Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေခ်ာကလက္ဆိုတာ လူအမ်ားႏွစ္သက္တဲ႔ အစားအစာတစ္မ်ိဳးပါပဲ။ အခ်စ္ရဲ႕သေကၤတ တစ္ခုအျဖစ္လည္း သတ္မွတ္ထားၾကၿပီး ခ်စ္သူ၊ ရည္းစားခ်င္း အျပန္အလွန္ လက္ေဆာင္ေပးၾကတဲ႔အခါ ေခ်ာကလက္တို႔၊ ႏွင္းဆီတို႔ကို လက္ေဆာင္ေပးတတ္ၾကပါတယ္။ အျပင္ေတြ၊ ဘာေတြ သြားလိုု႔ မိုးမိလာခ်ိန္မွာလည္း ေခ်ာကလက္ပူပူေလးတစ္ခြက္ကို ေသာက္လိုက္ရရင္ ေႏြးေထြးမႈကို ေပးစြမ္းႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ေခ်ာကလက္ထဲမွာ က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးပါဝင္ပါေသးတယ္။
၁။ ေခ်ာကလက္မွာ flavonoid ပါဝင္တယ္
လူအမ်ားစုဟာ ေခ်ာကလက္ကို အာဟာရတန္ဖိုးအတြက္ထက္ ဇိမ္ခံဖို႔အတြက္ အရသာခံၿပီး စားေသာက္ၾကပါတယ္။ တကယ္ေတာ႔ ကိုကိုးေစ႔ေတြကေတြ ထုတ္လုပ္ၿပီး ျပဳလုပ္ထားတဲ႔ ေခ်ာကလက္ထဲမွာ အပင္ကထြက္တဲ႔ အာဟာရဓာတ္တစ္မ်ိဳးျဖစ္တဲ႔ flavnoid ပါဝင္ပါတယ္။ အဲဒီ flavonoid ဟာ ဗိုင္းရပ္စ္ပိုး၊ အဆစ္အျမစ္ေရာင္ ေရာဂါပိုး၊ က်ဴမာျဖစ္ေစတဲ႔ ဆဲလ္ေတြကို ခုခံတိုက္ဖ်က္ေပးသလို antioxidant ေတြလည္း ၾကြယ္ဝစြာပါဝင္တဲ႔ သဘာဝအာဟာရဓာတ္ တစ္မ်ိဳးျဖစ္ပါတယ္။

ဒါေၾကာင္႔ ႏို႔ပါဝင္မႈနည္းၿပီး ကိုကိုးမႈန္႔ပါဝင္မႈမ်ားတဲ႔ ေခ်ာကလက္ေတြကို ပံုမွန္စားေပးမယ္ဆိုရင္ flavanoid ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြကို အျပည္႔အဝရရွိေစႏိုင္ရံုသာမက ေသြးဖိအားေလွ်ာ႔ခ်ရာမွာနဲ႔ ကိုလက္စထေရာ ေလွ်ာ႔ခ်ရာမွာလည္း ကူညီေပးႏိုင္ပါတယ္။
၂။ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ႔နည္းေစတယ္
ေခ်ာကလက္မွာ ပါဝင္တဲ႔ flavanoid ဟာ ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာ က်န္းမာေရးကိုလည္း အေထာက္အကူျပဳႏိုင္တယ္လို႔ သိရပါတယ္။ ေခ်ာကလက္ကို ျပဳလုပ္ထားတဲ႔ ကိုကိုးမႈန္႔ဟာ endothelial nitric oxide ဆိုတဲ႔ ႏွလံုးေသြးေၾကာကို က်ဥ္းေစၿပီး ႏွလံုးက်န္းမာေရးကို ပိုမိုေကာင္းမြန္ေစတဲ႔ အရာဝတၳဳတစ္မ်ိဳးကိုုလည္း ထုတ္လုပ္ေပးႏိုင္ပါတယ္။

ဒါ႔အျပင္ အဲဒီအရာဝတၳဳဟာ ေသြးေၾကာထဲမွာ ေသြးခဲျခင္းနဲ႔ မေကာင္းတဲ႔ ကုိလက္စထေရာေတြကိုလည္း ေလ်ာ႔က်ေစတဲ႔အတြက္ ေသြးဖိအားကိုလည္း ေလ်ာ႔နည္းေစၿပီး ေသြးတိုးသမားေတြအတြက္လည္း သင္႔ေတာ္ပါတယ္။

၃။ စိတ္ခံစားမႈကို ေကာင္းမြန္ေစတယ္

ေခ်ာကလက္စားျခင္းဟာ ေပ်ာ္ရႊင္မႈတို႔၊ ပြဲလမ္းသဘင္တို႔နဲ႔လည္း ဆက္ႏြယ္ေနပါတယ္။ ေလ႔လာမႈေတြအရဆိုရင္ ေခ်ာကလက္စားျခင္းဟာ မိမိရဲ႕ စိတ္ခံစားမႈကို တိုးတက္ေကာင္းမြန္ေစပါတယ္တဲ႔။ ဒါေၾကာင္႔ ေခ်ာကလက္စားရင္ လူကို ပိုမိုတည္ၿငိမ္ေစၿပီး ေပ်ာ္ရႊင္ေစႏိုင္ပါတယ္။

အမဲေရာင္ေခ်ာကလက္ေတြဟာဆိုရင္ ဦးေႏွာက္ထဲက ေပ်ာ္ရႊင္မႈကို ဖန္တီးေပးတဲ႔ endorphin ဆိုတဲ႔ ေဟာ္မုန္းကို ထုတ္လုပ္ေပးႏိုင္ပါတယ္။ ဒါ႔အျပင္ စိတ္ဓာတ္က်ဆင္းျခင္းကို တိုက္ဖ်က္ေပးႏိုင္တဲ႔ ေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ႔ serotonin ကိုလည္း ထြက္လာေစႏိုင္ပါေသးတယ္။ ဒါေၾကာင္႔လည္း စိတ္ဓာတ္က်ေနသူကို ေခ်ာကလက္စားဖို႔ တိုက္တြန္းၾကတာ ျဖစ္ပါတယ္။
၄။ မွတ္ဉာဏ္ပိုေကာင္းေစတယ္

ေခ်ာကလက္ထဲမွာပါတဲ႔ flavanoid ဟာ အသက္အရြယ္ႀကီးရင္႔ခ်ိန္မွာ မွတ္ဉာဏ္အားနည္းျခင္းနဲ႔ ေမ႔တတ္ျခင္းေဝဒနာေတြကို ျပန္လည္တိုးတက္ေကာင္းမြန္ေစပါတယ္။ သုေတသီေတြရဲ႕ အဆိုအရဆိုရင္ ကိုကိုးမႈန္႔ထဲမွာပါဝင္တဲ႔ flavanoid ဟာ ခႏၶာကိုယ္အတြင္း ေသြးလည္ပတ္စီးဆင္းမႈကို ေကာင္းမြန္ေအာင္ ကူညီေပးႏိုင္ပါတယ္တဲ႔။ ဒါေၾကာင္႔ ဦးေႏွာက္ဆီကို ေအာက္ဆီဂ်င္ ပါဝင္မႈမ်ားတဲ႔ ေသြးေတြ ပိုမိုစီးဆင္းႏိုင္ေအာင္ ကူညီေပးျခင္းျဖင္႔ မွတ္ဉာဏ္ကို ေကာင္းမြန္လာေစတာလည္း ျဖစ္ႏိုင္ပါတယ္။
၅။ အသားအေရကို ေခ်ာေမြ႕ေစတယ္

အမဲေရာင္ေခ်ာကလက္ထဲမွာ ပါဝင္တဲ႔ flavanoid ေတြဟာ ေနေရာင္ျခည္မွာပါဝင္တဲ႔ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးျခင္း၊ အေရျပားထဲမွာ ေသြးလည္ပတ္မႈ ေကာင္းမြန္ေအာင္ ကူညီေပးႏိုင္ျခင္းတို႔ျဖင္႔ အေရျပားေခ်ာေမြ႕မႈနဲ႔ ေရဓာတ္ကို ထိန္းသိမ္းေပးႏိုင္ပါတယ္။ တစ္နည္းအားျဖင္႔ ေခ်ာကလက္စားျခင္းဟာ က်န္းမာေခ်ာေမြ႕တဲ႔ အသားအေရေလးကို ပိုင္ဆိုင္ေစႏိုင္ဖို႔ ကူညီေပးႏိုင္ပါတယ္။

Source: Reader's Digest
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
ချောကလက်ဆိုတာ လူအများနှစ်သက်တဲ့ အစားအစာတစ်မျိုးပါပဲ။ အချစ်ရဲ့သင်္ကေတ တစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပြီး ချစ်သူ၊ ရည်းစားချင်း အပြန်အလှန် လက်ဆောင်ပေးကြတဲ့အခါ ချောကလက်တို့၊ နှင်းဆီတို့ကို လက်ဆောင်ပေးတတ်ကြပါတယ်။ အပြင်တွေ၊ ဘာတွေ သွားလိုု့ မိုးမိလာချိန်မှာလည်း ချောကလက်ပူပူလေးတစ်ခွက်ကို သောက်လိုက်ရရင် နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ချောကလက်ထဲမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါဝင်ပါသေးတယ်။
၁။ ချောကလက်မှာ flavonoid ပါဝင်တယ်
လူအများစုဟာ ချောကလက်ကို အာဟာရတန်ဖိုးအတွက်ထက် ဇိမ်ခံဖို့အတွက် အရသာခံပြီး စားသောက်ကြပါတယ်။ တကယ်တော့ ကိုကိုးစေ့တွေကတွေ ထုတ်လုပ်ပြီး ပြုလုပ်ထားတဲ့ ချောကလက်ထဲမှာ အပင်ကထွက်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ flavnoid ပါဝင်ပါတယ်။ အဲဒီ flavonoid ဟာ ဗိုင်းရပ်စ်ပိုး၊ အဆစ်အမြစ်ရောင် ရောဂါပိုး၊ ကျူမာဖြစ်စေတဲ့ ဆဲလ်တွေကို ခုခံတိုက်ဖျက်ပေးသလို antioxidant တွေလည်း ကြွယ်ဝစွာပါဝင်တဲ့ သဘာဝအာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် နို့ပါဝင်မှုနည်းပြီး ကိုကိုးမှုန့်ပါဝင်မှုများတဲ့ ချောကလက်တွေကို ပုံမှန်စားပေးမယ်ဆိုရင် flavanoid ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိစေနိုင်ရုံသာမက သွေးဖိအားလျှော့ချရာမှာနဲ့ ကိုလက်စထရော လျှော့ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။
၂။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေတယ်
ချောကလက်မှာ ပါဝင်တဲ့ flavanoid ဟာ နှလုံးနဲ့ နှလုံးသွေးကြော ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်တယ်လို့ သိရပါတယ်။ ချောကလက်ကို ပြုလုပ်ထားတဲ့ ကိုကိုးမှုန့်ဟာ endothelial nitric oxide ဆိုတဲ့ နှလုံးသွေးကြောကို ကျဉ်းစေပြီး နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့ အရာဝတ္ထုတစ်မျိုးကိုုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် အဲဒီအရာဝတ္ထုဟာ သွေးကြောထဲမှာ သွေးခဲခြင်းနဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ကျစေတဲ့အတွက် သွေးဖိအားကိုလည်း လျော့နည်းစေပြီး သွေးတိုးသမားတွေအတွက်လည်း သင့်တော်ပါတယ်။

၃။ စိတ်ခံစားမှုကို ကောင်းမွန်စေတယ်

ချောကလက်စားခြင်းဟာ ပျော်ရွှင်မှုတို့၊ ပွဲလမ်းသဘင်တို့နဲ့လည်း ဆက်နွယ်နေပါတယ်။ လေ့လာမှုတွေအရဆိုရင် ချောကလက်စားခြင်းဟာ မိမိရဲ့ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်တဲ့။ ဒါကြောင့် ချောကလက်စားရင် လူကို ပိုမိုတည်ငြိမ်စေပြီး ပျော်ရွှင်စေနိုင်ပါတယ်။

အမဲရောင်ချောကလက်တွေဟာဆိုရင် ဦးနှောက်ထဲက ပျော်ရွှင်မှုကို ဖန်တီးပေးတဲ့ endorphin ဆိုတဲ့ ဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျဆင်းခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ serotonin ကိုလည်း ထွက်လာစေနိုင်ပါသေးတယ်။ ဒါကြောင့်လည်း စိတ်ဓာတ်ကျနေသူကို ချောကလက်စားဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။
၄။ မှတ်ဉာဏ်ပိုကောင်းစေတယ်

ချောကလက်ထဲမှာပါတဲ့ flavanoid ဟာ အသက်အရွယ်ကြီးရင့်ချိန်မှာ မှတ်ဉာဏ်အားနည်းခြင်းနဲ့ မေ့တတ်ခြင်းဝေဒနာတွေကို ပြန်လည်တိုးတက်ကောင်းမွန်စေပါတယ်။ သုတေသီတွေရဲ့ အဆိုအရဆိုရင် ကိုကိုးမှုန့်ထဲမှာပါဝင်တဲ့ flavanoid ဟာ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် ဦးနှောက်ဆီကို အောက်ဆီဂျင် ပါဝင်မှုများတဲ့ သွေးတွေ ပိုမိုစီးဆင်းနိုင်အောင် ကူညီပေးခြင်းဖြင့် မှတ်ဉာဏ်ကို ကောင်းမွန်လာစေတာလည်း ဖြစ်နိုင်ပါတယ်။
၅။ အသားအရေကို ချောမွေ့စေတယ်

အမဲရောင်ချောကလက်ထဲမှာ ပါဝင်တဲ့ flavanoid တွေဟာ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးခြင်း၊ အရေပြားထဲမှာ သွေးလည်ပတ်မှု ကောင်းမွန်အောင် ကူညီပေးနိုင်ခြင်းတို့ဖြင့် အရေပြားချောမွေ့မှုနဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ချောကလက်စားခြင်းဟာ ကျန်းမာချောမွေ့တဲ့ အသားအရေလေးကို ပိုင်ဆိုင်စေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

Source: Reader's Digest

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top