Golden City Promotion
×


သွားတိုက်ဆေး


သံပုယိုရည်


ပျားရည်


ရေခဲ

Credit: MyStyle
#Unicode Version#
ဝက်ခြံဆိုတာ အရွယ်ရောက်ပြီးသားလူငယ်အများစုမှာ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အဓိအားအားဖြင့်တော့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်းပါသလို သင့်ရဲ့ နေထိုင်စားသောက်ပုံ၊ အသားအရကို ဂရုစိုက်တာနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့်လည်း ပါဝင်ပါတယ်။
သွားတိုက်ဆေး
သွားတိုက်ဆေးက နီရဲနေတဲ့ ဝက်ခြံကို အရောင်ရော့စေပါတယ်။ ညအိပ်ယာမဝင်ခင် မျက်နှာကို သေချာသစ်ပြီး သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာ အုံပေးထားပါ။ မနက်ကျရင် ဝက်ခြံအရောင်ရော့တာ၊ ဝက်ခြံအနာဆိုရင်လည်းခြောက်သွေားစေပါတယ်။ မနက်ကျရင်တော့ ရေနဲ့မျက်နှာသစ်ချလိုက်ပါ။

သံပုယိုရည်
သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ သံပုယိုသီးကို အရည်ညှစ်ပြီး ဝါဂွမ်းနဲ့ တို့ကာ ဝက်ခြံနားမှာ လိမ်းပေးလိုက်ပါ။ အိပ်ယာမဝင်ခင်လုပ်ပေးရမှာဖြစ်ပါတယ်။

ပျားရည်
ပျားရည်ဟာလည်း ဝက်ခြံကိုအထိရောက်ဆုံး သက်သာပျောက်ကင်းစေပါတယ်။ ပျားရည်ကို ဝက်ခြံနားမှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။

ရေခဲ


ရေခဲတုံးကလည်း ဝက်ခြံကို အရောင်လျော့စေသလို၊ ချွေးပေါက်ကျဉ်းစေပြီး ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရေခဲတုံးကို နီရဲနေတဲ့ ဝက်ခြံပေါ်မှာ အုံပေးထားလိုက်ပါ။ ပြီးရင် ၂ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top