ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တန္ေဆာင္မုန္းလျပည့္ ညတြင္ ပထမဆံုး တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲျပဳလုပ္မည့္ အိမ့္ခ်စ္က ၎၏ အမာခံပရိသတ္မ်ားႏွင့္ ေတြ႕ဆံုကာ ေဖ်ာ္ေျဖပြဲအစီအစဥ္ မ်ားကို အသိေပးခဲ့သည္။

 အိမ့္ခ်စ္၏ Beyond the Success အမည္ျဖင့္ ပထမဆံုး တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို ႏိုဝင္ဘာ ၃ ရက္ (တန္ေဆာင္ မုန္းလျပည့္ည)၌ ကန္ေတာ္ႀကီး (ေမွ်ာ္စင္ကြၽန္း)၌ ျပဳလုပ္မည္ျဖစ္ သည္။

‘‘အိမ့္ခ်စ္ရဲ႕ We Love Eint Chit အဖြဲ႕ေလးရွိတယ္။ သူတုိ႔ ေတြက အိမ့္ခ်စ္ကို ခ်စ္ေပးၾက တယ္။ ပြဲေတြဆိုလည္း ေနာက္က ေန တေကာက္ေကာက္လုိက္ၿပီး အားေပးၾကတယ္။ အိမ့္ခ်စ္အေန နဲ႔လည္း သူတို႔နဲ႔ေတြ႕သင့္တယ္ လုိ႔ ယူဆတယ္။ အရင္ကလည္း ေတြ႕ခဲ့ပါတယ္။ ဒီတစ္ေခါက္ ေတာ့ လူဘယ္ႏွေယာက္ပဲရွိရွိ ေပ်ာ္ေပ်ာ္ပါးပါး သီခ်င္းေလးေတြ ဆုိျပမယ္။ ေနာက္ၿပီး သူတို႔ကပြဲအေၾကာင္း အရမ္းသိခ်င္ၾက တယ္။ အဲဒီအတြက္ ဒီေန႔မွာ ေျပာျပတာပါ’’ဟု ေအာက္တိုဘာ ၁ ရက္တြင္ Studio Kဆုိင္၌ ပရိသတ္ မ်ားႏွင့္  ေတြ႕ဆံုျဖစ္သည့္အ ေၾကာင္းကို အိမ့္ခ်စ္က ေျပာ သည္။

ယခင္က ပရိသတ္မ်ားႏွင့္ ေတြ႕ဆံုပြဲမ်ား ျပဳလုပ္ျဖစ္ေသာ္ လည္း ယခုေနာက္ပိုင္းတြင္ အ လုပ္႐ႈပ္ေနေသာေၾကာင့္ မေတြ႕ ျဖစ္သည္မွာ ၾကာၿပီျဖစ္ေၾကာင္း ၎က ဆုိသည္။

‘‘အိမ့္ခ်စ္ဆိုတာ ျဖစ္လာတဲ့ သီခ်င္းေတြဆုိျပမယ္။ ေနာက္ၿပီး ပရိသတ္ေတြ ေမ့ေနေလာက္ၿပီ ထင္တဲ့ သီခ်င္းေလးေတြလည္း ျပန္လည္တူးဆြၿပီး ဆိုျပမယ္။ တခ်ိဳ႕သီခ်င္းေတြဆုိ ေကာင္းရဲ႕ သားနဲ႔   တိမ္ျမဳပ္ေနတာေတြရွိ တယ္။ အဲဒီသီခ်င္းေလးေတြကို လည္း ဒီပြဲမွာ ျပန္ၿပီးဆုိျပမယ္’’ ဟု ေဖ်ာ္ေျဖတင္ဆက္မႈအစီအစဥ္ ႏွင့္ပတ္သက္၍ ေျပာသည္။

ေဖ်ာ္ေျဖပြဲတြင္ သီခ်င္း ၂၅ ပုဒ္ခန္႔ သီဆုိေဖ်ာ္ေျဖရန္ စီစဥ္ ထားၿပီး စံုတြဲအဆိုရွင္မ်ားအေန ျဖင့္ Jမီ၊ ရဲေလး၊ ႏိုင္းဝမ္းႏွင့္ ေက်ာ္ထြဋ္ေဆြတုိ႔ ပါဝင္ေဖ်ာ္ေျဖ မည္ဟု ၎က ဆုိသည္။

‘‘ကိုယ္တိုင္ေရးပံုတူက ေတာ့ ခဏခဏဆုိတယ္။ အေဖ့ ရဲ႕ သီခ်င္းလည္းျဖစ္ေတာ့ ဒီတစ္ ေခါက္ အေဖ့ကို ဆုိခုိင္းမယ္လို႔ စဥ္းစားထားတယ္’’ဟု ဖခင္ ခ်စ္ေကာင္းပါဝင္သီဆိုမည့္အ ေၾကာင္းကို ေျပာသည္။

ထုိ႔အျပင္ ယင္းေဖ်ာ္ေျဖပြဲ၌ ၎၏ အမာခံပရိသတ္မ်ားမွ အခ်ိဳ႕ကို ေရြးခ်ယ္၍ ပရိသတ္မ်ား ႏွင့္အတူ ေဖ်ာ္ေျဖတင္ဆက္သည့္ အစီအစဥ္ ထည့္သြင္းသီဆုိရန္ အစီအစဥ္ရွိေၾကာင္း ၎က ဆုိ သည္။

‘‘Show မွာ ဆံပင္အစစ္နဲ႔ လည္းဆိုမယ္။ အတုလည္းထည့္ ဖုိ႔ ရည္ရြယ္ခ်က္ရွိတယ္။ အခု ဘာစဥ္းစားထားလဲဆိုေတာ့ ကလီယိုပါထရာလိုပံုစံတပ္ၿပီးဆုိဖို႔။ ဆံပင္အတုမွန္း သိသိသာသာျဖစ္ ေနတဲ့ပံုစံနဲ႔ပဲဆုိမယ္။ အဓိကက ေတာ့ ပရိသတ္က ကိုယ့္ဆံပင္က ဒီပံုစံဆုိတာ တစ္ႏုိင္ငံလံုးက သိ သြားၿပီးၿပီျဖစ္တဲ့အတြက္ ဆံပင္ အတုတပ္တဲ့အခါမွာ ဆံပင္အတု ကို တမင္တပ္ၿပီး Fashionable ျဖစ္ေအာင္ တပ္တဲ့ပံုစံျဖစ္ေအာင္ သီခ်င္းတစ္ပုဒ္ပဲျဖစ္ျဖစ္၊ ႏွစ္ပုဒ္ပဲ ျဖစ္ျဖစ္ ဆိုမယ္’’ဟု အိမ့္ခ်စ္က ေျပာသည္။

ေဖ်ာ္ေျဖပြဲလက္မွတ္မ်ားကို က်ပ္ငါးေထာင္မွ ငါးေသာင္းအ ထိ သတ္မွတ္ထားၿပီး ေအာက္တုိ ဘာအတြင္း စတင္ေရာင္းခ်မည္ ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily

#Unicode Version#
တန်ဆောင်မုန်းလပြည့် ညတွင် ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်မည့် အိမ့်ချစ်က ၎င်း၏ အမာခံပရိသတ်များနှင့် တွေ့ဆုံကာ ဖျော်ဖြေပွဲအစီအစဉ် များကို အသိပေးခဲ့သည်။

 အိမ့်ချစ်၏ Beyond the Success အမည်ဖြင့် ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာ ၃ ရက် (တန်ဆောင် မုန်းလပြည့်ည)၌ ကန်တော်ကြီး (မျှော်စင်ကျွန်း)၌ ပြုလုပ်မည်ဖြစ် သည်။

‘‘အိမ့်ချစ်ရဲ့ We Love Eint Chit အဖွဲ့လေးရှိတယ်။ သူတို့ တွေက အိမ့်ချစ်ကို ချစ်ပေးကြ တယ်။ ပွဲတွေဆိုလည်း နောက်က နေ တကောက်ကောက်လိုက်ပြီး အားပေးကြတယ်။ အိမ့်ချစ်အနေ နဲ့လည်း သူတို့နဲ့တွေ့သင့်တယ် လို့ ယူဆတယ်။ အရင်ကလည်း တွေ့ခဲ့ပါတယ်။ ဒီတစ်ခေါက် တော့ လူဘယ်နှယောက်ပဲရှိရှိ ပျော်ပျော်ပါးပါး သီချင်းလေးတွေ ဆိုပြမယ်။ နောက်ပြီး သူတို့ကပွဲအကြောင်း အရမ်းသိချင်ကြ တယ်။ အဲဒီအတွက် ဒီနေ့မှာ ပြောပြတာပါ’’ဟု အောက်တိုဘာ ၁ ရက်တွင် Studio Kဆိုင်၌ ပရိသတ် များနှင့်  တွေ့ဆုံဖြစ်သည့်အ ကြောင်းကို အိမ့်ချစ်က ပြော သည်။

ယခင်က ပရိသတ်များနှင့် တွေ့ဆုံပွဲများ ပြုလုပ်ဖြစ်သော် လည်း ယခုနောက်ပိုင်းတွင် အ လုပ်ရှုပ်နေသောကြောင့် မတွေ့ ဖြစ်သည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘အိမ့်ချစ်ဆိုတာ ဖြစ်လာတဲ့ သီချင်းတွေဆိုပြမယ်။ နောက်ပြီး ပရိသတ်တွေ မေ့နေလောက်ပြီ ထင်တဲ့ သီချင်းလေးတွေလည်း ပြန်လည်တူးဆွပြီး ဆိုပြမယ်။ တချို့သီချင်းတွေဆို ကောင်းရဲ့ သားနဲ့   တိမ်မြုပ်နေတာတွေရှိ တယ်။ အဲဒီသီချင်းလေးတွေကို လည်း ဒီပွဲမှာ ပြန်ပြီးဆိုပြမယ်’’ ဟု ဖျော်ဖြေတင်ဆက်မှုအစီအစဉ် နှင့်ပတ်သက်၍ ပြောသည်။

ဖျော်ဖြေပွဲတွင် သီချင်း ၂၅ ပုဒ်ခန့် သီဆိုဖျော်ဖြေရန် စီစဉ် ထားပြီး စုံတွဲအဆိုရှင်များအနေ ဖြင့် Jမီ၊ ရဲလေး၊ နိုင်းဝမ်းနှင့် ကျော်ထွဋ်ဆွေတို့ ပါဝင်ဖျော်ဖြေ မည်ဟု ၎င်းက ဆိုသည်။

‘‘ကိုယ်တိုင်ရေးပုံတူက တော့ ခဏခဏဆိုတယ်။ အဖေ့ ရဲ့ သီချင်းလည်းဖြစ်တော့ ဒီတစ် ခေါက် အဖေ့ကို ဆိုခိုင်းမယ်လို့ စဉ်းစားထားတယ်’’ဟု ဖခင် ချစ်ကောင်းပါဝင်သီဆိုမည့်အ ကြောင်းကို ပြောသည်။

ထို့အပြင် ယင်းဖျော်ဖြေပွဲ၌ ၎င်း၏ အမာခံပရိသတ်များမှ အချို့ကို ရွေးချယ်၍ ပရိသတ်များ နှင့်အတူ ဖျော်ဖြေတင်ဆက်သည့် အစီအစဉ် ထည့်သွင်းသီဆိုရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆို သည်။

‘‘Show မှာ ဆံပင်အစစ်နဲ့ လည်းဆိုမယ်။ အတုလည်းထည့် ဖို့ ရည်ရွယ်ချက်ရှိတယ်။ အခု ဘာစဉ်းစားထားလဲဆိုတော့ ကလီယိုပါထရာလိုပုံစံတပ်ပြီးဆိုဖို့။ ဆံပင်အတုမှန်း သိသိသာသာဖြစ် နေတဲ့ပုံစံနဲ့ပဲဆိုမယ်။ အဓိကက တော့ ပရိသတ်က ကိုယ့်ဆံပင်က ဒီပုံစံဆိုတာ တစ်နိုင်ငံလုံးက သိ သွားပြီးပြီဖြစ်တဲ့အတွက် ဆံပင် အတုတပ်တဲ့အခါမှာ ဆံပင်အတု ကို တမင်တပ်ပြီး Fashionable ဖြစ်အောင် တပ်တဲ့ပုံစံဖြစ်အောင် သီချင်းတစ်ပုဒ်ပဲဖြစ်ဖြစ်၊ နှစ်ပုဒ်ပဲ ဖြစ်ဖြစ် ဆိုမယ်’’ဟု အိမ့်ချစ်က ပြောသည်။

ဖျော်ဖြေပွဲလက်မှတ်များကို ကျပ်ငါးထောင်မှ ငါးသောင်းအ ထိ သတ်မှတ်ထားပြီး အောက်တို ဘာအတွင်း စတင်ရောင်းချမည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top