Golden City Promotion
×
Credit: mystyle
#Unicode Version#
သင်လူတစ်ယောက်ကို တကယ်ချစ်မိသွားပြီလို့ ပထမဆုံး သတိထားမိတဲ့အချိန်ကို သတိရပါသလား။ လူတစ်ယောက်နဲ့တစ်ယောက်တော့ ခံစားရတာချင်းတူမယ်မထင်ပါဘူးနော်။ ကိုယ်နဲ့သူဟာ ချစ်သူလည်းဖြစ်သွားကြပြီး လက်ထပ်ပြီးသွားပြီဆိုရင် ချစ်တယ်လို့ ခဏခဏ ပြောနေစရာမလိုတော့ပါဘူး။ ချစ်တယ်ဆိုတာကို စကားလုံးနဲ့ မဟုတ်ဘဲ သင်သူတို့ကို ဘယ်လောက်အလေးထားတယ်။ ဘယ်လောက်ချစ်တယ်ဆိုတာကို အပြုအမူနဲ့ ဖော်ပြလို့ရပါတယ်။
၁။ သူ့မိဘတွေအကူညီလိုအပ်တဲ့အချိန်မှာ ကူညီပေးပါ။
၂။ သင့်မအိပ်ခင်မှာ သင်အိပ်မယ့်နေရာလေး နွေးသွားဖို့ သူ့ကိုယ်ငွေ့လေးတွေနဲ့ နွေးအောင်လုပ်ပေးထားတယ်။
၃။ မနက်တိုင်းရုံးမသွားခင် ပန်းကန်ဆေးပေးခဲ့တယ်။ အိမ်သန့်ရှင်းရေးတွေ လုပ်ပေးတယ်။
၄။ အိမ်မှာနေရင်း ရုပ်ရှင်အတူကြည့်နေတဲ့အချိန်မှာ ခြေဖဝါးလေးတွေ၊ ခြေထောက်လေးတွေကို နှိပ်ပေးတယ်။
၅။ သူကြိုက်တဲ့ အစားအစာလေးတွေကို တကူးတက ၊ သတိတရ ဝယ်လာပေးလေ့ရှိတယ်။
၆။ သူကြိုက်တဲ့ Show ပွဲလေးတွေရှိတဲ့အခါ အလုပ်ကနေ စောစောပြန်လာပြီး လိုက်ပို့ပေးမယ်။
၇။ သင်နေမကောင်းဖြစ်နေတဲ့အချိန် ဆေးသောက်ရမယ့်အချိန်တွေကို မှတ်ပြီး ဆေးတိုက်တယ်။
၈။ သူစိတ်မကောင်းဖြစ်နေချိန်၊ စိတ်မကြည်ဖြစ်နေချိန်မှာ သူကြိုက်တဲ့ အစားအစာလေးတွေ လုပ်ကျွေးတယ်။
၉။ သူနဲ့ စတွေ့ကတည်းကတည်း ယူပြီးလက်ထပ်ပြီးတဲ့အချိန်ထိ Message လေးတွေ အချိန်မှန် ပို့လေ့ရှိတယ်။
၁၀။ သူခေါင်းလျှော်ထားတဲ့အခါ ဆံပင်လေးတွေကို ခြောက်အောင် သုတ်ပေးတာ။ လေမှုတ်ပေးတာမျိုး လုပ်ပေးတယ်။
စာဖတ်သူတို့ရဲ့ အမျိုးသား (သို့) ချစ်သူကရော ဘယ်လိုမျိုးတွေ လုပ်ပေးဖူးလဲဆိုတာ မျှဝေပေးသွားပါဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top