Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၁၄ႏွစ္အရြယ္ အမ်ဳိးသမီး၏ မိန္းမကုိယ္ကုိ အနီေရာင္ထီး႐ုိးဦးခြၽန္ျဖင့္ ထိုးသတ္မႈျဖစ္ပြားခဲ့ေၾကာင္း တာေလာႀကီးနယ္ေျမရဲစခန္း၏ မွတ္တမ္းမ်ားအရ သိရသည္။

ျမစ္ႀကီးနားၿမိဳ႕နယ္ ဟုိကပ္ေက်းရြာအုပ္စု တာပေဒါင္းေက်းရြာ ေဒၚသန္းႏြဲ႕၏သမီး မျဖဳျဖဳေအးသည္ ေအာက္တိုဘာ ၁၂ရက္ေန႔ ညေန၃နာရီ ေက်ာ္တြင္ ၎၏အေမမွ တစ္ရပ္ကြက္တည္းေန ဦးေဖာ္တာဖုန္နန္၏ ေနအိမ္သို႔ ပလိုင္းႏွင့္ေငြ ၁၅၀၀သြားပို႔ခိုင္းရာ ညေန၆နာရီ အခ်ိန္ထိ အိမ္သို႔ျပန္ေရာက္မလာေသာေၾကာင့္ ဦးေဖာ္တာဖုန္နန္၏ အိမ္သို႔သြားေမးရာ ပစၥည္း ပို႔ၿပီး၍ ျပန္သြားၿပီျဖစ္ေၾကာင္း ၎မွေျပာခဲ့သျဖင့္ ရြာအတြင္းလိုက္လံ႐ွာေဖြရာ မေတြ႔႐ွိဘဲ ၁၃ရက္ေန႔ညေန၄နာရီ ေက်ာ္တြင္ တစ္ရြာတည္းေန ေမာင္ဂ်ဳနီယာ(၁၄)ႏွစ္မွ လူေနထိုင္ျခင္းမ႐ွိေသာ ရြာထဲ႐ွိ ဦးထီမရမ္း ေနအိမ္ ျခံဝန္း အေ႐ွ႕ဘက္ ခ်ဳံပုတ္အတြင္း ပက္လက္အေနအထားျဖင့္ ေသဆုံးေနသည္ကုိ ေတြ႔႐ွိခဲ့ရေၾကာင္း သိရသည္။

“စစ္ေဆးဆဲ တရားခံေတာ့ အခုထိ မ႐ွိေသးပါဘူး မုဒိမ္းမႈေျမာက္မေျမာက္ ဓာတုပို႔ထားၿပီးပါၿပီ စစ္ေဆးေနဆဲပဲ ေဆးစာရမွပဲ သိႏုိင္မယ္ ေခါက္ထီးေတြက လက္ကုိင္အေကာက္မပါဘူးေလ အခုအခင္းျဖစ္တဲ့ေနရာက ထီးက လက္ကုိင္အေကာက္ပါတယ္ ထီးအ႐ွည္ေပါ့”ဟု တာေလာႀကီး နယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္သစ္လြင္ ကေျပာသည္။

အဆိုပါ အမႈကုိ တာေလာႀကီးနယ္ေျမရဲစခန္းတြင္ အမႈအမွတ္ (ပ)၁၆/၂၀၁၇ ဥပေဒပုဒ္မ (၃၀၂)လူသတ္မႈ အရ တရားလို ေဒၚသန္းႏြဲ႔မွ အမႈေရးဖြင့္လ်က္ အမႈစစ္ စခန္းမွဴး ရဲအုပ္သစ္လြင္မွ တရားခံ ေပၚေပါက္ေစရန္ နယ္ေျမအုပ္ခ်ဳပ္ေရးမွဴးမ်ား ျပည္သူ႔စစ္အဖြဲ႔ဝင္မ်ားျဖင့္ စုံစမ္းလ်က္႐ွိေၾကာင္း သိရသည္။

မီးမီး / EPN
ထာဝရ ၿငိမ္းခ်မ္းေရးသတင္းကြန္ရက္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
၁၄နှစ်အရွယ် အမျိုးသမီး၏ မိန်းမကိုယ်ကို အနီရောင်ထီးရိုးဦးချွန်ဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း တာလောကြီးနယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာအုပ်စု တာပဒေါင်းကျေးရွာ ဒေါ်သန်းနွဲ့၏သမီး မဖြုဖြုအေးသည် အောက်တိုဘာ ၁၂ရက်နေ့ ညနေ၃နာရီ ကျော်တွင် ၎င်း၏အမေမှ တစ်ရပ်ကွက်တည်းနေ ဦးဖော်တာဖုန်နန်၏ နေအိမ်သို့ ပလိုင်းနှင့်ငွေ ၁၅၀၀သွားပို့ခိုင်းရာ ညနေ၆နာရီ အချိန်ထိ အိမ်သို့ပြန်ရောက်မလာသောကြောင့် ဦးဖော်တာဖုန်နန်၏ အိမ်သို့သွားမေးရာ ပစ္စည်း ပို့ပြီး၍ ပြန်သွားပြီဖြစ်ကြောင်း ၎င်းမှပြောခဲ့သဖြင့် ရွာအတွင်းလိုက်လံရှာဖွေရာ မတွေ့ရှိဘဲ ၁၃ရက်နေ့ညနေ၄နာရီ ကျော်တွင် တစ်ရွာတည်းနေ မောင်ဂျုနီယာ(၁၄)နှစ်မှ လူနေထိုင်ခြင်းမရှိသော ရွာထဲရှိ ဦးထီမရမ်း နေအိမ်ခြံဝန်း အရှေ့ဘက် ချုံပုတ်အတွင်း ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“စစ်ဆေးဆဲ တရားခံတော့ အခုထိ မရှိသေးပါဘူး မုဒိမ်းမှုမြောက်မမြောက် ဓာတုပို့ထားပြီးပါပြီ စစ်ဆေးနေဆဲပဲ ဆေးစာရမှပဲ သိနိုင်မယ် ခေါက်ထီးတွေက လက်ကိုင်အကောက်မပါဘူးလေ အခုအခင်းဖြစ်တဲ့နေရာက ထီးက လက်ကိုင်အကောက်ပါတယ် ထီးအရှည်ပေါ့”ဟု တာလောကြီး နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သစ်လွင် ကပြောသည်။

အဆိုပါ အမှုကို တာလောကြီးနယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ)၁၆/၂၀၁၇ ဥပဒေပုဒ်မ (၃၀၂)လူသတ်မှု အရ တရားလို ဒေါ်သန်းနွဲ့မှ အမှုရေးဖွင့်လျက် အမှုစစ် စခန်းမှူး ရဲအုပ်သစ်လွင်မှ တရားခံ ပေါ်ပေါက်စေရန် နယ်မြေအုပ်ချုပ်ရေးမှူးများ ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

မီးမီး / EPN
ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top