Golden City Promotion
×

အခုရက္ပိုင္းမွာ MLM ပစၥည္းေတြျဖစ္တဲ့ ပိုလန္ ေၾကာင့္ ကင္ဆာတို႔ ဘာတို႔ျဖစ္ၿပီး ကေလးတစ္ေယာက္ဆို ေသြးကင္ဆာနဲ႔ အသက္ဆုံးပါးသြားတယ္ဆိုၿပီး သတင္းေတြထြက္ေပၚေနပါတယ္ဆရာ။ အဲ့ဒီလို ပိုလန္ေသာက္ၿပီး ဓာတ္သဘာ၀မတည့္မႈေၾကာင့္ ကင္ဆာဆဲလ္ကို တမင္ေမြးယူသလိုျဖစ္ၿပီး အသက္ပါတဲ့အထိ ျဖစ္ႏိုင္ပါသလားဆရာ။ ဆရာဘယ္လိုျမင္ပါသလဲ။ ပိုလန္တို႔လင္ဇီးတို႔က က်န္းမာေရးထိခိုက္မႈရွိႏိုင္ပါသလားဆရာ။ ၿပီးေတာ့ MLM ကေရာင္းေနတဲ့ ပစၥည္းေတြနဲ႔ပတ္သက္ၿပီး က်န္းမာေရးရႈေထာင့္အရ ျပည္သူေတြကို အႀကံျပဳလမ္းညႊန္စကားေလး ေျပာေပးပါဦးဆရာ။ ေက်းဇူးတင္ပါတယ္ဆရာ။ (7 Day)

📖📖📖
ပိုလန္ဟာ ေဆးဝါးမဟုတ္ပါ။ ေရာဂါကိုကုသ ေပ်ာက္ကင္းေစႏိုင္ေသာ အာနိသင္ရွိသည္ဟု သက္ေသမျပႏိုင္ပါ။ ျဖည့္စြက္စာအေနျဖင့္သာ လက္ခံထားပါသည္။ ပိုလန္ (ပ်ားဝတ္မႈန္) ကို အမႈန္႔အေနျဖင့္ေသာ္လည္းေကာင္း ၊ အေတာင့္ပံုစံျဖင့္ေသာ္လည္းေကာင္း ေရာင္းဝယ္ၾကပါသည္။ ျဖည့္စြက္စာ ဆိုသည့္သေဘာမွာ ေန႔စဥ္ေသာက္သံုးေနရသည့္အရာမ်ိဳးမဟုတ္ဘဲ သဘာဝအစားအစာ၏ အျဖည့္ခံအေနျဖင့္သာ ေသာက္သံုးရမည့္ အမ်ိဳးအစားမ်ား ျဖစ္ပါသည္။ အားေဆးလည္း မဟုတ္ပါ။

MLM ဟုေခၚေသာ ကုမၸဏီမ်ားမွ ေရာင္းခ်ေသာ ပစၥည္းမ်ားသည္ ေဆးဝါးမ်ား မဟုတ္ၾကပါ။ ထိုသို႔ ေဆးဝါးမဟုတ္သည္ကို ေဆးဝါးဟုတ္သေယာင္ ေရာဂါေပ်ာက္ကင္းသေယာင္ ေျပာဆို၍ ေရာင္းခ်ျခင္းသည္ ဟန္ေဆာင္လိမ္လည္ျခင္း ျဖစ္ပါသည္။

ပိုလန္ေၾကာင့္ အရြယ္ေရာက္ၿပီး လူႀကီးမ်ားတြင္ ေက်ာက္ကပ္ပ်က္စီးေစတတ္ေၾကာင္း အေထာက္အထားမ်ားကို အေမရိကန္ ေဆးသုေတသနအဖြဲ႕မွ ေဖာ္ျပထားပါသည္။ (ပံုပါတြဲလ်က္ ေဖာ္ျပထားပါသည္။)

ကေလးမ်ားမွာ လူႀကီးမ်ားကဲ့သို႔မဟုတ္ပါ။ အလြန္ႏုနယ္ပါသည္။ Facebook တြင္ ကြ်န္မကေလးကိုတိုက္ေနတာ ဥာဏ္ေကာင္းတယ္ က်န္းမာတယ္ဟူေသာ အေထာက္အထားမရွိသည့္ စကားမ်ားကို ယံုစားရန္မသင့္ပါ။ အျပင္တြင္ တကယ္မေကြ်းဘဲ Facebook ေပၚတြင္ အလကားေလွ်ာက္ေရးေနသည့္လူမ်ား အမ်ားႀကီးရွိႏိုင္ပါသည္။ သတိႀကီးစြာ ထားသင့္ပါသည္။

တစ္စံုတစ္ခုျဖစ္လွ်င္ မိမိတို႔၏ ကေလးမ်ားႏွင့္ မိမိတို႔ကိုယ္တိုင္သာ ေရာဂါေဝဒနာမ်ားခံစားရ၍ စိတ္ဆင္းရဲပင္ပန္းကာ ဒုကၡေရာက္မည္ျဖစ္ပါသည္။ ေစ်းေရာင္းသူမ်ားကေတာ့ ေငြရသျဖင့္ ျပံဳးေပ်ာ္ေနမည္သာ ျဖစ္ပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
အခုရက်ပိုင်းမှာ MLM ပစ္စည်းတွေဖြစ်တဲ့ ပိုလန် ကြောင့် ကင်ဆာတို့ ဘာတို့ဖြစ်ပြီး ကလေးတစ်ယောက်ဆို သွေးကင်ဆာနဲ့ အသက်ဆုံးပါးသွားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်ဆရာ။ အဲ့ဒီလို ပိုလန်သောက်ပြီး ဓာတ်သဘာဝမတည့်မှုကြောင့် ကင်ဆာဆဲလ်ကို တမင်မွေးယူသလိုဖြစ်ပြီး အသက်ပါတဲ့အထိ ဖြစ်နိုင်ပါသလားဆရာ။ ဆရာဘယ်လိုမြင်ပါသလဲ။ ပိုလန်တို့လင်ဇီးတို့က ကျန်းမာရေးထိခိုက်မှုရှိနိုင်ပါသလားဆရာ။ ပြီးတော့ MLM ကရောင်းနေတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်အရ ပြည်သူတွေကို အကြံပြုလမ်းညွှန်စကားလေး ပြောပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ (7 Day)

📖📖📖
ပိုလန်ဟာ ဆေးဝါးမဟုတ်ပါ။ ရောဂါကိုကုသ ပျောက်ကင်းစေနိုင်သော အာနိသင်ရှိသည်ဟု သက်သေမပြနိုင်ပါ။ ဖြည့်စွက်စာအနေဖြင့်သာ လက်ခံထားပါသည်။ ပိုလန် (ပျားဝတ်မှုန်) ကို အမှုန့်အနေဖြင့်သော်လည်းကောင်း ၊ အတောင့်ပုံစံဖြင့်သော်လည်းကောင်း ရောင်းဝယ်ကြပါသည်။ ဖြည့်စွက်စာ ဆိုသည့်သဘောမှာ နေ့စဉ်သောက်သုံးနေရသည့်အရာမျိုးမဟုတ်ဘဲ သဘာဝအစားအစာ၏ အဖြည့်ခံအနေဖြင့်သာ သောက်သုံးရမည့် အမျိုးအစားများ ဖြစ်ပါသည်။ အားဆေးလည်း မဟုတ်ပါ။

MLM ဟုခေါ်သော ကုမ္ပဏီများမှ ရောင်းချသော ပစ္စည်းများသည် ဆေးဝါးများ မဟုတ်ကြပါ။ ထိုသို့ ဆေးဝါးမဟုတ်သည်ကို ဆေးဝါးဟုတ်သယောင် ရောဂါပျောက်ကင်းသယောင် ပြောဆို၍ ရောင်းချခြင်းသည် ဟန်ဆောင်လိမ်လည်ခြင်း ဖြစ်ပါသည်။

ပိုလန်ကြောင့် အရွယ်ရောက်ပြီး လူကြီးများတွင် ကျောက်ကပ်ပျက်စီးစေတတ်ကြောင်း အထောက်အထားများကို အမေရိကန် ဆေးသုတေသနအဖွဲ့မှ ဖော်ပြထားပါသည်။ (ပုံပါတွဲလျက် ဖော်ပြထားပါသည်။)

ကလေးများမှာ လူကြီးများကဲ့သို့မဟုတ်ပါ။ အလွန်နုနယ်ပါသည်။ Facebook တွင် ကျွန်မကလေးကိုတိုက်နေတာ ဉာဏ်ကောင်းတယ် ကျန်းမာတယ်ဟူသော အထောက်အထားမရှိသည့် စကားများကို ယုံစားရန်မသင့်ပါ။ အပြင်တွင် တကယ်မကျွေးဘဲ Facebook ပေါ်တွင် အလကားလျှောက်ရေးနေသည့်လူများ အများကြီးရှိနိုင်ပါသည်။ သတိကြီးစွာ ထားသင့်ပါသည်။

တစ်စုံတစ်ခုဖြစ်လျှင် မိမိတို့၏ ကလေးများနှင့် မိမိတို့ကိုယ်တိုင်သာ ရောဂါဝေဒနာများခံစားရ၍ စိတ်ဆင်းရဲပင်ပန်းကာ ဒုက္ခရောက်မည်ဖြစ်ပါသည်။ ဈေးရောင်းသူများကတော့ ငွေရသဖြင့် ပြုံးပျော်နေမည်သာ ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top