Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
Credit: Thithtoolwin
#Unicode Version#
ဆရာရှင့် ခုတစ်ခါ ကျမရဲ့ အမပါ။ အသက်ကတော့ ၃၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတစ် ယောက်ရပြီ။ နှာချေ တဲ့ အခါတို့ချောင်းဆိုးတဲ့အခါတို့မှာ ဆီးမထိန်းနိင်ပါရှင့်။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။
ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။
စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။
• Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။
• Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။
• Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။
• Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။
• Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။
• Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။
ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြော ထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။
• ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။
• Kegel exercises (ကီဂယ်) လေ့ကျင့်ခန်း လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)
• Biofeedback ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊
• အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။
• ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။
• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။
• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်းနေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။
• Surgery ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။
• Prolapse သားအိမ်ကျရောဂါ ရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ် ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။
 ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
အမျိုးသမီးများ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု များ အမျိုးသမီး တစ်ဦး ကျန်းမာ ပျော်ရွှင် ဖို့ဟာ အချက် များစွာ အပေါ် မူတည်နေ ပါတယ်။ တစ်ခါ တစ်ရံမှာ အမျိုးသမီး တွေဟာ လက်တွဲဖော် နှင့် မိသားစုဝင် တို့ရဲ့ ကျန်းမာရေး ကို အလေးထား အာရုံစိုက် နေရသည့် အတွက် သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါ တယ်။ အမျိုးသမီးတိုင်းဟာ ကောင်း မွန်သော ကျန်းမာရေး အလေ့အထ များကို အချိန်ပေးဆောင်ရွက် ရပါမယ်။ ငွေကုန်ကြေးကျ သက်သာသော ကျန်း မာရေးစောင့်ရှောက်မှုနည်းလမ်းများ ဖြစ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း၊ စိတ်ဖိစီးမှု ဖြေလျော့ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကို လိုက်နာခြင်းတို့ ကို ပြုလုပ်ဆောင်ရွက်ရမည့်အပြင် ဆရာဝန်နှင့် ပုံမှန် စမ်းသပ်မှုခံယူခြင်း၊ ရောဂါရှာဖွေစစ်ဆေးမှုခံယူခြင်းတို့ဟာ လိုက်နာဆောင်ရွက်သင့်တဲ့ ကျန်းမာ ရေး အလေ့အထများ ဖြစ်ပါတယ်။ အမျိုးသမီးများ မည်သည့် အသက် အရွယ်မှာ မည်ကဲ့သို့သော ရောဂါ ရှာဖွေစမ်းသပ်မှုတွေကို ပြုလုပ်သင့် တယ်ဆိုတာ ဗဟုသုတအဖြစ် သိရှိ ထားဖို့ ဖော်ပြလိုက်ရပါတယ်။ (၁) သွေးပေါင်ချိန်တိုင်းခြင်း အမျိုးသမီးတစ်ယောက်ဟာ အသက် ၁၈ နှစ်အရွယ်ကစလို့ အနည်းဆုံးနှစ်နှစ်လျှင် တစ်ကြိမ် သွေးပေါင်ချိန်တိုင်းတာပြီး သွေးတိုး ရောဂါ ရှိ၊ မရှိကို စစ်ဆေးဖို့ လိုအပ်ပါ တယ်။ ပုံမှန်ရှိသင့်တဲ့ သွေးပေါင်ချိန် ပမာဏဟာ 120/80 mmHg ဆိုတာ အများစုသိရှိထားကြပြီး ဖြစ်မှာပါ။ (၂) သွေးတွင်း ကိုလက်စထရောလ် ပမာဏ စစ်ဆေးခြင်း အသက် ၂ဝ ခန့်မှ စတင်ပြီး ၅ နှစ်လျှင် တစ်ကြိမ် သွေးတွင်း ကိုလက်စထရောလ်ပမာဏကို တိုင်း တာစစ်ဆေးသင့်ပါတယ်။ အကယ်၍ ဆေးလိပ်သောက်သူ သို့မဟုတ် ကိုယ်အလေးချိန်များနေသူ သို့မဟုတ် ဆီးချိုသွေးချိုရောဂါရှိသူ သို့မဟုတ် သွေးတိုးရောဂါရှိသူ သို့မဟုတ် နှလုံး သွေးကြောဆိုင်ရာ ရောဂါတစ်ခုခုရှိနေ သူ သို့မဟုတ် မိသားစုရာဇဝင်တွင် အသက် ၅ဝ မတိုင်မီ နှလုံးတိုက်ခိုက်ခံ ရဖူးသူရှိလျှင် သွေးတွင်းကိုလက်စထ ရောလ်ကို ပုံမှန်တိုင်းတာရပါမယ်။ (၃)ရင်သား ကင်ဆာ ရှိ၊ မရှိ အသက် ၂ဝမှ အသက် ၄ဝနှစ် အတွင်း ၃ နှစ်လျှင် တစ်ကြိမ် သို့ မဟုတ် တစ်နှစ်လျှင် တစ်ကြိမ်ကျ ရင်သားဓာတ်မှန်ရိုက်ခြင်း စသည့် ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးစမ်း သပ်မှုများ ခံယူသင့်တယ်လို့ ကျွမ်း ကျင်ပညာရှင်များမှ အကြံပေးထားကြ ပါတယ်။ သင့်ရဲ့အသက်၊ မိသားစုဝင် ရာဇဝင်၊ ကျန်းမာရေးပြဿနာများကို အခြေခံ၍ ဆေးဘက်ဆိုင်ရာ ပညာ ရှင်များက ရင်သားဓာတ်မှန်ရိုက်သင့်၊ မသင့် ဆုံးဖြတ်ပေးနိုင်ပါတယ်။ (၄) သားအိမ်ခေါင်း ကင်ဆာ အသက် ၂၁ မှ ၆၅ နှစ်အတွင်း သို့မဟုတ် လိင်ဆက်ဆံနေမှု ရှိနေ သည့် ကာလများအတွင်း တစ်နှစ် လျှင် တစ်ကြိမ် သို့မဟုတ် ၃ နှစ် လျှင် တစ်ကြိမ် ဏစှောနမေ စစ်ဆေးခြင်း ခံယူရပါမယ်။ ကင်ဆာ ကြောင့်မဟုတ်ဘဲ သားအိမ်ဖြတ် ထုတ်ထားသူဖြစ်ပါက Pap Smear ခံယူရန် မလိုအပ်တော့ပါ။ (၅) လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ထိုရောဂါများသည် ကိုယ်ဝန် ဆောင်ရန် ကြိုးစားနေသူများအား အနှောင့်အယှက်ဖြစ်စေနိုင်ပြီး မွေးလာ သော ကလေးငယ်ကိုလည်း ထိခိုက် စေပါတယ်။ အခြားကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် အတွက် အသက် ၂၄ နှစ်အရွယ် သို့မဟုတ် လိင်ဆက်ဆံသည့်အသက် အရွယ်မှစပြီး ထိုရောဂါများ ရှိ၊ မရှိ စစ်ဆေးစမ်းသပ်မှု ခံယူသင့်ပါတယ်။ (၆) အူမကြီးကင်ဆာ အသက် ၅ဝ နှစ်အရွယ်မှစ၍ အူမကြီးကင်ဆာ ရှိ၊ မရှိ စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိသားစုတွင် အူမ ကြီးကင်ဆာဖြစ်ပွားသူရှိပါက ထို အသက်ထက် စောစီးစွာ စစ်ဆေးမှုခံ ယူရပါမယ်။ (၇) စိတ်ဓာတ်ကျ ရောဂါ စိတ်ကျန်းမာရေးဟာလည်း ခန္ဓာကိုယ် ကျန်းမာရေးကဲ့သို့ပင် အရေးကြီးပါတယ်။ ကျန်းမာရေးစစ် ဆေးမှုခံယူတော့မည်ဆိုပါက သက် ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းကို စိတ် ဓာတ်ကျရောဂါ ရှိ၊ မရှိ စစ်ဆေးပေး ရန် တောင်းဆိုနိုင်ပါတယ်။ အထူး သဖြင့် သင်ဟာ လွန်ခဲ့တဲ့ နှစ်ပတ် အတွင်း ဝမ်းနည်းပြီး အရာရာဟာ အဓိပ္ပာယ်မရှိ မျှော်လင့်ချက်မဲ့နေတယ် လို့ ခံစားရရင်၊ ဘာလုပ်လုပ် စိတ်မပါ၊ ပျော်ရွှင်မှုမရှိဖြစ်နေတယ်ဆိုရင်ပေါ့။ (၈) ဆီးချို၊ သွေးချို ရောဂါ သင်ဟာ သွေးတိုးရောဂါရှိနေ လျှင်၊ သွေးပေါင်ချိန်ဟာ 135/ 80 mmHg ထက် များနေလျှင် ဆီးချို သွေးချိုရောဂါရှိ၊ မရှိပါ စစ်ဆေး သင့်ပါတယ်။ (၉) အရိုးပါး၊ အရိုးပွ ရောဂါ အသက် ၆၅ နှစ်အရွယ်မှစ၍ အရိုးတွေ သန်မာမှု ရှိ၊ မရှိကို စစ်ဆေးမှု ခံယူသင့်ပါတယ်။ (၁ဝ)အ၀လွန်ရောဂါ ရှိသင့်သည့် ကိုယ်အလေးချိန် ထက် များနေခြင်း ရှိ၊ မရှိဆိုတာကို သိရှိနိုင်တဲ့ အကောင်းဆုံး နည်းလမ်း တစ်ခုကတော့ BMI တွက်ခြင်းပဲဖြစ် ပါတယ်။ ကိုယ်အလေးချိန်များနေခြင်း ဟာ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံး သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပေါ် လာနိုင်တဲ့ လမ်းစပဲဖြစ်ပါတယ်။
Cheap Offers: http://bit.ly/gadgets_cheap
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top