ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အနည္းဆံုး တစ္ႏွစ္ေလာက္ တြဲလာၿပီဆိုရင္ ကိုယ္႔ရည္းစားရဲ႕ အျပဳအမူေတြကို ရိပ္စားမိေနေလာက္ပါၿပီ။ တစ္ခါတေလ ကိုယ္႔ကို ေကာင္းေကာင္းမြန္မြန္ မဆက္ဆံရင္၊ စကား ကေတာက္ကဆျဖစ္ရင္ စိတ္ဖိစီးမႈမ်ားေနလို႔လား။ ဒါမွမဟုတ္ တျခားတစ္ခုခု ရွိေနလို႔လား ဆိုတာကိုလည္း သိေနေလာက္ပါၿပီ။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမေျပာျဖစ္ေတာ႔တာ၊ ဒိတ္မလုပ္ျဖစ္ေတာ႔တာ ေတြကလည္း ရုတ္တရက္ျဖစ္လာမယ္ဆိုရင္ေတာ႔ ႏွစ္ေယာက္ၾကားမွာ တစ္ခုခုမွားေနၿပီဆိုတာကိုေတာ႔ သိသင္႔ပါတယ္။

သူမကေတာ႔ အလုပ္မ်ားတာကို အေၾကာင္းျပခ်င္ျပမယ္။ အိမ္ကလူေတြေၾကာင္႔ စိတ္ညစ္ေနရတာကို အေၾကာင္းျပခ်င္ျပမယ္။ ဒါေတြက တကယ္ဆိုရင္ေတာ႔ ေကာင္းတာေပါ႔။ ဒါေပမယ္႔ တကယ္လို႔ သူမေပးတဲ႔အေၾကာင္းျပခ်က္ေတြက တကယ္ ဟုတ္မေနခဲ႔ရင္ေကာ။ ေယာက်္ားေလးေတာ္ေတာ္မ်ားမ်ား သူတို႔ရဲ႕ခ်စ္သူေတြကို ဆံုးရႈံးရတဲ႔ အေၾကာင္းရင္းက မိန္းကေလးေတြ ထုတ္ေဖာ္မေျပာျပတတ္တဲ႔ အေသးအဖြဲကိစၥေလးေတြကို သတိမမူ ဂူမျမင္ရာကေန အႀကီးႀကီးေတြ ျဖစ္ကုန္ေတာ႔တာပါပဲ။

ဒီလိုအျဖစ္မ်ိဳးေတြ မျဖစ္ရေလေအာင္ မိန္းကေလးေတြ သင္႔ကို လွ်ိဳ႕ဝွက္ခ်က္တစ္ခုခု ထားရွိေနရင္ ျဖစ္တတ္တဲ႔ လကၡဏာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ သူတို႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြက ေနာက္ကြယ္မွာ ေဖာက္ျပန္တာတစ္ခုတည္း မျဖစ္ႏိုင္ပါဘူး။ သင္႔ကို ေျပာျပလို႔မရတဲ႔ အခက္အခဲတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ ထုတ္မေျပာရဲလို႔ တစ္ေယာက္တည္း ႀကိတ္ရွင္းေနရင္း မရွဴႏိုင္ မကယ္ႏိုင္ျဖစ္ၿပီး ေဝးသြားၾကရတဲ႔ အျဖစ္အပ်က္ေတြ မျဖစ္ရေလေအာင္ ကိုယ္႔ရည္းစားေကာင္မေလး လွ်ိဳ႕ဝွက္ခ်က္ေတြ ထားေနရင္ သိထားဖို႔ လိုအပ္ပါတယ္။
၁။ အျပဳအမူေတြေျပာင္းလဲလာမယ္
ကိုယ္႔ရည္းစားရဲ႕ အမူအရာေတြ ေျပာင္းလဲလာတာကို သတိျပဳမိဖို႔က မခက္ပါဘူး။ ကိုယ္ေျပာေနက် ဟာသေတြကို ႏွစ္ႏွစ္လိုလို ျပံဳးရယ္တတ္တဲ႔ မိန္းကေလးတစ္ေယာက္က မရယ္ခ်င္႔ရယ္ခ်င္ပဲ ရယ္တယ္ဆိုရင္ ဒါမွမဟုတ္ ရုပ္တည္ႀကီးနဲ႔ ေနေနၿပီဆိုရင္ေတာ႔ တစ္ခုခုေတာ႔ မွားေနပါၿပီ။ ဒီအခ်ိန္မွာ သင္လုပ္ႏိုင္တာကေတာ႔ သူမအတြက္ ရိုမန္းတစ္ဆန္တဲ႔ ဒိတ္တစ္ခု ဖန္တီးေပးဖို႔ပါပဲ။ ႏွစ္ဦးၾကားက ေအးခဲမႈေပ်ာ္ဆင္းသြားၿပီဆိုေတာ႔မွ သူ႕မွာ ဘာအခက္အခဲရွိေနတယ္ဆိုတာကို ေသခ်ာေမးျမန္းၾကည္႔ပါ။
၂။ ေမးခြန္းေတြကို ဒဲ႔မေျဖေတာ႔ဘူး

သူမရဲ႕အျပဳအမူ ေျပာင္းလဲမႈေတြေၾကာင္႔ စိတ္ပူၿပီး ေမးတဲ႔ ေမးခြန္းေတြကို အေမးကိုအေမးနဲ႔ တံု႕ျပန္လာတာတို႔၊ ဒဲ႔မေျဖတာတို႔ ျဖစ္လာၿပီဆိုရင္၊ အဲဒီေမးခြန္းေတြကို မေျဖမခ်င္း ထပ္ခါ ထပ္ခါ ေမးေနရၿပီဆိုရင္ သူမမွာ ေသခ်ာေပါက္ လွ်ိဳ႕ဝွက္ခ်က္ေတြ ရွိေနပါၿပီ။ သူမရဲ႕စိတ္ကို တစ္စံုတစ္ခုက အေႏွာင္႔အယွက္ေပးေနၿပီး ပြင္႔ပြင္႔လင္းလင္းထုတ္ေျပာဖို႔ ခက္ေနေစပါလိမ္႔မယ္။ ဒီလိုအေျခအေနမ်ိဳးမွာ အရမ္းႀကီးသြား push လို႔မရပါဘူး။ အကိုင္အတြယ္မတတ္ရင္ သင္႔ကို တစ္သက္လံုး ထားသြားပါလိမ္႔မယ္။ ဒီအခ်ိန္မွာ အလုပ္သင္႔ဆံုးကေတာ႔ စိတ္ရွည္ရွည္နဲ႔ သူ ထုတ္ေျပာလာမွာကို ေစာင္႔ဆိုင္းဖို႔ပါပဲ။

၃။ ဖုန္းကို လက္ကလံုးဝမခ်ဘူး

အတူတူ စားေသာက္ဆိုင္ထုိင္ေနရင္း အိမ္သာသြားရင္ေတာင္ ဖုန္းကို လက္ကမခ်ဘဲ ယူသြားေနၿပီလား။ သင္နဲ႔တူတူရွိေနခ်ိန္ေတြမွာလည္း ဖုန္းကို ဖတ္ခနဲပိတ္ပစ္တာမ်ိဳးေတြ လုပ္ေနၿပီလား။ တစ္ေယာက္နဲ႔တစ္ေယာက္ privacy ရွိရမွာမွန္ေပမယ္႔ သူ႔ဖုန္းထဲကအရာေတြကို သင္ျမင္မွာ သိပ္ေၾကာက္ေနဟန္ ေပၚေနၿပီဆိုရင္ေတာ႔ အေျခအေနက ေတာ္ေတာ္ဆိုးေနၿပီလို႔ ဆိုႏိုင္ပါတယ္။ ဒါဟာ သူမမွာ ႀကီးႀကီးမားမားလွ်ိဳ႕ဝွက္ခ်က္တစ္ခု ရွိေနတဲ႔ လကၡဏာပါပဲ။ ျဖစ္ေနေျခအရွိဆံုးကေတာ႔ သူမမွာ ေနာက္တစ္ေယာက္ရွိေနႏိုင္ပါၿပီ။
၄။ ညအိပ္ညေနခရီးေတြ တစ္ေယာက္တည္းသြားတယ္

ရံုးက ေခ်ာင္းသာကို လိုက္ပို႔ေပးတယ္တို႔၊ သူငယ္ခ်င္းေတြနဲ႔ က်ိဳက္ထီးရိုးတက္မယ္လို႔ ေျပာသြားၿပီး သူနဲ႔တူတူသြားတဲ႔ သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကိုလည္း သင္မသိဘူးဆိုပါစို႔။ အဲဒီ ညအိပ္ညေနခရီးကို သင္လည္း အတူလိုက္ပါခြင္႔မရဘူးဆိုပါစို႔။ ဒါဟာ သင္႔ကို သစၥာေဖာက္ေနတဲ႔ လကၡဏာမဟုတ္ရင္ေတာင္ သင္မပါဘဲ သူ႔ဖာသာ တစ္ေယာက္တည္း ေနလိုစိတ္က ေတာ္ေတာ္ရင္႔သန္ေနပါၿပီ။ ဒီအေျခအေနမွာ သင္႔အေပၚထားတဲ႔ သူမရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကလည္း ေတာ္ေတာ္မ်ားေနပါၿပီ။ ဒီလွ်ိဳ႕ဝွက္ခ်က္ေတြကို ေသခ်ာမကိုင္တြယ္ႏိုင္ရင္ အေဝးကို လြင္႔သြားေတာ႔မွာပါ။

Source: Topbanger
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အနည်းဆုံး တစ်နှစ်လောက် တွဲလာပြီဆိုရင် ကိုယ့်ရည်းစားရဲ့ အပြုအမူတွေကို ရိပ်စားမိနေလောက်ပါပြီ။ တစ်ခါတလေ ကိုယ့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံရင်၊ စကား ကတောက်ကဆဖြစ်ရင် စိတ်ဖိစီးမှုများနေလို့လား။ ဒါမှမဟုတ် တခြားတစ်ခုခု ရှိနေလို့လား ဆိုတာကိုလည်း သိနေလောက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်တော့တာ၊ ဒိတ်မလုပ်ဖြစ်တော့တာ တွေကလည်း ရုတ်တရက်ဖြစ်လာမယ်ဆိုရင်တော့ နှစ်ယောက်ကြားမှာ တစ်ခုခုမှားနေပြီဆိုတာကိုတော့ သိသင့်ပါတယ်။

သူမကတော့ အလုပ်များတာကို အကြောင်းပြချင်ပြမယ်။ အိမ်ကလူတွေကြောင့် စိတ်ညစ်နေရတာကို အကြောင်းပြချင်ပြမယ်။ ဒါတွေက တကယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တကယ်လို့ သူမပေးတဲ့အကြောင်းပြချက်တွေက တကယ် ဟုတ်မနေခဲ့ရင်ကော။ ယောကျ်ားလေးတော်တော်များများ သူတို့ရဲ့ချစ်သူတွေကို ဆုံးရှုံးရတဲ့ အကြောင်းရင်းက မိန်းကလေးတွေ ထုတ်ဖော်မပြောပြတတ်တဲ့ အသေးအဖွဲကိစ္စလေးတွေကို သတိမမူ ဂူမမြင်ရာကနေ အကြီးကြီးတွေ ဖြစ်ကုန်တော့တာပါပဲ။

ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင် မိန်းကလေးတွေ သင့်ကို လျှို့ဝှက်ချက်တစ်ခုခု ထားရှိနေရင် ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ရဲ့လျှို့ဝှက်ချက်တွေက နောက်ကွယ်မှာ ဖောက်ပြန်တာတစ်ခုတည်း မဖြစ်နိုင်ပါဘူး။ သင့်ကို ပြောပြလို့မရတဲ့ အခက်အခဲတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ထုတ်မပြောရဲလို့ တစ်ယောက်တည်း ကြိတ်ရှင်းနေရင်း မရှူနိုင် မကယ်နိုင်ဖြစ်ပြီး ဝေးသွားကြရတဲ့ အဖြစ်အပျက်တွေ မဖြစ်ရလေအောင် ကိုယ့်ရည်းစားကောင်မလေး လျှို့ဝှက်ချက်တွေ ထားနေရင် သိထားဖို့ လိုအပ်ပါတယ်။
၁။ အပြုအမူတွေပြောင်းလဲလာမယ်
ကိုယ့်ရည်းစားရဲ့ အမူအရာတွေ ပြောင်းလဲလာတာကို သတိပြုမိဖို့က မခက်ပါဘူး။ ကိုယ်ပြောနေကျ ဟာသတွေကို နှစ်နှစ်လိုလို ပြုံးရယ်တတ်တဲ့ မိန်းကလေးတစ်ယောက်က မရယ်ချင့်ရယ်ချင်ပဲ ရယ်တယ်ဆိုရင် ဒါမှမဟုတ် ရုပ်တည်ကြီးနဲ့ နေနေပြီဆိုရင်တော့ တစ်ခုခုတော့ မှားနေပါပြီ။ ဒီအချိန်မှာ သင်လုပ်နိုင်တာကတော့ သူမအတွက် ရိုမန်းတစ်ဆန်တဲ့ ဒိတ်တစ်ခု ဖန်တီးပေးဖို့ပါပဲ။ နှစ်ဦးကြားက အေးခဲမှုပျော်ဆင်းသွားပြီဆိုတော့မှ သူ့မှာ ဘာအခက်အခဲရှိနေတယ်ဆိုတာကို သေချာမေးမြန်းကြည့်ပါ။
၂။ မေးခွန်းတွေကို ဒဲ့မဖြေတော့ဘူး

သူမရဲ့အပြုအမူ ပြောင်းလဲမှုတွေကြောင့် စိတ်ပူပြီး မေးတဲ့ မေးခွန်းတွေကို အမေးကိုအမေးနဲ့ တုံ့ပြန်လာတာတို့၊ ဒဲ့မဖြေတာတို့ ဖြစ်လာပြီဆိုရင်၊ အဲဒီမေးခွန်းတွေကို မဖြေမချင်း ထပ်ခါ ထပ်ခါ မေးနေရပြီဆိုရင် သူမမှာ သေချာပေါက် လျှို့ဝှက်ချက်တွေ ရှိနေပါပြီ။ သူမရဲ့စိတ်ကို တစ်စုံတစ်ခုက အနှောင့်အယှက်ပေးနေပြီး ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့ ခက်နေစေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ အရမ်းကြီးသွား push လို့မရပါဘူး။ အကိုင်အတွယ်မတတ်ရင် သင့်ကို တစ်သက်လုံး ထားသွားပါလိမ့်မယ်။ ဒီအချိန်မှာ အလုပ်သင့်ဆုံးကတော့ စိတ်ရှည်ရှည်နဲ့ သူ ထုတ်ပြောလာမှာကို စောင့်ဆိုင်းဖို့ပါပဲ။

၃။ ဖုန်းကို လက်ကလုံးဝမချဘူး

အတူတူ စားသောက်ဆိုင်ထိုင်နေရင်း အိမ်သာသွားရင်တောင် ဖုန်းကို လက်ကမချဘဲ ယူသွားနေပြီလား။ သင်နဲ့တူတူရှိနေချိန်တွေမှာလည်း ဖုန်းကို ဖတ်ခနဲပိတ်ပစ်တာမျိုးတွေ လုပ်နေပြီလား။ တစ်ယောက်နဲ့တစ်ယောက် privacy ရှိရမှာမှန်ပေမယ့် သူ့ဖုန်းထဲကအရာတွေကို သင်မြင်မှာ သိပ်ကြောက်နေဟန် ပေါ်နေပြီဆိုရင်တော့ အခြေအနေက တော်တော်ဆိုးနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါဟာ သူမမှာ ကြီးကြီးမားမားလျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့ လက္ခဏာပါပဲ။ ဖြစ်နေခြေအရှိဆုံးကတော့ သူမမှာ နောက်တစ်ယောက်ရှိနေနိုင်ပါပြီ။
၄။ ညအိပ်ညနေခရီးတွေ တစ်ယောက်တည်းသွားတယ်

ရုံးက ချောင်းသာကို လိုက်ပို့ပေးတယ်တို့၊ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးတက်မယ်လို့ ပြောသွားပြီး သူနဲ့တူတူသွားတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သင်မသိဘူးဆိုပါစို့။ အဲဒီ ညအိပ်ညနေခရီးကို သင်လည်း အတူလိုက်ပါခွင့်မရဘူးဆိုပါစို့။ ဒါဟာ သင့်ကို သစ္စာဖောက်နေတဲ့ လက္ခဏာမဟုတ်ရင်တောင် သင်မပါဘဲ သူ့ဖာသာ တစ်ယောက်တည်း နေလိုစိတ်က တော်တော်ရင့်သန်နေပါပြီ။ ဒီအခြေအနေမှာ သင့်အပေါ်ထားတဲ့ သူမရဲ့လျှို့ဝှက်ချက်တွေကလည်း တော်တော်များနေပါပြီ။ ဒီလျှို့ဝှက်ချက်တွေကို သေချာမကိုင်တွယ်နိုင်ရင် အဝေးကို လွင့်သွားတော့မှာပါ။
Source: Topbanger

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top