ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ညအိပ္ယာမဝင္ခင္ သြားတိုက္သင့္တယ္ဆိုတာကုိ လူတိုင္းသိၾကေပမယ့္ လူတိုင္းလိုက္မလုပ္ၾကပါဘူး။ တစ္ေန႔တာလံုး ရုန္းကန္လႈပ္ရွားမႈေတြနဲ႔ ပင္ပန္းေနၿပီမို႔ ညဖက္မွာ သြားတိုက္ဖို႔ ေမ့ေနတတ္ၾကသလို၊ ညဖက္မွာ အစာစားၿပီး သြားမတိုက္ဘဲ အိပ္မိတဲ့ ေန႔လည္းအနည္းဆံုး တစ္ႀကိမ္တစ္ခါေတာ့ရွိဖူးၾကမွာပါ။ ညဖက္သြားမတိုက္ဘဲ အိပ္ယာဝင္တာဟာ သင့္ခံတြင္းအတြက္ ဆိုးက်ိဳးျဖစ္ေစပါတယ္။

ဘာလို႔သြားတိုက္ၾကသလဲ

သြားတိုက္ၾကတာဟာ အဓိကအားျဖင့္ သင့္ရဲ႕ သြားမ်က္နွာျပင္ကို သန္႔ရွင္းေရးလုပ္ေပးၿပီး၊ သြားေခ်းတြ မျဖစ္ေပၚေအာင္ကာကြယ္ေပးပါတယ္။ သြားတိုက္ေဆးမွာ မိုက္ခရိုကယ္လ္ဆီယမ္နဲ႔ ဖလိုရိုက္ဒ္ပါဝင္ရင္ေတာ့ သင့္ရဲ႕ သြားေတြကို ပိုၿပီးသန္မာေစၿပီး သြားပိုးေပါက္ျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။

သြားတိုက္ေပးျခင္းအားျဖင့္ သင့္ရဲ႕ သြားမ်က္ႏွာျပင္ေပၚမွာရွိတဲ့ ဘက္တီးရီးယားေတြကို ေလ်ာ့နည္းသြားေစပါတယ္။ သြားကို ၂ မိနစ္ေလာက္ အခ်ိန္ယူၿပီးတိုက္ေပးရင္ ပိုေကာငး္ပါတယ္။

သြားမတိုက္ဘဲအိပ္ေပးျခင္းရဲ႕ ဆိုးက်ိဳး

သြားမတိုက္ဘဲ အိပ္ေပးရင္ေတာ့ သြားေခ်းျဖစ္ေစတဲ့ ဘက္တီးရီးယားေတြျဖစ္ေပၚၿပီး အဲဒီဘက္တီးရီးယားေတြနဲ႔ စားမိတဲ့ စားၾကြင္းစားက်န္ေတြနဲ႔ ေပါင္းစပ္မိၿပီး အက္ဆစ္ဓာတ္ထုတ္ေပးပါတယ္။ အဲဒီအက္ဆစ္ဓာတ္ေတြက သင့္ရဲ႕ သြားေတြကို ဖ်က္ဆီးပစ္ၿပီး သြားပိုးေပါက္ေတြျဖစ္ေစသလို၊ သြားေခ်းေတြလည္းတက္လာေစပါတယ္။ ဒါ့ေၾကာင့္  ညဖက္မွာ သေရစာစားၿပီး သြားမတိုက္ဘဲ အိပ္ေပးရင္ေတာ့ သင့္ရဲ႕သြားေလးေတြ ထိခိုက္ပ်က္စီးေစမွာ အေသအခ်ာပါပဲ။ အဲဒီလိုသြားမတိုက္ဘဲ အိပ္ေပးၿပီး မနက္မွသြားတုိက္မယ္ဆိုရင္ ဘာမွထူးမွာမဟုတ္ပါဘူး။ ညဖက္မွာ ဘက္တီးရီးယားေတြက သင့္ရဲ႕ သြားေတြကို စိတ္ႀကိဳက္ဖ်က္ဆီးၿပီးျဖစ္လို႔ပါပဲ။


ညဖက္ဟာ သင့္ရဲ႕သြားေလးေတြ အနားယူၿပီး ျပန္ၿပီး တည္ေဆာက္ေနတဲ့အခ်ိန္မို႔ သင့္ရဲ႕ သြားေလးေတြအတြက္ေရာ ခံတြင္းက်န္းမာေရးအတြက္ေရာ သိပ္အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ သေရစာစားၿပီး ညစာစားၿပီး (သို႔) သေရစာစားၿပီး ညအိပ္ယာမဝင္ခင္ သြားကိုေသခ်ာတိုက္ေပးပါ။ တကယ္လို႔ သြားတိုက္ဖို႔ လံုးဝအခ်ိန္မရွိဘူးဆိုရင္ေတာ့ အနည္းဆံုးေတာ့ ခံတြင္းေဆးရည္နဲ႔ ပလုတ္က်င္းေပးသင့္ပါတယ္။

တခ်ိဳ႕က ညဖက္ သြားတိုက္ၿပီးရင္ မနက္ဖက္ သြားမတိုက္ဘဲ မနက္စာစားတတ္တ့ဲသူေတြရွိပါတယ္။ ညအိပ္ယာမဝင္ခင္ သြားတိုက္ေပးသင့္သလိုပဲ မနက္စာမစားခင္မွာလည္း သြားတိုက္ေပးဖို႔ သိပ္ကိုအေရးႀကီးပါတယ္။

သင့္သြားက်န္းမာေရးအတြက္ ကယ္လ္ဆီယမ္နဲ႔ ဖလိုရိုက္ဒ္ ပါဝင္တဲ့ သြားတိုက္ေဆးနဲ႔ မနက္တစ္ႀကိမ္ ၊ ညတစ္ႀကိမ္ ပံုမွန္တိုက္ေပးၿပီး သြားပိုးစားျခင္း၊ သြားေတြထိခိုက္ပ်က္စီးျခင္းကေန ကာကြယ္လိုက္ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfood
#Unicode Version#
ညအိပ်ယာမဝင်ခင် သွားတိုက်သင့်တယ်ဆိုတာကို လူတိုင်းသိကြပေမယ့် လူတိုင်းလိုက်မလုပ်ကြပါဘူး။ တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှားမှုတွေနဲ့ ပင်ပန်းနေပြီမို့ ညဖက်မှာ သွားတိုက်ဖို့ မေ့နေတတ်ကြသလို၊ ညဖက်မှာ အစာစားပြီး သွားမတိုက်ဘဲ အိပ်မိတဲ့ နေ့လည်းအနည်းဆုံး တစ်ကြိမ်တစ်ခါတော့ရှိဖူးကြမှာပါ။ ညဖက်သွားမတိုက်ဘဲ အိပ်ယာဝင်တာဟာ သင့်ခံတွင်းအတွက် ဆိုးကျိုးဖြစ်စေပါတယ်။

ဘာလို့သွားတိုက်ကြသလဲ
သွားတိုက်ကြတာဟာ အဓိကအားဖြင့် သင့်ရဲ့ သွားမျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပေးပြီး၊ သွားချေးတွ မဖြစ်ပေါ်အောင်ကာကွယ်ပေးပါတယ်။ သွားတိုက်ဆေးမှာ မိုက်ခရိုကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ်ပါဝင်ရင်တော့ သင့်ရဲ့ သွားတွေကို ပိုပြီးသန်မာစေပြီး သွားပိုးပေါက်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

သွားတိုက်ပေးခြင်းအားဖြင့် သင့်ရဲ့ သွားမျက်နှာပြင်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို လျော့နည်းသွားစေပါတယ်။ သွားကို ၂ မိနစ်လောက် အချိန်ယူပြီးတိုက်ပေးရင် ပိုကောင်းပါတယ်။

သွားမတိုက်ဘဲအိပ်ပေးခြင်းရဲ့ ဆိုးကျိုး
သွားမတိုက်ဘဲ အိပ်ပေးရင်တော့ သွားချေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေဖြစ်ပေါ်ပြီး အဲဒီဘက်တီးရီးယားတွေနဲ့ စားမိတဲ့ စားကြွင်းစားကျန်တွေနဲ့ ပေါင်းစပ်မိပြီး အက်ဆစ်ဓာတ်ထုတ်ပေးပါတယ်။ အဲဒီအက်ဆစ်ဓာတ်တွေက သင့်ရဲ့ သွားတွေကို ဖျက်ဆီးပစ်ပြီး သွားပိုးပေါက်တွေဖြစ်စေသလို၊ သွားချေးတွေလည်းတက်လာစေပါတယ်။ ဒါ့ကြောင့်  ညဖက်မှာ သရေစာစားပြီး သွားမတိုက်ဘဲ အိပ်ပေးရင်တော့ သင့်ရဲ့သွားလေးတွေ ထိခိုက်ပျက်စီးစေမှာ အသေအချာပါပဲ။ အဲဒီလိုသွားမတိုက်ဘဲ အိပ်ပေးပြီး မနက်မှသွားတိုက်မယ်ဆိုရင် ဘာမှထူးမှာမဟုတ်ပါဘူး။ ညဖက်မှာ ဘက်တီးရီးယားတွေက သင့်ရဲ့ သွားတွေကို စိတ်ကြိုက်ဖျက်ဆီးပြီးဖြစ်လို့ပါပဲ။
1280px-Family_eating_a_meal_(2)

ညဖက်ဟာ သင့်ရဲ့သွားလေးတွေ အနားယူပြီး ပြန်ပြီး တည်ဆောက်နေတဲ့အချိန်မို့ သင့်ရဲ့ သွားလေးတွေအတွက်ရော ခံတွင်းကျန်းမာရေးအတွက်ရော သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် သရေစာစားပြီး ညစာစားပြီး (သို့) သရေစာစားပြီး ညအိပ်ယာမဝင်ခင် သွားကိုသေချာတိုက်ပေးပါ။ တကယ်လို့ သွားတိုက်ဖို့ လုံးဝအချိန်မရှိဘူးဆိုရင်တော့ အနည်းဆုံးတော့ ခံတွင်းဆေးရည်နဲ့ ပလုတ်ကျင်းပေးသင့်ပါတယ်။
တချို့က ညဖက် သွားတိုက်ပြီးရင် မနက်ဖက် သွားမတိုက်ဘဲ မနက်စာစားတတ်တဲ့သူတွေရှိပါတယ်။ ညအိပ်ယာမဝင်ခင် သွားတိုက်ပေးသင့်သလိုပဲ မနက်စာမစားခင်မှာလည်း သွားတိုက်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။

သင့်သွားကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ် ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပုံမှန်တိုက်ပေးပြီး သွားပိုးစားခြင်း၊ သွားတွေထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်လိုက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top