Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ပ္သိန္း၂,၂၀၀ လိမ္လည္မႈ ျဖင့္ တပ္မေတာ္အ ရာရွိ (ဗုိလ္ႀကီး)တစ္ဦး၏ ဇနီး ကုိ ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္ ဘုရားကုန္း ရဲစခန္း ၌ အမႈဖြင့္ စစ္ေဆး ေနသည္။
ဥတၱရ သီရိၿမိဳ႕နယ္ ဥတၱရ သီရိရပ္ကြက္ (၁၄)လမ္းတြင္ ေန ထိုင္သူ ေဒၚလဲ့မြန္သင္းထံမွ ရခုိင္ ျပည္နယ္ တြင္ တာ၀န္က်ေနေသာ ဗုိလ္ႀကီး ၏ ဇနီးျဖစ္သူက ေဆး ေရာင္း၀ယ္ေရးလုပ္ငန္း၊ တယ္လီ ေနာတာ၀ါတိုင္ ေဆာက္လုပ္ေရး လုပ္ငန္းႏွင့္ ျမ၀တီ သတင္းစာ တင္ဒါ လုပ္ငန္း မ်ား လုပ္ကုိင္ရန္ ေငြလုိသျဖင့္ က်ပ္သိန္း ၂,၂၀၀ ကုိ ငါးႀကိမ္ခြဲ၍ ေခ်းယူခဲ့ရာ ခင္မင္မႈအရ ေခ်းေပးခဲ့ေၾကာင္း ရဲမွတ္တမ္း တြင္ ေဖာ္ျပထားသည္။

အဆုိပါ ေငြေခ်းသူ အမ်ိဳးသမီး သည္ ၂၀၁၅ ႏုိ၀င္ဘာ ၂၀ ရက္ တြင္ က်ပ္သိန္း ၁၅၀ ကိုလည္း ေကာင္း၊ ၂၀၁၅ ဒီဇင္ဘာ ၁ ရက္ တြင္ က်ပ္သိန္း ၂၅၀ ကုိလည္း ေကာင္း၊ ၂၀၁၆ ဧၿပီ ၁ ရက္တြင္ က်ပ္သိန္း ၅၀၀ ကုိလည္းေကာင္း၊ ၂၀၁၆ ဧၿပီ ၂၅ ရက္တြင္ က်ပ္သိန္း ၃၀၀ ကုိလည္းေကာင္း၊ ၂၀၁၆ ဒီဇင္ဘာ ၃၀ ရက္္တြင္ က်ပ္သိန္း ၁,၀၀၀ ကုိလည္း ေကာင္း ေခ်းယူခဲ့ေၾကာင္း၊ ေခ်း ေငြမ်ားကုိ ကတိ စာခ်ဳပ္ မ်ားခ်ဳပ္ဆို ၍ ေပးအပ္ခဲ့ေၾကာင္း ရဲမွတ္တမ္း တြင္ ေဖာ္ျပသည္။
ထုိသုိ႔ ေခ်းယူၿပီး ၂ ႏွစ္ခန္႔ ၾကာသည္အထိ ျပန္လည္ေပးအပ္ ျခင္းမရွိသည့္အျပင္ ဆက္သြယ္ ျပန္ၾကားျခင္းလည္း မရွိသျဖင့္ ေအာက္တိုဘာ ၂၂ ရက္တြင္ ေဒၚ လဲ့မြန္သင္း က တရားလုိျပဳလုပ္ တိုင္တန္းခဲ့ေၾကာင္း ရဲမွတ္တမ္း တြင္ ေဖာ္ျပထားသည္။
ဘုရားကုန္း ရဲစခန္း မွ စခန္းမွဴး ဒုရဲမွဴးတင္ေဌးက ‘‘အဲဒီအမႈ က လက္ရွိစိစစ္တုန္းပဲ ရွိပါေသး တယ္’’ဟုေျပာသည္။
ေငြေခ်းယူၿပီး ထြက္ေျပး တိမ္းေရွာင္ေနသည္ဆုိေသာ ယင္းအမ်ိဳးသမီး ကုိ ဥတၱရသီရိၿမိဳ႕နယ္ ဘုရားကုန္း ရဲစခန္း က ရာဇသတ္ႀကီးပုဒ္မ ၄၂၀ အရ တိုင္ခ်က္ဖြင့္ စစ္ေဆး ေနသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwinpyin
#Unicode Version#
 ကျပ်သိန်း၂,၂၀၀ လိမ်လည်မှု ဖြင့် တပ်မတော်အ ရာရှိ (ဗိုလ်ကြီး)တစ်ဦး၏ ဇနီး ကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်း ၌ အမှုဖွင့် စစ်ဆေး နေသည်။
ဥတ္တရ သီရိမြို့နယ် ဥတ္တရ သီရိရပ်ကွက် (၁၄)လမ်းတွင် နေ ထိုင်သူ ဒေါ်လဲ့မွန်သင်းထံမှ ရခိုင် ပြည်နယ် တွင် တာဝန်ကျနေသော ဗိုလ်ကြီး ၏ ဇနီးဖြစ်သူက ဆေး ရောင်းဝယ်ရေးလုပ်ငန်း၊ တယ်လီ နောတာဝါတိုင် ဆောက်လုပ်ရေး လုပ်ငန်းနှင့် မြဝတီ သတင်းစာ တင်ဒါ လုပ်ငန်း များ လုပ်ကိုင်ရန် ငွေလိုသဖြင့် ကျပ်သိန်း ၂,၂၀၀ ကို ငါးကြိမ်ခွဲ၍ ချေးယူခဲ့ရာ ခင်မင်မှုအရ ချေးပေးခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။



အဆိုပါ ငွေချေးသူ အမျိုးသမီး သည် ၂၀၁၅ နိုဝင်ဘာ ၂၀ ရက် တွင် ကျပ်သိန်း ၁၅၀ ကိုလည်း ကောင်း၊ ၂၀၁၅ ဒီဇင်ဘာ ၁ ရက် တွင် ကျပ်သိန်း ၂၅၀ ကိုလည်း ကောင်း၊ ၂၀၁၆ ဧပြီ ၁ ရက်တွင် ကျပ်သိန်း ၅၀၀ ကိုလည်းကောင်း၊ ၂၀၁၆ ဧပြီ ၂၅ ရက်တွင် ကျပ်သိန်း ၃၀၀ ကိုလည်းကောင်း၊ ၂၀၁၆ ဒီဇင်ဘာ ၃၀ ရက်တွင် ကျပ်သိန်း ၁,၀၀၀ ကိုလည်း ကောင်း ချေးယူခဲ့ကြောင်း၊ ချေး ငွေများကို ကတိ စာချုပ် များချုပ်ဆို ၍ ပေးအပ်ခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ထိုသို့ ချေးယူပြီး ၂ နှစ်ခန့် ကြာသည်အထိ ပြန်လည်ပေးအပ် ခြင်းမရှိသည့်အပြင် ဆက်သွယ် ပြန်ကြားခြင်းလည်း မရှိသဖြင့် အောက်တိုဘာ ၂၂ ရက်တွင် ဒေါ် လဲ့မွန်သင်း က တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

ဘုရားကုန်း ရဲစခန်း မှ စခန်းမှူး ဒုရဲမှူးတင်ဌေးက ‘‘အဲဒီအမှု က လက်ရှိစိစစ်တုန်းပဲ ရှိပါသေး တယ်’’ဟုပြောသည်။

ငွေချေးယူပြီး ထွက်ပြေး တိမ်းရှောင်နေသည်ဆိုသော ယင်းအမျိုးသမီး ကို ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ တိုင်ချက်ဖွင့် စစ်ဆေး နေသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top