Golden City Promotion
×

သမၼတေဟာင္း ဦးသိန္းစိန္ကို ဂါရဝျပဳဖို႔ တိုက္ၾကီးကေန ေနျပည္ေတာ္သို႔ စက္ဘီးနဲ႕ ခရီးႏွင္ခဲ့တဲ့ ကိုရဲေက်ာ္သူဟာ ေနျပည္ေတာ္က သမၼတေဟာင္းအိမ္ ေရွ႕အထိ ေရာက္ခဲ့ေပမယ့္ ဦးသိန္းစိန္နဲ႔ မေတြ႕ခဲ့ရဘူးလို႔ ကာယကံရွင္ျဖစ္သူကိုရဲေက်ာ္သူကPopular News ကိုေျပာျပပါတယ္။

သူဟာ မိုင္ေပါင္း ၂၇၀ေက်ာ္ ကို စက္ဘီးနဲ႔ ၁၀ရက္ ခရီးႏွင္ခဲ့သူပါ။”ေတြ႔ေတာ့မေတြ႔ခဲ့ရဘူး ၊ဒါေပမယ့္ ေက်နပ္ေလာက္တဲ့ အေနအထားေတာ့ရွိခဲ့ပါတယ္”လုိ႔ ေနျပည္ေတာ္က သမၼတေဟာင္းရဲ႕ ေနအိမ္ေရွ႕ေရာက္ခဲ့သူ ကိုရဲေက်ာ္သူကေျပာပါတယ္။

ေက်နပ္ေလာက္တဲ့ အေနအထားဆိုတာက သူ႔ရဲ႕ ကန္ေတာ့
ပစၥည္းေတြကို သမၼတေဟာင္းအိမ္က တာ၀န္ရွိသူေတြက ၾကည္ၾကည္ျဖဴျဖဴလက္ခံခဲ့တာကို ဆိုလိုတာလို႔သူ ကရွင္းျပပါတယ္။

သူ႔ရဲ႕ ေနအိမ္အျပန္ခရီးကိုေတာ့ စက္ဘီးနဲ႔ ခရီးမႏွင္ေတာ့ဘဲ သမၼတေဟာင္းအိမ္က တာ၀န္ရွိသူအခ်ိဳ႕ရဲ႕ စီစဥ္ေပးမႈအရ ရထားနဲ႔ပဲ ျပန္ျဖစ္ခဲ့တယ္လို႔ ကိုရဲေက်ာ္သူက ဆက္ေျပာပါတယ္။

ယခုအခ်ိန္မွာေတာ့ သူဟာ သူအိမ္ကုိျပန္လည္ေရာက္ရွိေနျပီ ျဖစ္ပါတယ္။သူဟာ စက္တင္ဘာလ ၂၀ရက္ေန႔က သမၼတေဟာင္း ဂါရဝျပဳဖုိ႔ သူေနထုိင္ရာတုိက္ႀကီးျမဳိ႕ကေနျပည္ေတာ္အထိ ခရီးႏွင္ခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Popular News

#Unicode Version#
သမ္မတဟောင်း ဦးသိန်းစိန်ကို ဂါရဝပြုဖို့ တိုက်ကြီးကနေ နေပြည်တော်သို့ စက်ဘီးနဲ့ ခရီးနှင်ခဲ့တဲ့ ကိုရဲကျော်သူဟာ နေပြည်တော်က သမ္မတဟောင်းအိမ်ရှေ့အထိ ရောက်ခဲ့ပေမယ့် ဦးသိန်းစိန်နဲ့ မတွေ့ခဲ့ရဘူးလို့ ကာယကံရှင်ဖြစ်သူကိုရဲကျော်သူကPopular News ကိုပြောပြပါတယ်။

သူဟာ မိုင်ပေါင်း ၂၇၀ကျော် ကို စက်ဘီးနဲ့ ၁၀ရက် ခရီးနှင်ခဲ့သူပါ။”တွေ့တော့မတွေ့ခဲ့ရဘူး ၊ဒါပေမယ့် ကျေနပ်လောက်တဲ့ အနေအထားတော့ရှိခဲ့ပါတယ်”လို့ နေပြည်တော်က သမ္မတဟောင်းရဲ့ နေအိမ်ရှေ့ရောက်ခဲ့သူ ကိုရဲကျော်သူကပြောပါတယ်။

ကျေနပ်လောက်တဲ့ အနေအထားဆိုတာက သူ့ရဲ့ ကန်တော့
ပစ္စည်းတွေကို သမ္မတဟောင်းအိမ်က တာဝန်ရှိသူတွေက ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာကို ဆိုလိုတာလို့သူ ကရှင်းပြပါတယ်။

သူ့ရဲ့ နေအိမ်အပြန်ခရီးကိုတော့ စက်ဘီးနဲ့ ခရီးမနှင်တော့ဘဲ သမ္မတဟောင်းအိမ်က တာဝန်ရှိသူအချို့ရဲ့ စီစဉ်ပေးမှုအရ ရထားနဲ့ပဲ ပြန်ဖြစ်ခဲ့တယ်လို့ ကိုရဲကျော်သူက ဆက်ပြောပါတယ်။

ယခုအချိန်မှာတော့ သူဟာ သူအိမ်ကိုပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။သူဟာ စက်တင်ဘာလ ၂၀ရက်နေ့က သမ္မတဟောင်း ဂါရဝပြုဖို့ သူနေထိုင်ရာတိုက်ကြီးမြို့ကနေပြည်တော်အထိ ခရီးနှင်ခဲ့တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:  Popular News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top