Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

အေရးႀကီး တဲ့ အခ်ိန္ ေတြမွာ အာ႐ံုစူးစိုက္ မႈ ေလ်ာ့မသြားဖုိ႔ အၾကံဉာဏ္ေကာင္းေလးေတြ မွ်ေဝလိုက္ပါတယ္။

တစ္ႏွစ္ပတ္လံုး စာေတြက်က္ခဲ့ရာက စာေမးပြဲ နား နီးကပ္လာခ်ိန္မွာေတာ့ ေက်ာင္းသားေတြက ႏြမ္းနယ္ေနၾကပါၿပီ။ ရာသီဥတု ကလည္း ပူျပင္းလာတာေၾကာင့္ စာက်က္တဲ့အခါ အာ႐ံုစူးစိုက္မႈေတြလည္း ေလ်ာ့နည္းတတ္ပါတယ္။ ဒီအခ်ိန္မွာ က်န္းမာေရး ကို ဂ႐ုစိုက္ဖုိ႔လည္း လိုပါတယ္။ စာက်က္ရင္းနဲ႔ အိပ္ငိုက္လာၿပီဆုိရင္ေတာ့ ဒါေလးေတြလုပ္ၾကည့္ပါ။ စာေမးပြဲ ေျဖဆုိၾကမယ့္ ေက်ာင္းသူ၊ေက်ာင္းသားေတြအားလံုး မိမိတို႔ရည္မွန္းထားတဲ့ ပန္းတုိင္ ကို ဆြတ္ခူးႏိုင္ပါေစလို႔လည္း ဓူဝံ က ဆုေတာင္းေပးလိုက္ပါတယ္။

၁။ မ်က္ႏွာ နဲ႔ ဂုတ္ ကို ေရဆြတ္ပါလန္းဆန္း သြားေအာင္ မ်က္ႏွာ သစ္ပါ။ ဂုတ္ပိုး ကိုလည္း ေရဆြတ္ေပးပါ။

၂။ အသံက်ယ္က်ယ္ဆုိပါ
စာက်က္ ေနရင္း ငိုက္လာရင္ စာကို ခပ္က်ယ္က်ယ္ေလး ေအာ္က်က္လိုက္ပါ။ ကိုယ့္ရဲ႕အသံကို နားက ျပန္ၾကားမိေနတဲ့အျပင္ ပါးစပ္ကပါ လႈပ္႐ွားေနရတာေၾကာင့္ အာ႐ံုေၾကာ ေတြလည္း ႏိုးၾကားလာပါလိမ့္မယ္။

၃။ အေၾကာေလွ်ာ့ပါ
အေၾကာဆန္႔တာမ်ိဳး၊ အေၾကာေလွ်ာ့ ေလ့က်င့္ခန္း ေတြ ျပဳလုပ္ၾကည့္ပါ။ ထိုင္တာမ်ားရင္ လူက ထုိင္းမႈိင္းေလးလံလာတတ္ပါတယ္။

၄။ လမ္းေလွ်ာက္ရင္း စာဖတ္ ပါ
အရမ္းငိုက္လာၿပီဆုိရင္ေတာ့ လမ္းေလွ်ာက္ရင္း နဲ႔ စာဖတ္ ပါ။ လူလည္း ငိုက္မေနေအာင္ စာလည္းဖတ္ျဖစ္သြားေအာင္ေပါ့။

၅။ သြားတုိက္ ပါ
သြားနဲ႔ခံတြင္း သန္႔႐ွင္း သြားရင္လည္း လူက လန္းဆန္းလာပါလိမ့္္မယ္။

၆။ တစ္ေမွးအိပ္ပါ
ေနာက္ဆံုး ဘယ္လိုမွ မရေတာ့ဘူးဆုိရင္ ၁၅ မိနစ္ေလာက္သာ အိပ္လိုက္ပါ။ အိပ္ခ်ိန္ နည္းလြန္းတာေၾကာင့္လည္း ခဏခဏငိုက္ေနတာ ျဖစ္ႏိုင္ပါတယ္။ ဒီလိုဆုိရင္ေတာ့ ခဏေလာက္ေလး အိပ္ၿပီးမွ စာျပန္က်က္တာ အေကာင္းဆံုးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အရေးကြီး တဲ့ အချိန် တွေမှာ အာရုံစူးစိုက် မှု လျော့မသွားဖို့ အကြံဉာဏ်ကောင်းလေးတွေ မျှဝေလိုက်ပါတယ်။

တစ်နှစ်ပတ်လုံး စာတွေကျက်ခဲ့ရာက စာမေးပွဲ နား နီးကပ်လာချိန်မှာတော့ ကျောင်းသားတွေက နွမ်းနယ်နေကြပါပြီ။ ရာသီဥတု ကလည်း ပူပြင်းလာတာကြောင့် စာကျက်တဲ့အခါ အာရုံစူးစိုက်မှုတွေလည်း လျော့နည်းတတ်ပါတယ်။ ဒီအချိန်မှာ ကျန်းမာရေး ကို ဂရုစိုက်ဖို့လည်း လိုပါတယ်။ စာကျက်ရင်းနဲ့ အိပ်ငိုက်လာပြီဆိုရင်တော့ ဒါလေးတွေလုပ်ကြည့်ပါ။ စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူ၊ကျောင်းသားတွေအားလုံး မိမိတို့ရည်မှန်းထားတဲ့ ပန်းတိုင် ကို ဆွတ်ခူးနိုင်ပါစေလို့လည်း ဓူဝံ က ဆုတောင်းပေးလိုက်ပါတယ်။

၁။ မျက်နှာ နဲ့ ဂုတ် ကို ရေဆွတ်ပါလန်းဆန်း သွားအောင် မျက်နှာ သစ်ပါ။ ဂုတ်ပိုး ကိုလည်း ရေဆွတ်ပေးပါ။

၂။ အသံကျယ်ကျယ်ဆိုပါ
စာကျက် နေရင်း ငိုက်လာရင် စာကို ခပ်ကျယ်ကျယ်လေး အော်ကျက်လိုက်ပါ။ ကိုယ့်ရဲ့အသံကို နားက ပြန်ကြားမိနေတဲ့အပြင် ပါးစပ်ကပါ လှုပ်ရှားနေရတာကြောင့် အာရုံကြော တွေလည်း နိုးကြားလာပါလိမ့်မယ်။

၃။ အကြောလျှော့ပါ
အကြောဆန့်တာမျိုး၊ အကြောလျှော့ လေ့ကျင့်ခန်း တွေ ပြုလုပ်ကြည့်ပါ။ ထိုင်တာများရင် လူက ထိုင်းမှိုင်းလေးလံလာတတ်ပါတယ်။

၄။ လမ်းလျှောက်ရင်း စာဖတ် ပါ
အရမ်းငိုက်လာပြီဆိုရင်တော့ လမ်းလျှောက်ရင်း နဲ့ စာဖတ် ပါ။ လူလည်း ငိုက်မနေအောင် စာလည်းဖတ်ဖြစ်သွားအောင်ပေါ့။

၅။ သွားတိုက် ပါ
သွားနဲ့ခံတွင်း သန့်ရှင်း သွားရင်လည်း လူက လန်းဆန်းလာပါလိမ့်မယ်။

၆။ တစ်မှေးအိပ်ပါ
နောက်ဆုံး ဘယ်လိုမှ မရတော့ဘူးဆိုရင် ၁၅ မိနစ်လောက်သာ အိပ်လိုက်ပါ။ အိပ်ချိန် နည်းလွန်းတာကြောင့်လည်း ခဏခဏငိုက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ခဏလောက်လေး အိပ်ပြီးမှ စာပြန်ကျက်တာ အကောင်းဆုံးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top