည္။မီဒီယာအမ်ားစုက မိုးေဟကို၏ေနာက္ပိုင္းမွစတင္၍ ျမန္မာျပည္၌ sexy model မ်ားစတင္ေခတ္စားလာသလို ဖက္ရွင္ေမာ္ဒယ္မွ သရုပ္ေဆာင္ဘက္သို့ကူးေျပာင္းသူမ်ား (ေအးျမတ္သူ၊သင္ဇာဝင့္ေက်ာ္)စသျဖင့္ ယခင္ကထက္မ်ားျပားလာခဲ့သည္ဟု သတ္မွတ္ၾကသည္။

လက္ပံ ၊ ဟန္းနီးမြန္း ၊ နကၡတ္မွားတဲ့တိုက္ပြဲ ၊ ဝိညာဥ္ကၾကိဳး ၊ ေမွာ္ေက်ာက္စာ ၊ေနာင္တြင္ဥဒါန္းတည္ေစသတည္း ၊ Reflection ႏွင့္ ရာဇဝင္ရုိင္းသူမ်ား အပါအဝင္ရုပ္ရွင္ကားအေျမာက္အျမားကို
ငင္းပယ္ခဲ့သည့္ မိုးေဟကိုမွာ ျမန္မာ့ရုပ္ရွင္ေလာက၏ဇာတ္ဂ်ီး အမ်ားဆံုးမင္းသမီးတစ္လက္ျဖစ္သလို ယေန့အခ်ိန္အထိဇာတ္ပို့ေနရာကသရုပ္ေဆာင္မႈ မရွိသေလာက္ပင္ရွားပါးလွသည္။ သူမ၏ စတိုင္က်က် ဖက္ရွင္မ်ား၊ ဆြဲေဆာင္မႈရွိသည့္အၾကည့္ႏွင့္အိုက္တင္မ်ားေၾကာင့္ ယေန့ေခတ္၏ ေမာ္ဒယ္၊သရုပ္ေဆာင္မ်ား၏စံထား အတုယူျခင္းခံရေသာ မင္းသမီးတစ္လက္ျဖစ္သည္။

တစ္ၾကိမ္တစ္ခါမွ အကယ္ဆုမရရွိေသးသလိုအင္တာဗ်ဴ းေျဖဆိုမႈ၊ပရိသတ္ႏွင့္ထိေတြ႔ဆက္ဆံမႈအလြန္နည္းပါးျခင္း ၊ online သံုးစြဲမႈမရွိျခင္း ၊ ဇာတ္ကား ရုိက္ကူးမႈေလ်ွာ့ခ်ျခင္းမ်ားေၾကာင့္ ျပည္သူႏွင့္မီဒီယာမ်ားႏွင့္အဆက္ျပတ္ေနေသာ္လည္း သူမ၏အႏုပညာႏွင့္စီးပြားေရးေအာင္ျမင္မႈမ်ား၊အသက္ငယ္ရြယ္ေသာ္လည္းprofessionalဆန္ဆန္ေျပာဆိုဆက္ဆံတတ္မႈ၊ အလုပ္လုပ္ကိုင္ရာ၌ ေစ့စပ္ေသခ်ာဝိရိယရွိမႈ ႏွင္မိမိကိုယ္ပိုင္ဘဝကိုယံုၾကည္မႈရွိရွိတည္ေဆာက္ႏုိင္မႈတို့ေၾကာင့္ ယေန့ေခတ္ ျမန္မာ့အႏုပညာေလာက၏လႊမ္းမိုးမႈအရွိဆံုး၊ အႏုပညာေလာကသားမ်ား၏ေလးစားမႈအခံရဆံုး celebrity မ်ားအနက္ တစ္ဦးအပါအအဝင္ျဖစ္ေနဆဲျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese Flim stars

#Unicode Version#
အမည်ရင်း- အေးအေးခိုင်
အနုပညာအမည်- မိုးဟေကို
Birthday- ဇွန်လ၂၆ ၊ ၁၉၈၅
သူမ၏ ဆွဲဆောင်မှုရှိသော ဟန်ပန်အမူအရာများ ၊ပုရိသများ နှစ်သက်သော ကိုယ်ခန ္ဓာအချိူ းအစား ၊ ခေတ်နှင့်အညီ အထာကျအောင်ဆင်မြန်းနိုင်သော ဖက်ရှင်တို့ကြောင့် ယနေ့အချိန်အထိ မြန်မာ အနုပညာ လောကတွင် နာမည်တစလုံးကိုအခိုင်အမာထူထောင်ထားနိုင်သော ထိပ်တန်း မင်းသမီး တစ်လက်ဖြစ်သည်။

ကိုးတန်း ကျောင်းသူ ဘဝ တွင် တင်မိုးလွင်၏မော်ဒယ်သင်တန်း၌ တက်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် စူပါစတားဒွေးနှင့် ထက်ထက်မိုးဦး တို့ သရုပ်ဆောင် ထားသော‘Okie’ ဆပ်ပြာမှုန့်ကြော်ငြာတွင် ပါဝင်ခွင့်ရခဲ့သည်။

ထိုကာလ၌ သီချင်းဗီစီဒီအချိူ့နှင့် ဗီဒီယို ဇာတ်ကား တချိူ့တွင် ပါဝင်သရုပ်ဆောင်ခွင့်ရသော်လည်းသရုပ်ဆောင် ပိုင်းနှင့်ပတ်သက်၍ မိမိကိုယ်ကိုယုံကြည်မှုမရှိသေးသဖြင့် ရိုက်ကူးမှုများပြန်လည်ရပ်နားခဲ့ပြီး၂၀၀၅ခုနှစ်တွင် အနုပညာလောကသို့တကျာ့ပြန်ဝင်ရောက်ခဲ့သည်။

ခေါင်းဆောင်မင်းသမီးမဖြစ်မီ ဂျွန်လွင်၏ Star Model Agency တွင်ဖက်ရှင်မော်ဒယ်တစ်ဦးအဖြစ် အေးမြတ်သူ၊ မြင့်မြတ် ၊ အောင်ရဲလင်း တို့နှင့်အတူ လုပ်ကိုင်ခဲ့သည်။

အသက်ငယ်ရွယ်သေးသော်လည်း ဆွဲဆောင်မှု ရှိသည့် စတိုင် နှင့် ညှို့အားပြင်းသည့်အလှတို့ကြောင့်အချိန်တိုအတွင်းမှာပင် မြန်မာပြည်၏ demand အကောင်းဆုံး ဖက်ရှင် မော်ဒယ် တစ်ဦးဖြစ်လာခဲ့သည်။၂၀၀၀ ဆယ်စုနှစ်အကုန်တွင် မိုးဟေကိုမှာ မဂ္ဂဇင်းကာဗာများ၊ ပြက္ခဒိန် များ ၊ ကြော်ငြာများ
အများဆုံးရိုက်ကူးရသော ကြော်ငြာမော်ဒယ်တစ်ဦးဖြစ်လာပြီး နာမည်ကြီး photographers အများစုကအလှဓာတ်ပုံရိုက်ကူးမှုတွင် မိုးဟေကို၏အိုက်တင်ကိုမီသူမရှိဟုပင် သတ်မှတ်ခဲ့ကြသည်။

ထိုအချိန်တွင်နိုင်ငံ၌ အင်တာန က်သုံးစွဲမှုများ စတင်ခေတ်စားလာခဲ့ရာမိုးဟေကို၏ ဗီဒီယိုဖိုင် တချိုူ့နှင့် sexy photo များမှာonline စာမျက်နှာ များထက်တွင် အလွန်ရေပန်းစားခဲ့ပြီး ပရိသတ် များ၏အထူးစိတ်ဝင်စားမှုရရှိခဲ့သောကြောင့်မီဒီယာအများစုက အင်တာနက်ခေတ်ဦးကိုဦးဆောင်ခဲ့သော အွန်လိုင်း ဘုရင်မ ဟုပင်တင်စားခဲ့ကြသည်။

ထို့အပြင် မိုးဟေကို ၏ (34 ×21×36)body size ကြောင့် မြန်မာပြည် ၏ကိုယ်လုံးကိုယ်ပေါက်အချိုးအစားအကျဆုံး မင်းသမီး အဖြစ် သတ်မှတ်ခဲ့ကြသလို ပုရိသ များ၏ အားပေးမှုကိုလည်း အတော်ပင်ရရှိခဲ့သည်။ပထမဆုံးခေါင်းဆောင်မင်းသမီး အဖြစ် ၂၀၀၇ ခုနှစ်တွင် ဒါရိုက်တာမောင်မျိူ းမင်း၏ ‘အိပ်မက်အလွန်’ ဗီဒီယို ဇာတ်ကား တွင် လူမင်း ၊အိန္ဒြာကျော်ဇင်တို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။ ဆက်တိုက်ဆိုသလိုပင်တစ်မျိူ းမူတဲ့ပဲခူးသူမို့လေ ၊ အချစ်နဲ့ကံ ၊အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ် ၊ အမုန်းဖွဲ့တေး၊သုခဘုံ ၊ အချစ်ကြောင့်အပြစ်ရှိသူများ ၊ ကြိုးဝိုင်းထဲကသံယောဇဉ် ၊ လျှပ်တစ်ပြတ် အစရှိသည့် အောင်မြင်သော ဗီဒီယို ဇာတ်ကား များစွာတို့တွင်ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရင်း လူငယ်ကြိုက် မင်းသမီး တစ်လက်ဖြစ်လာခဲ့သည်။
ဗီဒီယို ဇာတ်ကား များဖြင့်ပရိသတ်လက်ခံမှုရရှိပြီး ပထမဆုံး ရုပ်ရှင်ကားကြီး အဖြစ်ဒါရိုက်တာမောင်မျိူ းမင်း၏ ‘မှော်’ ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။၂၀၀၈ ခုနှစ်အကုန်တွင် မိုးဟေကို မှာ ရုပ်ရှင်၊ဗီဒီယိုနှင့်ကြော်ငြာအများအပြားတွင်သရုပ်ဆောင်ခွင့်ရရှိသော ဈေးကွက်ဝင် မင်းသမီး တစ်ဦးဖြစ်လာခဲ့ပြီး မြန်မာနိုင် ၌ ထိပ်တန်း မင်းသမီး ဘဝသို့တက်လှမ်းနိုင်သော ပထမဦးဆုံး ဖက်ရှင် မော်ဒယ် တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင်ရုပ်ရှင်ကားကြီး လေးကား၌ ခေါင်းဆောင်မင်းသမီးအ
ဖြစ်သရုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက် ကျော်ရဲအောင်၊လွင်မိုးတို့နှင့်သရုပ်ဆောင်သော ‘သူငယ်ချင်းယောက္ခမ’ ဟာသဇာတ်ကားမှာ ထိုနှစ်၏ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်သလို နေတိုးနှင့်သရုပ်ဆောင်သော ‘မိုး ညအပ်မက်မြူ ‘ ဇာတ်ကားမှာ သူမအတွက် ပထမဆုံးအကြိမ် အမျိူ းသမီး ဇာတ်ဆောင်ဆု အတွက် တစ်ကြို ပေးခြင်းခံခဲ့ရသော ဇာတ်ကားဖြစ်သည်။

ထိုအချိန်အထိ မိုးဟေကို မှာ လူငယ် ပရိသတ်(အထူးသဖြင့် အမျိူ းသားပရိသတ်) များ၏အားပေးမှုကိုတခဲနက်ရရှိသောထိပ်တန်းမင်းသမီးငယ်တစ်လက်ဖြစ်လာသော်လည်းသူမ၏သရုပ်ဆောင်အရည်အသွေးမှာ သိသိသာသာတိုးတက်မှုမရှိသေးဘဲ ရုပ်ရှင်ကြည့်ပရိသတ်အများစုက သူမ၏အိုက်တင်ထက် သူမ၏ အလှအပ ကိုသာအသာပေးကြည့်ရှုခဲ့ကြသည်။

၂၀၁၀-၂၀၁၄ ကာလမှာ မိုးဟေကို ၏ အအောင်မြင်ဆုံးကာလဖြစ်သည်။လေးနှစ်အတွင်းရုပ်ရှင်ဗီဒီယိုစုစုပေါင်း ၂၀၀ နီးပါး (တစ်နှစ်လျှင် ဇာတ်ကား ၅၀နီးပါး ) ရိုက်ကူးခဲ့ပြီး ထိုကာလ၏ဇာတ်ကားအများဆုံးရိုက်ကူးခွင့်ရသော အမျိူးသမီးသရုပ်ဆောင်ဖြစ်သည်။ ဇာတ်ကားများကို ယခင်ကထက်ပိုမိုစိစစ်ရိုက်ကူးခဲ့ပြီး ဇာတ်ရုပ်၊အိုက်တင်နှင့်ဖက်ရှင်များကိုလည်း ယခင်ရိုက်ကူးနေကျ sexy ဆန်ဆန် အသွက်ပုံစံမှခွဲထွက်ပီး ခန့်ညားထည်ဝါသော သက်လတ်ပိုင်းအရွယ်အထက်တန်းလွှာ အမျိူးသမီးတစ်ယောက်ပုံစံမျိူ းကိုပြောင်းလဲခဲ့သည်။

မိုးဟေကို ဇာတ်ကားအများစုတွင် မြန်မာ မင်းသမီး အများစု သရုပ်ဆောင် နေကျ ရိုးသား သိမ်မွေ့သောဇာတ်ရုပ်ပုံစံမျိူ းမှခွဲထွက်ပြီး အချစ်ထက် ဘဝတက်လမ်းကိုဦးစားပေးသော၊ မာန်မာနခက်ထန်ပြီး ဘာကိုမျှဂရုမစိုက်သာ၊ အငြှို းကြီးပြီးကလဲ့စားချေတတ်သော လူဂုဏ်ထံ အမျိူးသမီးဇာတ်ရုပ်များကို အများဆုံးသရုပ်ဆောင်သည်ကိုတွေ့နိုင်သည်။

အဆိုပါ ဇာတ်ကားများတွင် မိုးဟေကို ၏ ခက်ထန်စီးနင်းသော လေယူလေသိမ်းမျက်နှာပေးများနှင့် စမတ်ကျကျဝတ်ဆင်လေ့ရှိသောဖက်ရှင်များကြောင့် မိုးဟေကို နှင့်ဇာတ်ရုပ်အမာများမှာအင်မတန်လိုက်ဖက်သည်ဟု ပရိသတ်များကလက်ခံအားပေးခဲ့ကြသည်။၂၀၁၀စုအစောပိုင်းတောက်လျှောက်တွင ် ဇာတ်ကားများအဆက်မပြတ်ရိုက်ကူးခဲ့ပြီး ၎င်းတို့အနက် အမှတ်တရ၊မုန်းမာန် ၊ ပဉ္စလက်အမုန်း ၊ကိုယ်စောင့်နတ် ၊ အနီရင့်ရောင်နှလုံးသား၏ အတ္ထုပတ္တိ ၊ ကြေးစား ၊ နေခါးခါး ၊မမပြုံးပြုံးစမ်းပါ ၊ ထွက်ကိန်းမြင်တယ် ၊ တကယ်ချစ်လို့ရူးခဲ့သည် အစရှိသည့်ဇာတ်ကားများမှာ ယိမ်းယိုင်နေသောဗီဒီယိုဈေးကွက်အတွင်း ဆိုင်တက်အားထိပ်ဆုံးအထိရောက်ခဲ့သော ဇာတ်ကားများဖြစ်သည်။

၂၀၁၀နောက်ပိုင်းတွင် မိုးဟေကို မှာ မင်းသမီး အသာပေးဒရာမာဇာတ်ရုပ်အမာများကိုသာ ဦးစားပေးရွေးချယ်ခဲ့ပြီးသူမ၏ ဇာတ်ကောင်များကိုပီပြင်အောင်သရုပ်ဖော်နိုင်မှုနိုင်မှုတို့ကြောင့် အရည်အချင်းရှိသော မင်းသမီးတစ်လက်အဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုလာခဲ့ကြသည်။၂၀၁၄ခုနှစ်အတွင်း ဝင်ငွေအရရော အနုပညာအရပါအအောင်မြင်ဆုံးရုပ်ရှင်နှစ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့သည်။ပထမကားမှာ ဒါရိုကတာမောင်မျိူ းမင်း၏ ‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားဖြစ်ပြီး လင်ယောကျာ်းအပေါ်သစ္စာအင်မတန်ရှိသော အိမ်ထောင်ရှင် မကောင်းတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့သည်။ ဒုတိယကားမှာဒါရိုက်တာဝိုင်း ရိုက်ကူးသော ‘နှလုံးသားဖြင့်ပြုလုပ်သည်’ ဇာတ်ကားဖြစ်ပြီး ဖခင်ဖြစ်သူ၏ဆန္ဒအတိုင်း ချစ်သူကိုစွန့်ပစ်ပြီး ချမ်းသာသောသူဌေးကိုလက်ထပ်ခဲ့သော၊ မိမိ၏သမီးဖြစ်သူမှာ မိမိ၏ငယ်ချစ်ဦးနှင့် ချစ်ကြိုက်နေရကြောင်းသိရသောအခါ မိခင်တစ်ဦးအနေဖြင့် ပူဆွေးသောကရောက်ရသော ဒေါ်သစ္စာရဲရဲနီအဖြစ် သရုပ်
ဆောင်ခဲ့သည်။

ဇာတ်ကား နှစ်ကားလုံးတွင် မတူညီသောဇာတ်ရုပ်နှစ်ခုကို အကွက်စေ့အောင် ပုံဖော်သရုပ်ဆောင်နိုင်ခဲ့သဖြင့် ၂၀၁၄ အမျိူးသမီးဇာတ်ဆောင်ဆုကိုရရှိလိမ့်မည်ဟု ပရိသတ်ကော အနုပညာလောကသားများကပါ ထင်ကြေးပေးခံခဲ့ရသော်လည်း ဒုတိယအကြိမ်ထပ်မံလွဲချော်ခဲ့ရသည်။ တိုက်ဆိုင်မှုရှိလျှင်ရုပ်ရှင်ကို ၂၀၁၅ တွင်စင်ကာပူရေဘေးရုပ်ရှင်ပွဲတော်၌ ပြသခဲ့ပြီး ‘Screening Award Of LanmeiInternational Film Week’ ဆုကိုရရှိခဲ့သည်။ ထို့အတူ နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကားကိုလည်းတရုတ်နိုင်ငံ Tang Shan မြို့တွင်ကျင်းပသော ရွှေကြက်ယက် ရုပ်ရှင်ပွဲတော် တွင် မြန်မာရုပ်ရှင်ကားသုံးကားထဲမှ ရွေးချယ်ပြသခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်းထွက်ရှိသော ဗီဒီယို ဇာတ်ကား များအနက်ပြေတီဦးနှင့်သရုပ်ဆောင်သော’ရက်ရက်စက်စက်’ ဇာတ်ကားမှာထိုနှစ်၏ ဌားရမ်းမှုအမြင့်ဆုံးဇာတ်ကားဖြစ်ပြီး ဇာတ်ကားတွင် အိမ်ထောင်ရေးဖောက်ပြန်သော အမျိူးသမီးတစ်ဦးအဖြစ်ထူးထူးခြားခြားသရုပ်ဆောင်နိုင်ခဲ့သဖြင့်တွဲဖက်သရုပ်ဆောင်သော ပြေတီဦးကပင် မိုးဟေကို၏သရုပ်ဆောင်အရည်အသွေးကို ချီးကျူ းခဲ့ရသည်။

၂၀၁၄ နောက်ပိုင်းမှစတင်ပြီး မိုးဟေကို မှာ မိခင် ၏ကျန်းမာရေးကြောင့်တစ်ကြောင်း၊အခြားတစ်ဖက်တွင် စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင်နေခြင်းကြောင့်တစ်ကြောင်း အနုပညာလှုပ်ရှားမှုမျာကိုသိသိသာသာလျှော့ချလာခဲ့သည်။၂၀၁၄ ခုနှစ်၌မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုတည်ထောင်ခဲ့ပြီး ပွဲဦးထွက်ဇာတ်ကားအဖြစ ် ‘ရုံးပတီသီးလေးများ’ ဟာသရုပ်ရှင်
ကိုဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကရိုက်ကူးပြီးသူမကိုယ်တိုင် ပါဝင်သရပ်ဆောင်ခဲ့ရာ ကုန်ကျငွေ၏နှစ်ဆနီးပါးအမြတ်ရရှိခဲ့သည်။သို့သော်ထုတ်လုပ်ရေး၏အကြီးမားဆုံးအောင်မြင်မှုမှာ ၂၀၁၆ တွင် ဒါရိုက်တာစတီးရိုက်ကူးသော ‘ခိုးဆိုးလုနှိုက်’ ဇာတ်ကားဖြစ်ပြီး စူပါစတားမြင့်မြတ် ၊ထွန်းထွန်းနှင့် သင်ဇာဝင့်ကျော်တို့ပါဝင် သရုပ်ဆောင် ထားသည်။လမ်းပေါ်ကလူငယ်များ၏ဘဝကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး ဘောလိဝုဒ်ဇာတ်ကားကိုမီငြမ်းမှုကြောင့် အကယ်ဒမီဆန်ခါတင်စာရင်း၌ပင် ပါဝင်ခြင်းမရှိသော်လည်း ၂၀၁၆ ခုနှစ်၏ ဝင်ငွေ အကောင်းဆုံး ရုပ်ရှင် များအနက် တစ်ကားအပါအဝင်ဖြစ်ခဲ့သည်။

၂၀၁၇ခုနှစ်အတွင်း ဒါရိုက်တာ ညိုမင်းလွင် ၏ ‘လူသားများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည်’ ဇာတ်ကားကိုထုတ်လုပ်ရိုက်ကူးခဲ့သော်လည်း ဇာတ်လမ်းတည်ဆောက်ပုံအားနည်းမှုကြောင့်အောင်မြင်မှုကြီးကြီးမားမားမရခဲ့ပေ။ ၂၀၁၇၌ပင် စိန် ဌေးထုတ်လုပ်ရေးကရိုက်ကူးသော ‘သူငယ်ချင်းယောက္ခမ ၂’ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်းမူရင်း ‘သူငယ်ချင်းယောက္ခမ ၁’ ၏အောင်မြင်မှု ကို မမီနိုင်ခဲ့ပေ။ထုတ်လုပ်ရေးတည်ထောင်ထားသောအခြားသရုပ်ဆောင်များနှင့်မတူဘဲမိုးဟေကိုမှာ ထုတ်လုပ်ရေးကရိုက်ကူးသောဇာတ်ကားများတွင်တခါတရံသာ ဝင်ရောက်သရုပ်ဆောင်လေ့ရှိပြီး မြန်မာ့ရုပ်ရှင်လောက၏ ဇာတ်ဂျီးအများဆုံးမင်းမီးများတွင်တစ်ဦးအပါအဝင်ဖြစ်သည်။

နောက်ထပ် ရုပ်ရှင်၁၁ ကားတွင်ခေါင်းဆောင် မင်းသမီး အဖြစ်သရုပ်ဆောင်ထားပြီးထိုဇာတ်ကားများအနက် သူမ၏ထုတ်လုပ်ရေးမှရိုက်ကူးထားသော ‘တောကျီးကန်း’ ဇာတ်ကား မှာ ၂၀၁၈တွင်ရုံတင်ပြသမည်ဖြစ်ပြီး မိုးဟေကိုအတွက် တတိယအကြိမ်အကယ်ဒမီဆုကိုရင်ခုန်နိုင်မည့်ဇာတ်ကားလည်းဖြစ်သည်။၂၀၁၆ ခုနှစ်အတွင်း သူမ၏အနုပညာ မှတ်တိုင်းတစ်ခုအဖြစ် ‘ကျွန်မချစ်သော’ ခရီးသွားစာအုပ်ကိုကျပ်ငွေ ငါးသောင်းဖြင့် ထုတ်လုပ်ရောင်းချခဲ့ပြီးစာအုပ်၏ဈေးမြင့်မားမှု၊ အုပ်ရေကန့်သတ်ထုတ်ဝေမှုတို့ကြောင့် ပရိသတ်များ၏ ဝေဖန်မှုကိုခံ ခဲ့ရသော်လည်းဝယ်ယူအားကောင်းလန်းသဖြင့် ဒုတိယအကြိမ်ထပ်မံထုတ်ဝေခဲ့ရသည်။

မိုးဟေကို၏ ဖြတ်သန်းခဲ့သောအနုပညာလမ်းကြောင်းတစ်လျှောက် များစွာသော ကောလဟာလများ၊လူမှုရေးအရှုပ်အထွေးများကြောင့် ပြည်သူများ၊မီဒီယာများ၏ ဝေဖန်မှုကို အကြိမ်ကြိမ်ခံခဲ့ရသလို သူမ၏ပုံရိပ်လည်း အကြိမ်ကြိမ်ထိခိုက်ခဲ့သည်။အထူးသဖြင့် သူမ၏အနုပညာသက်တမ်းတလျှောက်သူမ၏ အောင်မြင်မှုကို အကြီးအကျယ်ဟန့်တားစေခဲ့သော ကာလနှစ်ခုရှိခဲ့သည်။ ပထမတစ်ခုမှာ ၂၀၀၇၌သူမ၏ Lotion video file အင်တာနက်စာမျက်နှာတစ်ခွင်၌ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ဒုတိယတစ်ကြိမ်မှာ၂၀၁၂ တွင်သူမနှင့်ချစ်သူဖြစ်သူတို့ အိမ်ခြံမြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တင်းစာထဲမှအပြန်အလှန်တရားစွဲဆိုမှုဖြစ်သည်။ သို့သော် ထိုကာလအားလုံးတွင်မိုးဟေကိုမှာ သူမ၏သရုပ်ဆောင်စွမ်းရည်၊အလှတရားနှင့်ဖက်ရှင်များကြောင့် အောင်မြင်မှုကိုမလဲပြိုအောင်အကြိမ်ကြိမ်ထိန်းသိမ်းနိုင်ခဲ့သည်။၂၀၁၄ နောက်ပိုင်းမှစတင်ပြီး မိုးဟေကိုမှာ သူမ၏ ပုံစံကိုပြောင်းလဲခဲ့ပြီးရင့်ကျက် တည်ငြိမ်သော အမျိူ းသမီးတစ်ယောက်အဖြစ် အနုပညာလောက၌ရော စီးပွားရေးလောက၌ပါအောင်မြင်မှုကို တည်ဆောက်နိုင်ခဲ့သည်။မိုးဟေကိုသည်မြန်မာအနုပညာလောက၏ အလှဆုံးနှင့်ဆွဲဆောင်မှုအရှိဆုံး မင်းသမီးများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ နာမည်ကျော်make-up artist များနှင့် photographers အများစုက မိုးဟေကို၏အလှကို ညှို့အားပြင်းသောအလှ(sexy)နှင့်နန်းဆန်သောအလှ (grace) နှစ်မျိူ းစလုံးကိုပိုင်ဆိုင်သူဟု သတ်မှတ်ကြသည်။

၂၀၁၂ခုနှစ်တွင်ဂျာမနီနိုင်ငံထုတ် PORSCHIST မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် ရိုက်ကူးခဲ့ရသည်။ ၂၀၁၁တွင် Peopleမဂ္ဂဇင်းကရွေးချယ်သော Best Beauty Awardကိုရရှိခဲ့သည်။၂၀၁၅ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံ၌ကျင်းပသော Asian Model Festival တွင် AsianModel Award ကိုရရှိခဲ့သည်။၂၀၁၁ ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ Google Website ၏ထုတ်ပြန်ချက်အရမိုးဟေကိုမှာမြန်မာပြည်၏ရှာဖွေမှုအများဆုံးအနုပညာရှင်အဖြစ် သတ်မှတ်ခံရသည်။၂၀၁၇ခုနှစ်၌ L’orealမှချီးမြှင့်သော Best Red Carpet Fashion ဆုကိုရရှိခဲ့ပြီး အလှအပမဂ္ဂဇင်းအသီးသီးမှ ရွေးချယ်သောဖက်ရှင်အကျဆုံး၊ဆွဲဆောင်မှုအရှိဆုံး အနုပညာရှင် စာရင်းတွင် အကြိမ်ကြိမ်ပါဝင်ခဲ့သည်။

သူမ၏အောင်မြင်မှုအမြင့်ဆုံးအချိန်တွင် မြန်မာပြည် ၏အောင်မြင်မှုအရှိဆုံးမင်းသမီးစာရင်း၌ အမြဲလိုလိုပါဝင်တတ်ပြီး စီးပွားရေးကုန်ပစ္စည်း အများပြား၏ brand ambassadorတစ်ဦးလည်းဖြစ်သည်။(ဥပမာ – Samsaung Galaxy S4 , Canmake Cosmetics , I Max )မိုးဟေကိုမှာ ယနေ့ခေတ်မြန်မာ့ရုပ်ရှင်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးများတွင်ပါဝင်နေသေးသလို ယနေ့မျိူးဆက်သစ်မော်ဒယ်များရုပ်ရှင်သရုပ်ဆောင်များအကြားတွင် Icon တစ်ဦးအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ရွှေမှုံရတီက’အတ္တကိုခြယ်
တဲ့ရောင်စဉ်’ ဇာတ်ကားတွင် မိုးဟေကို၏ အိုက်တင်ကိုလေ့လာသင်ယူသရုပ်ဆောင်ခဲ့ကြောင်းပြောခဲ့သလိုစူပါမင်းသားပြေတီဦးကလည်း ရက်ရက်စက်စက်ဇာတ်ကားတွင်တွဲဖက်သရုပ်ဆောင်စဉ်ကမိုးဟေကို၏သရုပ်ဆာင်ပညာကိုချီးကျူ းမိကြောင်းအင်တာဗျူ း တစ်ခုတွင်ဖြေဆိုဖူးသည်။ထို့အြင် ဒါရိုက်တာကြည်ဖြူ သျှင်နှင့်သရုပ်ဆောင် မယ်လိုဒီတို့ကလည်း မိုးဟေ
ကို၏သရုပ်ဆောင်ပညာ၊ ဘဝတည်ဆောက်မှုပုံစံ တို့ကိုလေးစားမိကြောင်းအင်တာဗျူ းများတွင်ဖြေဆိုခဲ့ကြသည်။မီဒီယာအများစုက မိုးဟေကို၏နောက်ပိုင်းမှစတင်၍ မြန်မာပြည်၌ sexy model များစတင်ခေတ်စားလာသလို ဖက်ရှင်မော်ဒယ်မှ သရုပ်ဆောင်ဘက်သို့ကူးပြောင်းသူများ (အေးမြတ်သူ၊သင်ဇာဝင့်ကျော်)စသဖြင့် ယခင်ကထက်များပြားလာခဲ့သည်ဟု သတ်မှတ်ကြသည်။

လက်ပံ ၊ ဟန်းနီးမွန်း ၊ နက္ခတ်မှားတဲ့တိုက်ပွဲ ၊ ဝိညာဉ်ကကြိုး ၊ မှော်ကျောက်စာ ၊နောင်တွင်ဥဒါန်းတည်စေသတည်း ၊ Reflection နှင့် ရာဇဝင်ရိုင်းသူများ အပါအဝင်ရုပ်ရှင်ကားအမြောက်အမြားကို
ငင်းပယ်ခဲ့သည့် မိုးဟေကိုမှာ မြန်မာ့ရုပ်ရှင်လောက၏ဇာတ်ဂျီး အများဆုံးမင်းသမီးတစ်လက်ဖြစ်သလို ယနေ့အချိန်အထိဇာတ်ပို့နေရာကသရုပ်ဆောင်မှု မရှိသလောက်ပင်ရှားပါးလှသည်။ သူမ၏ စတိုင်ကျကျ ဖက်ရှင်များ၊ ဆွဲဆောင်မှုရှိသည့်အကြည့်နှင့်အိုက်တင်များကြောင့် ယနေ့ခေတ်၏ မော်ဒယ်၊သရုပ်ဆောင်များ၏စံထား အတုယူခြင်းခံရသော မင်းသမီးတစ်လက်ဖြစ်သည်။

တစ်ကြိမ်တစ်ခါမှ အကယ်ဆုမရရှိသေးသလိုအင်တာဗျူ းဖြေဆိုမှု၊ပရိသတ်နှင့်ထိတွေ့ဆက်ဆံမှုအလွန်နည်းပါးခြင်း ၊ online သုံးစွဲမှုမရှိခြင်း ၊ ဇာတ်ကား ရိုက်ကူးမှုလျှော့ချခြင်းများကြောင့် ပြည်သူနှင့်မီဒီယာများနှင့်အဆက်ပြတ်နေသော်လည်း သူမ၏အနုပညာနှင့်စီးပွားရေးအောင်မြင်မှုများ၊အသက်ငယ်ရွယ်သော်လည်းprofessionalဆန်ဆန်ပြောဆိုဆက်ဆံတတ်မှု၊ အလုပ်လုပ်ကိုင်ရာ၌ စေ့စပ်သေချာဝိရိယရှိမှု နှင်မိမိကိုယ်ပိုင်ဘဝကိုယုံကြည်မှုရှိရှိတည်ဆောက်နိုင်မှုတို့ကြောင့် ယနေ့ခေတ် မြန်မာ့အနုပညာလောက၏လွှမ်းမိုးမှုအရှိဆုံး၊ အနုပညာလောကသားများ၏လေးစားမှုအခံရဆုံး celebrity များအနက် တစ်ဦးအပါအအဝင်ဖြစ်နေဆဲဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Burmese Flim stars
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top