Golden City Promotion
×

သင္က ကေလးမိခင္ ကေလးဖခင္ သုိ႔မဟုတ္ သင္ရဲ႕အုပ္ထိန္းမႈေအာက္မွာ ကေလးသူငယ္ေလးေတြ ရွိေနမယ္ဆုိရင္ ဘယ္ေလာက္ပဲ စိတ္ခ်ရတဲ႔ အေနအထား ရွိေနပါေစ ဘယ္ေတာ့မွ ကေလးကုိ တစ္ေယာက္တည္းမထားခဲ႔သင့္ပါဘူး။ အနည္းဆုံးေတာ့ ဒီကေလးရဲ႕ လႈပ္ရွားသြားလာမႈကုိ ေစာင့္ၾကည့္ေပးႏုိင္မယ့္ လူတစ္ေယာက္ေလာက္ေတာ့ ကေလးငယ္ရဲ႕ေဘးနားမွာ ရွိေနေပးဖုိ႔ လုိအပ္ပါတယ္။ ဒီလုိမွမဟုတ္ရင္ တစ္သက္လုံး ေနာင္တရစရာေတြ ျဖစ္လာႏုိင္တတ္ပါတယ္။

  အခုလည္း ကြ်န္ေတာ္အထက္က ေျပာဆုိသြားခဲ႔တာေတြနဲ႔ ဆင္တူတဲ႔ ျဖစ္ရပ္တစ္ခုဟာ တရုတ္ႏုိင္ငံ အေရွ႕ပုိင္းေဒသတစ္ခုမွာ ျဖစ္ေပၚသြားခဲ႔ပါတယ္။ ဒီျဖစ္ရပ္ အစအဆုံးကုိ ဗီဒီယုိမွတ္တမ္းတင္ထားခဲ႔တာျဖစ္ၿပီး Danified ဆုိတဲ႔ Facebook Page ကေန ျပန္လည္မွ်ေဝသြားခဲ႔တာျဖစ္ပါတယ္။ ဒီဗီဒီယုိထဲမွာ ျမင္ေတြ႕ခဲ႔ရတာေတာ့ လမ္းေလွ်ာက္တတ္ခါစ ကေလးေလးရဲ႕ အသက္ေသဆုံးလုနီးနီး ျဖစ္ခဲ႔ရတဲ႔ သတိမူစရာ အျဖစ္အပ်က္တစ္ခုပဲျဖစ္ပါတယ္။

ဒီကေလးငယ္ေလးဟာ အပန္းေျဖႏိုင္တဲ႔ ေရကန္ငယ္ေလးအတြင္းမွာ အသက္ကယ္ေဘာနဲ႔ ေရကစားေနတာျဖစ္ၿပီး ေရကန္ရဲ႕နေဘးမွာေတာ့ ကေလးငယ္ကုိ ထိန္းသိမ္းေစာင့္ေရွာက္ေပးမယ့္ ကေလးထိန္းတစ္ေယာက္လည္း ရွိလိ႔ုေနပါတယ္။ ရုတ္တရက္ ကေလးထိန္းဟာ ေရကန္နေဘးကေန ထြက္ခြာသြားၿပီး ကေလးငယ္ကုိ တစ္ေယာက္တည္း ထားသြားခဲ႔ခ်ိန္မွာေတာ့ မေမွ်ာ္လင့္ထားတာေတြ ျဖစ္လာခဲ႔ရပါေတာ့တယ္။

 ကေလးငယ္ေလးဟာ ေရကန္ထဲမွာ ေဆာ့ကစားေနရင္းနဲ႔ ရုတ္တရက္ ခႏၶာကုိယ္ေျပာင္းျပန္ျဖစ္သြားခဲ႔ၿပီး ဦးေခါင္းက ေရထဲကုိေရာက္ကာ အသက္ကယ္ေဘာကလည္း သူရဲ႕ခႏၶာကုိယ္ကုိ ေရထဲမွာနစ္ျမွပ္ထားတဲ႔ပုံစံမ်ိဳး ျဖစ္ေနခဲ႔ရပါတယ္။ ေရထဲမွာ နစ္ျမွပ္ေနခဲ႔ရတဲ႔ ကေလးငယ္ဟာ ကူညီကယ္ဆယ္မယ့္ မရွိတာေၾကာင့္ ေရကန္ထဲမွာ အခ်ိန္တစ္မိနစ္ေက်ာ္ၾကာေလာက္အထိကုိ နစ္ျမွပ္ေနခဲ႔ရပါတယ္။
အခ်ိန္တစ္မိနစ္ေလာက္ ၾကာသြားတဲ႔အခါမွာသာ ေဘးနားကလူေတြ သတိထားမိသြားခဲ႔ၿပီး ကေလးငယ္ကုိ ေရကန္ထဲကေန ကယ္တင္ယူၿပီး ေရွ႕ဦးသူနာျပဳစုနည္းနဲ႔ အသက္ကယ္ေပးခဲ႔ရာ အသက္ရွင္သန္ခြင့္ရသြားခဲ႔ပါတယ္။ ဒီျဖစ္ရပ္ဟာ ကေလးငယ္ကုိ ထိန္းသိမ္းေစာင့္ေရွာက္သူရဲ႕ ရာႏႈန္းျပည့္အျပစ္ေၾကာင့္ပဲျဖစ္ပါတယ္။ သူ႔မွာ ဘယ္ေလာက္အထိ အေရးႀကီးတဲ႔ အေျခအေနရွိရွိ ဒီကေလးငယ္ကုိ တစ္ေယာက္တည္းမထားသြားသင့္ပါဘူး။ တကယ္လုိ႔သာ ကေလးငယ္ေလး ေသဆုံးသြားခဲ႔မယ္ဆုိရင္ သူ႔ဘဝအတြက္ ျပင္မရတဲ႕ အမွားတစ္ခုကုိ က်ဴးလြန္ခဲ႔သလုိ ျဖစ္သြားရမွာ အေသအခ်ာပါပဲခင္ဗ်ာ။

     VitamiN

    #knowledge.thithtoolwin.com

    Ref: viral4real
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
သင်က ကလေးမိခင် ကလေးဖခင် သို့မဟုတ် သင်ရဲ့အုပ်ထိန်းမှုအောက်မှာ ကလေးသူငယ်လေးတွေ ရှိနေမယ်ဆိုရင် ဘယ်လောက်ပဲ စိတ်ချရတဲ့ အနေအထား ရှိနေပါစေ ဘယ်တော့မှ ကလေးကို တစ်ယောက်တည်းမထားခဲ့သင့်ပါဘူး။ အနည်းဆုံးတော့ ဒီကလေးရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်ပေးနိုင်မယ့် လူတစ်ယောက်လောက်တော့ ကလေးငယ်ရဲ့ဘေးနားမှာ ရှိနေပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်သက်လုံး နောင်တရစရာတွေ ဖြစ်လာနိုင်တတ်ပါတယ်။

  အခုလည်း ကျွန်တော်အထက်က ပြောဆိုသွားခဲ့တာတွေနဲ့ ဆင်တူတဲ့ ဖြစ်ရပ်တစ်ခုဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသတစ်ခုမှာ ဖြစ်ပေါ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ် အစအဆုံးကို ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး Danified ဆိုတဲ့ Facebook Page ကနေ ပြန်လည်မျှဝေသွားခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတာတော့ လမ်းလျှောက်တတ်ခါစ ကလေးလေးရဲ့ အသက်သေဆုံးလုနီးနီး ဖြစ်ခဲ့ရတဲ့ သတိမူစရာ အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။

ဒီကလေးငယ်လေးဟာ အပန်းဖြေနိုင်တဲ့ ရေကန်ငယ်လေးအတွင်းမှာ အသက်ကယ်ဘောနဲ့ ရေကစားနေတာဖြစ်ပြီး ရေကန်ရဲ့နဘေးမှာတော့ ကလေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ကလေးထိန်းတစ်ယောက်လည်း ရှိလိ့ုနေပါတယ်။ ရုတ်တရက် ကလေးထိန်းဟာ ရေကန်နဘေးကနေ ထွက်ခွာသွားပြီး ကလေးငယ်ကို တစ်ယောက်တည်း ထားသွားခဲ့ချိန်မှာတော့ မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ရပါတော့တယ်။

 ကလေးငယ်လေးဟာ ရေကန်ထဲမှာ ဆော့ကစားနေရင်းနဲ့ ရုတ်တရက် ခန္ဓာကိုယ်ပြောင်းပြန်ဖြစ်သွားခဲ့ပြီး ဦးခေါင်းက ရေထဲကိုရောက်ကာ အသက်ကယ်ဘောကလည်း သူရဲ့ခန္ဓာကိုယ်ကို ရေထဲမှာနစ်မြှပ်ထားတဲ့ပုံစံမျိုး ဖြစ်နေခဲ့ရပါတယ်။ ရေထဲမှာ နစ်မြှပ်နေခဲ့ရတဲ့ ကလေးငယ်ဟာ ကူညီကယ်ဆယ်မယ့် မရှိတာကြောင့် ရေကန်ထဲမှာ အချိန်တစ်မိနစ်ကျော်ကြာလောက်အထိကို နစ်မြှပ်နေခဲ့ရပါတယ်။
အချိန်တစ်မိနစ်လောက် ကြာသွားတဲ့အခါမှာသာ ဘေးနားကလူတွေ သတိထားမိသွားခဲ့ပြီး ကလေးငယ်ကို ရေကန်ထဲကနေ ကယ်တင်ယူပြီး ရှေ့ဦးသူနာပြုစုနည်းနဲ့ အသက်ကယ်ပေးခဲ့ရာ အသက်ရှင်သန်ခွင့်ရသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကလေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်သူရဲ့ ရာနှုန်းပြည့်အပြစ်ကြောင့်ပဲဖြစ်ပါတယ်။ သူ့မှာ ဘယ်လောက်အထိ အရေးကြီးတဲ့ အခြေအနေရှိရှိ ဒီကလေးငယ်ကို တစ်ယောက်တည်းမထားသွားသင့်ပါဘူး။ တကယ်လို့သာ ကလေးငယ်လေး သေဆုံးသွားခဲ့မယ်ဆိုရင် သူ့ဘဝအတွက် ပြင်မရတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့သလို ဖြစ်သွားရမှာ အသေအချာပါပဲခင်ဗျာ။

     VitamiN

    #knowledge.thithtoolwin.com

    Ref: viral4real

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top