Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မၾကာမီရက္ပိုင္းကမွ မီးသျဂၤဳလ္လိုက္ေသာ ၀န္းသိုေက်ာင္းဆရာေတာ္ ဘဒၵႏၱသီလ၀ံသ၏ ၾကြင္းက်န္ အရိုးေတာ္အနည္းငယ္ခန္႔ကို ေစတီတည္ရန္အတြက္ ယူေဆာင္လာခဲ႔ရာ သံုးရက္အၾကာတြင္ အရိုးေတာ္မွ ဓာတ္ေတာ္မ်ားအျဖစ္ အလံုးစံု ေျပာင္းလဲသြားခဲ႔ေၾကာင္း ဓမၼရကၡိတ ၀န္းသိုေက်ာင္းတိုက္၏ လက္ရွိ ပဓာနနာယကဆရာေတာ္ အရွင္ေကသုမာလာက ရွမ္းနီအသံဂ်ာနယ္သို႔ ေျပာၾကားသည္။
'' အခု သံုးရက္ေျမာက္ မနက္သံုးနာရီမွာ အိမ္မက္မက္တယ္။ အိမ္မက္မက္လို႔ ထၾကည္႔လိုက္တဲ႔အခ်ိန္မွာ အဲ႔လိုေတြ ေျပာင္းလဲမွႈ ျဖစ္သြားတာေပါ႕။ ဒါေပမယ္႔လို႔ ေျပာင္းလဲတာက အဲ႔ဒီအထဲမွာ အႀကီးအေသးေတြ႔တယ္မလား။ ေသးေသးေလးေတြကေတာ႔ အေသြးထဲက အဲ႔ဒီလိုျဖစ္သြားတာ အကုန္လံုး ။ အနီေရာင္ေတြေပါ႕။ အေသြးေတာ္ေပါ႔။ ဒါေၾကာင္႔မို႔ အေသြးနဲ႔ေရာတယ္ေျပာတာ။ က်န္တဲ႔အလံုး ႀကီးတဲ႔ဟာေတြက နည္းနည္း မဲေနတာ။ အလံုးေလးေတြျဖစ္သြားတာ။ မဲေနတဲ႔ဟာက မနက္ ခုႏွစ္နာရီအထိ မဲရက္ပဲ ။ ဒီမွာအားလံုး ေလးငါးေျခာက္ေယာက္ေပါ႕။ ဒကာေတြအားလံုးစုၿပီးမွ ၾကည္႔ေနၾကတာေလ။ အဲ႔လိုၾကည္႔ရင္း ၾကည္႔ရင္းနဲ႔ အဲ႔ဒီႀကီးတဲ႔ အလံုးေတြက တျဖည္းျဖည္း တျခားအေရာင္ေတြ ျဖစ္လာတယ္။ အျဖဴေရာင္တို႔ အျပာေရာင္တို႔ အဲ႔ဒီအထဲမွာေတြ႔တဲ႔ အတိုင္းပဲေလ ။ အနီေရာင္တို႔ သူ႔ဟာသူ ေျပာင္းလဲသြားတာ။ ဒီအတိုင္းၾကည္႔ရင္းနဲ႔ ေျပာင္းတာ။ တစ္ခုၿပီး တစ္ခု ေျပာင္းေျပာင္းသြားတာ။ ဒီကေန႔ မနက္ ရွစ္နာရီမွာ ဒီအတုိင္းပဲ ၾကည္႔ရင္းနဲ႔ကို ေျပာင္းေျပာင္းသြားတာ။ အံ႔ၾသစရာ သိ္ပ္ေကာင္းတယ္။ '' ဟု ဆရာေတာ္က မိန္႔ၾကားသည္။
ထိုသို႔ ေျပာင္းလဲသည္႔ အခ်ိန္တြင္ ေရႊမိုးေတာင္ ေဂါပက ဥကၠဌ ၊ ဆရာေတာ္ႀကီး၏ စ်ာပနပြဲက်င္းပေရး ေငြစာရင္းကိုင္ ဦးရဲျမင္႔ ၊ အျမဲတမ္းဆြမ္းဒကာ ဦးသိန္းထြန္းႏွင္႔ ေဒၚေရႊလံုး ၊ ဆရာေတာ္ႀကီး၏ ေျမးေတာ္စပ္သူ ႏွင္႔ အင္ဂ်င္နီယာ ဦးသန္းေအာင္ အပါအ၀င္ လူဆယ္ဦးခန္႔က ေျပာင္းလဲမွႈျဖစ္စဥ္ကို ေတြ႔ျမင္ခဲ႔ၾကေၾကာင္းလည္း သိရသည္။

ဆရာေတာ္၏ ရုပ္ကလာဘ္အား မီးသျဂိဳလ္ၿပီး၍ အရိုးေတာ္မ်ားေကာက္ယူစဥ္အတြင္း ေရႊေရာင္အဆင္းကဲ႔သို႔ေသာ အရိုးမ်ားပါ၀င္ေသာ္လည္း ယခုေက်ာင္းတိုက္သို႔ယူေဆာင္ပူေဇာ္ခဲ႔ေသာ အရိုးေတာ္မွာ သာမန္မထူးျခားသည္႔ အရိုးေတာ္သာျဖစ္ေၾကာင္းလည္း ဆရာေတာ္ေကသုမာလာက မိန္႔ၾကားသည္။ အျခားေသာ အရိုးေတာ္မ်ားမွာ တိုင္းရံုးသို႔ ယူေဆာင္သိမ္းဆည္းထားေၾကာင္းလည္း သိရသည္။
မူလကတည္းက အရိုးဓာတ္ေတာ္ေစတီတည္ရန္ရည္ရြယ္၍ အရိုးေတာ္အနည္းငယ္ကို ယူေဆာင္လာျခင္းျဖစ္ၿပီး ထိုိသုိ႔ေျပာင္းလဲေစရန္ တစ္စံုတစ္ရာ ဖန္တီးခဲ႔ျခင္းမရွိေၾကာင္းလည္း ဆရာေတာ္ ေကသုမာလာက မိန္႔ၾကားသည္။

" ဘုရားကအႀကီးႀကီးေလ ေက်ာင္းေပၚမွာ ။ ငါးေပေလာက္ရွိတာကို ။ ငါးေပေလာက္ရွိတဲ႔ ဘုရားရဲ႕လက္ထဲမွာထည္႔ထားတာ။ လက္ထဲမွာဆို ဖန္ခြက္ထဲမွာထည္႔ေပါ႕ ။ စကၠဴေလးအုပ္ၿပီးေတာ႔မွ တစ္သွ်ဴး ေလးခံတယ္။ သာမန္ပဲ ။ တစ္သွ်ဴးခံၿပီး အဲ႔ဒီအရိုးတံုးေလး ထည္႔လိုက္တာေပါ႕။ အေပၚက တစ္သွ်ဴးေလးနဲ႔ ျပန္အုပ္ၿပီးေတာ႔ ဘုရားလက္ေတာ္ထဲမွာ ထားလိုက္တာေပါ႕။ ထည္႔ထားၿပီးေတာ႔ ဆီမီးေလးဘာေလးထြန္းတာေပါ႕။ မီးထြန္းၿပီးေတာ႔မွ သစၥာေလးဘာေလးဆို ဒီေလာက္ပါပဲ ။ " ဟု ဆရာေတာ္က မိန္႔ၾကားသည္။
ေျပာင္းလဲသြားေသာ ဓာတ္ေတာ္မ်ားကို ေက်ာင္းတိုက္အနီး ဧရာ၀တီျမစ္ကမ္းေဘးရိွိေျမကြက္လပ္တြင္ ဓာတ္ေတာ္ေစတီတည္သြားမည္ျဖစ္ေၾကာင္းလည္း ဆရာေတာ္က ဆက္လက္မိန္႔ၾကားသည္။

က်န္းဂန္မ်ားအရ ဓာတ္ေတာ္က်ႏိူင္ေသာ ပုဂၢိဳလ္မ်ားမွာ အရိယာနယ္ပယ္သို႔ ေရာက္ရွိသြားသည္႔ ပုဂၢိဳလ္မ်ားတြင္သာ ျဖစ္ႏိူင္ၿပီး အျခားပုဂၢိဳလ္မ်ား မျဖစ္ႏိူင္ေၾကာင္း ဆရာေတာ္က ဆက္လက္ မိန္႔ၾကားသည္။

" ေျပာင္းလဲႏိူင္တယ္ဆိုတာကေတာ႔ အရိယာပုဂၢိဳလ္မွပဲ ေျပာင္းလဲလို႔ရတာ။ အရိယာမဟုတ္ရင္ ဘယ္လိုမွ မျဖစ္ႏိူင္ဘူး။ အရိယာနယ္ပယ္မေရာက္တဲ႔ ပုဂၢိဳလ္က ဒါမ်ိဳး ဘယ္ေတာ႔မွ မျဖစ္ဘူး။ ၿပီးေတာ႔ ထူးျခားတာေတြေတာ႔ရွိတာေပါ႕။ ဆရာေတာ္ႀကီးထူးျခားတာက ေရာဂါႀကီးမွႈ ညည္းညဴမရွိ သတိမေမ႔ ေျခေနသိျမင္ အဲ႔ဒါေတြ အကုန္လံုး ျပည္႔စံုတယ္ေလ။ တစ္ခါမွ ညည္းတာလည္း မရွိဘူး။ သူစုေတခါနီးအထိေပါ႕ ။ စုေတခါနီးအထိ သတိကမေမ႔ဘူး။ တစ္နာရီနဲ႔ ဆယ္႔ငါးမွာ ၀ိညာဥ္ခ်ဳပ္တယ္ေလ။ အဲ႔ဒီအခ်ိန္ တစ္နာရီတိတိမွာ သူငါ႔ကိုတဲ႔ ညာဘက္ကိုလွည္႔ေပးပါ။ ညာဘက္ေစာင္းေပးပါ အဲ႔လိုေျပာတယ္။ အဲ႔လိုေျပာၿပီးေတာ႔ ညာဘက္ကေစာင္းေပးတာ ေနာက္ဆယ္႔ငါးမိနစ္ဆိုေတာ႔ မရွိေတာ႔ဘူး။ သိေတာင္မသိဘူး။ ဆရာ၀န္ေတြ ရွစ္ေယာက္ေလာက္ရွိတယ္။ အားလံုး၀ိုင္းၿပီး ၾကည္႔ေနတာ။ က်န္တဲ႔ဒကာဒကာမေတြေရာ အမ်ားႀကီးပဲ အခန္းထဲမွာက ။ ႏွစ္ဆယ္သံုးဆယ္ေလာက္ရွိမွာေပါ႕။ အဲ႔ဒီၾကားထဲမွာ ဒီအတိုင္း ဘယ္သူမွေတာင္ မသိလိုက္ဘူး။ ၾကည္႔ၾကပါဦး အသက္မရွိေတာ႔ဘူးဘုရားဆိုမွ ပိုက္ေတြ ဘာေတြ ျဖဳတ္ၾကတာေပါ႕ေလ။ " ဟု ဆရာေတာ္ ပ်ံလြန္သည္႔ အေျခအေနကို ဆရာေတာ္ ေကသုမာလာက ျပန္ေျပာင္းမိန္႔ၾကားသည္။

၀န္းသိုဆရာေတာ္္ ဘဒၵႏၱသီလ၀ံသ သည္ သက္ေတာ္ ၉၂ ႏွစ္ ၀ါေတာ္ ၇၂ ၀ါ ၂၀၁၇ ခုႏွစ္ ဇြန္လ ၁၈ ရက္ေန႔တြင္ ပ်ံလြန္ေတာ္မွႈၿပီး ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ ၂၀ ရက္ေန႔တြင္ မီးသျဂၤဳလ္ခဲ႔သည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
မကြာမီရက်ပိုင်းကမှ မီးသင်္ဂြုလ်လိုက်သော ဝန်းသိုကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသ၏ ကြွင်းကျန် အရိုးတော်အနည်းငယ်ခန့်ကို စေတီတည်ရန်အတွက် ယူဆောင်လာခဲ့ရာ သုံးရက်အကြာတွင် အရိုးတော်မှ ဓာတ်တော်များအဖြစ် အလုံးစုံ ပြောင်းလဲသွားခဲ့ကြောင်း ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်၏ လက်ရှိ ပဓာနနာယကဆရာတော် အရှင်ကေသုမာလာက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။

'' အခု သုံးရက်မြောက် မနက်သုံးနာရီမှာ အိမ်မက်မက်တယ်။ အိမ်မက်မက်လို့ ထကြည့်လိုက်တဲ့အချိန်မှာ အဲ့လိုတွေ ပြောင်းလဲမှှု ဖြစ်သွားတာပေါ့။ ဒါပေမယ့်လို့ ပြောင်းလဲတာက အဲ့ဒီအထဲမှာ အကြီးအသေးတွေ့တယ်မလား။ သေးသေးလေးတွေကတော့ အသွေးထဲက အဲ့ဒီလိုဖြစ်သွားတာ အကုန်လုံး ။ အနီရောင်တွေပေါ့။ အသွေးတော်ပေါ့။ ဒါကြောင့်မို့ အသွေးနဲ့ရောတယ်ပြောတာ။ ကျန်တဲ့အလုံး ကြီးတဲ့ဟာတွေက နည်းနည်း မဲနေတာ။ အလုံးလေးတွေဖြစ်သွားတာ။ မဲနေတဲ့ဟာက မနက် ခုနှစ်နာရီအထိ မဲရက်ပဲ ။ ဒီမှာအားလုံး လေးငါးခြောက်ယောက်ပေါ့။ ဒကာတွေအားလုံးစုပြီးမှ ကြည့်နေကြတာလေ။ အဲ့လိုကြည့်ရင်း ကြည့်ရင်းနဲ့ အဲ့ဒီကြီးတဲ့ အလုံးတွေက တဖြည်းဖြည်း တခြားအရောင်တွေ ဖြစ်လာတယ်။ အဖြူရောင်တို့ အပြာရောင်တို့ အဲ့ဒီအထဲမှာတွေ့တဲ့ အတိုင်းပဲလေ ။ အနီရောင်တို့ သူ့ဟာသူ ပြောင်းလဲသွားတာ။ ဒီအတိုင်းကြည့်ရင်းနဲ့ ပြောင်းတာ။ တစ်ခုပြီး တစ်ခု ပြောင်းပြောင်းသွားတာ။ ဒီကနေ့ မနက် ရှစ်နာရီမှာ ဒီအတိုင်းပဲ ကြည့်ရင်းနဲ့ကို ပြောင်းပြောင်းသွားတာ။ အံ့သြစရာ သိပ်ကောင်းတယ်။ '' ဟု ဆရာတော်က မိန့်ကြားသည်။

ထိုသို့ ပြောင်းလဲသည့် အချိန်တွင် ရွှေမိုးတောင် ဂေါပက ဥက္ကဌ ၊ ဆရာတော်ကြီး၏ ဈာပနပွဲကျင်းပရေး ငွေစာရင်းကိုင် ဦးရဲမြင့် ၊ အမြဲတမ်းဆွမ်းဒကာ ဦးသိန်းထွန်းနှင့် ဒေါ်ရွှေလုံး ၊ ဆရာတော်ကြီး၏ မြေးတော်စပ်သူ နှင့် အင်ဂျင်နီယာ ဦးသန်းအောင် အပါအဝင် လူဆယ်ဦးခန့်က ပြောင်းလဲမှှုဖြစ်စဉ်ကို တွေ့မြင်ခဲ့ကြကြောင်းလည်း သိရသည်။

ဆရာတော်၏ ရုပ်ကလာဘ်အား မီးသဂြိုလ်ပြီး၍ အရိုးတော်များကောက်ယူစဉ်အတွင်း ရွှေရောင်အဆင်းကဲ့သို့သော အရိုးများပါဝင်သော်လည်း ယခုကျောင်းတိုက်သို့ယူဆောင်ပူဇော်ခဲ့သော အရိုးတော်မှာ သာမန်မထူးခြားသည့် အရိုးတော်သာဖြစ်ကြောင်းလည်း ဆရာတော်ကေသုမာလာက မိန့်ကြားသည်။ အခြားသော အရိုးတော်များမှာ တိုင်းရုံးသို့ ယူဆောင်သိမ်းဆည်းထားကြောင်းလည်း သိရသည်။
မူလကတည်းက အရိုးဓာတ်တော်စေတီတည်ရန်ရည်ရွယ်၍ အရိုးတော်အနည်းငယ်ကို ယူဆောင်လာခြင်းဖြစ်ပြီး ထိုသို့ပြောင်းလဲစေရန် တစ်စုံတစ်ရာ ဖန်တီးခဲ့ခြင်းမရှိကြောင်းလည်း ဆရာတော် ကေသုမာလာက မိန့်ကြားသည်။

" ဘုရားကအကြီးကြီးလေ ကျောင်းပေါ်မှာ ။ ငါးပေလောက်ရှိတာကို ။ ငါးပေလောက်ရှိတဲ့ ဘုရားရဲ့လက်ထဲမှာထည့်ထားတာ။ လက်ထဲမှာဆို ဖန်ခွက်ထဲမှာထည့်ပေါ့ ။ စက္ကူလေးအုပ်ပြီးတော့မှ တစ်သျှူး လေးခံတယ်။ သာမန်ပဲ ။ တစ်သျှူးခံပြီး အဲ့ဒီအရိုးတုံးလေး ထည့်လိုက်တာပေါ့။ အပေါ်က တစ်သျှူးလေးနဲ့ ပြန်အုပ်ပြီးတော့ ဘုရားလက်တော်ထဲမှာ ထားလိုက်တာပေါ့။ ထည့်ထားပြီးတော့ ဆီမီးလေးဘာလေးထွန်းတာပေါ့။ မီးထွန်းပြီးတော့မှ သစ္စာလေးဘာလေးဆို ဒီလောက်ပါပဲ ။ " ဟု ဆရာတော်က မိန့်ကြားသည်။

ပြောင်းလဲသွားသော ဓာတ်တော်များကို ကျောင်းတိုက်အနီး ဧရာဝတီမြစ်ကမ်းဘေးရှိမြေကွက်လပ်တွင် ဓာတ်တော်စေတီတည်သွားမည်ဖြစ်ကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ကျန်းဂန်များအရ ဓာတ်တော်ကျနိူင်သော ပုဂ္ဂိုလ်များမှာ အရိယာနယ်ပယ်သို့ ရောက်ရှိသွားသည့် ပုဂ္ဂိုလ်များတွင်သာ ဖြစ်နိူင်ပြီး အခြားပုဂ္ဂိုလ်များ မဖြစ်နိူင်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

" ပြောင်းလဲနိူင်တယ်ဆိုတာကတော့ အရိယာပုဂ္ဂိုလ်မှပဲ ပြောင်းလဲလို့ရတာ။ အရိယာမဟုတ်ရင် ဘယ်လိုမှ မဖြစ်နိူင်ဘူး။ အရိယာနယ်ပယ်မရောက်တဲ့ ပုဂ္ဂိုလ်က ဒါမျိုး ဘယ်တော့မှ မဖြစ်ဘူး။ ပြီးတော့ ထူးခြားတာတွေတော့ရှိတာပေါ့။ ဆရာတော်ကြီးထူးခြားတာက ရောဂါကြီးမှှု ညည်းညူမရှိ သတိမမေ့ ခြေနေသိမြင် အဲ့ဒါတွေ အကုန်လုံး ပြည့်စုံတယ်လေ။ တစ်ခါမှ ညည်းတာလည်း မရှိဘူး။ သူစုတေခါနီးအထိပေါ့ ။ စုတေခါနီးအထိ သတိကမမေ့ဘူး။ တစ်နာရီနဲ့ ဆယ့်ငါးမှာ ဝိညာဉ်ချုပ်တယ်လေ။ အဲ့ဒီအချိန် တစ်နာရီတိတိမှာ သူငါ့ကိုတဲ့ ညာဘက်ကိုလှည့်ပေးပါ။ ညာဘက်စောင်းပေးပါ အဲ့လိုပြောတယ်။ အဲ့လိုပြောပြီးတော့ ညာဘက်ကစောင်းပေးတာ နောက်ဆယ့်ငါးမိနစ်ဆိုတော့ မရှိတော့ဘူး။ သိတောင်မသိဘူး။ ဆရာဝန်တွေ ရှစ်ယောက်လောက်ရှိတယ်။ အားလုံးဝိုင်းပြီး ကြည့်နေတာ။ ကျန်တဲ့ဒကာဒကာမတွေရော အများကြီးပဲ အခန်းထဲမှာက ။ နှစ်ဆယ်သုံးဆယ်လောက်ရှိမှာပေါ့။ အဲ့ဒီကြားထဲမှာ ဒီအတိုင်း ဘယ်သူမှတောင် မသိလိုက်ဘူး။ ကြည့်ကြပါဦး အသက်မရှိတော့ဘူးဘုရားဆိုမှ ပိုက်တွေ ဘာတွေ ဖြုတ်ကြတာပေါ့လေ။ " ဟု ဆရာတော် ပျံလွန်သည့် အခြေအနေကို ဆရာတော် ကေသုမာလာက ပြန်ပြောင်းမိန့်ကြားသည်။

ဝန်းသိုဆရာတော် ဘဒ္ဒန္တသီလဝံသ သည် သက်တော် ၉၂ နှစ် ဝါတော် ၇၂ ဝါ ၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ပျံလွန်တော်မှှုပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မီးသင်္ဂြုလ်ခဲ့သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top