Golden City Promotion
×

ပိုက္ဆံေတြအမ်ားၾကီး မကုန္ပဲ ယုံၾကည္မႈရိွရိွ စတိုင္က်ေစတဲ့ နည္းလမ္းေလးေတြ …

(၁) ၿပံဳးပါ။

ကိုယ့္ကိုယ္ကိုယံုၾကည္မႈရိွေနတဲ့ သူတိုင္းဟာ အၿမဲၿပံဳးေလ့ရိွၿပီး၊ အၿပံဳးဟာ အမ်ဴိးသားအမ်ဴိးသမီးတိုင္းအတြက္ ေငြမကုန္တဲ့ ဖက္ရွင္တစ္မ်ဴိးပါ။

(၂) ဖိနပ္ကိုသတိထားပါ။

အေပၚပိုင္းမွာ တန္ဖိုးႀကီးလွပေနပါေစ သင္စီးထားတာကဖုန္ေတြ၊ ရြံ႕ေတြေပက်ံေနတဲ့ ဖိနပ္ႀကီးျဖစ္ေနတယ္ ဆိုရင္ေတာ့ သင့္စတိုင္ေပ်ာက္သြားမွာ ေသခ်ာတာေၾကာင့္ မၾကာမၾကာဖိနပ္ကို သတိထားၿပီး စြန္းထင္းေနတာမ်ိဳး၊ ေပေရေနတာမ်ိဳးရွိရင္ တစ္ရႈးနဲ႔ သုတ္ပါ။

(၃) သိပ္ၾကပ္လြန္းတဲ့ အ၀တ္အစားေတြကို အတင္းမစြပ္ပါနဲ႔။

ကိုယ့္ရဲ႕ခႏၶာကိုယ္နဲ႔ သိပ္က်ပ္လြန္းတဲ့ အ၀တ္အစားေတြကို မဆန္႔မၿပဲအတင္းမစြပ္ပါနဲ႔။ ဒီလို ၀တ္ဆင္ျခင္းဟာ ကိုယ့္ဘာသာကိုယ္လည္း သက္ေတာင့္သက္သာ မျဖစ္တဲ့အျပင္ ယံုၾကည္မႈေလ်ာ့က်ေစပါတယ္။

(၄) တစ္ညအလို ၀တ္စားမယ့္၀တ္စံုကုိ အျမဲစဥ္းစားစီစဥ္ထားပါ။

သြားစရာရိွတယ္ဆိုရင္ ႀကိဳၿပီးကိုယ့္မွာရိွတဲ့ အဝတ္အစားေတြကို ေရြးခ်ယ္စဥ္းစားထားပါ။ သြားခါနီးမွ ေျပးဝယ္တာမ်ဴိး ရွာေဖြတာမ်ဴိးေတြက ေဈးႀကီးတာေတြမိတတ္ၿပီး သင့္ ယံုၾကည္မႈနဲ႕စတိုင္ေတြကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

(၅) အေပၚထပ္၀တ္ ဆြယ္တာသား အပါးစား

အမ်ဴိးသား၊ အမ်ဴိးသမီးတိုင္းအတြက္ ထသြားထလာ လိုတဲ့အခါ၊ ရုပ္ရွင္ရံုသြားတဲ့အခါ၊ မိုးတြင္းခ်ိန္ခါမွာအျပင္ႏွင့္ ခရီးသြားတဲ့အခါ မရွိမျဖစ္လိုအပ္တာကေတာ့ ေဈးခ်ဴိၿပီး စတိုင္က်တဲ့ ဆြယ္တာသားခပ္ပါးပါး ခါးရွည္ဒီဇိုင္းေလးေတြ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry

# Unicode Version #
ပိုက်ဆံတွေအများကြီး မကုန်ပဲ ယုံကြည်မှုရှိရှိ စတိုင်ကျစေတဲ့ နည်းလမ်းလေးတွေ …

(၁) ပြုံးပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့ သူတိုင်းဟာ အမြဲပြုံးလေ့ရှိပြီး၊ အပြုံးဟာ အမျိူးသားအမျိူးသမီးတိုင်းအတွက် ငွေမကုန်တဲ့ ဖက်ရှင်တစ်မျိူးပါ။

(၂) ဖိနပ်ကိုသတိထားပါ။

အပေါ်ပိုင်းမှာ တန်ဖိုးကြီးလှပနေပါစေ သင်စီးထားတာကဖုန်တွေ၊ ရွံ့တွေပေကျံနေတဲ့ ဖိနပ်ကြီးဖြစ်နေတယ် ဆိုရင်တော့ သင့်စတိုင်ပျောက်သွားမှာ သေချာတာကြောင့် မကြာမကြာဖိနပ်ကို သတိထားပြီး စွန်းထင်းနေတာမျိုး၊ ပေရေနေတာမျိုးရှိရင် တစ်ရှုးနဲ့ သုတ်ပါ။

(၃) သိပ်ကြပ်လွန်းတဲ့ အဝတ်အစားတွေကို အတင်းမစွပ်ပါနဲ့။

ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ သိပ်ကျပ်လွန်းတဲ့ အဝတ်အစားတွေကို မဆန့်မပြဲအတင်းမစွပ်ပါနဲ့။ ဒီလို ဝတ်ဆင်ခြင်းဟာ ကိုယ့်ဘာသာကိုယ်လည်း သက်တောင့်သက်သာ မဖြစ်တဲ့အပြင် ယုံကြည်မှုလျော့ကျစေပါတယ်။

(၄) တစ်ညအလို ဝတ်စားမယ့်ဝတ်စုံကို အမြဲစဉ်းစားစီစဉ်ထားပါ။

သွားစရာရှိတယ်ဆိုရင် ကြိုပြီးကိုယ့်မှာရှိတဲ့ အဝတ်အစားတွေကို ရွေးချယ်စဉ်းစားထားပါ။ သွားခါနီးမှ ပြေးဝယ်တာမျိူး ရှာဖွေတာမျိူးတွေက ဈေးကြီးတာတွေမိတတ်ပြီး သင့် ယုံကြည်မှုနဲ့စတိုင်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

(၅) အပေါ်ထပ်ဝတ် ဆွယ်တာသား အပါးစား

အမျိူးသား၊ အမျိူးသမီးတိုင်းအတွက် ထသွားထလာ လိုတဲ့အခါ၊ ရုပ်ရှင်ရုံသွားတဲ့အခါ၊ မိုးတွင်းချိန်ခါမှာအပြင်နှင့် ခရီးသွားတဲ့အခါ မရှိမဖြစ်လိုအပ်တာကတော့ ဈေးချိူပြီး စတိုင်ကျတဲ့ ဆွယ်တာသားခပ်ပါးပါး ခါးရှည်ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top