ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

၁။ ျဖစ္ျပီး ျဖစ္ဆဲ ျဖစ္လတၱံ ့ေသာ အလုပ္ ကိစၥတုိ့၌ ေကာင္းမြန္ လ်ွင္ျမန္စြာ သိလြယ္ျခင္း။
၂။ အျမဲ မျပတ္ေသာ သတိတရားမ်ား ရွိျခင္း။
၃။ စိတ္ ဂေယာင္ေျခာက္ျခားမျဖစ္ဘဲ ရူးသြပ္မွဳ့ မျဖစ္ျခင္း။
၄။ သတိလြတ္ကင္းမွဳ့မျဖစ္ဘဲ ဥာဏ္ပညာ ရွိျခင္း။
၅။ မျပင္းမရိ လုံ ့လ ဝီရိယ ရွျခင္း။
၆။ ပဋိသေႏၶအားျဖင္ ့ ထုိင္းမွဳိင္းေနသူ မျဖစ္ျခင္း။
၇။ ပဋိသေနၶအားျဖင့္ ဆြံ ့-အ ေနသူ မျဖစ္ျခင္း။
၈။ မေတြမေဝျခင္း။
၉။ မေမ့မေလွ်ာ့ျခင္း။
၁၀။ အသိပညာ ဥာဏ္မနည္းျခင္း။
၁၁။ ကုိယ္လက္အဂၤါ ခက္ထေရာ္ၾကမ္းတမ္းမွဳ့မရွိျခင္း။
၁၂။ ေဘးအႏၱာရာယ္ကင္း ျခင္း။
၁၃။ ေၾကာင့္ၾကမွဳ့ ကင္းျခင္း။
၁၄။ မွန္ကန္ေကာင္းမြန္ေသာ စကားကုိေျပာဆုိေလ့ရွိျခင္း။
၁၅။ ကုန္းေခ်ာ၊ကုန္းတုိက္ေသာစကား၊အက်ိဴးမဲ့ေသာစကား တုိ့ကုိ မေျပာဆုိျခင္း၊
မုိက္ရိုင္း ၾကမ္းတမ္းစြာ မေျပာဆိုျခင္း။
၁၆။ ေန့ ည မျပတ္ မျပင္းမရိ လုံ ့လ ဝီရိယရွိျခင္း။
၁၇။ သူ ၏ ေက်းဇူးကုိ သိတတ္ျခင္း။
၁၈။ ျပဳလုပ္ျပီးေသာ အမွဳ့ကိစၥကုိ မေမ့မေလွ်ာ့သိျခင္း။
၁၉။ ဝန္တုိတတ္မွဳ့ မရွိျခင္း
၂၀။ ေပးကမ္းစြန္ ့ၾကဲလွဴဒါန္းမွဳ့ ရွိျခင္း။
၂၁။ ကုိယ္က်င့္သီလႏွင့္ ျပည္စုံတတ္ျခင္း။
၂၂။ ရိုးသား ေျဖာင့္မတ္တတ္ျခင္း။
၂၃။ သူတစ္ပါးအား ရန္ျပဳတတ္ေသာ အမ်က္ ေဒါသနည္းပါးတတ္ျခင္း။
၂၄။ မေကာင္းမွဳ့မ်ားကုိ ျပဳလုပ္ရမည္ကုိ ရွက္ျခင္း။
၂၅။ မေကာင္းမွဳ့မ်ားကုိ ျပဳလုပ္ရမည္ကို ေၾကာက္ျခင္း။
၂၆။ ေျဖာင့္မတ္ မွန္ကန္ေသာ အယူ ရွိ ျခင္း။
၂၇။ ၾကီးျမတ္ေသာ ေကာင္းမွဳ့ ႏွင့္ ျပည့္စုံတတ္ျခင္း(ရွိျခင္း)။
၂၈။ ပညာဥာဏ္ ရွိနိဳင္ျခင္း၊
၂၉။ ပညာရွိ ျဖစ္နိဳင္ျခင္း။
၃၀။ အက်ိဴးရွိသည္ မရွိသည္တုိ ့၌ လိမၼာျခင္း(ေကာင္းမွဳ့၊မေကာင္းမွဳ့တုိ ့ကုိ ခဲြျခား၍ သိတတ္ျခင္း)။
ဟူေသာ အက်ိဴးတရား တုိ ့ျဖစ္သည္။

ဤအက်ိဴးတရား(၃၀)မွ ေျပာင္းျပန္ ယူေသာအား ျဖင့္ အက်ိဴးအျပစ္(၃၀)ကုိလည္းသိပါေလ။

အရက္ ေသစာ ေသာက္စား ျခင္း၏ အျပစ္မ်ားကား-
၁။ အေၾကာင္း အက်ိဴး သင့္မသင့္ကုိ မသိတတ္ျခင္း။
၂။ ပ်င္းရိ ေလးကန္ ျဖစ္တတ္ျခင္း။
၃။ မူးရူး ေမ့ေလွ်ာ့စြာေနတတ္ျခင္း။
၄။ သူတစ္ပါး ျပဳဘူးေသာ ေက်းဇူးတရားကုိ မသိတတ္ျခင္း။
၅။ ဟိရိီ၊ ၾသတၱပၸ ဟုဆုိအပ္ေသာ အရွက္အေၾကာက္ ကင္းျခင္း။
၆။။ ေသရည္ေသရက္ကုိ ေသာက္မိမူးလွ်င္ မည္သည့္အကုသုိလ္မွဳ့ကုိမွ် မေရွာင္ၾကဥ္ဘဲ
အလုံးစုံေသာ မေကာင္းမွဳ့ အကုသုိလ္မွဳ့ကုိ ျပဳလြယ္မိျခင္း။ တုိ ့ျဖစ္တတ္သည္။
အက်ိဴးတရား (၆)ပါးကုိလည္း ဤမွ အျပန္အားျဖင့္ သိၾကပါေလ။
ေသရည္အရက္ ေသာက္၍ သုရာေမရယကံ က်ဴးလြန္သူသည္ ငရဲ၊တိရစၦာန္ ဘဝတုိ ့၌ျဖစ္တတ္၍
သံသရာဘဝတုိ့၌လည္း ဆင္းရဲဒုကၡ ျဖစ္တတ္၏။လူ ဘဝ ျဖစ္ေသာ္လည္း ရူးနွမ္းျခင္း၊
ဆြံ ့-အ-ျခင္းတုိ ့ျဖစ္တတ္၏။ (အံ၊၃။၄၈။)
လကၤာေဆာင္ပုဒ္။ ။ ေသရည္ ေသာက္လင့္၊ သင့္မသင့္၌၊ ေရးခြင့္မသိ၊ ပ်င္းရိမုိက္ရူး၊
ေက်းဇူးမဆပ္၊ဟိေရာတၱပ္ကင္း၊ ခပင္းမ်ားထုိ၊ အကုသုိလ္ကုိ ၊
မျငိဳ လြယ္စြာ၊ ျပဳက်င့္ရာ၏၊ ေရွာင္ခါ အျပန္ အက်ိဴးတည္း။
(ဟိေရာတၱပ္=ဟိရီ၊ၾသတၱပၸ၊)(ရွက္ျခင္း၊ေၾကာက္ျခင္းတရား)။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခုဒၵကပါ႒ အ႒ကထာ ( မဟာဝိသုဒၵါရုံဆရာေတာ္ၾကီး)။

# Unicode Version #
၁။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့သော အလုပ် ကိစ္စတို့၌ ကောင်းမွန် လျှင်မြန်စွာ သိလွယ်ခြင်း။
၂။ အမြဲ မပြတ်သော သတိတရားများ ရှိခြင်း။
၃။ စိတ် ဂယောင်ခြောက်ခြားမဖြစ်ဘဲ ရူးသွပ်မှု့ မဖြစ်ခြင်း။
၄။ သတိလွတ်ကင်းမှု့မဖြစ်ဘဲ ဉာဏ်ပညာ ရှိခြင်း။
၅။ မပြင်းမရိ လုံ့လ ဝီရိယ ရှခြင်း။
၆။ ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းနေသူ မဖြစ်ခြင်း။
၇။ ပဋိသန္ဓေအားဖြင့် ဆွံ့-အ နေသူ မဖြစ်ခြင်း။
၈။ မတွေမဝေခြင်း။
၉။ မမေ့မလျှော့ခြင်း။
၁၀။ အသိပညာ ဉာဏ်မနည်းခြင်း။
၁၁။ ကိုယ်လက်အင်္ဂါ ခက်ထရော်ကြမ်းတမ်းမှု့မရှိခြင်း။
၁၂။ ဘေးအန္တာရာယ်ကင်း ခြင်း။
၁၃။ ကြောင့်ကြမှု့ ကင်းခြင်း။
၁၄။ မှန်ကန်ကောင်းမွန်သော စကားကိုပြောဆိုလေ့ရှိခြင်း။
၁၅။ ကုန်းချော၊ကုန်းတိုက်သောစကား၊အကျိူးမဲ့သောစကား တို့ကို မပြောဆိုခြင်း၊
မိုက်ရိုင်း ကြမ်းတမ်းစွာ မပြောဆိုခြင်း။
၁၆။ နေ့ ည မပြတ် မပြင်းမရိ လုံ့လ ဝီရိယရှိခြင်း။
၁၇။ သူ ၏ ကျေးဇူးကို သိတတ်ခြင်း။
၁၈။ ပြုလုပ်ပြီးသော အမှု့ကိစ္စကို မမေ့မလျှော့သိခြင်း။
၁၉။ ဝန်တိုတတ်မှု့ မရှိခြင်း
၂၀။ ပေးကမ်းစွန့်ကြဲလှူဒါန်းမှု့ ရှိခြင်း။
၂၁။ ကိုယ်ကျင့်သီလနှင့် ပြည်စုံတတ်ခြင်း။
၂၂။ ရိုးသား ဖြောင့်မတ်တတ်ခြင်း။
၂၃။ သူတစ်ပါးအား ရန်ပြုတတ်သော အမျက် ဒေါသနည်းပါးတတ်ခြင်း။
၂၄။ မကောင်းမှု့များကို ပြုလုပ်ရမည်ကို ရှက်ခြင်း။
၂၅။ မကောင်းမှု့များကို ပြုလုပ်ရမည်ကို ကြောက်ခြင်း။
၂၆။ ဖြောင့်မတ် မှန်ကန်သော အယူ ရှိ ခြင်း။
၂၇။ ကြီးမြတ်သော ကောင်းမှု့ နှင့် ပြည့်စုံတတ်ခြင်း(ရှိခြင်း)။
၂၈။ ပညာဉာဏ် ရှိနိုင်ခြင်း၊
၂၉။ ပညာရှိ ဖြစ်နိုင်ခြင်း။
၃၀။ အကျိူးရှိသည် မရှိသည်တို့၌ လိမ္မာခြင်း(ကောင်းမှု့၊မကောင်းမှု့တို့ကို ခွဲခြား၍ သိတတ်ခြင်း)။
ဟူသော အကျိူးတရား တို့ဖြစ်သည်။

ဤအကျိူးတရား(၃၀)မှ ပြောင်းပြန် ယူသောအား ဖြင့် အကျိူးအပြစ်(၃၀)ကိုလည်းသိပါလေ။

အရက် သေစာ သောက်စား ခြင်း၏ အပြစ်များကား-
၁။ အကြောင်း အကျိူး သင့်မသင့်ကို မသိတတ်ခြင်း။
၂။ ပျင်းရိ လေးကန် ဖြစ်တတ်ခြင်း။
၃။ မူးရူး မေ့လျှော့စွာနေတတ်ခြင်း။
၄။ သူတစ်ပါး ပြုဘူးသော ကျေးဇူးတရားကို မသိတတ်ခြင်း။
၅။ ဟိရီ၊ သြတ္တပ္ပ ဟုဆိုအပ်သော အရှက်အကြောက် ကင်းခြင်း။
၆။။ သေရည်သေရက်ကို သောက်မိမူးလျှင် မည်သည့်အကုသိုလ်မှု့ကိုမျှ မရှောင်ကြဉ်ဘဲ
အလုံးစုံသော မကောင်းမှု့ အကုသိုလ်မှု့ကို ပြုလွယ်မိခြင်း။ တို့ဖြစ်တတ်သည်။
အကျိူးတရား (၆)ပါးကိုလည်း ဤမှ အပြန်အားဖြင့် သိကြပါလေ။
သေရည်အရက် သောက်၍ သုရာမေရယကံ ကျူးလွန်သူသည် ငရဲ၊တိရစ္ဆာန် ဘဝတို့၌ဖြစ်တတ်၍
သံသရာဘဝတို့၌လည်း ဆင်းရဲဒုက္ခ ဖြစ်တတ်၏။လူ ဘဝ ဖြစ်သော်လည်း ရူးနှမ်းခြင်း၊
ဆွံ့-အ-ခြင်းတို့ဖြစ်တတ်၏။ (အံ၊၃။၄၈။)
လင်္ကာဆောင်ပုဒ်။ ။ သေရည် သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမိုက်ရူး၊
ကျေးဇူးမဆပ်၊ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို ၊
မငြို လွယ်စွာ၊ ပြုကျင့်ရာ၏၊ ရှောင်ခါ အပြန် အကျိူးတည်း။
(ဟိရောတ္တပ်=ဟိရီ၊သြတ္တပ္ပ၊)(ရှက်ခြင်း၊ကြောက်ခြင်းတရား)။

ဖိုးသူတော် (www.phothutaw.com)
Credit: ခုဒ္ဒကပါဋ္ဌ အဋ္ဌကထာ ( မဟာဝိသုဒ္ဒါရုံဆရာတော်ကြီး)။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top